Showing posts with label Mobile နည်းပညာ. Show all posts
Showing posts with label Mobile နည်းပညာ. Show all posts

Saturday, August 1, 2015


Android Phone တွေဟာ ဖုန်းပြောရုံ သက်သက် တီထွင်ပေးထားတာ မဟုတ်ပါဘူး။ စမတ်ဖုန်းတွေဟာ အရွယ်သေး အိတ်ဆောင် ကွန်ပြူတာတွေ ဖြစ်ကြပါတယ်။ ကွန်ပြူတာတွေ ဖြစ်ကြတဲ့အတွက် လျှို့ဝှက်နက်နဲတဲ့ စွမ်းဆောင်ချက်တွေလည်း ပါရှိလာကြပါတယ်။ အဲဒီအထဲက လူတွေ သိပ်အသုံးမပြုမိတဲ့ အသုံးဝင်တဲ့ စွမ်းဆောင်ချက်တွေကို ရေးသားပေးလိုက်ပါတယ်။
၁။ လျှို့ဝှက်စွမ်းဆောင်ချက်တွေကို အသုံးပြုပါ။
Android Device တွေမှာ Developer Options ကို လျှို့ဝှက်စွာ ထည့်သွင်းပေးထားပါတယ်။ နာမည်ကြားရင်တော့ အသုံးပြုရမှာ ကြောက်စရာ ဖြစ်ပေမယ့် အသုံးဝင်တဲ့ စွမ်းဆောင်ချက်တွေ ပါရှိပါတယ်။ Developer Options မှာ Animation တွေကို ပိတ်ခြင်းဖြင့် သင့်ရဲ့ ဖုန်းကို မြန်ဆန်အောင် လုပ်နိုင်ခြင်း၊ ဂိမ်းကစားရာမှာ ဂရပ်ဖစ်စွမ်းရည်ကို မြှင့်တင်ပေးနိုင်ခြင်း၊ USB Debugging နဲ့ အခြား အသုံးဝင် စွမ်းဆောင်ချက်တွေ ပါရှိပါတယ်။ လျှို့ဝှက်ထားတဲ့ Developer Options ကို Enable လုပ်ဖို့အတွက် Settings> About Phone ထဲသွားပြီး Build Number ကို ခုနစ်ချက်နှိပ်ပါ။ ဒါဆိုရင် Settings အောက်မှာ Developer Options ကို တွေ့မြင် အသုံးပြုနိုင်ပါပြီ။

1
၂။ သင့်ဖုန်းကို နှေးကွေးစေတဲ့ Apps များကို ရှာဖွေဖော်ထုတ်ပါ။
Process Stats ဟာ Developer Options ထဲမှ အကောင်းဆုံး စွမ်းဆောင်ချက်တွေထဲက တစ်ခု ဖြစ်ပါတယ်။ သင့်ရဲ့ Android Device မှ Running Processes တွေနဲ့ ပတ်သက်တဲ့ အခြေအနေအားလုံးကို ဖော်ပြပေးနိုင်ပါတယ်။ လက်ရှိမှာ Run နေတဲ့ Process အားလုံးကို ပြသပေးမှာ ဖြစ်ပါတယ်။ တစ်ခုချင်းစီကို နှိပ်ရင် RAM Usage , Run Time နဲ့ Running Processes List တို့ကို တွေ့နိုင်ပါတယ်။ RAM စားသုံးမှုများတဲ့ App တွေကို Force Stop လုပ်ခြင်းဖြင့် သင့်ရဲ့ ဖုန်းကို မြန်ဆန်စေမှာ ဖြစ်ပါတယ်။ 2
၃။ မှန်ဘီလူးကို အသုံးပြုပါ။
Android ရဲ့ Accessibility Settings ထဲမှာ ရိုးရှင်းပြီး အသုံးဝင်တဲ့ မှန်ဘီလူး စွမ်းဆောင်ချက် ပါရှိပါတယ်။ မှန်ဘီလူးကို On လုပ်ပြီးရင် ဖုန်းရဲ့ မည်သည့် စကရင်မှာမဆို သုံးချက်နှိပ်လိုက်တာနဲ့ Zoom In လုပ်ပေးမှာ ဖြစ်ပါတယ်။ သုံးချက်နှိပ်ပြီး နောက်ဆုံးအချက်မှာ ဖိထားရင် ခဏတာ Zoom လုပ်ပေးပြီး ဖိထားတာကိုလွှတ်လိုက်ရင် နဂိုအတိုင်း ပြန်မြင်ရမှာပါ။ သာမာန်အတိုင်း သုံးချက်နှိပ်ရင်တော့ Magnification Mode ကို ပြောင်းပေးမှာပါ။ Magnification Mode ကနေထွက်ဖို့ သုံးချက်ပြန်နှိပ်ပေးပါ။ Magnification Mode မှာ နေရာပြောင်းရွှေ့ကြည့်ရှုဖို့ လက်ချောင်းနှစ်ချောင်းကို ပွတ်ဆွဲရမှာ ဖြစ်ပါတယ်။
Settings> Accessibility > Magnification gestures (Or) Settings > Accessibility > Vision > Touch Zoom ထဲကနေ မှန်ဘီလူးကို အသုံးပြုနိုင်ပါတယ်။
 3 ၄။ ဖုန်းကို စာတွေ ဖတ်ခိုင်းပါ။
Text-to-Speech လို့ ခေါ်တဲ့ စာသားတွေကို အသံထွက်ဖတ်ပြပေးတဲ့ စွမ်းဆောင်ချက်ကိုလည်း လူသိနည်းကြပါတယ်။ Settings > Accessibility > Text-to-Speech Output ထဲသွားပြီး နှစ်သက်ရာ TTS Engine ကိုရွေးပေးပါ။ Engine ရဲ့ Settings ထဲသွားပြီး Language ကိုရွေးပေးနိုင်ပါတယ်။ ပြီးရင်တော့ TTS ကို အထောက်အပံ့ပေးတဲ့ App များမှာ စာတွေကို အသံထွက်ဖတ်ပြခိုင်းနိုင်ပါတယ်။ ဥပမာအားဖြင့် Pocket မှာ သိမ်းထားတဲ့ အင်တာနက်မှ ဆောင်းပါးတွေကို အသံထွက်ဖတ်ပြခိုင်းနိုင်ပါတယ်။
4


မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်...

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။


ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ



Thursday, July 23, 2015


မင်္ဂလာပါ ကျွန်နော် သည်နေ့ ရေးဖြစ်တဲ့ အကြောင်းရာလေးကတော့ Samsaung Phone ပိုင်ရှင်တွေအတွက် မိမိတို့ ဖုန်းဟာ ဘယ်နိုင်ငံကထုတ်ပါလဲ... အတုလားအစစ်လားဆိုတာ အနီးစပ်ဆုံး စမ်းသတ် နိုင်မဲ့ နည်းလမ်းလေးတွေ ကို သိသလောက်ပြန်လည် တင်ပြ ဝေမျှလိုက်ပါတယ်...
ဖုန်းဝယ်တော့မယ်ဆိုရင် ဖုန်းဆိုင်မှာပဲ Original စစ် မစစ်၊ ဖုန်းရဲ့ Quality အရည်သွေး ကောင်း မကောင်း မိမိကိုယ်တိုင် စစ်ဆေးနိုင်ဖို့ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းလေးတွေကို သိထားဖို့ အမှန်တကယ်လိုအပ်ပါတယ်.. ဒါကြောင့် အောက်မှာ လေ့လာလိုက်ပါနော်...
မိမိဝယ်လိုက်တဲ့ ဖုန်းဟာ Quality ပြည့်ပြီး Original ဖုန်းစစ်မစစ်ကို မျက်လုံးနဲ့ ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ အခုခေတ်မှာ ပုံတူပွားပြီး ထုတ်ထားတဲ့ Clone ဖုန်းတွေကလည်း အများသားပဲလေ။ ဒါ့ကြောင့် ကိုယ့်ရဲ့ဖုန်းဟာ Original ဖုန်းစစ်မစစ်ကို စမ်းသပ်ကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
ပထမဆုံးအနေနဲ့ *#06# ကို ရိုက်ပြီး Call လုပ်လိုက်ပါ။ အဲဒီမှာ နိုင်ငံတကာ မိုဘိုင်းဖုန်း တပ်ဆင်ခြင်းဆိုင်ရာခွင့်ပြုချက်အမှတ် (International Mobile Equipment Identity - IMEI) ဂဏန်း ၁၅ လုံး ထွက်ပေါ်လာတာကို မြင်တွေ့ ရမှာပါ။ ဥပမာအားဖြင့်ပေါ့  4 3 4 5 6 6 1 0 6 7 8 9 4 3 5 ဆိုပါစို့။ အဲဒီ ဂဏန်း ၁၅ လုံးထဲက (၇) ကြိမ်မြောက်နဲ့ (၈) ကြိမ်မြောက်ဂဏန်းဟာ-ထုတ်လုပ်တဲ့ နိုင်ငံကို ဖေါ်ပြထားခြင်းဖြစ်ပါတယ်.. အောက်မှာ ဖေါ်ပြလိုက်ပါတယ်.....။

မိမိတို့ဖုန်းကို call ကနေ *#06#  ဆိုတာရေးလိုက်ပါ ကျလာတဲ့ IMEI နံပါတ်တွေကိုကြည့်ပါ...။


(၁) 02 (သို့မဟုတ်) 20 ဖြစ်မယ်ဆိုရင် သင့်ရဲ့ဖုန်းက တရုတ်နိုင်ငံထုတ် အနိမ့်ဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးဖြစ်တယ် ဆိုတာ ဖော်ပြနေတာပါပဲ။

(၂) 08 (သို့မဟုတ်) 80 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဂျာမနီမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပိုင်းမှာတော့ အသင့်အတင့်ရှိနေပါတယ်။ အဆိုးဆုံးတော့ မဟုတ်ပါဘူး။

(၃) 01 (သို့မဟုတ်) 10 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဖင်လန်နိုင်ငံမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပြည့်တဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။

(၄) 00 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းက မူရင်းစက်ရုံမှာ ထုတ်လုပ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ အကောင်းဆုံး Quality ရှိတဲ့ဖုန်းလို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

(၅) 05 (သို့မဟုတ်) 50 ဖြစ်မယ်ဆိုရင် ကိုရီးယားနိုင်ငံထုတ်ဖြစ်ပြီး၊ 03 (သို့) 30၊ 04 , 40၊ 06 , 60 ဖြစ်မယ်ဆိုရင် ဗီယမ်နမ်၊ စင်္ကာပူ၊ ထိုင်ဝမ် တို့မှာထုတ်လုပ်ပြီး Quality အတော်ကောင်းတဲ့ဖုန်းဖြစ်နေပါပြီ။

(၆) 13 သို့မဟုတ် 31 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းဟာ အဆိုးရွားဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။ အဆိုးဆုံးကတော့ အဲဒီဖုန်းဟာ သင့်ရဲ့ကျန်းမာရေး အတွက် အန္တရာယ်အရှိဆုံး ဖုန်းတစ်လုံးဖြစ်တာကြောင့် စွန့်လွှတ်ဖို့ ၀န်မလေးနေပါနဲ့။
နောက်ထပ် ဆက်လက် စမ်းသတ်လိုပါက.. မိမိတို့ဖုန်းမှာ   *#0*#    ကို call ပါ။ Original
စစ်ရင် colour လေးတွေပေါ်လာမယ်။ font camera တို့ speaker တို့အစရှိသဖြင့် ဖုန်းတလုံးရဲ့ အရေးကြီးအစိတ်ပိုင်းတွေပါ စမ်းသပ်နိုင်ပါတယ်။
 ဆက်လက်ပြီး sensorကိုနှိပ်ဝင်ပြီး imag testနှိပ်ပေးရင်ခွေးပုံလေးပေါ်လာလိမ့်မယ်အတုဆိုရင်မပေါ်ပါဘူးဒါကလည်း စစ်ဆေးဖို့ လွယ်ကူပါတယ်...

                                                     




 နောက်ဆုံး မဖြစ်မနေ စစ်ဆေးရမဲ့ နည်းလမ်းကတော့ မိမိတို့ ၀ယ်မဲ့ဖုန်ူးက Font Style ဆိုတာပါကိုပါရပါမယ် Samsaung Phone အစစ်မှန်ရင်ပါရမှာဖြစ်ပါတယ်.. ဒါကြောင့်
Phone Seting >> Display >> Font >> Font Style ဆိုတဲ့တိုင်း ၀င်ကြည့်လိုက်ပါ...မပါဘူးဆို ဆမ်ဆောင်းဖုန်း မစစ်ပါဘူးဗျာ..

နောက်ဆုံး စမ်းသတ်ဖို့လိုအပ်တာကတော့  မိမိတို့ ဖုန်းကို  Download Mode သာဝင်ကြည့်လိုက်ပါ ဖုန်းအတုတွေမှာ လုံးဝ မပါပါဘူး… ဖုန်းအစစ်တွေမှသာလျှင် Download Mode ဆိုတာပါတာဖြစ်ပါတယ်

အထက်မှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေအပြင် အခြားနိုင်ငံတွေရဲ့ ကုဒ်နံပါတ်တွေရှိပါသေးတယ်။ ဖော်ပြထားတဲ့ ကုဒ်နံပါတ်တွေက ထင်ရှားတဲ့ နံပါတ်တွေကိုပဲ ဖော်ပြထားတာဖြစ်ပါတယ်။ ဒါဆိုရင် သင့်ရဲ့ဖုန်းက Quality ပြည့်မပြည့် Original စစ်မစစ်ဆိုတာ စမ်းသပ် စစ်ဆေးနိုင်ပြီလို့ မျှော်လင့်မိပါတယ်။ အားလုံး စစ်မှန်၊ အရည်သွေးမြင့်ဖုန်းတလုံးပိုင်ဆိုင်နိုင်ပါစေ။ သည်နည်းလမ်းလေးကို ကျွန်တော် အမြဲ Note Pad နဲ့သိမ်းထားပါတယ်.. မေးတဲ့သူရှိတိုင်း ကိုယ်တိုင်ဝယ်တိုင်းလည်း သည်နည်းလေးနဲ့ စမ်းသတ်ခဲ့ပါတယ်.. အားလုံးအဆင်ပြေကြပါစေ...

မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်...

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။

ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ

Tuesday, July 21, 2015

မင်္ဂလာပါ ကျွန်တော် သည်နေ့ ရေးသားမျှဝေလိုခြင်တဲ့ နည်းပညာလေးကတော့ IOS ဆိုင်ရာထဲက နည်းလမ်းလေးတစ်ခုဖြစ်တဲ့ Tatus Bar ၏ Carrier Logo ကို မိမိစိတ်ကြိုက် ဖန်တီးနည်း ဆိုတဲ့ နည်းလမ်းလေးကို နည်းပညာရှင်   ကိုမိုးသိကြား   ကနေရေးသားထားတဲ့ သည် POST လေး နဲ့ အားလုံးပန်းသီးခရေစီ များအတွက် မိတ်ဆက်ပေးလိုက်ခြင်ပါတယ်.. ဒါကတော့ ကျွန်တော့်ရဲ့ ပြန်လည် ဝေမျှ ခံစားခြင်းသက်သက်သာဖြစ်ပါတယ်... အောက်မှာ လေ့လာမှတ်သားနိုင်ရန်အတွက် ပြန်လည် မျှဝေထားပါတယ်..iOS 7+ ကို Jailbreak ထွက်လာပြီးနောက်မှာတော့ iDevice ကို စိတ်ကြိုက် customize (ကလိ) နိုင်မယ့် Tweaks များကို အပြိုင်အဆိုင် ရှာဖွေသွင်းယူ နေကြတာကတော့ လတ်တလောမှာ Hot အဖြစ်ဆုံးဖြစ်နေပါတယ်...
သို့ပေမယ့် Tweaks တိုင်းဟာ iOS 7+ နှင့် Competable မဖြစ်သေးတဲ့ အတွက် Tweaks များသွင်းယူရာမှာ သတိထားပြီးမှ သွင်းယူသင့်ပါတယ်။ အခန့်မသင့်ပါက iOS crash ဖြစ်ပြီး Restore/ReJailbreak လုပ်ရတတ်ပါတယ်။ ဒါကြောင့် iOS 7+ အတွက် ပြင်ဆင်ထားပြီးသော Tweaks များ စာရင်းကို အမြဲ Update ပေးနေပါတယ်..

ယခုတင်ပြမည့် Carrier Logo ကို စိတ်ကြိုက်ဖန်တီးနည်းတွင် "Zeppelin" tweak ကို အသုံးပြုထားပြီး မိမိနှစ်သက်သော Logo များ ဖန်တီးရန် အတွက်မူ Photo/Image Editing လုပ်နိုင်သော (Photoshop/Illustrator) ကဲ့သို့ အစရှိသော software တစ်ခုခုနှင့် ဖန်တီးရမှာ ဖြစ်ပါတယ်။

                                                   Zeppeline သွင်းယူခြင်း      

  • ပထမဦးစွာ Cydia -> Sources -> Edit -> Add တွင် " http://repo.alexzielenski.com/ " ကို ထည့်သွင်းပါ။
  • Search တွင် "Zeppelin Beta for iOS 7" ဟု ရှာပြီး Install လုပ်ပါ။ 

                  
  • ထို့နောက် Settings -> Zeppelin -> Enable ကို ON ပေးပါ။ 

                 
  • Theme တွင် စိတ်ကြိုက် ရွေးလို့ရပါပြီ...
 
   စိတ်ကြိုက် Logo ဖန်တီးခြင်း   

ဤနေရာတွင် လိုအပ်သော Software အသုံးချပြီး Logo ဖန်တီးခြင်း ပညာကိုတော့ ကိုယ်တိုင် သိရှိထားရမှာ ဖြစ်ပါတယ်...
ကျွန်တော့် အနေနှင့် Zeppelin နှင့် အလုပ်လုပ်နိုင်ရန် လိုအပ်ချက်များကိုသာ လမ်းညွှန်သွားမှာဖြစ်ပါတယ်... 

>>Logo file အတွက် လိုအပ်ချက်များ<< 

  • ပုံတစ်ခုကို Image Size နှစ်မျိုးနှင့် သိမ်းပေးရပါမည်။
  • (120 x 40)pixel နှင့် (60 x 20)pixel ဖြစ်ပြီး 72dpi ထားရှိရပါမည်။
  • Logo file ကို (.png) အမျိုးအစား အဖြစ် Save လုပ်ရပါမည်။ 

    Save လုပ်ရာတွင် အောက်ပါအမည်များကိုသာ (ပုံသေ) သုံးရပါမည်။
  • black.png
  • black@2x.png
  • etched.png
  • etched@2x.png
  • silver.png
  • silver@2x.png
  • အဖြစ် စုစုပေါင်း (၆) file ဖန်တီးရပါမည်။ 
  • Image size (120 x 40) အတွက် (.....@2x.png) အဖြစ် Save လုပ်ပါ။
  • Image size (60 x 20) အတွက် (......png) အဖြစ် Save လုပ်ပါ။

>>black, etched, silver စသော file name များ၏ လုပ်ဆောင်ချက်များ<< 

  • "black" file သည် status bar အောက်ခံအနက်ရောင် ဖြစ်သည့် အချိန်မှာ အလုပ်ရန် အတွက်ဖြစ်ပါသည်။
  • "etched" file သည် Notification Center တွင် Zeppelin active ဖြစ်နေချိန်တွင် အလုပ်လုပ်ပါလိမ့်မည်။
  • "silver" file သည် status bar အောက်ခံ အဖြူ/ငွေရောင် ဖြစ်နေစဉ်တွင် အလုပ်ရန် အတွက်ဖြစ်ပါသည်။

ထို့ကြောင့် Logo design ဖန်တီးရာတွင် နောက်ခံ အရောင်များ ပြောင်းချိန်တွင် မိမိ၏ Logo လိုက်လျှောညီစွာ ထင်ရှားအောင် တစ်မျိုးစီ ဖန်တီးဖို့လိုပါတယ်။
ဥပမာ။ ။ "black" file အတွက် ဖန်တီးထားသော Logo စာသားသည် အဖြူရောင် ဖြစ်သင့်သည်၊ ဒါမှသာ နောက်ခံအနက်ရောင်မှာ ပေါ်လွင် ထင်ရှားပါလိမ့်မယ်။ အခြား file များအတွက်လည်း သင့်သလို ပြင်ဆင်ရပါလိမ့်မည်။ 

ဖန်တီးထားသော File (6) ခုလုံးကို Folder တစ်ခုတွင်ထည့်ပြီး Folder ကို မိမိစိတ်ကြိုက် အမည်ပေးပါ (ထိုအမည်သည် Zeppelin ထဲတွင် မိမိ Logo အမည်ဖြစ်မည်) 

>>Zeppelin ထဲသို့ Logo ထည့်သွင်းခြင်း<< 

iFunbox / iTools တစ်ခုခုကို အသုံးပြုပါမည်... 
  • မိမိ၏ iDevice ကို PC နှင့် ချိပ်ဆက်ပြီး iFunBox ကို Run ပါ။
  • Raw File System -> Library -> Zeppelin ထဲသို့ သွားပြီး မိမိဖန်တီးထားသော Folder (file ၆ခုပါ) ကို Copy / Pasteလုပ်လိုက်ပါ။ 

                  

    iDevice ၏ Settings -> Zeppelin -> Theme ထဲမှာ တွေ့မြင်ရပါလိမ့်မယ်... 

                
မိမိကိုယ်တိုင် ဖန်တီးမှုများ မပြုမိ ကျွန်တော် ဖန်တီးပေးထားသော "Myanmar Flag" logo လေးကို အထက်ပါနည်းအတိုင်း အရင်အစမ်း သွင်းကြည့်ကြပါလားဗျာ... 
 
Download Myanmar Flag for Carrier Logo 

http://pc.cd/UPh7
အားလုံးပဲ နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်...IOS ဆိုင်ရာလေးတွေကိုတော့ နည်းပညာဆရာသမားများ ရေးသားထားတဲ့အတိုင်း ကောင်းနိုးရာရာလေးတွေ ရှာဖွေကာပြန်လည် ဝေမျှ ပေးသွားမှာဖြစ်ပါတယ်...အဆင်ပြေကြပါစေ။
ဘလော့ခရီးသည် ( မျှဝေသူ )



ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ



အားလုံး မင်္ဂလာပါဗျာ.  သည်တစ်ခါတော့ Mobile နည်းပညာနဲ့ပါတ်သက်လို့ တွေကရှိ မှတ်သားထားတာလေးကို ပြန်လည် ဝေမျှလိုပါတယ်... ကျွန်တော်တို့ ယနေ့ မျက်မှောက်ခေတ်တွင်အသုံးပြုသည့် User များ၏ လိုအပ်ချက်များပေါ် မူတည်၍ ယခင်နှစ်များထက် နည်းပညာပိုင်းဆိုင်ရာများ ပိုမို တိုးတက်လာခဲ့သည်ကို တွေ့ရှိရကြရမှာဖြစ်ပါတယ်။ သည်လိုဘဲ တိုးတက်လာသည်နဲ့အမျှ Mobile Phone များကိုအသုံးပြုမူ့များပြား လာသည်ကြတယ်   Hacker များသည် Cyber Crime ဆိုင်ရာလုပ်ဆောင်ချက်များ  လုပ်ဆောင်ရန် အတွက်လည်း Mobile Phone များကို ပိုမိုစိတ်ဝင်စားလာကြပါတယ် ။ ဒါကြောင့်လည်း မိမိတို့ရဲ့Mobile Phone များကိုလည်း လုံခြုံစိတ်ချစွာ အသုံးပြုရန်မှာ အရေးကြီးသော အကြောင်းအရာ တစ်ခုဖြစ်လာမယ်လို့ မြင်မိပါတယ် ။ အဲသည်လိုဘဲ  လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရန် အတွက် အသုံးပြုနေသော User များတွင် Mobile Phone နှင့်ပတ်သက်သော အသိပညာ ဗဟုသုတ များရှိနေရန် လိုအပ်ပါတယ် ဒါကလည်းအရေးပါတဲ့ အချက်တခုပါဘဲ။ Mobile Phone အသုံးပြုရာတွင် လုံခြုံစိတ်ချမှုရှိစေရန်အတွက် လိုက်နာသင့်သော အချက်များကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်......။ ကျွန်တော် တို့ဘလော့ကာတွေနည်းပညာလေ့လာသေူတွဆိုတာကိုယ်တိုင်ဖန်တီးတီထွင်နိုင်စွမ်းမရှိပေမယ့်တွေ့ရှိလေ့လာမိသမျှနည်းပညာတွေကိုတော  အများသိစေရန် လေ့လာနိုင်စေရန် ဆိုတဲ့ စိတ်လေးနဲ့ သည်လိုဘဲ  ကောင်းနိုးရာရာလေးတွေကို ပြန်လည် ဝေမျှခံစားတတ်ကြပါတယ်.. ဒါကလည်း ကျွန်တော် ပြန်လည်  ဝေမျှထားတဲ့ နည်းပညာတစ်ခုဆိုတာ ပြောခြင်ပါတယ်.. အောက်မှာ ဆက်လက် လေ့လာနိုင်ဖို့ အချက်လက်လေးတွေ စုစည်းထားပါတယ်။

 ၁။ လုံခြုံစိတ်ချရသော နေရာမှ Application ကိုသာ Install လုပ်ပါ။ 
Android Application များကို Install လုပ်ရာတွင် Google Play သည် လုံခြုံစိတ်ချရဆုံး နေရာ ဖြစ်ပါသည်။ ထို့ကြောင့် Application များကို Google Play Store ကဲ့သို့ လုံခြုံ စိတ်ချရသော နေရာမှသာ Install လုပ်သင့်ပါသည်။ အကယ်၍များ တခြားနေရာမှ Application ကို Install လုပ်မည် ဆိုလျှင် ထိုနေရာသည် မိမိ Mobile Phone အတွက် မည်မျှလုံခြုံမူ့ ရှိမည်ကို အရင်ဆုံး လေ့လာပြီးမှသာ Application ကို Install ပြုလုပ်သင့်ပါသည်။ ထို့အပြင် ၄င်း Application သည် User Review နှင့် Rating မည်မျှရှိသည် ကိုလည်း ထည့်သွင်း စဉ်းစားပြီး မှသာ Install ပြုလုပ်သင့်ပါသည်။

၂။ Application ကို Install မလုပ်ခင် Permission ကို စစ်ဆေးပါ။ 
Third-party Application Market များမှ Application ကို Install လုပ်သည့်အခါတွင် Permission လိုအပ်သည့်အတွက် Permission တောင်းလာလျှင် Install ပြုလုပ်မည့် Application နှင့် မသက်ဆိုင်သော Permission များဖြစ်နေလျှင် သေချာစွာ စဉ်းစားသင့်ပါသည်။ (ဥပမာအနေဖြင့်- မိမိ Install ပြုလုပ်မည့် Application သည် Wallpapaer ကဲ့သို့ Application ဖြစ်ပြီး Install ပြုလုပ်သည့် အချိန်တွင် SMS နှင့်ဆိုင်သော Permission ကိုပါ တောင်းလာသည် ဆိုလျှင် သေချာစွာ စဉ်းစားပြီးမှ သာ Permission ကိုပေးပြီး Install ပြုလုပ်သင့်ပါသည်။)

၃။ မိမိအသုံးပြုထားသော application များကို အမြဲ up-to-date ပြုလုပ်ပါ။ 
မိမိ Mobile phone တွင် အသုံးပြုထားသော Application များ အားလုံးကို Update ဖြစ်နေစေရန်လည်း အမြဲ အထူးဂရုပြုသင့်သည်။ ထိုကဲ့သို့ Update ဖြစ်နေသော Application ကိုသာ မိမိ Mobile Phone တွင် အသုံးပြုခြင်းဖြင့် အားနည်းချက်များကို အသုံးပြုပြီး အန္တရယ်ပေးနိုင်သော Attacker များ ရန်မှ ကာကွယ်နိုင်မည် ဖြစ်သည်။
၎။ Anti-Virus Software များကို install လုပ်ထားပါ။ 
မိမိ Mobile Phone ကို ကာကွယ်ရန်အတွက် Anti-Virus Software ကိုလည်း Install လုပ်ထားသင့်ပါသည်။ ထိုကဲ့သို့ Anti-Virus Software များကို Install ပြုလုပ်ထားသည့် အတွက် မိမိ Mobile Phone ဆီသို့ ၀င်ရောက်လာနိုင်သည့် Virus များကို ကာကွယ် ပေးထားနိုင်မည် ဖြစ်သည်။ ထို့အပြင် ၄င်း Anti-Virus Software သည်လည်း အမြဲ Update ဖြစ်နေရန် လိုအပ်ပါသည်။

၅။ မိမိ၏ Mobile phone ကို password (သို့) PIN ထားရှိပါ။ 
မိမိ၏ Mobile Phone တွင် အရေးကြီးသည့် အချက်အလက်များကို ကာကွယ်ရန် အတွက် Password (သို့) PIN ထားရှိသင့်ပါသည်။ Password ထားရှိရာတွင်လည်း မတူညီသော Program များအတွက် မတူညီသော Password ကိုသာ ထားရှိသင့်ပါသည်။ မိမိ၏ ကိုယ်ရေးကိုယ်တာနှင့် သက်ဆိုင်သော အကြောင်းအရာများကို ရှောင်ဖယ်၍ Password ကို ၈လုံးထက်ပို၍ ထားရှိသင့်ပြီး ၄င်း Password ထဲတွင် နံပါတ်များ၊ အက္ခရာ အကြီးအသေး စာလုံးများ၊ Special Character များကို ထားရှိသင့်ပါသည်။ ထိုကဲ့သို့ ထားရှိသည့် အတွက် အခွင့်မရှိပဲ ယူငင် သုံးစွဲ ခြင်းများကို ကာကွယ် နိုင်မည် ဖြစ်ပါသည်။

၆။ မိမိ၏ Mobile phone ရှိ Data များကို Backup လုပ်ထားပါ။ 
Smartphone အများစုနှင့် Tablet များတွင် Data ကို အလွယ်တကူ Backup ပြုလုပ်နိုင်သည့် Feature ပါရှိပြီး ဖြစ်ပါသည်။ မိမိ Phone အတွင်းရှိ Data များသည် မတော်တဆ တခုခုကြောင့် ပျောက်ပျက်သွားသည် ဖြစ်စေ၊ မိမိ၏ Phone ပျောက်ဆုံးသွားလျှင် ဖြစ်စေ Data များကို Google Drive ကဲ့သို့ Cloud Service များတွင် Backup ပြုလုပ်ထားခြင်းဖြင့် မိမိ Phone အတွင်းရှိ Data များကို ပြန်လည် ရရှိစေနိုင်မည် ဖြစ်ပါသည်။

၇။Banking နှင့် Shopping Site များကို ၀င်ရောက်ပြီးလျှင် Log Out ထွက်ရန် မမေ့ပါနှင့်။ 
Banking နှင့် Shopping Site များကို ၀င်ရောက်ပြီးလျှင် Browser ကိုတန်းမပိတ်ပဲ Log Out ထွက်ပြီးမှသာ Browser ကိုပိတ်သင့်ပါသည်။

၈။ Wi-Fi, Location Service များနှင့် Bluetooth များကို အသုံးမပြုလျှင် ပိတ်ထားပါ။ 
မိမိ အသုံးပြုနေသော Public Wi-Fi connection သည် လုံခြုံမူ့ မရှိလျှင် မိမိ မသိရှိလိုက်ပဲ Attaker များမှ Phone အတွင်းရှိ မိမိ၏ အရေးကြီး အချက်အလက်များကို ရယူသွားနိုင်သည့်အတွက် အသုံးမပြုလျှင် Wi-Fi ကို ပိတ်ထားသင့်ပါသည်။

၉။ Personal Information များကို Phone ထဲတွင် မှတ်သားထားခြင်း ကိုမပြုလုပ်သင့်ပါ။
မိမိ၏ Phone ထဲတွင် Personal Information များကို မှတ်သားထားပါက ဖုန်းပျောက်ဆုံး သွားလျှင် မိမိ၏ အရေးကြီးသော အချက်အလက်များ (ဥပမာ- Password များ၊ Banking Information များ) အားလုံး ကို တခြားသူမှ ရရှိသွားနိုင်မည် ဖြစ်ပါသည်။

၁၀။ Redirect Link ကို အသုံးမပြုပဲ Original Website Link ကိုသာ အသုံးပြုပါ။ 
Social Media Page များ၊ Banking Website များ၊ Shopping Website များ ကို မိမိဖုန်းကို အသုံးပြု၍ ၀င်ရောက်မည် ဆိုလျှင် Redirect Link များသည် စိတ်ချ ယုံကြည်ရခြင်း မရှိသဖြင့် စိတ်ချယုံကြည်ရသော နဂိုမူရင်း Original Website ကိုသာ သွားရောက် အသုံးပြု သင့်ပါသည်။ 
အထက်ပါ အချက်များသည် Mobile Phone ကို လုံခြုံစိတ်ချမှုရှိစေရန် လုပ်ဆောင် သင့်သည့် ယေဘုယျအချက်များ ဖြစ်ပါသည်။ 
အားလုံးအဆင်ပြေပါစေလို့ ဆုတောင်းရင်း ကျွန်တော် လေ့လာရှာဖွေ မိသမျှ ကောင်းနိုး ရာရာနည်းလမ်း  နည်းပညာများကို ယခုလိုပြန်လည် ဝေမျှရင်း ဆက်လက် တင်ပြပေးသွားမှာဖြစ်ပါတယ်..
ဘလော့ခရီးသည် ( မျှဝေသူ )
www.aungsanmks.com

Reference:
http://resources.infosecinstitute.com/importance-of-security-in-mobile-platforms/
ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


Friday, July 17, 2015


သင်ဝယ်လိုက်တဲ့ ဖုန်းဟာ Quality ပြည့်ပြီး Original ဖုန်းစစ်မစစ်ကို မျက်လုံးနဲ့ ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ အခုခေတ်မှာ ပုံတူပွားပြီး ထုတ်ထားတဲ့ Clone ဖုန်းတွေကလည်း အများသားပဲလေ။ ဒါ့ကြောင့် ကိုယ့်ရဲ့ဖုန်းဟာ Original ဖုန်းစစ်မစစ်ကို စမ်းသပ်ကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်

ပထမဆုံးအနေနဲ့ *#06# ကို ရိုက်ပြီး Call လုပ်လိုက်ပါ။ အဲဒီမှာ နိုင်ငံတကာ မိုဘိုင်းဖုန်း တပ်ဆင်ခြင်းဆိုင်ရာခွင့်ပြုချက်အမှတ် (International Mobile Equipment Identity - IMEI) ဂဏန်း ၁၅ လုံး ထွက်ပေါ်လာတာကို မြင်တွေ့ ရမှာပါ။

ဥပမာ- 4 3 4 5 6 6 1 0 6 7 8 9 4 3 5

အဲဒီ ဂဏန်း ၁၅ လုံးထဲက (၇) ကြိမ်မြောက်နဲ့ (၈) ကြိမ်မြောက်ဂဏန်းဟာ-

(၁) 02 (သို့မဟုတ်) 20 ဖြစ်မယ်ဆိုရင် သင့်ရဲ့ဖုန်းက တရုတ်နိုင်ငံထုတ် အနိမ့်ဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးဖြစ်တယ် ဆိုတာ ဖော်ပြနေတာပါပဲ။

(၂) 08 (သို့မဟုတ်) 80 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဂျာမနီမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပိုင်းမှာတော့ အသင့်အတင့်ရှိနေပါတယ်။ အဆိုးဆုံးတော့ မဟုတ်ပါဘူး။

(၃) 01 (သို့မဟုတ်) 10 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဖလင်န်နိုင်ငံမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပြည့်တဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။

(၄) 00 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းက မူရင်းစက်ရုံမှာ ထုတ်လုပ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ အကောင်းဆုံး Quality ရှိတဲ့ဖုန်းလို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

(၅) 13 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းဟာ အဆိုးရွားဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။ အဆိုးဆုံးကတော့ အဲဒီဖုန်းဟာ သင့်ရဲ့ကျန်းမာရေး အတွက် အန္တရာယ်အရှိဆုံး ဖုန်းတစ်လုံးဖြစ်တာကြောင့် စွန့်လွှတ်ဖို့ ၀န်မလေးနေပါနဲ့။

အထက်မှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေအပြင် အခြားနိုင်ငံတွေရဲ့ ကုဒ်နံပါတ်တွေရှိပါသေးတယ်။ ဖော်ပြထားတဲ့ ကုဒ်နံပါတ်တွေက ထင်ရှားတဲ့ နံပါတ်တွေကိုပဲ ဖော်ပြထားတာဖြစ်ပါတယ်။ ဒါဆိုရင် သင့်ရဲ့ဖုန်းက Quality ပြည့်မပြည့် Original စစ်မစစ်ဆိုတာ စမ်းသပ် စစ်ဆေးနိုင်ပြီလို့ မျှော်လင့်မိပါတယ်။
 
ကဲဒါဆို ဂဏန်းဖော်ပြီး ရေတွက်ပြီး ပျော်ရွှင်နိုင်ပါစေဗျာ...:D 
 
 
 Ref;mm-mpxteam
 
Credit tossai2865

Android Mobile ဆိုင်ရာ (နည်းပညာများ စုစည်းမူ){ ဒီမှာ } သွားလိုက်ပါ


Wednesday, July 15, 2015

Telenor ဖုန်းကိုင်သူများ အတွက်
ဖုန်းနံပါတ် စစ်ရန်
*97#
ဖုန်းပြန်ခေါ်ခိုင်းရန်
*979*3*2*ဖုန်းနံပါတ်#
အခြားဖုန်းသို့ ငွေကဒ် ဖြည့်ပေးရန်
*979*1*3*2*ဖုန်းနံပါတ်*ငွေကဒ်နံပါတ်#
မိမိ ဖုန်းထဲမှငွေကို တခြားဖုန်းသို့ လွှဲပြောင်းရန်
*979*2*4*လွှဲပြောင်ပေးမည်ဖုန်း*ငွေပမာဏ#
( လွှဲပြောင်းခ ၅၀ဖြတ်သွားမည် ။)
အင်တာနက် တစ်ပတ်စာ (100 MB) ဝယ်ယူရန်
*979*2*2*4#
( ၅၀၀ ကျပ် ကုန်မည် )
အင်တာနက် တစ်လစာအတွက် (500 MB) ဝယ်ယူရန်
*979*2*2*3#
( ၁၉၀၀ ကျပ် ကုန်မည် )
အင်တာနက် တစ်လစာအတွက် (1 GB) ဝယ်ယူရန်
*979*2*2*2#
( ၆၆၀၀ ကျပ် ကုန်မည်။ )
အင်တာနက် တစ်လစာအတွက် (2 GB) ဝယ်ယူရန်
*979*2*2*1#
( ၁၁၉၀၀ ကျပ် ကုန်မည်။ )
ဝယ်ယူထားသော အင်တာနက် လက်ကျန် စစ်ရန်
*124*1#
(Or)
*979*1*1#
ဘေ ၅၀၀ ချေးရန်
*500#
မှတ်ချက်။ ။ ၅၀၀ ချေးရာတွင်
လက်ကျန်ငွေ ၂၀၀ အောက်မှ ချေးလို့ရမည်။
တစ်ခါပဲ ချေးလို့ရပါမည်။
ငွေကဒ်ပြန်ထည့်ချိန်တွင် ၅၂၅ကျပ် ဖြတ်သွားမည်။
ဝန်ဆောင်ခ ၂၅ကျပ်ပေးရလေသည်။
ဤငွေကိုစစ်ရာတွင်
*124*1# နှင့်သာ စစ်နိုင်သည်။


Credit to ==> Gold Fish


                Android Mobile ဆိုင်ရာ (နည်းပညာများစုစည်းမူ)


Related Posts Plugin for WordPress, Blogger...
Powered by Blogger.

Followers

တင်ထားသမျှပိုစ်များ

My Blogger TricksAll Blogger TricksTechtunes

Popular Posts(2)

Flag Counter

GET FREE EMAIL UPDATES


Subscribe

Recommend on Google

ဖုန်းဆိုင်ရာ စုစည်မူ

တစ်ခြား ဘလော့ ဆိုက်များသို့ 

သူတိုဒီလို ပြောသွားတယ်

BTemplates.com