လာမည့် သြဂတ်စ်လ ဒုတိယပတ်အတွင်း မိတ်ဆက်ပြသဖွယ် ရှိနေတဲ့ Samsung ရဲ့ Galaxy Note 5 နဲ့ S6 Edge+ တို့ရဲ့ အချက်အလက်များနဲ့ ဓာတ်ပုံများဟာ ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဆိုသလို အင်တာနက်ပေါ် ပြန့်နှံ့ရောက်ရှိ လာနေခဲ့ပါတယ်။

ယခုနောက်ဆုံး ထွက်ရှိလာတဲ့ လျှို့ဝှက်ဓာတ်ပုံများကတော့ အစစ်မှန်ဆုံးလို့ ယူဆရပြီး ဒီဖုန်း ၂ လုံးရဲ့ ပုံသဏ္ဍာန်များကိုလည်း ထင်ရှားစွာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းများအရ Galaxy Note 5 မှာ -
- 5.67 လက်မ Super AMOLED qHD မျက်နှာပြင်
- Octa-core 64-bit ပရော်ဆက်ဆာ
- 4GB RAM
- 4,100 mAh ဘက်ထရီ
- USB Type-C အပေါက် တို့ ပါဝင်မှာ ဖြစ်ပြီးတော့
Galaxy S6 Edge+ ကတော့
- Qualcomm Snapdragon 808 processor
- 32GB သိုမှီးမှုပမာဏ
- 16-megapixel ကင်မရာ (OIS ပါဝင်)
- 4K ဗီဒီယို ရိုက်ကူးမှု
- 3,000 mAh ဘက်ထရီတို့ ပါဝင်မယ်လို့ သိရှိထားရပါတယ်။
MCG ပရိသတ်ကြီးထဲမှာကော Note 5 (ဒါမှမဟုတ်) S6 Edge+ ကို ဝယ်ဖို့ စောင့်ဆိုင်းနေသူများ ရှိပါသလား။

Link - http://mmconsumerguide.com/?p=6453
Samsung Myanmar Samsung Mobile Myanmar
Myanmar Consumer Guide
0 comments:
Post a Comment