Wednesday, July 15, 2015


Galaxy A8 ရဲ့ သတင်းများက အင်တာနက်ပေါ် ပြန့်နှံ့နေတာ သတင်းပတ်ပေါင်းများစွာ ကြာမြင့်နေ ခဲ့ပြီ ဖြစ်ပေမယ့် ယနေ့မှာတော့ Samsung က Galaxy A8 ကို တရုတ်နိုင်ငံ ဈေးကွက်မှာ တရားဝင် ထုတ်ဖော်ပြသသွားခဲ့ပါတယ်။

၅.၇ လက်မအရွယ် Full HD Super AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး ပုံထွက်သိပ်သည်းဆ 401 ppi ရှိသလို လှပသေသပ်ပြီး အဆင့်မြင့်တဲ့ သတ္တုကိုယ်ထည်နဲ့ ဒုတိယမျိုးဆက် A8 ဟာ ဒီထူးခြားချက် များသာမက Samsung ရဲ့ အပါးလွှာဆုံး စမတ်ဖုန်း ဖြစ်လာမယ်လို့ သိရှိရပါတယ်။ 

Galaxy A8 ဟာ ၅.၉၄ မီလီမီတာသာ ထူမှာဖြစ်ပြီး ၆.၄၄ မီလီမီတာထူတဲ့ Galaxy A7 ထက် မီလီမီတာဝက်တိတိ ပိုမိုပါးလွှာမှာ ဖြစ်ပါတယ်။ ၅.၇ အရွယ် မျက်နှာပြင်နဲ့ A8 ဟာ iPhone 6 Plus ထက် ၂၀ ရာခိုင်နှုန်း ပိုမိုပါးလွှာပါတယ်။ အလေးချိန်ကလည်း ၁၅၁ ဂရမ်သာ ရှိပါတယ်။

နောက်ကျောပြင် ကင်မရာဟာ 16-megapixels (f/1.9) ပုံထွက်နှုန်းရှိပြီး Optical Image Stabilization (OIS) လည်း ပါဝင်မှာ ဖြစ်ပါတယ်။ ရှေ့ဖက် Selfie ကင်မရာကတော့ 5-megapixels ဖြစ်ပါတယ်။

စွမ်းဆောင်ရည် အပိုင်းမှာတော့ 64-Bit Octa-core Snapdragon 615 ပရော်ဆက်ဆာ၊ 2GB RAM၊ 16GB သိုမှီးမှုပမာဏနဲ့ 3050 mAh အားရှိတဲ့ ဘက်ထရီတို့ကို တပ်ဆင်ပေးထားပြီး Samsung ဟာ Galaxy A8 ကို အလတ်တန်းစား စမတ်ဖုန်းများအနက် အကောင်းဆုံးတစ်ခု ဖြစ်လာဖို့ မျှော်မြန်းထားတဲ့ပုံ ရှိနေပါတယ်။

OS ကတော့ Android 5.1.1 Lollipop ကို Samsung ရဲ့ မူပိုင်ဖြစ်တဲ့ TouchWiz UI နဲ တွဲဖက်ပေးထားပါတယ်။ လက်ဗွေဖတ်စနစ် (Finger Print Scanner) ကိုလည်း iPhone များကဲ့သို့ မျက်နှာစာရှိ Home ခလုတ်တွင်းမှာ မြှုပ်နှံတပ်ဆင် ပေးထားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် A8 ကတော့ အခြား Galaxy ဖုန်းများနဲ့ လိုင်းကွဲနေမှာဖြစ်ပြီး Samsung ရဲ့ ဦးတည်ချက်အတိုင်း ပုံစံဒီဇိုင်းပိုင်း အထူးလှပပြီး ဆွဲဆောင်မှု အပြည့်ရှိတဲ့ ပရီမီယံစမတ်ဖုန်းအဖြစ် ရောက်ရှိလာမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ တရုတ်ဈေးကွက်အတွက် စတင်ဖြန့်ချိသွားမှာ ဖြစ်ပြီးတော့ မကြာမီ သတင်းပတ်များ အတွင်း နိုင်ငံတကာ ဈေးကွက်များသို့ ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ဝယ်ယူရရှိနိုင်မယ့် အရောင်များ ကတော့ အနက်၊ အဖြူနဲ့ ရွှေရောင်များပဲ ဖြစ်ပါတယ်။

ဒါပေမယ့် Galaxy A8 ဟာ Samsung ရဲ့ အပါးလွှာဆုံး စမတ်ဖုန်းအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပေမယ့် ကမ္ဘာ့ အပါးလွှာဆုံး စမတ်ဖုန်းဖြစ်ဖို့တော့ အလှမ်းဝေးနေပါသေးတယ်။ လက်ရှိအချိန်မှာ အပါးလွှာဆုံး စမတ်ဖုန်းများအဖြစ် Vivo X5Max (၄.၇၅ မမ) ၊ Oppo R5 (၄.၈၅ မမ) နဲ့ Gionee Elife S5.1 (၅.၀၁ မမ) တို့က အစဉ်လိုက် နေရာယူထားပါတယ်။

Credit to ==>Myanmar Consumer Guide



0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Powered by Blogger.

Followers

တင်ထားသမျှပိုစ်များ

Blog Archive

My Blogger TricksAll Blogger TricksTechtunes

Popular Posts(2)

Flag Counter

GET FREE EMAIL UPDATES


Subscribe

Recommend on Google

ဖုန်းဆိုင်ရာ စုစည်မူ

တစ်ခြား ဘလော့ ဆိုက်များသို့ 

သူတိုဒီလို ပြောသွားတယ်

BTemplates.com