တရုတ် စမတ်ဖုန်းထုတ်လုပ်သူOppo က Mirror 5 လို့ ခေါ်တဲ့ Android စမတ်ဖုန်းအသစ်တစ်လုံး ကိုမိတ်ဆက်လိုက်ပါတယ်။
အပြာနဲ့ အဖြူရောင်ကိုပေါင်းစပ်ထားတဲ့ ဟန်းဆက် တစ်လုံးဖြစ်ပြီးဖန်မျက်နှာပြင် အပိုင်းအစများဖြင့် စိန်လိုရောင်ပြန်ဟပ်တဲ့ မျက်နှာပြင် ဒီဇိုင်းကိုအသုံးပြုထားပါတယ်။ The Verge ရဲ့ အဆိုအရOppo Mirror 5 မှာငါးလက်မမျက်နှာပြင် တပ်ဆင်ထားပြီး Android 5.1 Lollipop ကိုOppoရဲ့ ကိုယ်ပိုင် ColorOS 2.1 UI နဲ့ တွဲဖက်ထားပါတယ်။
1.2GHz Snapdragon Quad-Core Processor က မောင်းနှင်မှာ ဖြစ်ပြီး GIF နဲ့ Time Lapse ဓါတ်ပုံများ ပြုလုပ်နိုင်ခြင်းနဲ့ အတူဓါတ်ပုံများစွာကိုတစ်ပြိုင်နက် ရိုက်ကူးနိုင်တဲ့ Burst Mode လည်းပါရှိပါတယ်။
Mirror 5 မှာမာကျောမှုနဲ့ ခံနိုင်ရည်ရှိမှုအတွက် သတ္တုနှစ်မျိုးကိုပေါင်းစပ်ထားတဲ့ ကိုယ်ထည်ကိုအသုံးပြုထား ပါတယ်။ Mirror 5 ကိုအရှေ့တောင်အာရှ၊ တောင်အာရှ၊ မက္ကဆီကို၊ အရှေ့အလယ်ပိုင်းနဲ့ မြောက် အာဖရိကတို့ အပါအ၀င် နိုင်ငံပေါင်း ၁၅ နိုင်ငံမှာရောင်းချမှာ ဖြစ်ပါတယ်။

0 comments:
Post a Comment