Friday, July 31, 2015

Network - GSM/HSPA
CPU - Quad Core 1.3 GHz
Memory - 8GB, up to 32GB 
OS - Android OS, v5.1.1
Bluetooth - v4.0


ပြည်တွင်းဈေးကွက်အတွက်ရောင်းချပေးထားသော LG ရဲ့ဟန်းဆက်ကတော့L Bello ဖြစ်ပြီး၊ အခု အသစ်ထပ်မံမိတ်ဆက်လိုက်သော ဟန်းဆက်ကတော့ Bello IIပါ။ ဖုန်းအမျိုးအစား တူညီပေမယ့် ဖုန်းနာမည်နဲ့မော်ဒယ်နံပါတ်များဟာ တစ်ခါတလေမှာနေရာဒေသပေါ်မူတည် ၍ခေါ်ဆိုမှုကွဲလွဲတတ်ကြပါ တယ်။ အထူးသဖြင့်အလယ်အလတ်တန်းစား Samsung ဖုန်းများဆိုရင်မော်ဒယ် တစ်ခုတည်းပေမယ့် အမည်နာမအနည်းငယ်ကွဲပြားခေါ်ဆိုတတ်ကြပါတယ်။ အချို့တွေကဟန်းဆက်နာမည် ကိုမူရင်းအတိုင်း သိထားကြပေမယ့် တစ်ခါတလေမှာဟန်းဆက် နာမည်နောက်ဘက်တွင်Plus (သို့)+ များပါရှိတတ် ကြပါတယ်။

LG ရဲ့ယခုဟန်းဆက်ဟာလည်းBrazil နှင့်Chile တို့တွင်LG Prime IIအဖြစ်သိထားပါတယ်။Mexico, India နှင့်CIS တို့တွင်LG Max အဖြစ်သိထားပါတယ်။Bello II ဟာ140.8x71.6x9.6mm အရွယ်အစားရှိပြီး၊အလေးချိန်ကတော့155g ဖြစ်ပါတယ်။ဆင်းကတ်နှစ်ကတ်ထည့်သွင်းအသုံးပြုနိုင်မယ့်ဖုန်း အမျိုးအစားဖြစ်ပါတယ်။IPS LCD capacitive touchscreen ရဲ့အကျယ်အ၀န်းပမာဏကတော့5 inches ပါ။ မြင်ကွင်းစွမ်းရည်အတွက်ထောက်ပံ့ပေးထားသောpixelsပမာဏကတော့480x854 ဖြစ်ပြီး၊တစ်လက်မမှာ ရှိမယ့်pixelပမာဏသိပ်သည်းဆကတော့196ppi ပါ။Multitouchစနစ်တွင်LG UI 4.0 ကိုသုံးစွဲနိုင်ပါမယ်။အဓိကကင်မရာဟာ8MP စွမ်းရည်ရှိပြီး၊ရှေ့ကင်မရာငယ်ကတော့5MP စွမ်းရည်ဖြစ်ပါ တယ်။ ဒါကြောင့်လှပသည့်Selfieပုံများကိုရိုက်ကူးနိုင်ပါမယ်။

ဗီဒီယိုရိုက်ကူးနိုင်မယ့်စွမ်းရည်ကတော့1080p ဖြစ်ပြီး၊နှုန်းကတော့တစ်စက္ကန့်ကို30frames ပါ။ မှတ်ဥာဏ် ပမာဏအပိုင်းတွင်RAM ကို1GB ထည့်သွင်းပေးထားပြီး၊Internal Storage သည်8GB ပါရှိပါမယ်။CPU စွမ်းရည်ကတော့Quad Core 1.3GHz ဖြစ်ပါတယ်။ အားသွင်းအသုံးပြုနိုင်မယ့်ဘက်ထရီ အမျိုးအစားမှာ Li-Ion 2540mAh ဖြစ်ပြီး၊ဖုန်းကိုအရောင်သုံးမျိုးဖြင့်ထုတ်လုပ်မှာ ဖြစ်ပါတယ်။

Credit to ==> Mobile Guide Journal



မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်...

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ



0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Powered by Blogger.

Followers

တင်ထားသမျှပိုစ်များ

Blog Archive

My Blogger TricksAll Blogger TricksTechtunes

Popular Posts(2)

Flag Counter

GET FREE EMAIL UPDATES


Subscribe

Recommend on Google

ဖုန်းဆိုင်ရာ စုစည်မူ

တစ်ခြား ဘလော့ ဆိုက်များသို့ 

သူတိုဒီလို ပြောသွားတယ်

BTemplates.com