Showing posts with label Facebook နည်းပညာများ. Show all posts
Showing posts with label Facebook နည်းပညာများ. Show all posts

Friday, September 25, 2015



Facebook ကို hack အလုပ်ခံရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် အဓိက အကြောင်းရင်းကတော့ ပေါ့ဆမှုကြောင့်ပဲ ဖြစ်ပါတယ်။

ဘယ်နည်းနဲ့ဖြစ်ဖြစ် အကယ်၍သာ သင့်ရဲ့ Facebook ကို hack လုပ်ခံလိုက်ရပြီ ဆိုရင်တော့ အောက်ပါနည်းလမ်းများကို အသုံးပြုပြီး ပြန်လည်ရယူဖို့ ကြိုးစားဆောင်ရွက် ကြည့်နိုင်ပါတယ်။

နည်းလမ်း ၁ (မိမိ account နှင့် သက်ဆိုင်သည့် အချက်အလက်များအား မှတ်မိလျှင်)

အဆင့် ၁ - www.facebook.com/hacked သို့သွားပါ။
အဆင့် ၂ - "My Account is Compromised" အား နှိပ်ပါ။
အဆင့် ၃ - မိမိ account နှင့် သက်ဆိုင်သည့် အီးမေးလ် (သို့) ဖုန်းနံပါတ် (သို့) Facebook သုံး မိမိအမည် (သို့) မိမိ၏ အမည်အပြည့်အစုံအား ထည့်သွင်းပြီး Search လုပ်ပါ။
အဆင့် ၄ - ရှာတွေ့သည်ဆိုလျှင် မိမိ၏ ရှိရင်းစွဲ password အား ထည့်သွင်းပါ။
အဆင့် ၅ - မှန်ကန်သည်ဆိုလျှင် Facebook မှ သင်၏ account အား
လုံခြုံရေးဆောင်ရွက်ရန် ပြောကြားပါလိမ့်မယ်။ Continue နှိပ်ပါ။
အဆင့် ၆ - Password အသစ်အား ၂ ခါပြန် ရိုက်ထည့်ပါ။
သင်၏ hack လုပ်ခံထားရသည့် account ထဲ ပြန်ဝင်လို့ ရပါပြီ။
မှတ်ချက် - ဖုန်းတွင် SMS ရယူခြင်းဖြင့် လုံခြုံရေး ၂ ထပ် ပြုလုပ်ထားပါက မိမိ၏ account ပါ ဖုန်းအား လက်ဝယ်ရှိနေရန် လိုအပ်ပါမည်။

နည်းလမ်း ၂ (မိမိ account နှင့် သက်ဆိုင်သည့် အချက်အလက်များအား မမှတ်မိလျှင်)

အဆင့် ၁ - www.facebook.com/hacked သို့သွားပါ။
အဆင့် ၂ - "My Account is Compromised" အား နှိပ်ပါ။
အဆင့် ၃ - စာမျက်နှာ ဘယ်ဖက်အောက်ထောင့်ရှိ "I can't identify my account" အား နှိပ်ပါ။
အဆင့် ၄ - Facebook မှ မေးမြန်းသည့် သင်နှင့် သက်ဆိုင်သည့် မေးခွန်းများအား ဖြေပါ။
အဆင့် ၅ - Submit လုပ်ပါ။

မကြာမီတွင် Facebook မှ သင့်အား ဆက်သွယ်လာမည်ဖြစ်ပြီး သင်၏ account အား ပြန်လည်ရယူနိုင်ရန် ကူညီပါလိမ့်မည်။

ဤကဲ့သို့ ရှုပ်ထွေးပြီး စိတ်ညစ်ဖွယ်ရာ ဖြစ်ရပ်များအား မကြုံတွေ့လိုလျှင် မိမိ၏ account လုံခြုံရေးအတွက် မပေါ့ဆပဲ သတိထားပြီး နေထိုင်သင့်ပါသည်။

မိမိ account လုံခြုံရေးအတွက် ဆောင်ရွက်နိုင်သည့် အချက်များ -

- အလွယ်တကူ မသိရှိနိုင်မည့် password များထားပါ။
- အလျဉ်းသင့်သလို ပြောင်းလဲပါ။
- လုံခြုံရေး မေးခွန်းများ ထားရှိပါ။
- ဖုန်း SMS သုံး လုံခြုံရေး ၂ ထပ် ထားရှိပါ။
- မလုံခြုံသည့် ကြုံကြိုက်ရာ WiFi သုံးခြင်း ရှောင်ကြဉ်ပါ။
- မိမိ Facebook နှင့် Email အား အချိန်ပြည့် ဖွင့်ထားခြင်း ရှောင်ကြဉ်ပါ။
- Facebook တွင် မိမိ၏ ကိုယ်ရေးကိုယ်တာ အချက်များ ဖော်ပြထားခြင်း ရှောင်ကြဉ်ပါ။
Ref.Hacker Y Lu Khu Htoo



မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ




Facebook မှာ မိမိတင်မယ့် post ကို မိမိမသိစေချင်တဲ့သူရဲ့ New Feed မှာမပေါ်အောင်ပြုလုပ်နည်း ဖြစ်ပါတယ်။
ပုံနဲ့ တကွလေ့လာရန်။






မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ



Tuesday, September 22, 2015


သင်ကဖေ့ဘွတ်ကိုနေတိုင်းသုံးသူလား။ ဒီ အချက်တွေကတော့ ဖေ့ဘွတ်နဲ့ပတ်သက်ပြီး လူသိနည်းတဲ့ အချက်အချို့တွေပဲဖြစ်ပါတယ်။

၁။ ဖေ့ဘွတ်က အပြာရောင်ဖြစ်နေတာ ဘာလို့လဲဆိုတော့ ဖေ့ဘွတ်တီထွင်သူ မာ့ဇ်ဇူဘတ်က ကာလာ ဘလိုင်း( အရောင်မှန်ကန်စွာ မခွဲနိုင်သူ)တစ်ယောက်ဖြစ်နေလို့ပါ။

၂။ သင်ဖေ့ဘွတ်မှာ log in လုပ်ပြီး ၀င်လိုက်တာနဲ့တပြိုင်နက် အင်တာနက်မှာ သင်ရှာကြည့်သမျှ၊ လုပ်သမျှ အားလုံးနီးပါးကို ဖေ့ဘွတ်က ခြေရာခံ မှတ်သားထားပါတယ်

၃။ နေ့စဉ် ဖေ့ဘွတ် အကောင့်တွေကို ဟက်လုပ်ဖို့ ကြိုးပမ်းသူတွေဟာ ၆၀၀ ၀၀၀အထက်မှာ ရှိပါတယ်။

၎။ လေ့လာမှုတစ်ခုအရ လူ သုံးယောက်မှာ တစ်ယောက်ဟာ ဖေ့ဘွတ်သုံးပြီးတဲ့အခါ သူတို့ရဲ့ နေထိုင်မှု ဘ၀အပေါ် စိတ်မကျေမနပ်မှု ပိုပြီး ခံစားရကြောင်းတွေ့ရပါတယ်။

၅။ အမေရိကန်နိုင်ငံမှာ ၂၀၁၁ခုနှစ် လင်မယားကွာရှင်းမှု မှတ်တမ်းအကြောင်းရင်းများရဲ့ သုံးပုံ ပုံ တစ်ပုံဟာ ဖေ့ဘွတ်သုံးခြင်းနဲ့ ဆက်နွယ်နေပါတယ်။

၆။ ဖေ့ဘွတ်ကုမ္ဗဏီဟာ အမေရိကန်နိုင်ငံမှ ဖေ့ဘွတ်သုံးစွဲသူတိုင်းစီမှ ပျမ်းမျှအားဖြင့် အမေရိကန် ဒေါ်လာ ၅. ၈၅ ရရှိနေပါတယ်။

၇။ အခုနှိပ်နေကြတဲ့ Likeကို မူလအစတုန်းက Awesome လို့ သုံးဖို့ စဉ်းစားခဲ့ဖူးပါတယ်။ 

၈။ တစ်စက္ကန့်တိုင်းမှာ Likes သူပေါင်းဟာ ၁.၈ မီလီလျံ အထက်မှာ ရှိပါတယ်။

၉။ မိမိသေဆုံးသွားတဲ့အခါ မိမိရဲ့ ဖေ့ဘွတ်ကို လွှဲပြောင်းသုံးစွဲစီမံသူထားဖို့လုပ်နိုင်ပါတယ်။ (နိုင်ငံတိုင်းမှာတော့ မသုံးနိုင်သေးပါဘူး)


Ref:unbelievable-facts.com

မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ


Wednesday, September 2, 2015



ကမ္ဘာတစ်လွှားကလူတွေအများစုသုံးစွဲနေကြသော Facebook လူမှုကွန်ရက် ဟာအံ့အားသင့်ဖွယ် လုပ်ဆောင်မှုများစွာကိုပေးစွမ်းနိုင်ပြီးလူတွေကို တစ်ယောက်နဲ့တစ်ယောက်ချိတ်ဆက်ပေးနိုင်စွမ်း ရှိပါ တယ်။ ဒီလိုကောင်းကျိုးတွေရှိသော်လည်းသုံးစွဲသူများ ကိုဒုက္ခပေးနိုင်စွမ်းရှိသော ဆိုးကျိုးများစွာလည်းရှိနေ ပါတယ်။

သုံးစွဲတဲ့အပေါ်မှာမူတည်ပြီး အကျိုးရှိရှိသုံးစွဲနိုင်မှာဖြစ်ပေမယ့် ဘယ်လိုမျိုးအချက်တွေကြောင့် သုံးစွဲသူတွေ ဒုက္ခရောက်စေရသလဲ ဆိုတာ တွေကိုစုစည်းဖော်ပြပေးလိုက်ပါတယ်။ ဒီအချက်လေးတွေသိထားမယ်ဆိုရင် မဖြစ်သင့်တာတွေဖြစ်မှာမဟုတ်တော့ပါဘူး။ Facebook ကြောင့် လူမှုရေး ပြဿနာတွေ၊လုပ်ငန်းခွင်ပြဿနာတွေ တက်ရုံမျှမက နိုင်ငံရေးနဲ့ ပတ်သက် တဲ့ ပြဿနာတွေများစွာလည်းတက်ပါတယ်။ အချို့သော အဓိကရုဏ်းတွေက Facebook ကြောင့်ဖြစ်ခဲ့ကြောင်းကို သာဓကတွေလည်း မနည်းမနောပါပဲ။

ခေတ်အခြေအနေအရ Facebook ကိုလူတွေက ဆက်လက်အသုံးပြုနေကြဦး မှာဖြစ်တဲ့အတွက် မိမိတို့အနေနဲ့ Facebook ကိုတလွဲအသုံးမချမိနိုင်စေဖို့ လိုအပ်ပါတယ်။ ဘယ်လောက်ပဲကောင်းမွန်တဲ့ စနစ်ပင်ဖြစ်နေစေကာမူ သုံးစွဲသူတွေရဲ့ အသုံးမချတတ်မှုတွေကြောင့် မိမိတို့ အတွက်အကျိုးမဲ့ခြင်း များစွာကိုသာယူဆောင်လာနိုင်မှာဖြစ်ပါတယ်။အောက်ပါအချက်များကတော့ Facebook ကသင့်ကိုဒုက္ခပေးနိုင်မယ့် အချက်လေး တွေဖြစ်ပါတယ်။

<(၁)အလုပ်ရှင်များရဲ့ စစ်ဆေးမှု>
လူအတော်များများဟာသူတို့ရဲ့ လုပ်ဆောင်မှုတွေ၊စိတ်ခံစားမှု တွေနဲ့ ပတ်သက်ပြီး Facebook ပေါ်မှာ များစွာတင်ကြပါတယ်။ အဲဒီအခါ ဘာဖြစ်သလဲဆိုတော့ တစ်ခါတစ်ရံသူတို့တင်လိုက်တဲ့အကြောင်း အရာတွေ ကသူတို့ရဲ့ အလုပ်ပိုင်ရှင်သူဌေးနဲ့ အခြားသောပတ်သက်ရာ ပတ်သက်ကြောင်း လုပ်ငန်းပိုင်ရှင် များအတွက် မြင်သွားခဲ့လျှင် မကောင်းသည့်မသင့်လျော်သောအကြောင်းအရာတွေပါဝင်နေတတ်ပါတယ်။

ယခုနောက်ပိုင်းမှာလုပ်ငန်းရှင်များကသူတို့ အသစ်ခန့်အပ်မယ့် ဝန်ထမ်း အသစ်များ(အထူးသဖြင့် အရေး ကြီးသောရာထူးနေရာများ) အတွက် လျှောက်ထားသူများအားသူတို့ရဲ့ လူမှုကွန်ရက် account တွေကို စစ်ဆေးလေ့ရှိလာကြပါတယ်။ အဲဒီအခါ သူတို့အနေနဲ့ အရက်သောက်စား ပြီး ပရမ်းပတာ အရှက်ရဖွယ်ပုံတွေတင်ထားတာ၊ ရိုင်းပျသောစာများ ရေးတင် ထားတာ၊ အခြားသူများအား comment ပေး ရာတွင် ရိုင်းပျစွာ ရေးသားထားတာ၊အပြုသဘောမဆောင်သည့် စာသားများ ရေးတင်ထား ကြတာတွေက အလုပ်ခန့်အပ်မည့်သူအတွက် အထင်သေးဖွယ်ရာ အချက် တွေပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ စိတ်သဘော အလျောက် တင်ထားနိုင်သည် ဆိုသော်လည်းယင်းကဲ့သို့သောအချက်များကို ဂရုပြုသင့်ပြီး မိမိတို့ရဲ့ privacy setting မှာဘယ်သူတွေကိုမြင်စေချင်သလဲဆိုတာတွေကို ဂရုပြုလုပ်ဆောင်ထားသင့်ပါတယ်။ အထူးသဖြင့် အရေးကြီးတဲ့ အလုပ် အင်တာဗျူးတွေမသွားမီမှာသင့်ရဲ့ page ကိုဂရုစိုက်ကာ ရှင်းလင်း သင့်သည်များကိုရှင်းလင်းသင့်ပါတယ်။

<(၂)ချစ်သူတွေအကြားအထင်အမြင်လွဲမှုများ>
Facebook မှာကိုယ့်ရဲ့ အဆက်ဟောင်းတွေနဲ့ပြန်လည်ချိတ်ဆက်နိုင်ဖို့ ကအလွန်တရာ လွယ်ကူလှ ပါတယ်။ လက်ရှိသမီးရည်းစား စုံတွဲတွေ အကြားမှာသူတို့ရဲ့ ရည်းစားဟောင်းတွေနဲ့ဆက်သွယ်မှု တစ်စုံတစ်ရာ ရှိနေခြင်းကသဘောထားကွဲလွဲမှုတွေရှိလာနိုင်ပါတယ်။ သူတို့ရဲ့ အဆက်ဟောင်းတွေနဲ့ ပဲဖြစ်ဖြစ်၊ အခြားသူများနဲ့ပဲဖြစ်ဖြစ် အလွန်အမင်း ရင်းရင်းနှီးနှီးရှိနေခြင်းတွေက လက်ရှိစုံတွဲများ အကြားသဝန်တိုစိတ်ကောက် စရာအကြောင်းအချက်တွေဖြစ်လာနိုင်ပါတယ်။ တစ်ခါတစ်လေမှာအမှိုက်က စပြဿဒ်မီးလောင်ဆိုသလိုမျိုး comment လေးတစ်ခု၊ post လေးတစ်ခု ကချစ်သူတွေအကြားလမ်းခွဲ သွားနိုင်စေလောက်တဲ့အထိ ကြီးထွား လာနိုင်ပါတယ်။ ဒါကြောင့် Facebook မှာလူပေါင်းများစွာကို ချိတ်ဆက် စကားပြောနိုင်ပေမယ့် ကိုယ့်ရဲ့ ချစ်သူအပေါ် သစ္စာရှိစွာနဲ့ ဆင်ဆင်ခြင်ခြင် အသုံးပြုခြင်းဖြင့် လမ်းခွဲရမယ့် အဖြစ်တွေကိုရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

<(၃)ဂိမ်းအလွန်အကျွံစွဲလမ်းခြင်း>
Facebook မှာများစွာသောဂိမ်းတွေကို ကစားလို့ရသလို အဆိုပါ ဂိမ်းတွေကလည်း Facebook ပေါ်ကကိုယ့် သူငယ်ချင်းတွေနဲ့ ချိတ်ဆက် ကစားကြရတာဖြစ်ပါတယ်။ထို့ပြင် အလွန်အမင်းစွဲလမ်းစေတတ်ပါတယ်။ ဥပမာအားဖြင့် Farmville လိုမျိုးဂိမ်းတွေကသူတို့ရဲ့ လက်ရှိပြင်ပလောက ကနေကွဲထွက်သွားတဲ့ နောက် ထပ် ဘဝတစ်ခုသဖွယ် ဖြစ်နေတတ်ပြီး အချိန်ရှိသရွေ့ အဆိုပါ Virtual World အတွင်းမှာပဲသူတို့ရဲ့ ဘဝတစ်ခု သဖွယ်ဖြစ်နေတတ်ပါတယ်။ ဒါ့အပြင် ဒေါ်လာငွေ ရာဂဏန်းမှ သည် ထောင်ဂဏန်း အထိဂိမ်းထဲမှာအသုံးပြုကြရလေ့ရှိခြင်းကသုံးစွဲသူများရဲ့ အချိန်တွေ၊ငွေကြေးတွေကို အလဟဿကုန် ဆုံးစေနိုင်တဲ့ ဆိုးရွားသော အလေ့အကျင့်တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် ဂိမ်းကစားမှု တွေကို ဂရုပြုဆင်ခြင်ခြင်းဖြင့် ကိုယ့်ရဲ့ အဖိုးတန် အချိန်နဲ့ငွေကြေးတွေ ကို ချွေတာရာရောက်စေမှာဖြစ်ပါတယ်။

<(၄)စိတ်ဖိစီးမှုများ>
လူတွေက Facebook ပေါ်မှာသူတို့ရဲ့ သူငယ်ချင်းတွေနဲ့ အပြန်အလှန် ချိတ်ဆက်နေကြရတဲ့အခါ သူတို့ ဟာမကြာခဏဆိုသလိုပဲသူတို့ရဲ့ သူငယ်ချင်းတွေကပိုမိုကောင်းမွန်သောဘဝတွေကိုပိုင်ဆိုင်ကြတယ်၊ သူတို့ ထက်ပိုမိုသာလွန်မှုတွေရှိတယ်ဆိုတာလိုမျိုးအတွေးတွေကသူတို့အတွက် စိတ်ဖိစီးမှုများစွာကို ယူဆောင်လာပြီးစိတ်ဓာတ်ကျဆင်းခြင်းတွေကိုဖြစ်ပေါ် စေပါတယ်။ များစွာသော လူတွေဟာသူတို့ လက်ရှိဘဝအခြေအနေနဲ့ မတူညီ တဲ့ အခြေအနေတစ်ခုကို Facebook မှာထုတ်ဖော်လေ့ရှိကြပါတယ်။ ထို့ပြင် Facebook ပေါ်မှာအရှက်ရဖွယ်ရာလိုမျိုးမိမိအား ရေးသားဖော်ပြလေ့ ရှိသောအကြောင်း အရာတွေ၊ ဒေါသထွက်ဖွယ်ရာအကြောင်းအရာတွေက ပြင်းထန်သည့် စိတ်ဝေဒနာများကို ခံစားရနိုင်စေ ပါတယ်။ အကျိုးဆက် အနေနဲ့ မှားယွင်းသောဆုံးဖြတ်ချက်များကိုချမှတ်စေဖို့ မသိမသာ တွန်းအား ပေးလျှက်ရှိသောအချက်တစ်ခုလည်းဖြစ်တယ်လို့ သုတေသန များစွာက နေဖော်ပြနေပါတယ်။

<(၅)မတူကွဲပြားသောလောက>
Facebook မှာသုံးစွဲသူတွေအနေဖြင့် သူတို့ဘာတွေပဲမြင်ချင်တယ် ဆိုတာကို ထိန်းချုပ်ထားနိုင်ပါတယ်။ သူတို့နဲ့ စိတ်ကူးစိတ်သန်း တူညီသောလူများ၊ တန်ဖိုးထားမှုတူညီသောလူကို friends အဖြစ်ရွေးချယ် ထားနိုင်ပါတယ်။ တကယ်တော့ လူ့သဘောသဘာဝအရမတူညီသော အတွေ့အကြုံတွေ၊ အတွေး အခေါ်တွေများစွာရှိသောကြောင့် ဒီလိုမျိုးကျဉ်းမြောင်းသည့် နယ်ပယ်ထဲမှာနေထိုင်ခြင်း ကမတူကွဲပြားစွာ ရှိနေသော ပြင်ပလောကကြီးနဲ့ ချိတ်ဆက်လုပ်ဆောင်နိုင်စေဖို့ ကိုအဟန့်အတား ဖြစ်နိုင်စေမှာဖြစ် ပါတယ်။

<(၆)ကျန်းမာရေးကိုထိခိုက်စေခြင်း>
လူတွေဟာကွန်ပျူတာမှာပဲဖြစ်ဖြစ်၊ လက်ကိုင်ဖုန်းတွေမှာပဲဖြစ်ဖြစ် Facebook ကိုအမြဲတစေ သုံးစွဲနေလေ့ရှိကြပါတယ်။ သူတို့သူငယ်ချင်းတွေ ကတင်လိုက်တဲ့ post တွေများစွာကိုလိုက်လံဖတ်ရှုရင်းနဲ့ အချိန်ကုန်မှန်း မသိကုန်သွားလေ့ရှိပါတယ်။ ကွန်ပျူတာစားပွဲမှာ ကြာမြင့်စွာထိုင်ခြင်း၊ ငြိမ်ကုပ်ပြီး စမတ်ဖုန်းကိုမျက်လုံးနဲ့မခွာဘဲအချိန်ကြာမြင့်စွာသုံး စွဲခြင်းတွေက နှလုံးရောဂါ၊ အမြင် ပိုင်းပြဿနာနဲ့ သွေးခဲခြင်းတွေလိုမျိုးကျန်းမာရေးကို ထိခိုက်စေသည့်အရာများဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီရောဂါသုံးခုကတော့ အဓိကဖြစ်တဲ့အကြောင်းတွေပဲဖြစ်ပါတယ်။ ဒါကြောင့် သိပ်အကြာကြီး မသုံးဘဲ လေ့ကျင့်ခန်းများကိုပုံမှန်လုပ်ဆောင်သင့်ပါတယ်။

<(၇) ပြင်ပသူငယ်ချင်းများနှင့် ဆက်ဆံရေးထိခိုက်နိုင်ခြင်း>
အချို့သောသူတွေက Facebook မှာရှိမနေတတ်ကြဘဲ သမားရိုးကျ နေထိုင်လေ့ရှိပါတယ်။ သူတို့ကမိမိတို့ကို message တစ်စောင်၊comment တစ်ခုတလေမှပို့နိုင်မှာမဟုတ်ပါဘူး။ အကယ်၍ မိမိတို့က Facebook ပေါ်မှသူငယ်ချင်းများနဲ့ပဲအချိန်ကုန်နေမယ်ဆိုလျှင်တော့ အခြားသော သူငယ်ချင်းများကိုလစ်လျူရှုရာလည်းကျနိုင်မှာဖြစ်ပါတယ်။ ထို့ကြောင့် ဖုန်းခေါ်ဆိုမှုကပဲဖြစ်ဖြစ်၊ e-mail ပေးပို့မှုတွေကနေပဲဖြစ်ဖြစ် ၊ပြင်ပမှာ တွေ့ဆုံခြင်းနဲ့ပဲဖြစ်ဖြစ် ရင်းနှီးမှုရှိအောင်လုပ်ဆောင်ခြင်းက ပေါင်းသင်း ဆက်ဆံရေးကိုထိခိုက်နိုင်စေမှာမဟုတ်ပါဘူး။ ထို့ပြင်ကိုယ့်ရဲ့ မိသားစုဝင် တွေနဲ့ နီးနီးလေးနဲ့ ဝေးနေတဲ့အဖြစ်မျိုးတွေမရှိရလေအောင် facebook ပေါ်မှာပဲအချိန်ကုန်နေရတဲ့အဖြစ်တွေကိုသတိထားမယ်ဆိုလျှင်တော့ ကောင်းမွန်နွေးထွေးသော အသိုက်အဝန်းကိုပိုင်ဆိုင်နိုင်စေမှာဖြစ်ပါတယ်။

<(၈)မူပိုင်ခွင့်အားချိုးဖောက်ခြင်း>
Facebook ပေါ်မှာ free sharing တွေအလွန်များပါတယ်။ အချို့သော သူတွေကမူပိုင်ခွင့်အရကာကွယ် ကန့်သတ်ထားတဲ့ အရာတွေကို sharing လုပ်ခြင်းဖြင့် တစ်ပါးသူရဲ့ မူပိုင်ခွင့်ကိုချိုးဖောက် သလိုမျိုး ဖြစ်နေတတ်ပါတယ်။မတော်တဆများမူပိုင်ခွင့်အရမိမိတို့ကိုတရားစွဲဆိုမှုတွေလုပ်ဆောင်လာမယ် ဆိုရင် မလိုလားအပ်ဘဲအမှုအခင်းများနဲ့ကြုံတွေ့ရနိုင်တာကိုဂရုပြု ရမှာဖြစ်ပါတယ်။

<(၉)အလိမ်အညာပေါ်နိုင်ခြင်း>
Facebook မပေါ်မီကတော့ လူတွေကအဖြူရောင်မုသားတွေ ပြောဆိုရာ မှာသိပ်ကိစ္စမရှိလှပါဘူး။ ဥပမာ သူမသွားချင်တဲ့ ချိန်းဆိုမှုတစ်ခုကို စာ လုပ်စရာကိစ္စရှိလို့ဆိုပြီး သူငယ်ချင်းတွေကိုပြောဆို တဲ့ကျောင်းသားတစ် ယောက်ဟာမကြာမီမှာပဲသူ club မှာရောက်နေတာကိုသူနဲ့အတူပါတဲ့ သူငယ်ချင်း တစ်ယောက်ကဓာတ်ပုံရိုက်ကာသူ့ကို tag လုပ်လိုက်တဲ့အခါ ဒါကမကြာသေးမီကသူပြောဆိုခဲ့တဲ့ အချက်အလက်တွေနဲ့ ကွဲပြားနေပြီး တစ်ယောက်နဲ့တစ်ယောက် စိတ်ဝမ်းကွဲစရာလိုမျိုး လူမှုရေး ပြဿနာ တွေကြုံလာနိုင်ပါတယ်။

<(၁၀)ခြိမ်းခြောက်ခံရနိုင်မှု>
Bullying ကိစ္စကလူမှုကွန်ရက်များမှာအလွန်ဆိုးရွားသော ပြဿနာ ဖြစ်ပါတယ်။ အထူးသဖြင့် ဆယ်ကျော် သက်ရွယ်များမှာ အဓိက ဖြစ်လေ့ ဖြစ်ထရှိပါတယ်။ Message များပေးပို့ကာစိတ် အနှောင့် အယှက် ဖြစ်အောင် လုပ်ဆောင်ခြင်း၊ facebookမှာမိမိကိုအရှက်ခွဲခြင်း၊ခြိမ်းခြောက် အကျပ်ကိုင် ခြင်း များက ဆယ်ကျော်သက်လူငယ်များစွာကို မိမိကိုယ်မိမိ သေကြောင်း ကြံစည်နိုင်ခြင်းတွေအထိ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါဟာလက်ရှိမှာ ဖြစ်ပေါ် နေတဲ့ Facebook ရဲ့ အဆိုးရွားဆုံးသော ပြဿနာတစ်ရပ် လည်းဖြစ်ပါတယ်။

အထက်ပါအကြောင်းအရာတွေကိုသတိထားပြီးမိမိတို့လုပ်ဆောင်ထားသင့်တာကတော့ မိမိတို့ Facebook ရဲ့ privacy ကိုတတ်နိုင်သမျှ အမြင့်ဆုံး လုပ်ဆောင်ထားခြင်းဖြင့် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

 ငြိမ်းချမ်း(BE-IT)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ


Friday, August 28, 2015


Facebookအ​ကောင့်​န်​disableဖြစ်​​နေတာကို
reactivateပြန်​ယူပုံကိုအကျဉ်းချုံ့​ရေးလိုက်​ပါတယ်​။

Didableဆိုတာမိမိအ​ကောင့်​န်​ကိုfacebook
teamကသူတို့ရဲ့ချမှတ်​ထားတဲ့စည်းကမ်း
privacyတစ်​ခုခုနဲ့ငြိစွန်းတဲ့အတွက်​​အ​ကောင့်​န်​ကို
ပိတ်​သိမ်းဖျက်​သိမ်းလိုက်​တာ။
အဲ့ဒိ​တော့facebook teamမှာအယူခံဝင်
ပြီး​တော့အ​ကောင့်​န်​ကိုreactivateပြန်​လုပ်
ယူရမှာဖြစ်​တယ်​။
အယူခံဝင်နိုင်ဖို့အတွက်​မိမိမှာid cardတစ်​ခုခု
ရှိထားဖို့လိုပါမယ်​။government
id cardဆိုတာကdriverလိုင်​စင်​တို့၊
passportတို့အစရှိသဖြင့်​အစိုးရတရားဝင်
အသိအမှတ်​ပြုထုတ်​​ပေးထားတဲ့ကဒ်​မျိုးပါ။
အဲ့ဒိကဒ်​ကိုဓါတ်​ပုံရိုက်​ပြီးfacebook teamကို
replyပို့ပို့​ပေးရမှာဖြစ်​တယ်​။
idကဒ်​မရှိလျှင်​မိမိရဲ့မှတ်​ပုံတင်​ကဒ်​ကိုပုံပါတဲ့အခြမ်း
ဘက်​က​နေဓါတ်​ပုံရိုက်​ပြီးပို့​ပေးပါ။

Account Disableဖြစ်​​​နေတာကိုအယူခံဝင်​ဖို့
အောက်​ကလင့်​ခ်​ကိုနှိပ်​ဝင်​သွားပါ။

https://m.facebook.com/help/contact/260749603972907?refid=69

အဲ့ဒိစာမျက်​နှာကို​ရောက်​သွားရင်

Your email adressစာသား​အောက်​က
boxကွက်​လပ်​ထဲမှာမိမိfacebookလုပ်​ထားခဲ့တဲ့
မေးလ်​လိပ်​စာကို​ရေးဖြည့်​ပါ။

Contact email addressစာသား​အောက်​က
ကွက်​လပ်​ထဲမှာfacebookက​နေမိမိဆီကို
ဆက်​သွယ်​လို့ရ​စေမယ့်​emailလိပ်​စာကို​ရေးထည့်​ပါ။

Your Full Name​နေရာမှာမိမိfacebook
အ​ကောင့်​န်​ရဲ့နာမည်​အပြည့်​အစုံကို​ရေးထည့်​ပါ။

Date of birth​အောက်​ကကွက်​လပ်​ထဲမှာ
မိမိfbလုပ်​ခဲ့စဉ်​ကထားခဲ့တဲ့
မွေးခု၊​မွေးလ၊​မွေးရက်​ကို​ရေးဖြည့်​ပါ။

Your ID(s)​​အောက်​ကchoose file​နေရာကို
clickနှိပ်​ပြီးအစိုးရအသိအမှတ်​ပြုကဒ်​ရဲ့ပုံကို
ရွေးပြီးတင်​ပါ။မရှိလျှင်​မှတ်​ပုံတင်​ကဒ်​(ပုံပါတဲ့ဘက်​)
ကိုဓါတ်​ပုံရိုက်​ပြီးတွဲတင်​လိုက်​ပါ။

ပြီးရင်​Additional info​အောက်​ကအကွက်​ထဲမှာ
မိမိရဲ့disableဖြစ်​​နေတဲ့အ​ကောင့်​န်​ကိုပြန်​​ပေးဖို့
အတွက်​စာများ​ရေးထည့်​ပါ။မ​​ရေးတတ်​ရင်​​အောက်​က
စာပိုဒ်​ကိုcopyယူပြီးထည့်​​ပေးလိုက်​ပါ။

Facebook disabled my account without warning me or sending me anything for underage, I’ve tried getting in touch with them but no avail, they keep sending me link to help but they don’t and it says to put in my card details which I’ve never done before…. I’m so sad for there are many relatives and friends keep me in touch by that account. I try so many ways not to behave my self bad nor to display bad images or words, even I remove those who like saying explicit words or contents but my account suddenly disappear anyway, when I tried to have a touch with my relatives and friends at that night. Please Sirs/Madams, at least give me a clue what mistakes have I done and soon give me back my beloved I account, Thank you so much and God bless you…

ရေးထည့်​ပြီးရင်​​အောက်​က send ကိုနှိပ်​​ပေးလိုက်​ပါ။
ပြီးရင်facebookကပြန်​ကြားတုန့်​ပြန်​ချက်
responseကို​စောင့်​​ပေး​နေပါ။
facebookက​နေမိမိရဲ့contact emailထားခဲ့တဲ့
လိပ်​စာထဲကိုပြန်​ကြားစာပို့​ပေးပါလိမ့်​မယ်​။

အဲ့လိုတ​နေ့ကို၆ကြိမ်​​လောက်​ပို့​ပေးပါ။
ချက်​ခြင်းလုပ်​ချက်​ခြင်း​တော့ပြန်​ဖွင့်​​ပေးမှာမဟုတ်​ပါ။
facebookအသုံးပြုသူ​တွေဟာကမ္ဘာမှာသန်း​ပေါင်း
များစွာအသုံးပြု​နေတာဖြစ်​လို့မိမိအလှည့်​ကိုစိစစ်​ပြီးမှ
အ​ကြောင်းကြားစာပို့​ပေးပါလိမ့်​မယ်​။

အဲ့လိုမျိုးတ​နေ့ကို၃ကြိမ်​​လောက်​ပို့ပို့​ပေးပါ။
မိမိmailထဲကိုfacebookကreplyမလာဘူးဆိုရင်
အောက်​ကစာကိုcopyကူးပြီး
disabled@facebook.com
ကို​reportမေးလ်​ပို့​ပေးပါ။
ရေးရမယ့်​စာက..........

I tried to access my Facebook account every day, but when I typed in my password it said my account had been disabled. This came as a shock to me, and I now cannot contact my family and friends or access the pictures I had on my account.
I have not been given any reason for this and I feel this has to be a mistake. I have emailed Facebook 3or4 times,without reply, asking why my account has been disabled. Could you please try and help me to sort this matter out as I’m not really the best educated person when it comes to computers or the Internet. Thanks for your time!

အဲ့ဒိလို​ရေးပြီး​မိမိအ​ပေါ်မှာဖြည့်​ထားခဲ့တဲ့
contact email address က​နေreport
လုပ်​ပြီးပို့​ပေး​နေပါ။

မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ


Wednesday, August 12, 2015



သင့် Facebook Account  ကိုဝင်လိုက်ပါ။

ပြီးရင်  Facebook/mass_Add ကိုသွားလိုက်ပါ။
  • သင့်အကောင့်နဲ့ logn in ၀င်လိုက်ပါ။ logn in with facebook မှာနှိပ်ပေးပြီး pou up မှာ ok လုပ်ပေးပါ။


  • အောက်မှာကြည့်ပါ။ Select friends you want to add  အကွက်မှာ သင့်စိတ်ကြိုက်ရွေးပါ။လိုချင်တဲ့သူငယ်ချင်းအရေအတွက် ကျားမလိုချင်လားမလိုချင်လား နေရာ နိုင်ငံ စသဖြင့်ပါ။


How to get Make 5000 friends on facebook Fast in One Day 2014 image


  •  Generate Button မှာ ကလစ်နှိပ်လိုက်ပါ။


How to get Make 5000 friends on facebook Fast in One Day 2014 image


 

  • အီးမေးလ် list တွေပေါ်လာပါလိမ့်မယ် အဲဒီlist တွေကို copy လုပ်လိုက်ပါ။





How to get Make 5000 friends on facebook Fast in One Day 2014 image



  • စောစောကကော်ပီလုပ်ထားတဲ့ မေးလ်တွေကို paste လုပ်ပါ။To ဆိုတဲ့အကွက်မှာပါ။ message မှာတော့ ရေးချင်တဲ့ မက်ဆေ့လေးရေးထည့်လိုက်ပါ။





How to get Make 5000 friends on facebook Fast in One Day 2014 image


 

  • Invite ur friend ကိုနှိပ်လိုက်ပါ။


  • စောင့်ကြည်လိုက်ပါ တစ်ရက်အတွင်း ခင်ဗျားမှာ facebook friend တွေအများကြီးရလာပါလိမ့်မယ်။
မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ


Friday, August 7, 2015



                                              

                                                                                       


တောင်းဆိုထားလို့ ရှာပြီးတင်​​ပေးလိုက်​ပါတယ်​ Mp3 သီချင်​​တွေကို facebook ​ပေါ်တင်​​ပေးတဲ့ Apk ,​လေးပါ
သုံးကတာအရမ်းလွယ်​ကုပါတယ်​ post တဲ့မယ်​ဆိုရင်​ စာ​လေးပါ​ရေး​ပေး​နော်​ ဒါမှသိမှာ​ပေါ့ သီချင်​တင်​မယ်​ဆိုရင်ဘာမှန်​​မသိဖြစ်​​နေမှာစိုးလို့ပါ
ကျ​နော်​စမ်းတာက​တော့ အ​ဆေ​ပြေပါတယ်​ ကျ​နော်​ wall မှာလဲ ဝင်​ကြည့်​လို့ရပါ mp3 တပိုင်း​လေးစမ်းပြီးတင်​ကြည့်​တာပါ
လိုအပ်​သူများလဲ​အောက်​မှာ​ဒေါင်​ယူလိုပါ​နော်


ထာဝရ​ပျော်​ရွှင်​ နိုင်​ကြပါ​စေဗျာ


မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။

                                          Download Here

ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ




Ogilvy ရဲ့ စစ်တမ်းအရ Facebook Business Page တွေရဲ့ Organic Reach လို့ ခေါ်တဲ့ အခပေးကြော်ညာခြင်းမရှိတဲ့ ပို့စ်များရဲ့ လူမြင်မှုနှုန်း ဟာ ၂၀၁၃ ခုနှစ် အောက်တိုဘာလမှာ ၄၉ ရာခိုင်နှုန်းကနေ ယနေ့အချိန်မှာ ၆ ရာခိုင်နှုန်းအထိ ကျဆင်းနေပါတယ်။ ဒီလိုကျဆင်းလာရတဲ့ အကြောင်းအရင်းကတော့ Business Page ၁၈ သန်းကျော်ဟာ Newsfeed မှာ နေရာတစ်ခုအတွက် ပြိုင်ဆိုင်နေကြပါတယ်။ နောက်တစ်ချက်က Reach တိုးတက်ဖို့ အတွက် Facebook က သူ့ကို ငွေပေးစေချင်လို့ ဖြစ်ပါတယ်။ သင့် Business Page ရဲ့ Organic Reach ကို တိုးတက်စေမယ့် နည်းလမ်းများကို ဒီ Tutorial မှာ ဖော်ပြပေးလိုက်ပါတယ်။

သင့်ရဲ့ Organic Traffic ကို စစ်ဆေးနည်း
သင့်ရဲ့ Organic Traffic ကို စစ်ဆေးဖို့အတွက် သင့် Page ရဲ့ Facebook Insights ကို သွားပါ။ Posts Tab ကို သွားပြီး အောက်ခြေမှ See More ကို နှိပ်ပါ။ အနည်းဆုံး သုံးလအကြာလောက်က ပို့စ်များအထိ ကြည့်ရှုလေ့လာပါ။ အပေါ်ထိပ်မှ Reach Drop-Down Menu မှာ Organic/Paid ကို ရွေးချယ်ပေးထားတဲ့အတွက် ပို့စ်တစ်ခုချင်းစီရဲ့ Reach ဖြစ်တဲ့ လူဦးရေ ပမာဏကို တစ်ပေါင်းတည်း တွေ့နိုင်မှာ ဖြစ်ပါတယ်။ Mouse Cursor ကို Reach ကဏ္ဍအောက်မှ လိမ္မော်ရောင်ပေါ်တင်ကြည့်ရင်တော့ Organic နဲ့ Paid Reach ကို ခွဲခြားပြသပေးမှာ ဖြစ်ပါတယ်။ သုံးလအတွင်းမှာ Organic Reach ဟာ တစ်ဖြည်းဖြည်း ကျဆင်းလာရင်တော့ အောက်ဖော်ပြပါ နည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။

                                       1
 
၁။ အမြဲတမ်း လတ်ဆတ်နေမယ့် Content များကို တင်ပါ။Facebook Post တစ်ခုရဲ့ သက်တမ်းဟာ အကြောင်းအရာများစွာ အပေါ် မူတည်ပါတယ်။ တစ်ခုက သူ့ရဲ့ အသုံးဝင်မှုပါ။ သင့် သူငယ်ချင်းများက Like, Comment , Share ပြုလုပ်ရင် ပို့စ်အဟောင်းတစ်ခုတောင် သင့်ရဲ့ News Feed မှာ ပေါ်လာနိုင်ပါတယ်။

ဥပမာအားဖြင့် အောက်ပါပုံမှ ပို့စ်ဟာ ၁၈ နာရီကြာမြင့်ပြီ ဖြစ်ပေမယ့် သင့်ရဲ့ သူငယ်ချင်းတစ်ယောက်က Like ပြုလုပ်လိုက်ရင် သင့်ရဲ့ News Feed မှာ ပြသပေးမှာ ဖြစ်ပါတယ်။

အဲဒီအတွက် Facebook မှာ ပို့စ်တစ်ခုတင်ရင် ကာလရှည်ကြာ လတ်ဆတ်ပြီး အသုံးဝင်မယ့် ပို့စ်မျိုးကို တင်ဖို့ အရေးကြီးပါတယ်။ သင့်ရဲ့ ပို့စ်ကို Engage ပြုလုပ်မှုများလေလေ အဲဒီပို့စ်ရဲ့ သက်တမ်းဟာ ရှည်ကြာလေလေဖြစ်ပါတယ်။

                          2
 
၂။ အရည်အသွေးမြင့်တဲ့ ပို့စ်များကို အကြိမ်ရေ နည်းနည်း တင်ပါ။ 
Facebook မှာ ကမ္ဘာတစ်ဝန်းမှ ကုမ္ပဏီများက အပြိုင်အဆိုင် နေရာလုနေကြပါတယ်။ Facebook ရဲ့ အဆိုအရ လူတစ်ယောက် Facebook ကို Log In ၀င်ရင် ပြသစရာ ပို့စ်ပေါင်း ၁၅၀၀ ကျော်ရှိပေမယ့် ၃၀၀ လောက်ကိုသာ ပြသပေးနိုင်ပါတယ်။ Facebook Marketer တစ်ယောက်အနေနဲ့ အဲဒီတန်ဖိုးရှိတဲ့ နေရာများထဲမှ တစ်နေရာကို အပြိုင်အဆိုင် ရယူရမှာပါ။

သင့်ရဲ့ Page ကို အာရုံစိုက်မှုရရှိဖို့အတွက် တစ်နေ့တည်းမှာ ပို့စ်များစွာ တင်စရာမလိုပါဘူး။ အဲဒီအစား အရည်အသွေးမြင့်တဲ့ ပို့စ်တွေကို ဖန်တီးပါ။

Fanpage Karma မှ Coca-Cola India နဲ့ Pepsi India တို့ရဲ့ Facebook Pages များကို ခွဲခြမ်းစိတ်ဖြာထားတဲ့ ရုပ်ပုံကားချပ်ကို အောက်မှာ ပြသပေးထားပါတယ်။ Coca-Cola ဟာ Pepsi ထက် အကြိမ်အရေအတွက် အနည်းငယ်သာ ပို့စ်တင်ထားပေမယ့် Engagement အပိုင်းမှာတော့ Coca-Cola ဟာ အနိုင်ရနေတာကို ထင်ရှားစွာ တွေ့ရပါတယ်။

                               3

တစ်နေ့မှာ ပို့စ်ဘယ်နှစ်ခု တင်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး စည်းမျဉ်းတွေ မရှိပါဘူး။ Buffer Blog က စီးပွားရေးလုပ်ငန်းတွေအတွက် Facebook မှာ တစ်နေ့ ပို့စ်နှစ်ခုတင်ဖို့ အကြံပေးထားပါတယ်။ Post Planner Blog က တစ်နေ့မှာ မတူညီတဲ့ ပို့စ်အမျိုးအစားသုံးခု တင်ဖို့ အကြံပေးထားပါတယ်။ သင့်ရဲ့ စီးပွားရေး လုပ်ငန်းအတွက် တစ်နေ့မှာ တင်သင့်တဲ့ ပို့စ်အရေအတွက်ကို သင်ကိုယ်တိုင် တွက်ချက်ဖို့ လိုသလို ပို့စ်မှာ Links, Images, Videos, Text စတာတွေကို ပေါင်းစည်းပြီး ရောစပ်ဖို့ လိုပါတယ်။

၃။ Content များကို သင့်တော်တဲ့ လူဆီရောက်ဖို့ Organic Post Targeting ကို အသုံးပြုပါ။ 
Facebook က Content များကို သင့်တော်တဲ့ လူတွေဆီ ရောက်ရှိဖို့အတွက် Organic Post Targeting ကို ပြုလုပ်ပေးထားပါတယ်။ Page ရဲ့ Status Update Box အောက်ခြေမှာ ပစ်မှတ် အိုင်ကွန်ကို နှိပ်ပြီး Fans များထဲမှ Target ထားမယ့် လူများကို ရွေးချယ်ရမှာပါ။ Target များကို Gender, Relationship Status, Education Level, Age, Location, Language, Interests, Post End Date ဆိုပြီး အုပ်စု ၈ ခု ခွဲခြားပေးထားပါတယ်။ သင့်ရဲ့ ပို့စ်နဲ့ သင့်တော်မယ့် Target များကို ရွေးချယ် သတ်မှတ်နိုင်ပါတယ်။
သင့်ရဲ့ Fans များထဲမှ ပို့စ်ကို ကြိုက်နှစ်သက်နိုင်တဲ့ လူများကို ပစ်မှတ်ထားခြင်းဖြင့် Engagement တက်လာစေမှာ ဖြစ်ပါတယ်။ သင့် Page ရဲ့ Fans အရေအတွက်ဟာ ၁၂ ၀၀၀ ရှိတယ်ဆိုရင် ပစ်မှတ်ကို ၁၂ ၀၀၀ အတွက် ရည်ရွယ်ရင် အဲဒီပို့စ်ကို မနှစ်သက်သူများထံသို့ ရောက်သွားနိုင်တဲ့အတွက် Engagement ကျဆင်းသွားတာ ဖြစ်ပါတယ်။

                                            4


၎။ သင့်ရဲ့ Fans များ အွန်လိုင်းပေါ်မှာ ရှိတဲ့ အချိန်ကို ရွေးချယ်ပါ။ 
သင့်ရဲ့ Fans များ အွန်လိုင်းပေါ်မှာ ရှိတဲ့ အချိန်ကို ရွေးချယ်ပြီး ပို့စ်တင်ခြင်းဟာ Organic Reach ကို တိုးတက်စေမှာ ဖြစ်ပါတယ်။ ဒီလို Fans များ အွန်လိုင်းပေါ်မှာ ရှိတဲ့ အချိန်ကို သိနိုင်ဖို့ Facebook က ပံ့ပိုးပေးထားပါတယ်။ Facebook Insights > Posts ကို သွားရင် Default အားဖြင့် When Your Fans Are Online ဆိုတာကို ရွေးချယ်ပေးထားပါတယ်။ အဲဒီအောက်မှာ တစ်ပတ်အတွင်း အွန်လိုင်းပေါ်တက်တဲ့ သင့်ရဲ့ Fans လူဦးရေ ပမာဏကို နေ့ရက်များနဲ့ ခွဲခြားပြသပေးထားပါတယ်။

သူရဲ့အောက်မှာတော့ အချိန်နာရီအလိုက် အွန်လိုင်းပေါ် ရောက်ရှိနေတဲ့ ပရိသတ် ပမာဏကို ပြသပေးထားပါတယ်။ ပရိသတ်အများဆုံး အွန်လိုင်းပေါ် ရောက်ရှိတဲ့ နေ့ရက်နဲ့ အချိန်တွေကို ရွေးချယ်ပြီး ပို့စ်တင်ရင် Organic Reach ကို တိုးတက်စေမှာ ဖြစ်ပါတယ်။

                                5
 
၅။ ပရိသတ် နှစ်သက်မယ့် ပို့စ်အမျိုးအစားများကို တင်ပါ။ 
Socialbakers ရဲ့ ယခုနှစ် ဖေဖော်ဝါရီလ စစ်တမ်းအရ Facebook ပရိသတ်တွေဟာ ဓါတ်ပုံတွေထက် လင့်တွေ၊ ဗီဒီယိုတွေကို ပိုမိုနှစ်သက်ကြပါတယ်။ စစ်တမ်းကို သေချာလေ့လာကြည့်မယ်ဆိုရင် ဓါတ်ပုံတွေဟာ Organic Reach အနည်းဆုံး ဖြစ်ပြီး လင့်နဲ့ စာသားတွေက ပိုမို ကောင်းမွန်ပါတယ်။ ဗီဒီယိုပို့စ်တွေကတော့ Organic Reach အမြင့်ဆုံး ဖြစ်ပါတယ်။

ဒါပေမယ့် ဒီလို တစ်ထစ်ချယူဆလို့ မရသေးပါဘူး။ Facebook Insights ကို အသုံးပြုပြီး သင့်ရဲ့ ပရိသတ်တွေဟာ ဘယ်လို ပို့စ်အမျိုးအစားကို နှစ်သက်လဲဆိုတာ လေ့လာပါ။ သင့်ရဲ့ ပရိသတ်တွေဟာ ဓါတ်ပုံတွေကို ပိုမိုနှစ်သက်ရင် သင့်ရဲ့ နည်းဗျူဟာကို မပြောင်းလဲသင့်ပါဘူး။ အခြား ပို့စ်အမျိုးအစားများကို အနည်းငယ်စီ မိတ်ဆက်ပြီး ပြန်လည် ခွဲခြမ်းစိတ်ဖြာပါ။

Credit to ==> Myanmar Digital Life Journal


မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်...

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ




Related Posts Plugin for WordPress, Blogger...
Powered by Blogger.

Followers

တင်ထားသမျှပိုစ်များ

My Blogger TricksAll Blogger TricksTechtunes

Popular Posts(2)

Flag Counter

GET FREE EMAIL UPDATES


Subscribe

Recommend on Google

ဖုန်းဆိုင်ရာ စုစည်မူ

တစ်ခြား ဘလော့ ဆိုက်များသို့ 

သူတိုဒီလို ပြောသွားတယ်

BTemplates.com