Sunday, November 29, 2015



Android OS နှင့် Tablet ကိုင်ဆောင်ထားသော  သူငယ်ချင်းတွေအတွက် ဒီကောင်လေးကို တစ်ကယ်ဆောင်ထားသင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီကောင်လေးကို မိမိဖုန်းမှာ ဖွင့်ထားပြီဆိုရင်ဖြင့်   ဖုန်းအလကားပြောနိုင်ခြင်း၊SMS  ပို့နိုင်ခြင်း၊  Viber ဖွင့်နိုင်ဖြင်း ၊Facebook Line စသော အကောင့်အမျိုးမျိုးတွေကို အလွယ်ဆုံး ပြုလုပ်နိုင်ခြင်းစသည်တိုကို ဒီကောင်လေးရဲ့ဖုန်းနံပါတ်ဖြင့်  .အကောင့်မျိုးစုံကို အထိရောက်ဆုံး ပြုလုပ်နိုင်ဖြစ်ပါတယ်။အရေးကြီးလို့ အကောင့်တစ်ခု ပြုလုပ်ချင်လို့  ဖုန်းနံပါတ် မရှိဘူးဆိုရင်တော့ ဒီကောင်လေးကို ဆောင်ထားဖို့ မမေ့ပါနဲ့လို့ တိုက်တွန်း ချင်ပါတယ်။ကဲ့ လိုအပ်ရင် ဆောင်ထားကြပေါ့ဗျာ..
Android OS Version 2.3 နှင့်အထက်ရှိထားတဲ့ဖုန်းတွေပေါ်မှာInstallလုပ်၍လွယ်ကူစွာအသုံးပြုနိုင်မှာ
ဖြစ်ပါတယ်။ လိုအပ်ရင် အောက်မှာ ဒေါင်းယူနိုင်ပါပြီ။ အဆင်ပြေကြပါစေဗျာ








မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ


Android ဖုန်း Tablet ကိုင်းထားတဲ့ဘော်ဒါတို့အတွက် Pc မှာ အင်္ဂလိပ်အက္ခရာသုံးနှင့်နာမည်ကြီးနေတဲ့ VLC player လေးကိုတင်ပေးလိုက်ပါတယ်။ ဒီကောင်းအထူးပြောပြစရာမလိုတော့ဘူးလို့ကျနော်ထင်ပါတယ်။ ဘော်ဒါတို့အားလုံးသိပြီးသားပါ။ အသံတွေကို မိမိကြိုက်သလိုပြု ပြင်ပြောင်းလည်နိုင်ပါတယ်ဗျာ။ Android 2.1 အထက်ရှိဖုန်းများသုံးနိုင်ပြီး ဖိုင်းဆိုဒ်လေးကတော့ 12.8 MB ပဲရှိတယ်ဗျာ။




Download Here 

မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ


Monday, November 23, 2015




တင်ပေးမယ်လုပ်နေတဲ့အကြွေးတင်စာရင်းထဲမှာ ယခုပိုစ့်လည်းအပါအ၀င်ဖြစ်မယ်ထင်ပါတယ်
အခုတော့တင်ပေးဖြစ်သွားပါပြီ ကျနော်မှာရှိနေတာလည်းကြာပြီ ကလစ်ဖြစ်တာလည်းကြပါပြီ
ဒါပေမယ့် Share လုပ်မယ်စိတ်ကူးက အလှည်မရောက်နိုင်တာနဲ့ ကြံ့ကြာသွားခြင်းဖြစ်ပါတယ်။

MTK Droid Tool ဟေ့ဆိုရင် ဖုန်းကလစ်ဖူးနဲ့ Service သမားများ
ပြီးတော့ သင်တန်းဆရာများ Android ကိုပျော်ပျော်ကြီးကလစ်နေတဲ့
 Tool ဆိုတာကို သိပြီးဖြစ်ကြပါလိမ့်မယ်။


ဟုတ်ပါတယ် ဒီ MTK Droid Tool က Android Devices အတွက် Small Hacking Tool ဖြစ်လေမလားပဲ
အကောင်သေးပေမယ့် အဆိပ်ပြင်းတယ်ဆိုတာ ဒီလို Tool မျိုးကိုပြောတာဖြစ်မယ်ထင်ပါတယ်။

ဒီတော့ အဲသလောက်တင်စားနေတဲ့ MTK Droid Tool က Android Developer တစ်ယောက်အတွက်
ဘာတွေပြုလုပ်ပေးနိုင်သလဲဆိုတော့ များစွာသော tasks များကို perform ကောင်းလာအောင်၊ ဖုန်းတစ်လုံးကို အလွယ်တကူ Root လုပ်နိုင်တာ၊ Mediatek devices တွေအတွက် နာမည်ကြီး
Scatter file ကိုအလွယ်ကတူ ဖန်တီးယူနိုင်တာ Stock Rom Firmware များကို
 Backup ပြုလုပ်ယူနိုင်တာ စတဲ့များစွာသော Features များကိုစက္ကန့်ပိုင်းအတွင်း
 One Click ဖြင့်အဆင်ပြေအောင် ကူညီပေးနိုင်တဲ့ All in One Tool ဖြစ်ပါတယယ်။

MTK Droid Tool (all versions)


Mtk_Droid_Tool_v2.2.9

Mtk_Droid_Tool_v2.3.4

Mtk_Droid_Tool_v2.4.0

Mtk_Droid_Tool_v2.4.7

Mtk_Droid_Tool_v2.4.8

Mtk_Droid_Tool_v2.4.8b

Mtk_Droid_Tool_v2.5.0

Mtk_Droid_Tool_v2.5.1

Mtk_Droid_Tool_v2.5.2

Mtk_Droid_Tool_v2.5.2b

Mtk_Droid_Tool_v2.5.2d

Mtk_Droid_Tool_v2.5.2e

Mtk_Droid_Tool_v2.5.3

Mtk_Droid_Tool_v2.5.3d

Features of MTK Droid Tool


1. Root android phone: It allows you to root your android device in a click only. Simply, enable usb debugging on your device > connect your device > click on root in MTK droid tool.

2. Backup Recovery: It allows you to backup the stock recovery on your android device, as well as restoring the recovery on your device.

3. Backup Stock Firmware: It allows you to backup the stock firmware on your MTK (mediatek) device.

4. Create Scatter File: It allows you to create blocks (scatter file), that helps you to flash stock firmware on any mediatek device.

5. Write IMEI: It allows you to backup and restore imei on any mediatek device. Beside supporting the Mediatek device, it also supports various other chipsets.

အဆင်ပြေပါစေ


မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ





K-Lite Mega Codec Pack 11.7.0 Final နောက်ဆုံးထွက် Update လေးပါ..။ K-Lite Mega Codec - Player လေးကိုတော့ လူတိုင်းရင်းနီးပြီးသားဖြစ်မှာပါ..။ ဒီဆော့ဝဲလ် လေးကို Install လုပ်ထားရုံနဲ့ 3gp , FLV , WMA အစရှိတဲ့ Window Media Player က မဖွင့်နိုင်တဲ့ Video File တွေကို Window Media Player နဲ့ ဖွင့်နိုင်ပါတယ်။ Windows XP/ Vista/ 7/ 8 (32-bit or 64-bit) အထိ အသုံးပြုနိုင်ပါတယ်။ အသုံးပြုလိုတဲ့ မိတ်ဆွေများ အောက်မှာ ဒေါင်းယူနိုင်ပါပြီ။



                                        Download Here

မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ




Android /Tablet ဖုန်း ကိုင်ဆောင်ကာ App Backup & Restore Pro v4.0.5 Apk အသုံးပြုလိုသူများအတွက် 22 ရက်နေ့ 11 လပိုင်းက Update တင်ပေးလိုက်ပါတယ်။ ဒီ ဆော့ဝဲလ်လေးက သုံး၇တာလွယ်ကူပြီး backup လုပ်မယ့် target ,ကို internal or external ကြိုက်သလိုပြောင်းထားလို့၇ပါတယ်။ မိမိ backup လုပ်ထားတာတွေကို App backup & restore ဆိုပြီး folderလေးနဲ့သိမ်းပေးထားမှာဖြစ်ပါတယ် မိမိ ဖုန်းရဲ့ app တွေ၊photoတွေ၊videoတွေ၊contactတွေ၊call log တွေ ၊sms တွေ၊mms တွေ၊ musicတွေ၊ bookmarkတွေ၊cleaner၊ system setting တွေ၊home screen shortcut တွေ၊ alarmတွေ၊ dictionary တွေ၊ music playlist များ၊apn setting၊data setting ပိုင်းတွေ၊ အစရှိတာတွေ နဲ့တော်တော်များများရဲ့ အချက်အလက်တွေကိုပါ backup မှတ်ပေးထားပြီး သိမ်းဆည်းထားနိုင်ပါတယ်။



                              


                                      Download Here

မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ






ဘ၀မှာ တခါတလေ `အဲဒါလေး ငါတတ်ရင် ကောင်းမှာပဲ´လို့ စိတ်ကူးမိတဲ့ အခါတွေ ရှိပါတယ်။ သင်တန်းတက်ဖို့ အချိန်မရှိ၊ အဆက်အသွယ် မရှိတဲ့သူတွေအတွက် အွန်လိုင်းပေါ်မှာ သင်နိုင်တဲ့ ပညာတွေ အများကြီးရှိပါတယ်။ အဲသည်အထဲက ၁၀ မျိုးကို ဖော်ပြလိုက်ပါတယ်။

၁. ပစ္စည်းတွေ ပျက်ရင် ပြင်တာ
အိမ်ပြင်တာ၊ ကားပြင်တာ၊ ရေပိုက်ပြင်တာ၊ ပစ္စည်းအတိုအထွာ ပြင်တာ..ဘာမဆို youtube ပေါ်မှာ ရှာကြည့်နိုင်ပါတယ်။ လက်တော့ပ်ကြိုးလိုမျိုး အသေးစားပြင်ဆင်မှုတွေကို ကိုယ့်ဘာသာလုပ်နိုင်အောင် ဒီဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
http://lifehacker.com/…/top-10-repair-projects-you-should-n…

၂. ကွန်ပျူတာပန်းချီဆွဲတာ၊ photoshop သုံးတာ
ကွန်ပျူတာထဲက အခြေခံ tool တွေကို အရင် သုံးကြည့်ပါ။ ဘာက ဘာအတွက်သုံးတယ်ဆိုတဲ့ လမ်းညွှန်လေးတွေ ပရိုဂရမ်တိုင်းမှာ ထည့်ပြီးသားပါ။ Tool တွေကို ရင်းနှီးပြီဆို ပုံပေါ်လာအောင် ဆွဲတဲ့နည်းကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။
http://lifehacker.com/…/digital-painting-101-the-complete-g…
ဒီဆိုက်အပြင် www.photoshopstar.com ဟာလည်း လေ့ကျင့်ခန်းတွေကို အခြေခံကစ သင်ပေးတဲ့ ဆိုက်ကောင်းတစ်ခုပါ။

၃. ကိုယ်ခံပညာသင်တာ
လူတိုင်းကို ယုံကြည်လို့မရတဲ့ ခေတ်ကြီးမှာ ကျားမ မရွေး ကိုယ်ခံပညာတတ်ထားသင့်ပါတယ်။ ငြိမ်ခံနေတာထက် တန်ပြန်တိုက်ခိုက်တတ်သူကို မသမာသူတွေ ပိုဖြုံကြတာလည်း အသေအချာပါပဲ။ လေ့လာချင်ရင် http://lifehacker.com/…/basic-self-defense-moves-anyone-can… မှာ ကြည့်ပါ။ ကိုယ့်ကိုယ်ကို ကာကွယ်နည်း၊ ရန်သူရဲ့ ဟာကွက်ကို ရှာဖွေတိုက်ခိုက်နည်းတွေ တွေ့ရမှာပါ။

၎.ဒီဇိုင်းပိုင်းကို သင်ယူတာ
ဝက်ဘ်ဒီဇိုင်း၊ အိမ်အတွင်းပိုင်းဒီဇိုင်း စတာတွေကို အွန်လိုင်းကနေ လေ့လာသင်ယူနိုင်ပါတယ်။ ဒီဇိုင်းပိုင်းကို နားလည်ထားတဲ့လူဟာ သူများထက်တော့ ခြေတစ်လှမ်းသာနေမှာပါပဲ။ ပရော်ဖက်ရှင်နယ်အဆင့် မရောက်ရင်တောင် ကိုယ့်စိတ်ကူးလေးနဲ့ဖန်တီးထားတဲ့ ဒီဇိုင်းက စိတ်ကျေနပ်မှု ပေးနိုင်မှာပါ။ အိမ်အတွင်းပိုင်းအတွက် http://lifehacker.com/…/how-can-i-turn-my-boring-home-into-…ှာ လေ့လာနိုင်ပါတယ်။

၅. ကောလိပ်တုန်းက မသင်လိုက်ရတဲ့ ဘာသာရပ်တွေကို လေ့လာတာ
သိပ္ပံ၊ စီးပွားရေး၊ သင်္ချာ၊ ဥပဒေ ဘယ်ဘာသာရပ်ဖြစ်ဖြစ် ကောလိပ်တုန်းက မသင်လိုက်ရတာတွေကို ပြန်လေ့လာချင်တယ်ဆိုပါစို့။ အခမဲ့တက္ကသီလာကျောင်းတော်ကြီးဖြစ်တဲ့ အင်တာနက်ကြီး ရှိပါတယ်။ အွန်လိုင်းဆိုပြီး အထင်မသေးလိုက်ပါနဲ့။ ကိုယ်အားထုတ်ရင် အားထုတ်သလောက် ပညာရနိုင်တဲ့ ဆိုက်တွေ အများကြီးရှိပါတယ်။ အွန်လိုင်း အားသာချက်တွေဖြစ်တဲ့ ပိုက်ဆံမကုန်တာ၊ ကိုယ်ကြိုက်တဲ့အချိန် ကြိုက်သလောက် လေ့လာနိုင်တာတွေကိုတော့ ထည့်ပြောဖို့ မလိုတော့ပါဘူးနော်။ ကျွန်မကိုယ်တိုင် တက်ဖူးပြီး တိုက်တွန်းချင်တဲ့ ဆိုက်တစ်ခုက www.alison.com ပါ။http://lifehacker.com/tag/lifehacker-u မှာလည်း ကြည့်နိုင်ပါတယ်။

၆. အီလက်ထရောနစ်ပစ္စည်းတွေကို တည်ဆောက်တာ၊ ဟက်တာ
နည်းပညာက ကျွန်မတို့ဘဝရဲ့ အစိတ်အပိုင်းဖြစ်လာပြီး သူ့ကို စိတ်ကြိုက် ပြင်ဆင်လို့ရရင် ပိုပျော်ဖို့ ကောင်းမှာပါ။ အီလက်ထရောနစ်ပစ္စည်းတစ်ခုကို ဟက်ဖို့ဆို ပစ္စည်းတွေအကြောင်း ထဲထဲဝင်ဝင်သိဖို့ လိုပါတယ်။ ကွန်ပျူတာဆင်တာကို စလေ့လာကြရင် မကောင်းဘူးလား။
http://lifehacker.com/…/how-to-build-a-computer-from-scratc… မှာ တစ်စစီဖြစ်နေတဲ့ ပစ္စည်းတွေကနေ ကွန်ပျူတာဖြစ်အောင် တပ်ဆင်နည်းကို လေ့လာနိုင်မှာပါ။ တခြားအီလက်ထရောနစ်တွေကို http://lifehacker.com/…/how-to-start-making-your--electroni… ကြည့်ပြီး တပ်ဆင်နိုင်ပါတယ်။ http://lifehacker.com/tag/arduino မှာလည်း ရှိပါတယ်။

၇. တူရိယာတီးခတ်တတ်အောင် သင်တာ
တူရိယာ အသစ်တစ်မျိုးကို တီးခတ်ချင်ရင် အွန်လိုင်းမှာ သင်နိုင်တဲ့ နေရာအများကြီးပါပဲ။ ဂစ်တာတီးသင်မလား
http://www.justinguitar.com မှာ ဂစ်တာသင်ခန်းစာ ၈၀၀ ကျော်ရှိပါတယ်။ http://lifehacker.com/39…/learn-to-play-an-instrument-online မှာလည်း ကြည့်နိုင်ပါတယ်။ စန္ဒယားတီးသင်ဖို့ https://m.youtube.com/watch?v=vphWgqbF-AM မှာရှိတယ်။ ဒရမ်တီးဖို့ https://m.youtube.com/watch?v=k_gsp5KwM-k မှာ ကြည့်နိုင်တယ်။ ဒါတင်မက ပလွေမှုတ်တာအတွက်https://m.youtube.com/watch?v=SAvA5E1Ttek ၊ တယောအတွက်
https://m.youtube.com/watch?v=GbuJ3qnmBmQ ရှိတယ်။ Youtube နဲ့ Videojug မှာလည်း တူရိယာပေါင်းစုံတီးခတ်နည်းတွေကို ကြည့်ရှုလေ့လာနိုင်ပါတယ်။

၈. စားဖိုမှူးတစ်ယောက်လို ချက်တာ
ဟင်းချက်နည်းတွေ၊ ချက်ပြတဲ့အစီအစဉ်တွေ ဘယ်လောက်များများ လူတိုင်းက ပရော်ဖက်ရှင်နယ် စားဖိုမှူးဖြစ်မလာကြပါဘူး။ စားဖိုမှူးလုပ်တော့မယ်ဆို သိသင့်သိထိုက်တဲ့ အချက်တွေကို http://lifehacker.com/…/top-10-things-every-budding-foodie-… ကြည့်နိုင်ပါတယ်။ မြန်မာဟင်း၊ တရုတ်ဟင်း စတဲ့ ဟင်းအမျိုးမျိုးအတွက် www.wutyeefoodhouse၊ ဖေ့စ်ဘုတ်ပေါ်မှာ
https://m.facebook.com/KaeKaeFoodPalace?_rdr တို့ဟာ ထင်ရှားပြီး အနောက်တိုင်းဟင်းတွေအတွက်http://lifehacker.com/…/10%252B-dishes-and-drinks-everyone-… မှာ ကြည့်နိုင်ပါတယ်။ ဖေ့စ်ဘုတ်ပေါ်မှာလည်း မြန်မာဟင်းချက်နည်းတွေ အများအပြားရှာတွေ့နိုင်ပါတယ်။

၉. ဘာသာစကားအသစ်ကို လေ့လာတာ
လူတွေကို ဘာကို လေ့လာချင်သလဲလို့ မေးတဲ့အခါ အင်္ဂင်္လိပ်စကားအပါအဝင် ဘာသာစကားတစ်ခုကို လေ့လာဖို့ လူတော်တော်များများက စိတ်အဝင်စားဆုံးဖြစ်နေပါတယ်။ တချို့က သင်တန်းသာ တက်တယ်၊ သင်တန်းပြီးတော့ ဘာမှ မကျန်ခဲ့ဘူးဆိုပြီး ပြောတတ်ပါတယ်။ ဘယ်စကါးကို လေ့လာတာဖြစ်ဖြစ် ဘာသာစကားလေ့လာရာမှာ နည်းစနစ်တော့ ရှိရပါမယ်။ အဲသည်နည်းစနစ်ကိုhttp://lifehacker.com/…/i-learned-to-speak-four-languages-i… မှာ ကြည့်နိုင်ပါတယ်။ ဒါဆို သင်တန်းပဲ တက်တက်၊ အပြင်ကပဲ လေ့လာလေ့လာ ထိရောက်ပါပြီ။ တစ်ခုရှိတာက ဘာသာစကားဆိုတာ ပြောနေမှ ထွက်တာဖြစ်လို့ အမြဲသုံးနေဖို့တော့ လိုပါတယ်။

၁၀. ဝက်ဘ်ဆိုက်ဆွဲတာ၊ အက်ပ်ရေးတာ၊ ပရိုဂရမ်ရေးတာ
ကုတ်ဒ်ရေးတတ်အောင် သင်ယူတာဟာ ဝက်ဘ်ဆိုက်ဆွဲဖို့၊ အက်ပ်ရေးဖို့ရဲ့ အခြေခံဖြစ်ပါတယ်။ Beginner တွေအတွက် learn ___ the hard way ဆိုတဲ့ စကားစုကိုသုံးပြီး ရှာဖွေတာ အကောင်းဆုံးပါပဲ။ ကွက်လပ်မှာ ကိုယ်လေ့လာချင်တဲ့ code ကို ထည့်ပေါ့။ ဥပမာ python ကို လေ့လာချင်ရင် learn python the hard way လို့ရှာနိုင်ပါတယ်။
တကယ်လို့ အပြန်အလှန်တုံ့ပြန်နိုင်တဲ့ ဆိုက်ကိုမှ ကြိုက်ရင် www.codecademy.com မှာ အခမဲ့ လေ့လာနိုင်ပါတယ်။ Coding ကို ဒီအတိုင်း လေ့လာရင် ပျင်းစရာကောင်းတာမို့ ပရောဂျက်တစ်ခုလုပ်ပြီး လေ့လာဖို့လည်း အကြံပြုပါရစေ။
ဒါကတော့ သင်တန်းမတက်ဘဲ အွန်လိုင်းကနေ တတ်မြောက်နိုင်တဲ့ အဆင့်မြင့်ကျွမ်းကျင်မှု ၁၀ မျိုးပါပဲ။ အွန်လိုင်းဆိုတာ ဂိမ်းဆော့ဖို့၊ ဖေ့စ်ဘုတ်သုံးဖို့၊ ချက်ဖို့ပဲ အသုံးဝင်တာမဟုတ်ကြောင်း တဖြည်းဖြည်း မြင့်တက်လာတဲ့ ကိုယ့်အရည်အသွေးတွေက သက်သေပြပါလိမ့်မယ်။


စုပြည့်စုံ
Ref. Lifehacker


မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ




ဖုန်းနံပါတ်ဖျောက်၍ ဖုန်းခေါ်နည်းလေးပါ။..အသုံးလိုတဲ့သူသုံးနိုင်အောင်လို တင်ပေးလိုက်ပါတယ် personal call, secret call အစရှိတဲ့ခေါ်ဆိုမူတွေမှာ ကိုယ့်ဖုန်းနံပါတ်ကို မသိစေအောင် ဖျောက်ထားလိုရပါတယ်။...

ဘယ်လိုလုပ်ရမလဲဆိုင်ရင်  စလိုက်ကြရအောင်
ပထမဆုံး အောက်မှာပေးထားတဲ့ ဆော့ဝဲလ်နှစ်ခုကိုအရင်ဒေါင့်လိုက်ပါ..


                        (1)    HiddenCall-hide your Caller ID.apk

                       (2)    Secret Call.apk

အထက်ကဆော့ဝဲလ် နှစ်ခုကို ဒေါင့်ယူပြီးရင် ဖုန်းတွင် install လုပ်လိုက်ပါူ....
ပြီးရင် ဖုန်းကို Reboot(restart) လုပ်လိုက်ပါ။ဖုန်းဖွင့်လာရင် (screen) ဖုန်းမျက်နှာပြင်မှာရှိတဲ့  Hide Caller ID  ကိုဖွင့်လိုက်ပြီး enabled နဲ့ show icon ကိုအမှတ်ခြစ်ပေးလိုက်ပါ။....

and contact number ကိုနှိပ်ပြီး add လုပ်မယ်ဖုန်းနံပါတ်တစ်ခု ဒါမှမဟုတ် ဖုန်းထဲက နံပါတ်အားလုံးထည်ပေးလိုက်ပါ။...

add လုပ်ထားတဲ့ ဖုန်းနံပါတ်ကိုခေါ်ရင် hide လုပ်မှာလား show လုပ်မှာလား မေးလာပါမယ့်။...ကိုယ့်အသုံးပြုချင်တဲ့အတိုင်း seleat လုပ်လိုက်ပါ။...... screenshots လေးပြထားပါတယ်။...


                     






မိမိ ဖုန်းနံပါတ် အခြားသူမှာ မပေါ်အောင်ဖုန်းနံပါတ် ဖျောက်၍ဖုန်းခေါ်နည်းကို( pdf) စာအုပ်ဖိုင့် ဖြင့်ဒေါင့်ယူလိုချင်ပါက အောက်မှာဒေါင့်ယူလိုက်ပါ


အဆင်ပြေကြပါစေ...ဆုမွန်ကောင်းပိုသရင် လိုအင်ဆန္ဒနဲ့ ပြည်ဆုံးနိုင်ကြပါစေ.....

မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ






ယောကျာင်္းလေးတွေအတွက် ကိုယ်ရဲ့အသံကို မိန်းခလေးအသံပြုလုပ်ပြီး မိမိသူငယ်ချင်းမိတ်ဆွေများကို စနောက်လို့ရတဲ့ဆော့ဝဲလ်လေးပါ
လိုအပ်သူများ အောက်မှာလင့်နှစ်ခုပေးထားခဲ့တယ် ကြိုက်တဲ့ လင့်ကဒေါင့်ယူသွားလိုက်ပါနော်   အဆင်ပြေကြပါစေ    

 



                                                  Download Here
မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။

                                                    Download Here

ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ




ကွန်ပျူတာအတွက် Malware, Trojan, Shortcut. လိုအပ်တာများ ကို Down သွားနိုင်ပါပြီ။










Multi Virus Cleaner Portable










,


                                               အဆင်ပြေကြပါစေ........



မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ




WebcamMax 7.9.6.2 နောက်ဆုံးထွက် Update လေးပါ..။ Video Record လုပ်နိုင်ခြင်း ၊ YouTube နဲ့ Facebook ပေါ်ကိုတိုက်ရိုက် Upload and Share ပြုလုပ်နိုင်ခြင်း ၊ Effects ပေါင်း 1500 ကျော်ပါဝင်ခြင်း ၊ WebcamMax.com ကနေ နောက်ထက်များစွာသော
Effects download ပြုလုပ်နိုင်ခြင်း ၊ ICQ, AIM, MSN, Camfrog, Skype, Paltalk, Yahoo Messenger နှင့်တွဲ ဖက်အသုံးပြုနိုင်ပါတယ်။ Win 2000/Xp/Vista/7  (32-bit or 64-bit) အထိ အသုံးပြုနိုင်ပါတယ်။ Full Version သုံးရအောင် Keygen and Patch-Lz0 ဖိုင် ထည့်ပေး ထားပါတယ်။ အသုံးပြုလိုတဲ့ မိတ်ဆွေများ အောက်မှာ ဒေါင်းယူနိုင်ပါပြီ။




မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။

                                      Download Here

ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ




ဒစ်ဂျစ်တယ်ယဉ်ကျေးမှုလွှမ်းခြုံလာသည့်ယနေ့ခေတ်လူနေမှုအသိုင်းအ၀ိုင်း မှာလူတွေဟာတစ်ဦးနဲ့တစ်ဦးယခင်ကထက်ပိုမိုချိတ်ဆက်မိလာကြသည်။အလှမ်းကွာဝေးသောအဝေး တစ်နေရာမှ လူပေါင်းများစွာနှင့်အချိန်မရွေးဆက်သွယ်လာနိုင်ကြခြင်းကကောင်းမွန်သောအကျိုးရလဒ်တစ်ခုလည်းဖြစ် သည်။ သို့သော်လည်းလူတွေဟာအချိန်နဲ့အမျှသူတို့ရဲ့မိုဘိုင်းကိရိယာများအပေါ် အာရုံစိုက်ကာသူ့ရဲ့ပတ်ဝန်းကျင်လောကကြီးနဲ့တဖြည်းဖြည်းအဆက်ပြတ် လာကြသည်။လက်ဖက်ရည်ဆိုင်တွေမှာအတူတူထိုင်နေသူများကိုလျစ်လျူရှုကာမိမိတို့ရဲ့ဖုန်းများအပေါ်အာရုံ စိုက်နေခြင်းကတော့လူမှုရေးအရတစ်ဖက်သားအပေါ်ဥပေက္ခာပြုရာလည်းကျနိုင်မည်ဖြစ်သည်။လူငယ်တွေက ဖုန်း အသစ် ပေါ်တိုင်းလဲလှယ်ဝယ်ကိုင်ဖို့ကြိုးစားလာသည်။ဈေးနှုန်းကြီးမြင့်သော ဖုန်းများအားရူးသွပ်ကြသည်မှာတော့မဆန်းပေမယ့်မိမိတို့လက်ရှိကိုင်နေ သောဖုန်းကကိုယ့်အတွက်အသုံး တည့်နေသေးရင်တော့ငွေကြေးမြောက်မြားစွာကုန်ကျနိုင်မည့်ဖုန်းများထွက်တိုင်းဝယ်ယူနေမည်ဆိုလျှင်မိမိ တို့ရဲ့အချိန် များစွာရင်းနှီးပြီးမှရရှိလာသောငွေကြေးများကို ဖြုန်းတီးပစ်ရာလည်း ရောက်နိုင်မည်ဖြစ်သည်။
ကျွန်တော်တို့အနေဖြင့်ယခင်ကဖုန်းမကိုင်ဆောင် နိုင်သည့်အချိန်များက စာတိုက်မှာဖြစ်ဖြစ်၊ပီစီအိုမှာဖြစ်ဖြစ်ဖုန်းသွားဆက်ရသည်။ကျွန်တော့်အတွေ့အကြုံအရဆိုလျှင်ဖုန်း ဆက်သွယ်မှု သည်အလွန်တရာအရေးကြီးလှသည်ထင်သည်။အထူးသဖြင့်မြို့မှာကျောင်းတက်နေသောကျောင်းသား တစ်ယောက်ကိုအိမ်မှငွေပို့လိုက်သည့်အခါသူကအဆိုပါသတင်းအချက်အလက်ကိုရရှိဖို့ကသူ့အတွက် အလွန်အရေးကြီးလှသလိုသူကငွေပြတ်သည့်အခါအိမ်ကိုလှမ်းမှာရာတွင်လည်းဖုန်းအဆက်အသွယ် တစ်ခုသည်အလွန်တရာအရေးကြီးလှသည်။ထို့ပြင်စီးပွားရေး၊လူမှုရေး၊ကျန်းမာရေးကိစ္စရပ်များအရဖုန်း ဆက်သွယ်မှုတစ်ခုသည်အလွန်တရာအရေးကြီးလှသည်။ယခင်တုန်းကတော့ဖုန်းအ၀င်ခေါ်ဆိုမှုတစ်ခုကို လူတွေကအလွန်တန်ဖိုးထားကြသည်။သူတို့ရဲ့မှတ်စုစာအုပ်လေး တွေနဲ့ဖုန်းနံပါတ်များကိုမှတ်သား ထားကြကာပီစီအိုမှာဖြစ်ဖြစ်၊အိမ်ဖုန်းတွေမှာ ဖြစ်ဖြစ်သွားသွားဆက်ကြသည်။သူတို့ကိုခေါ်ယူပေးဖို့ဖုန်း နံပါတ်ကိုလည်း နီးစပ်ရာဖုန်းဆိုင်များမှာမှာထားကြပြီးမိမိ၏သူငယ်ချင်းအပေါင်းအသင်း မိသားစုများကိုပေးထားကြသည်။အဆောင်မှာနေထိုင်သူများအဖို့ အဆောင် မှသော်လည်းကောင်း၊အနီးအနားတစ်ဝိုက်မှာသော်လည်းကောင်းရှိသောဖုန်းများကိုပေးထားကြသလို ဖုန်းရှိသောမိမိ၏သူငယ်ချင်းများဖုန်းနံပါတ်များကို ပေးထားကြကာအဆက်အသွယ်များပြုလုပ်ကြသည်။တော မှာဆိုလျှင်တော့ ဖုန်းရှိသည့်အိမ်မှာလော်စပီကာကြီးတပ်ထားကာမလေးရှားတို့၊ရန်ကုန်တို့မှာအလုပ်လုပ်နေသောသား သမီးများ ကဖုန်းခေါ်ဆိုသည့်အခါအဆိုပါလော်စပီကာကြီးမှတစ်ဆင့်ဒေါ်ဘယ်သူရေခင်ဗျားသားမလေးကဖုန်းလာတယ် ဗျဆို သောအသံသည်အင်မတန်သာယာနာပျော်ဖွယ်သောအသံလည်းဖြစ်ခဲ့ပေ သည်။
ယနေ့ခေတ်မှာတော့လူတွေကဖုန်းနံပါတ်သုံးလေးခုကိုင်ထားကြသည်။လွယ်လင့်တကူချိတ်ဆက်ဆက်သွယ်၍ ရလာသည့်အခါမှာတော့လူတွေဟာဖုန်း ပိတ်ထားတာတို့၊busy ဖြစ်နေတာတို့၊ဖုန်းနံပါတ်ပြောင်းလဲသွားတာ တို့တွေ ကြုံ လာရသည်။ကျွန်တော့်အမြင်အရလူတစ်ယောက်ကိုဆက်သွယ်နိုင်ဖို့ ဖုန်းနံပါတ်တစ်ခုဟာအလွန်အရေးကြီးပြီးအဆိုပါဖုန်းနံပါတ်အပေါ်တန်ဖိုး ထားသင့်သည်ဟုထင်မြင်မိသည်။တစ်ဖက်ကမည်သည့်အရေးကြီးကိစ္စ ကြောင့်ဖုန်းဆက်မှန်း မသိသောကြောင့် အကယ်၍သာအရေးကြီးဖုန်းခေါ်ဆိုမှုတစ်ခုကိုလက်လွတ်ဆုံးရှုံးသွားလျှင်လွန်စွာထိခိုက်နိုင်မည်ဖြစ်သည်။ မိမိတို့ ဖုန်းမကိုင်နိုင်သည့်အခြေအနေများတွင်နောက်မှပြန်ခေါ်မည့်အကြောင်း စကားတိုတိုပြောကာအကြောင်းပြန်ထားသင့်ပါသည်။စာရေးသူကတော့ Voice Message ၀န်ဆောင်မှုကိုယူထားသောကြောင့်ဆက်သွယ်သည့် ဖုန်းနံပါတ် ကိုပြန်လည်ဆက်သွယ်နိုင်သလိုMiss Call အ၀င်များကိုလည်း တကူးတကပြန်လည်ခေါ်ယူဆက်သွယ်လေ့ရှိပါသည်။ညအိပ်သည့်အချိန်ကလွဲပြီးကျန်တဲ့အချိန်များကိုဖွင့်ထား ပါသည်။ဖုန်းနံပါတ်များစွာမရှိဘဲတစ်ခု တည်းကိုသာဆက်သွယ်ရန်အသုံးပြုပြီးအချိန်မရွေးဆက်သွယ်နိုင်သော ကြောင့်အခြားသူများကလည်း အချိန်မရွေးဖုန်းဆက်နိုင်မည်ဖြစ်သည်။
ကျွန်တော်တို့မှာလူမှုရေးကိစ္စရပ်တွေကြောင့်ဖုန်းမကိုင်တာတွေ၊block ထား တာတွေလည်းရှိနိုင်ပါသည်။လူမှုရေးကိစ္စရပ်များကြောင့်ဖုန်းမကိုင်ဘဲထား ခြင်း၊ဖုန်းပိတ်ထားခြင်းတွေ က ပြဿနာကိုယာယီရှောင်လွှဲခြင်းများသာ ဖြစ်နိုင်ပြီး ကောင်းမွန်သည့်အလေ့အထတော့မဟုတ်ပေ။
အချို့သောလူသိများသည့်သူများအဖို့တော့မိသားစုမိတ်ဆွေများအတွက်ဖုန်းနံပါတ်တစ်ခု၊လုပ်ငန်းကိစ္စရပ်များ အတွက်ဖုန်းနံပါတ်တစ်ခုစသဖြင့်ခွဲခြားထားနိုင်ပေမယ့်တော်ရုံတန်ရုံတော့မိမိတို့ကိုဆက်သွယ်နိုင်မည့် ပထမဦးစားပေး ဖုန်းတစ်လုံးကိုထားရှိသင့်ပါသည်။အလုပ်တွေလုပ်နေသည့်အခါလုပ်ငန်းကိစ္စမှလွဲ၍အခြားသောအလ္လာပ သလ္လာပစကားများကိုပြောဆိုနေလျှင်လည်း အလုပ်ကိုထိခိုက်နေသည့်အတွက်ယင်းကိစ္စအားလည်းဆင်ခြင်သင့်ပါသည်။
ဖတ်ဖူးတာတစ်ခုကတော့တိုးတက်သောနိုင်ငံများမှာလူတွေကအလုပ်အလွန်များသည့်အတွက်ဖုန်း ဆက်သွယ်မှု များမှာစကားသိပ်မပြောဘဲလိုရင်းကိုသာ ပြောကြလေ့ရှိသည်ဟုဆိုသည်။ကျွန်တော်တို့ဆီမှာတော့ဖုန်း ဆက်သွယ်မှု များမှတစ်ဆင့်ရှည်လျားစွာပြောဆိုကြလေ့ရှိသည်။ယနေ့အခါမှာတော့ဖုန်း ဆက်သွယ်မှုသာမကလူမှုကွန်ရက်များ၊Messaging Apps များ၊E-mails များမှ တစ်ဆင့်လည်းဆက်သွယ်နိုင်ပါသည်။သဘောတရားအရကတော့ဖုန်းခေါ်ဆိုမှုနှင့်အတူတူပင်။ကျွန်တော်တို့ အလုပ်တွေလုပ်နေသည့်အခါဖုန်းခေါ်ဆိုမှုများကဲ့သို့ပဲလူမှုကွန်ရက်များ၊Messaging Apps များမှMessage များဝင်လာတတ် သလိုမိမိတို့ကလည်းပို့လေ့ရှိပါသည်။ကျွန်တော်တို့ရဲ့account များကိုလည်း တရားဝင်နာမည်နဲ့၊Profile အပြည့်အစုံနဲ့ ပြုလုပ်ထားသင့်ကာ အဆိုပါ account သည်မိမိကိုကိုယ်စားပြုသည်ဖြစ်သောကြောင့်တစ်ဖက်က ပို့လာသောmessage များကိုအရေးတယူပြုကာဖတ်ရှုreply ပြန်မှုများကို ဂရုတစိုက်ပြုလုပ်သင့်ပါသည်။သို့သော်လည်းမိမိတို့သိရှိခြင်းမရှိသည့် account များအတွက်မူဂရုပြုဆင်ခြင်သင့်ပြီးပြောဆိုမှုများကို ဆင်ခြင်သင့် ပါသည်။
ဖုန်းဆက်မှုများမှာတတ်နိုင်သရွေ့ချိုသာယဉ်ကျေးစွာပြောဆိုခြင်းကအလွန်တရာအရေးကြီးလှသည်။ ထိုင်ဝမ်နိုင်ငံတွင်မူလတန်းဖတ်စာထဲမှာပါဝင်သည့်ယဉ်ကျေးမှုဘာသာရပ်၌ဖုန်းဆက်ရာတွင်ယဉ်ကျေးစွာပြော ဆိုခြင်းဆိုသည့်သင်ခန်းစာကိုထည့်သွင်းပေးထားသည်။အထူးသဖြင့်လုပ်ငန်းကိစ္စရပ်များ တွင်customer ကသော်လည်းကောင်း၊မိမိတို့နှင့်လုပ်ငန်းလုပ်ကိုင်ဖက်များ ကသော်လည်းကောင်းအတန်ငယ်ရိုင်းပျသောစကားလုံးများဖြင့်complain တက်မှုများကိုလုပ်ငန်းတာဝန်ရှိသူများကြုံတွေ့ရမှာဖြစ်ပါတယ်။ဒါဟာမကိုင်တွယ်တတ်လျှင်ဖောက်သည် များဆုံးရှုံးနိုင်သလိုလုပ်ငန်းကိုလည်းထိခိုက်နိုင်ပါသည်။အဘယ်ကြောင့်ဆိုသော်မိမိ၏ဖြေကြားမှုသည် မိမိတို့၏လုပ်ငန်းဂုဏ်ပုဒ်နှင့်တိုက်ရိုက်ပတ်သက်နေသောကြောင့်ဖြစ်ပါသည်။တစ်ဖက်သားက ဒေါသတကြီး complain တက်ဖုန်းဆက်မှုကိုမိမိတို့ကဘယ်လိုစကားလုံး မျိုးတွေနဲ့သူစိတ်ပြေလျော့သွားနိုင်အောင်ဖြေဆိုနိုင်မလဲဆိုတာကသိမ်မွေ့ နက်နဲလှသလိုအရေးကြီးသောဆက်ဆံရေးပညာရပ်တစ်ခုလည်းဖြစ်ပါသည်။
တစ်ခါကလုပ်ငန်းကိစ္စရပ်တစ်ခုအတွက်ချို့ယွင်းချက်ကိုသက်ဆိုင်ရာကုမ္ပဏီထံဒေါသတကြီးဖုန်းဆက်လိုက် တဲ့ဝန်ထမ်းတစ်ယောက်ကိုတွေ့ဖူးပါတယ်။ တစ်ဖက်ကလည်းဒေါသတကြီးတုံ့ပြန်ကာဟိုဖက်ဒီဖက်ပြဿနာတွေတက် ကြပြီးခွာပြဲသွားကြကာရန်သူသဖွယ်အမုန်းပွားဖွယ်များဖြစ်ခဲ့ရသည်ကိုကြုံ တွေ့ဖူးပါတယ်။တကယ် တမ်းတော့စေ့စပ်ညှိနှိုင်းအဖြေရှာသည့်နည်းလမ်းကိုမသုံးဘဲထိပ်တိုက်ရင်ဆိုင်သည့်နည်းလမ်းကို သုံးစွဲခြင်းကြောင့်မလိုလားအပ် သော ပြဿနာများကိုကြုံတွေ့ရတာပဲဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာတွင်မိမိတစ်ဦးတည်းလုပ်နေရသည့် သဘောမဟုတ်ဘဲတတ်နိုင်သ၍မိမိနှင့်ဆက်နွယ်ပတ်သက်ရာအသိုင်းအ၀န်းအားလုံးနှင့် သဟဇာတဖြစ်ပြီး၊ကောင်းမွန်သောဆက်ဆံရေးကိုထူထောင်နိုင်မှသာလျှင်ရေရှည်မှာနှစ်ဦးနှစ်ဖက်လုပ်ငန်း များအောင်မြင်တိုးတက်နိုင်စေမှာပဲ ဖြစ်ပါတယ်။ဒီနေရာမှာဆိုခဲ့သလိုတစ်ဦးနှင့်တစ်ဦးဆက်သွယ်နေရသည့် ဖုန်းဆက်စကားပြောခြင်းကိစ္စကအလွန်တရာအရေးကြီးသောကိစ္စရပ်ဖြစ်သော ကြောင့်မိမိတို့လုပ်ငန်းတွေ မှာရှိသောReception တွေ၊ဖုန်းအော်ပရေတာတွေ ကိုစကားပြောဆိုနည်းစနစ်တကျသင်ကြားပြသပေးထားသင့်ပါတယ်။စကားအပြောအဆိုယဉ်ကျေးခြင်း ဟာအလွန်တရာအရေးကြီးလှပြီး၊စကားအပြောအဆိုမတတ်လျှင် (သို့) ကြမ်းတမ်းစွာပြောဆိုလျှင်တစ်ဖက်သားနှင့် အဖု အထစ်များရှိနိုင်ကာမိတ်ဖက်များဆုံးရှုံးရနိုင်ဖွယ်ရှိပါတယ်။ဖုန်းတွေများစွာ လူတွေကိုင်ဆောင်လာနိုင်ပြီးနောက်ပိုင်းမှာလူတွေဟာဖုန်းတွေကြောင့်ပဲလူမှုရေးရာအဖုအထစ်တွေကြုံလာ ရပါတယ်။မိမိတို့ရဲ့ကိုင်ဆောင်ထားသောဖုန်း များနှင့်ပတ်သက်ပြီးဆောင်ရန်ရှောင်ရန်တွေကတော့ဒီထက်မကများစွာရှိနိုင်ဦးမယ်လို့ထင်ပါတယ်။ဖုန်း တစ်ခုမှာအရေးအကြီးဆုံးကcontacts များလည်း ဖြစ်ပါတယ်။ထိုcontacts များပျောက်ပျက်မသွားစေရန်back up လုပ်ထား သင့် သလိုမှတ်စုစာအုပ်များမှာလည်းချရေးထားသင့်ပါတယ်။အထက်က ဆိုခဲ့သလိုတန်ဖိုးကြီးစမတ်ဖုန်းများကိုပြောင်းပြောင်းကိုင်နေတာကိစ္စတော့မရှိပေမယ့်ယခုကဲ့သို့သော အခြေခံဖုန်းယဉ်ကျေးမှုများကိုလိုက်နာကြမယ်ဆို လျှင်တော့မိမိတို့ဘ၀အတွက်အပေါင်းလက္ခဏာဆောင်သောသက်ရောက်မှု များစွာကိုရရှိခံစားနိုင်စေမှာဖြစ်တယ်ဆိုတာကတော့အသေအချာပါပဲ။
ငြိမ်းချမ်း (BE-IT)


မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ





တစ်ခါက သတင်းတစ်ပုဒ်ဖတ်ရသည်။ နယူးယောက်မြို့မှာ လျှပ်စစ်မီးခေတ္တ ခဏပျက်သွားသောကြောင့် တစ်မြို့လုံး ဒုက္ခရောက်ကုန်သည့် အကြောင်း ဖြစ်သည်။ မီးရထားတွေ၊ ယာဉ်လမ်းကြောင်းတွေအားလုံး ရပ်တန့်ကုန်သလို တစ်မြို့လုံးကလည်း လျှပ်စစ်မီးကို အမှီပြု၍ လုပ်ငန်းဆောင်တာများ လုပ်ဆောင်နေ ကြသောကြောင့် ပုံမှန်လည်ပတ်နေသော ယန္တရားကြီးက တုန့်ကနဲရပ်တန့်ပြီး အားလုံး ပရမ်းပတာဖြစ်ကုန် သည့် အကြောင်းသတင်း ဖြစ်သည်။ ကျွန်တော့်အထင်တော့ အဆိုပါသတင်း နောက်ပိုင်းမှာ လျှပ်စစ် မီးပျက်သည့်ပြဿနာကိုမကြားရတော့ပေ။

 နောက်တစ်ခုကြားဖူးတာတစ်ခု ကတော့ သူတို့လို တိုးတက် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ လျှပ်စစ်မီးပျက်လျှင် လျှပ်စစ်ပေးဝေရေးကုမ္ပဏီဌာနများမှ မိနစ်အလိုက် လျော်ကြေးပေးဆောင် ရသည်ဟု ကြားဖူးသည်။နှိုင်းယှဉ်စဉ်းစားကြည့်မယ် ဆိုလျှင် ကျွန်တော်တို့ နိုင်ငံ မှာတော့လျှပ်စစ် မီးပျက်သည်မှာ ဖြစ်ရိုးဖြစ်စဉ်ဓမ္မတာတရားတစ်ခု ဖြစ်သောကြောင့် မည်သူကမျှ Complain တက်သည်မရှိဘဲ အချိန်တန်တော့ လည်းမီးပြန်လာပြီး မေ့မေ့ပျောက်ပျောက်ဖြစ်သွား ကြသည်။ တကယ်တော့ ကျွန်တော်တို့ အနေနဲ့ အလုပ်တွေလုပ်တဲ့အခါ လျှပ်စစ်မီးက အလွန်တရာ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေတာကိုတော့ ငြင်းလို့မရနိုင်ပေ။ ကြီးမားသော လုပ်ငန်းကြီးတွေမှာ တစ်နာရီဆိုလျှင်ဆိုသလောက် ငွေကြေး နစ်နာဆုံးရှုံး မှုက မနည်းမနောဖြစ်မှာတော့သေချာသည်။ မီးစက်နှိုးပြီး အလုပ်လုပ်လျှင်သော်မှ ဆီဖိုးက လုပ်ငန်းပမာဏပေါ်မူတည်ပြီး ကုန်ကျမည် မှာမလွဲ ဧကန်ပင်ဖြစ်သည်။
ကျွန်တော်တစ်ခါက အတွေ့အကြုံတစ်ခုအရ ဆိုလျှင် ဟိုတယ်တစ်ခုမှာ လျှပ်စစ်မီးပျက်နေတုန်း နိုင်ငံခြားသား တစ်ယောက်က ကော်ဖီဝင်သောက် တာကိုကြုံဖူးသည်။ ကော်ဖီတစ်ခွက်ရဲ့တန်ဖိုးကလည်း တစ်ဒေါ်လာဝန်းကျင် ရှိမှာပေါ့။ ဒီအတိုင်းဆိုလျှင် မီးစက်မနှိုးဘဲ ထားလို့ ရပေမယ့် ဧည်သည် ၀င်လာသည့်အခါမှာတော့ မီးစက်နှိုးပေးရသည်။ အလင်းရောင်လေး ဘာလေးရအောင်ပေါ့။ အထူးသဖြင့် အဆိုပါဟိုတယ်က နိုင်ငံခြားသားများကို အားပြုနေသောဟိုတယ်ဖြစ်သည့် အတွက် နာမည်မပျက်စေရန် ဂရုတစိုက်နဲ့ ၀န်ဆောင်မှုပေးသည့်သဘောနှင့် ဖွင့်ပေးရခြင်း ဖြစ်သည်။ နိုင်ငံခြားသား ကလည်း နှစ်နာရီလောက်ထိုင်တဲ့အတွက် ဆီက အနည်းဆုံး နှစ်ဂါလံ လောက်ကုန်သွားသည်။ ဘာပဲဖြစ်ဖြစ်ဒါက သေးသေးဖွဲဖွဲဥပမာ တစ်ခုသာ လျှင်ဖြစ်ပြီး အထည်ချုပ်စက်ရုံလိုမျိုး အလုပ်သမားထောင်နဲ့ချီအလုပ်လုပ် နေသော လုပ်ငန်းများအဖို့ တစ်နာရီ ဆိုလျှင် တစ်နာရီဆိုသလောက်သူတို့ရဲ့ အပိုကုန်ကျငွေဘယ်လောက်အထိကုန်ကျ ဆုံးရှုံးနိုင်မလဲဆိုတာကိုတွက် ကြည့်လို့ရနိုင်မှာပါ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုလျှင်တော့ အသေအချာ တွက်ကြည့်မယ်ဆိုရင် တစ်နာရီမီး ပျက်သွားသည့်အခါ ကုန်ကျသည့် ဆီဖိုးမှာ နိုင်ငံခြားငွေဒေါ်လာသောင်း ဂဏန်းကျသင့်မှာဖြစ်ပါတယ်။
တကယ်တော့ ကျွန်တော်ပြောချင်တာက လျှပ်စစ်လိုင်းမဟုတ်ပါဘူး။ အင်တာနက်လိုင်းဖြစ်ပါတယ်။
ယနေ့ခေတ်မှာ လုပ်ငန်းတော်တော် များများ က အင်တာနက်လိုင်းကို အမှီ ပြုပြီးလုပ်ဆောင်နေကြပါတယ်။ ကုမ္ပဏီတွေ၊ ဘဏ်တွေ၊ မီဒီယာ လုပ်ငန်း စသဖြင့်ပေါ့။ အင်တာနက်ပြတ်တောက် သွားတဲ့အခါ ဒုက္ခရောက်ရတာကို အဆိုပါလုပ်ငန်းများမှာလုပ်ဆောင်နေ သူများသာသိရှိပါလိမ့်မယ်။ ကျွန်တော့် အတွေ့အကြုံအရဆိုလျှင် ဂျာနယ်မှာစာရေးသည့်အလုပ်ကို လုပ်ကိုင်နေသူ ဖြစ်သောကြောင့် အဆိုပါဒုက္ခကို မကြာခဏ ကြုံတွေ့ခဲ့ရသည်။ အတွေ့ အကြုံကသင်ပေးသည်ဟုဆိုရမလားတော့မသိ။ အဆိုပါ အတွေ့အကြုံ များက ပညာတော်တော်များများ သင်ပေးခဲ့သည်။ လျှပ်စစ်မီးမရလျှင် ဘယ်လိုလုပ်မလဲ၊ အင်တာနက်မရလျှင်ဘယ်လို လုပ်မလဲဆိုတာတွေကိုပေါ့။ ကျွန်တော်ဂျာနယ်မှာစလုပ်တော့ ၀ါရင့်အယ်ဒီတာချုပ်တစ်ယောက်ဆီက ပညာတော်တော်များများ ရခဲ့သည်။ အဆိုပါ ဆရာကတော့ နှစ်ပေါင်းများစွာ လုပ်ဆောင်နေခဲ့သောသူဖြစ်သည့်အတွက် သူတို့မှာအလုပ်တွေက သင်ကြား ပေးခဲ့သောသဘာကရှိနေသည်။အယ်ဒီတာချုပ်များ၊ သတင်းထောက်များကို လိုလိုမလိုလို၊ သုံးသုံး မသုံးသုံး Assignment ပေးထားသည်။ ဘယ်သူက ဘာရေး၊ ဘယ်သူက ဘာရေးပေါ့။ ဆရာအမြဲပြောလေ့ရှိတဲ့စကားရှိတယ်။ ကျွန်တော့်မှာအမြဲ Back Up နှစ်စုံရှိတယ်တဲ့။ ဆိုလိုတဲ့ သဘောကတော့ အကြောင်းကြောင်းကြောင့်လိုအပ်တဲ့စာမူတွေရမလာခဲ့လျှင် အရေးပေါ် ထုတ်သုံးဖို့ပေါ့။ ယင်းကဲ့သို့ ကြိုတင် စီစဉ်ထားသည့်အတွက် အရေးပေါ် အခြေအနေတွေမှာ ကသီလင်တမကြုံတွေ့ရတော့ဘူးပေါ့။ 
ကျွန်တော့်အနေဖြင့်ဆိုခဲ့သလို အင်တာနက်ကို အမှီပြုလုပ်ဆောင်နေရ သောကြောင့် အဆိုပါပြဿနာကို မကြာခဏကြုံတွေ့ရသည်။ နောက်ပိုင်း မှာတော့ သတိဆိုတာပိုတယ်မရှိ ဆိုသလိုပဲ E-mail အ၀င်တွေမှာ Download ချစရာ Attachment တွေ ပါလာလျှင်ချက်ချင်း Download လုပ်၊ ကိုးကား စရာဆောင်းပါး၊ သတင်းတွေကိုချက်ချင်းကော်ပီကူး၊ Save လုပ်ထားရမယ့် ပုံတွေဆိုလျှင်ချက်ချင်း Save လုပ်၊ Back Up လုပ်စရာရှိလျှင် ချက်ချင်း လုပ်စသဖြင့်လုပ်ဆောင်လေ့ရှိသည့်အကျင့်ရခဲ့သည်။ တစ်နည်းအားဖြင့် အလေ့အကျင့် ကောင်းဟုပင်ဆိုရမည်ဖြစ်သည်။ အဆိုပါအလေ့အကျင့် ကြောင့်လည်း အရေးကြီးနေ့တွေမှာအင်တာနက်လိုင်းလုံးဝမရတော့သည့် အခါမျိုးတွေမှာအဆင်ပြေပြေနဲ့အလုပ်တွေပြီးစီးခဲ့သည်မှာလည်း မရေမတွက် နိုင်အောင်ပင်ဖြစ်သည်။တစ်ခါတစ်ရံမှာ E-mail လေးတစ်စောင် Reply ပြန်ဖို့အင်တာနက် လိုင်းကျနေသည့်အတွက် အရေးကြီးအခွင့်အလမ်း များ ဆုံးရှုံးခဲ့ရသည်ကို လည်းကြုံတွေ့ခဲ့ဖူးသည်။ ယခင်ကတော့ ကျွန်တော်တို့မှာ ADSL လိုင်း နဲ့ Red Link WiMax လိုင်းတွေ ကို အားကိုးနေရသည့်အတွက် အဆိုပါလိုင်းများပြတ်တောက်သွားသည့်အခါမှာ အင်တာနက်သုံးစွဲဖို့ အခြား နည်းလမ်းမရှိပေ။ ယခုတော့ ကံကောင်းသည်မှာ တယ်လီနော၊ အူရီဒူး စသည့် ဖုန်းများမှ အင်တာနက်လိုင်းရသည်ဖြစ်သောကြောင့် တော်ရုံတန်ရုံ ကတော့ ဖုန်းနဲ့ကွန်ပျူတာကို ချိတ်ဆက်ပြီး အင်တာနက်သုံးစွဲလို့ရနေတာက အားသာချက်တစ်ခုဖြစ်သည်။
စာရေးသူကတော့ SIM Card ကိုထည့်သွင်းပြီး ကွန်ပျူတာချိတ်ဆက်ကာ အင်တာနက်သုံးစွဲနိုင်သည့် IP Link Adapter လေးဝယ်ထားသောကြောင့် အင်တာနက်လိုင်းပြတ်တောက်သည့်အခါ အဆိုပါ Adapter လေးကို လက်ပ်တော့မှာထိုးပြီးသုံးစွဲလေ့ရှိသည်။ မိုဘိုင်းဖုန်းတွေမှာအင်တာနက် သုံးစွဲ၍ ရနိုင်သည်ဆိုသော်လည်း ဈေးနှုန်းက ပေါ့သေးသေးတော့မဟုတ်ပေ။ ထို့ကြောင့်လည်း အရေးပေါ်အင်တာနက် လိုင်းပြတ်တောက်သည့်အခါမှ သာလျှင် သုံးစွဲရသည်။အမှန်တော့ အင်တာနက်လိုင်းပြတ်တောက်ခြင်း၊ အမြန်နှုန်းကျဆင်းခြင်း တွေက ကျွန်တော်တို့နိုင်ငံမှာ SLA (Service Level Aggrement) မရှိသေးသောကြောင့်ဖြစ်သည်။ ဥပမာအားဖြင့် ကျွန်တော်တို့ က 1MB လိုင်းယူထားတဲ့အခါ 1MB မရှိလျှင် ကျွန်တော်တို့အနေဖြင့် မိမိတို့ ၀န်ဆောင်မှုရယူထားသော ကုမ္ပဏီကိုတရားစွဲခွင့်ရှိပါသည်။ SLA ဆိုသည်မှာ ယင်းကိုဆိုလိုခြင်း ဖြစ်သည်။ လိုင်းလုံးဝပြတ်တောက်သွားတာမျိုးဆိုလျှင် တော့ဆိုဖွယ်ရာမရှိပေ။ နိုင်ငံတကာမှာတော့ ကုမ္ပဏီတစ်ခုနဲ့တစ်ခုက အပြိုင် အဆိုင်လုပ်ဆောင်နေကြသောကြောင့် SLA ကိုတော်တော်အလေးထားကြ သည်။ ဒီ Provider မကြိုက်လျှင် နောက် Provider ပြောင်းသုံးမည်ပေါ့။ ကျွန်တော် SLA ကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများကို မေးမြန်း ဖူးသည်။ အချို့က အဆိုပါစကားလုံးကိုနားလည်ဟန်ပင် မပြပေ။ တကယ်တမ်းနည်းပညာအရပြောရမည်ဆိုလျှင် နည်းပညာအရ မဖြစ်နိုင်ဘူး ဆိုတာတော့မရှိပေ။ အားလုံးဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် နိုင်ငံတကာမှာလည်း ဒီနည်းပညာတွေပဲ သုံးစွဲနေသောကြောင့် ဖြစ်ပါသည်။ 
အနီးစပ်ဆုံးဥပမာပြရလျှင် ယခုတော်တော်များများက 3G ရပြီဟုဆိုကြ သည်။ 3G ဆိုသည်မှာ လူတိုင်းနားလည် အောင်ပြောရလျှင် YouTube ဗီဒီယိုဖိုင်များကိုမထစ်မငေါ့ဘဲ မိမိတို့ရဲ့ဖုန်းထဲ၊ ကွန်ပျူတာထဲက ဗီဒီယိုဖိုင်ကို ဖွင့်ကြည့်သလိုမျိုး အခြေအနေကိုဆိုလိုသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် Video Information တွေက ရိုးရိုးသာမန်စာသားဖိုင်တွေထက် ပမာဏ ပိုများ သောကြောင့် အဆိုပါ Information များကို မထစ်ငေါ့စေရန် သယ်ဆောင်နိုင် သည့် အမြန်နှုန်း (bandwidth) အတွက် 3G လောက်ဆိုလျှင်လုံလောက် ပါသည်။ ဒါက ကျွန်တော့်ရဲ့အာဘော် မဟုတ်ပါ။ Telecom နဲ့ပတ်သက်တဲ့ ပညာရှင်တွေပြောထားတဲ့ စကားဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်လည်း YouTube ဖိုင်ကြည့်တဲ့ ဥပမာနဲ့ တင်စားပြီးပြောခဲ့တာပါ။ ကျွန်တော်မှတ်မိရ သလောက်တော့ 4G ကတော်ရုံတန်ရုံသိပ်မလိုအပ်ဘူးဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ဆောင်းပါးတစ်ပုဒ်မှာ ဖတ်ခဲ့ဖူးတာဖြစ်ပါတယ်။
ကျွန်တော်အဓိကဆိုလိုချင်တာကတော့ အင်တာနက်လိုင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံမှာ သိပ်အကောင်းကြီး မရှိသေးသောကြောင့် အင်တာနက် ကို အမှီပြုနေသော လုပ်ငန်းများအဖို့ အင်တာနက်လိုင်းကို သိပ်ပြီးကိုးစား ယုံကြည်မှု မရှိဖို့ပါဘဲ။ အရာရာဟာဖြစ်နိုင်ပါတယ်။ Management နယ်ပယ် မှာတော့ Risk Management ဆိုတာ နောက်ပိုင်းမှာ ထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ခုအဖြစ်အရေးပါလာခဲ့ပါတယ်။ မှန်းဆထားတဲ့ Plan တွေ၊ စီမံကိန်းတွေ၊ တွက်ခြေမှု တွေအရတော့ စင်းလုံး ချောဖြစ်နေချင်ဖြစ်နေမှာ ဖြစ်သော်လည်း မတော်တဆဖြစ်ရပ်မျိုး (ဥပမာ- တာဝန်ရှိသူတစ်ယောက် ဖျားနာတာ၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့တာ၊ အင်တာနက်လိုင်းပြတ် သွားတာ၊ မီးပြတ်သွားတာ....) စတာတွေအတွက် ဘယ်လိုပြင်ဆင် ထားကြ မလဲဆိုတာနဲ့ပတ်သက်ပြီး တွက်ချက်ကာ ကြိုတင်ပြင်ဆင်ထားကြမှသာလျှင် မိမိတို့ရဲ့ လုပ်ငန်း ဆောင်တာတွေက ချောမွေ့စွာပြီးစီးနိုင်မှာဖြစ်ပါတယ်။
ကျွန်တော့်အထင်တော့ ဒီခေတ်မှာလုပ်ငန်းတော်တော်များများက အင်တာနက်လိုင်းကို အသုံးပြုပြီး လုပ်ငန်းဆောင်တာ တွေလုပ်ဆောင်နေကြ မယ်လို့ထင်ပါတယ်။ အင်တာနက်လိုင်းပြတ်တောက်ခြင်းမှာ တစ်ခုရှိတာက ရုံးတွင်းပိုင်းမှာ ဖွဲ့စည်းတည် ဆောက်ထားသော ကွန်ရက်ချိတ်ဆက်မှုနဲ့ ပတ်သက်ပြီး အရည်အသွေးမမီသော Router များသုံးစွဲထားခြင်း၊ Load Balancing ပိုင်းနဲ့ပတ်သက်ပြီး တွက်ချက်တည်ဆောက်ထားမှုမရှိခြင်း၊ စနစ် မကျသော ကွန်ရက်ဖွဲ့စည်းမှုများကြောင့်လည်းဖြစ်နိုင်သည်။ လတ်တလော အားဖြင့်တော့ ကြိုးဖုန်းများမှတစ်ဆင့် ADSL လိုင်းကို ရယူနေကြသော ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းကဲ့သို့သော ရာသီဥတုအခြေအနေ များကြုံတွေ့ရပါက အင်တာနက်လိုင်းပြတ်တောက်သွားတာမျိုးတွေ ကြုံတွေ့ ရလေ့ရှိသည်။ Fiber လိုင်းကလည်း ဈေးနှုန်းအားဖြင့် ကြီးမြင့်သလို၊ မြို့နယ် အနှံ့မရရှိနိုင်သေးတာကြောင့် အများစုသုံးစွဲနိုင်ကြခြင်းမရှိသေးပေ။ မည်သို့ပင်ဖြစ်စေကာမူ ကျွန်တော်တို့အနေနဲ့ အချိန်ကာလ အတိုင်းအတာ တစ်ခုထိကတော့ အင်တာနက်လိုင်းပြတ်တောက် တာတွေကတော့ ကြုံတွေ့ နေကြဦးမှာဖြစ်တဲ့အတွက် အင်တာနက်လိုင်းကို အမှီ ပြုလုပ်ကိုင်နေသူများ အဖို့ လိုင်းမရတော့လျှင် ဘယ်လိုလုပ်ဆောင်ကြမလဲ ဆိုတဲ့မေးခွန်းကို မိမိတို့ကိုယ်တိုင်မေးမြန်းပြီး ပြင်ဆင်ထားနိုင်ကြစေဖို့ ဆန္ဒပြုလိုက်ပါတယ်။


ငြိမ်းချမ်း (BE-IT)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal



မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ



Related Posts Plugin for WordPress, Blogger...
Powered by Blogger.

Followers

တင်ထားသမျှပိုစ်များ

Blog Archive

My Blogger TricksAll Blogger TricksTechtunes

Popular Posts(2)

Flag Counter

GET FREE EMAIL UPDATES


Subscribe

Recommend on Google

ဖုန်းဆိုင်ရာ စုစည်မူ

တစ်ခြား ဘလော့ ဆိုက်များသို့ 

သူတိုဒီလို ပြောသွားတယ်

BTemplates.com