Friday, July 31, 2015



တစ်​ခါတ​လေ ကီးဘုတ်​အလန်း​လေးနဲ့ လန်းချင်​သူများအတွက်​လန်းချင်​သူများအတွက်​ GO keyboard 2015 နဲ့ ​ရွှေ​ရောင်​ themes ကိုတင်​​ပေးလိုက်​ပါတယ်​ လုပ်​နည်းက​တော့လွယ်​ပါတယ်​ ကဲလန်းချင်​သူများ​အောက်မှာ ​ဒေါင်းယူလိုက်​​နော်

GO Keyboard 2015 Apk >> Download Here
        
ရွှေ​ရောင်​ Themes Akp >> Download Here
  

ထာဝရ​ပျော်​ရွှင်​ နိုင်​ကြပါ​စေဗျာ




မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်...

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ



သင့်ဖုန်းရဲ့ Contact ထဲမှာ မရှိတဲ့ လူတစ်ယောက်က သင့်ထံ ဖုန်းခေါ်ရင် သူ့ရဲ့ နာမည်နဲ့ အခြားသတင်းအချက်တွေကို သင်မသိနိုင်ပါဘူး။ သင့်ဖုန်းရဲ့ Contact ထဲမှာ မရှိရင်တောင် ဖုန်းခေါ်သူရဲ့ နာမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာနဲ့ မွေးနေ့ စတဲ့ သတင်းအချက်အလက်တွေကို ပြသပေးနိုင်တာက Hello ဖြစ်ပါတယ်။ Hello ကို Facebook က တီထွင်ထားတာဖြစ်ပြီး App က Facebook မှ သတင်းအချက်အလက်များကို ရယူပြီး ပြသပေးတာ ဖြစ်ပါတယ်။ Hello က တစ်နည်းအားဖြင့် Dialer App ဖြစ်ပြီး သင့်ဖုန်းရဲ့ မူလ Dialer နေရာမှာ အစားထိုးနိုင်ပါတယ်။ Hello မှာ ဖုန်းသရဲတွေကို အလိုအလျှောက် Block လုပ်ပေးနိုင်တဲ့ စွမ်းဆောင်ချက် ပါရှိသလို သင် အလိုမရှိတဲ့ ဖုန်းနံပါတ်များကိုလည်း Block နိုင်ပါတယ်။

သင့်ဖုန်းမှာ Facebook ကို ထည့်သွင်းထားသူများအတွက် Hello ကို အင်စတောလုပ်ပြီးရင် သင့်အကောင့် နာမည်ကို ပြသပေးထားမှာ ဖြစ်ပြီး Continue ကို နှိပ်ပါ။

1

နောက်အဆင့်မှာ Caller ID ကို ပြသမယ့် စကရင်အတွက် Draggable Card or Full Screen ကို ရွေးချယ်ခိုင်းပါတယ်။ ထင်ထင်ရှားရှားမြင်ရအောင် Full Screen ကို ရွေးချယ်နိုင်ပါတယ်။ ပြီးရင် Continue ကို နှိပ်ပါ။

2

ဖုန်းသရဲတွေကို Block ဖို့ နောက်အဆင့်မှာ Commonly blocked numbers မှာ On ပေးပြီး Continue ကို နှိပ်ပါ။ နောက်အဆင့်တွေမှာ Hello ရဲ့ စွမ်းဆောင်ချက်တွေကို ပြသပေးမှာ ဖြစ်ပြီး Continue ကို နှိပ်ပါ။

ပြီးရင်တော့ Hello ရဲ့ Main Screen ကို ရောက်ရှိပါပြီ။ History ကဏ္ဍထဲမှာ Incoming နဲ့ Outgoing Calls များကို ပြသပေးထားပါတယ်။

3

Contact တစ်ခုကို နှိပ်ရင် သူ့ရဲ့ Facebook မှာ Public အနေနဲ့ ထည့်သွင်းထားတဲ့ သတင်းအချက်အလက်များကို တွေ့ရမှာ ဖြစ်ပါတယ်။ Mutual Friends အရေအတွက်၊ နေရပ်လိပ်စာ၊ တက္ကသိုလ် စတာတွေ ဖြစ်ပါတယ်။ Call for free မှ Call နဲ့ Messenger ခလုတ်ကို နှိပ်ရင် Messenger ကနေ အခမဲ့ ဖုန်းပြောနိုင်၊ စာပို့နိုင်မှာပါ။ ( သင့်ဖုန်းမှာ Messenger ထည့်သွင်းထားဖို့ လိုပါတယ်။ ) အောက်မှ ဖုန်းနံပါတ်များကို နှိပ်ပြီး အခကြေးငွေနဲ့ ဖုန်းပြောနိုင်ပါတယ်။ ညာဘက်မှ Message ခလုတ်ကို နှိပ်ပြီး SMS ပေးပို့နိုင်ပါတယ်။


4

History မှ အဆက်အသွယ်တစ်ဦးကို ဖိထားရင် Edit , Block , Delete လုပ်နိုင်ပြီး လျှင်မြန်စွာ ဖုန်းခေါ်နိုင်ဖို့ Home Screen မှာ Shortcut ပြုလုပ်နိုင်ပါတယ်။

5

History ရဲ့ ညာဘက်မှာ Dialer ကို အသုံးပြုနိုင်ပါတယ်။ Dialer ရဲ့ ညာဘက်မှာ သင့်ဖုန်းမှ အဆက်အသွယ်များအပြင် Facebook မှ သူငယ်ချင်းများကို ပြသပေးထားပါတယ်။ အပေါ်ဆုံးမှာ Favorite များကို ပြသပေးထားပြီး Edit ကို နှိပ်ပြီး ရွေးချယ်နိုင်ပါတယ်။

67

Settings ထဲမှ Use Hello to Call ထဲသွားရင် သင့်ဖုန်းရဲ့ မူလ Dialer နေရာမှာ Hello ကို အစားထိုးဖို့ နည်းလမ်းကို ပြသပေးထားပါတယ်။ မူလ Dialer App ကို ဖိပြီး Home Screen ကို ရွှေ့ပေးပါ။ Hello ကို ဖိပြီး ယခင် Dialer App နေရာမှာ ထားပေးနိုင်ပါတယ်။

8
Hello ရဲ့ အဓိက စွမ်းဆောင်ချက်တစ်ခုက Facebook မှ သူငယ်ချင်းများနဲ့ စားသောက်ဆိုင်များ၊ ကုန်ပစ္စည်းအရောင်းဆိုင်များလို Facebook Page များကို ရှာဖွေနိုင်တာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် စားသောက်ဆိုင်တစ်ခုကို ရှာကြည့်ရင် တည်နေရာ၊ ဖုန်းနံပါတ်၊ Like အရေအတွက်တို့လို စားသောက်ဆိုင်က Page မှာ ပံ့ပိုးပေးထားတဲ့ သတင်းအချက်အလက်များကို တွေ့နိုင်ပါတယ်။ Add Contact ကို နှိပ်ပြီး အဲဒီစားသောက်ဆိုင်ကို သင့်ဖုန်းရဲ့ Contact ထဲထည့်နိုင်ပါတယ်။ Go to Page ကို နှိပ်ပြီး အဲဒီ Page ကို သွားနိုင်ပါတယ်။

910

Hello ဟာ Facebook မှ သတင်းအချက်အလက်များကို ရယူပြီး သင့်ကို ဖုန်းခေါ်သူများရဲ့ သတင်းအချက်အလက်များကို ပြသပေးနိုင်တဲ့အတွက် ထူးခြားဆန်းသစ်ပြီး အသုံးဝင်တဲ့ App တစ်ခု ဖြစ်ပါတယ်။ Hello က Missed Calls , Blocked Calls များအတွက် Notifications များကိုလည်း ပြသပေးနိုင်ပြီး အောက်ပါ လင့်မှာ ရယူနိုင်ပါတယ်။





မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်...

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။


ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ




အခုတင်ပေးလိုက်တဲ့ Helium Voice Changer Video ဆိုတာလေးကတော့ အပျော်သဘောလေးပေါ့ဗျာ။ မိမိရဲ့အသံကို Record လုပ်ထားပြီး အခြားသော Funny အသံတွေအဖြစ်ပြောင်းလဲနိုင်တဲ့ Application တစ်ခုဖြစ်ပါတယ်ဗျာ။ မိမိကိုယ်တိုင် Video ပြန်ရိုက်ပြီး အသံကိုလည်းပြောင်းနိုင်ပါသေးတယ်။ ဟဲဟဲ မိမိရဲ့ ရုပ်ကြီးကိုမြင်ပြီးအသံက တခြားဟာသအသံတွေနဲ့ဆိုတော့ တော်တော်လေးတော့ရီရတယ်ဗျာ။ ဒါ့အပြင် မိမိပြောင်းချင်တဲ့အသံတွေကို ပြောင်းပြီး Ringtone , Notification အစရှိတဲ့ အသံတွေအဖြစ်ပြောင်း လဲနိုင်ပါသေးတယ်ဗျာ။ Android OS 4.1 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ် ပါတယ်ဗျာ။

It's as easy as:
* Select video or audio to have a hilarious voice change. The video changer option modifies the voice of your existing videos too.
* Select your voice: chipmunk voice, robot voice, drunk voice and more coming.
* Record: say something out loud. Video transformer and voice processor.
* Play: hear your own words turned hilarious ;) Feel a the best helium voice recorder and helium video app!
* Share: send your robot voice, chipmunk voice or any other through your favorite chat app, save as ringtone, save to gallery, etc.



Helium Voice Changer + Video - screenshot     Helium Voice Changer + Video - screenshot

Helium Voice Changer + Video - screenshot     Helium Voice Changer + Video - screenshot

Helium Voice Changer + Video - screenshot

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

  
မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်...

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။

                                               Download Here

ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ




Android ကိုစတင်လေ့လာဖို့ကျိုးစားနေသူတွေအနေနဲ့ အများပြောနေကြတဲ့Bootloader , Firmware, ADB , Stock ROMs, Custom ROMs, OS Kernel,ClockworkMod, Flashing , Rooting , Baseband စသဖြင့် စာလုံး အထူးအဆန်းတွေခြည်းတွေ့ရလို့ လေ့လာချင်စိတ်ကုန် သွားတတ်သလို့၊ တစ်လုံး စီနဲ့သူတို့ရဲ့ သီးသန့် အလုပ်လုပ်ပုံကို အတိအကျ မသိရင် နာမည်သာခေါ်နေပေမယ့်အနှစ်သာရ မဲ့နေတတ်ပါတယ်၊ တကယ်လေ့လာလိုသူတွေအနေနဲ့ လဲ တစ်ခုစီရဲ့အဓီပါယ်နဲ့ အသုံးဝင်ပုံ အသေးစိတ်အလုပ်လုပ်ပုံတို့ကို သေချာ သိကိုသိထားရပါမယ်၊ ဒီပို့စ်မှာ အထက်က စာလုံးတွေအကြောင်း ရှင်းသွားပေးပါမယ်၊တကယ်ပညာရှင်အဆင့် တက်လှမ်းချင်သူတွေအတွက် Open Source ဖြစ်တဲ့ Android ကမည်သူမဆို ဒေါင်းယူနိုင်ပီး ကြိုက်သလို ဖြတ်နိုင် ပြင်နိုင် ပါတယ်၊စိတ်ကြိုက်ပြောင်းနိုင် မိမိနဲ့ အသင့်တော်ဆုံး ဖြစ်တဲ့ Systemတစ်ခုဖြစ်သွားတဲ့ အထိ ပြုပြင်ယူလို့ရပါတယ်၊Bootloader ဆိုတာဘာလဲBootloader ဆိုတာက Operation System မစတင်ခင် အလုပ်လုပ်တဲ့ Codeအစိတ်အပိုင်းလေးကိုခေါ်ပါတယ်၊ Bootloader ထဲမှာ OS kernal ကိုစတင်အလုပ်လုပ်အောင် ခေါ်မယ် ညွန်ကြားချက်တွေပါပါတယ်၊ Bootloader က InternalMemory ထဲမှာရှိတဲ့ Paratition တွေအားလုံးက ရဲ့ ပထမဆုံး Partition မှာတည်ရှိမှာဖြစ်ပီး အခြား Partitions တွေအားလုံးကို သွားမယ့် Check Pointပါပဲ၊Bootloader ဘယ်လိုအလုပ်လုပ်တာလဲPower စဖွင့်တာနဲ့ ROM ထဲမှာရှိတဲ့ Boot ROM Code က စပီးအလုပ်လုပ်ပါတယ်၊ပီးရင် Bootloader လို့ခေါ်တဲ့ Boot Strap Firmware ကို နိုးမယ်၊ BootStrap Firmware ထဲမှာ MBR and GRUB/LILO တို့ပါဝင်တယ်၊ Bootloaderအလုပ်စပီဆိုတာနဲ့ init.S ဖိုင် စအလုပ်လုပ်တယ် ၊ အရင် ဆုံး BSS segment ကို0 တန်ဖိုးရောက်သွားအောင်ရှင်းတယ်၊ ပီးရင် main.c ဖိုင်ကို စခေါ်မယ်၊ main.cဖိုင် စ အလုပ်လုပ်တာနဲ့ hardware အစိတ်အပိုင်းတွေဖြစ်တဲ့ clocks, board,keypad, console တို့ကိုစတင်စေမယ်၊ ပီးရင် Linux Tags ကိုဖန်တီးပီး LinuxKernel image ကို Memory ကနေ ၀င်တင်မယ်၊Botloader ရွေးချယ်မှူBootloader က Phone မှာပါဝင်တဲ့ အခြား မည်သည့် software မဆိုရဲ့ အဦးဆုံးစတင်တဲ့ အတွက် မှန်ကန်တဲ့ processor ကိုအသုံးပြုဖို့အလွန်အရေးကြီးလှပါတယ်၊ Android OS က Open Source ဖြစ်တဲ့ အတွက်ဖုန်းထုတ်လုပ်တဲ့ ကုမ္မဏီတွေက သူတို့ ထုတ်လုပ်တဲ့ ဖုန်း Hardware နဲ့ကိုက်ညီတဲ့ Bootloader version ကို Develop လုပ်ထားကြပါတယ်၊ Androidဖုန်းတွေမှာပါဝင်တဲ့ Bootloader တွေကို အမြဲတမ်း Locked ချထားပါတယ်၊ဒီလိုလုပ်ထားတာကတော့ ထုတ်လုပ်တဲ့ ကုမ္မဏီတွေကို သူတို့ထုတ်လုပ်တဲ့ဖုန်းကိုသူတို့ထုတ်လုပ်တဲ့ OS version နဲ့ ပဲတွဲသုံးစေချင်လို့ပါ၊ Bootloader ကိုLocked လုပ်ထားရင် Custom ROM install လုပ်လို့မရပါဘူး၊ ဒါကြောင့် CustomROM Install လုပ်လိုရင် Bootloader ကို အရင် Unlock လုပ်ရပါတယ်၊Kernel ဆိုတာဘာလဲKernel ဆိုတာက Android တစ်ခုထဲမှာသာလျှင်ရှိတာ မဟုတ်ပဲIOS,MacOS,Window,BlackBerry's QNX တို့မှာလဲရှိပါတယ်၊ High LevelOperation Systems အားလုံးမှာ Kernel တစ်ခုတော့ ပါဝင်ပါတယ်၊ ခု ပြောမှာကAndroid အကြောင်းဆိုတော့ Linux Kernel ကိုပဲ ဦးတည်ပီးပြောသွားပါမယ်၊Android သုံးသမျှ ပစ္စည်းတွေက Linux Kernel ကိုသုံးကြပါတယ်၊ ဒါပေမယ့် LinuxOperation System က သုံးတဲ့ Kernel နဲ့တော့ တထပ်တည်းမတူပါဘူး၊ AndroidKernel မှာ Android အတွက် သီးသန့် Build-in code တွေပါနေပါတယ်၊ဒါ့ကြောင့်ပဲ Developers တွေနဲ့ hackers တွေအတွက် Android Versionsအသစ်တွေကို Android ဖုန်း အဟောင်းတွေမှာ ထည့်သွင်းပီး အားလုံး အဆင်ပြေပြေအလုပ်ဖြစ်အောင်လုပ်ဖို့ အတော့ကိုစောင့်ရပါတယ်၊ Gingerbred kernel အတွက်သုံးတဲ့ drivers တွေက Ice Cream Sandwichkernel အတွက် အလုပ်လုပ်မှာမဟုတ်ပါဘူး၊ ဒီကစ္စက လဲ အရေးကြီးပါတယ်၊ Kernel ရဲ့ အဓီက အလုပ်က Hardwareကို ထိန်းချုပ်ဖို့ တာဝန်ကိုယူထားလို့ပါ၊ kernel ကိုရေးတဲ့ ကုတ်တွေလဲတကယ့်ကိုများလှပါတယ်၊ Kernel ရဲ့ အဓီက တာဝန်ကတော့ Hardware နဲ့ Softwareတို့ကြားမှာ နှစ်ဖက်ညွန်ကြားချက်တွေကို နာလည်အောင် လုပ်ကိုင်ပေးဖို့ပါပဲ၊Software တစ်ခုက ဘယ်လို အလုပ်မျိုးကိုမဆို Hardware ကို လုပ်စေချင်တဲ့အခါကျရင် Hardware ကို တိုက်ရိုက် အမိန့်မပေးပဲနဲ့ Kernel ကိုညွန်ကြားချက် အရင်လှမ်းပို့ပါတယ်၊ ဒီနေရာမှာ အလုပ်ဆိုတာက ဖုန်းကလုပ်နိုင်တဲ့ အလုပ်အားလုံးကိုညွန်းပါတယ်၊ ဖုန်း Screenအလင်းရောင်ချိန်တာတို့၊ အသံ အနိမ်း အမြင့် ချိန်တာတို့၊ Raido ကိုချိတ်ဆက်ပီး ဖုန်းခေါ်ဆိုတာတို့၊ ဖုန်း မျက်နှာပြင်မှာ ပုံဆွဲတာတို့စသဖြင့် အလုပ် မှန်သမျှကို Software က လုပ်လိုတဲ့အခါကျရင် Hardwareကိုတိုက်ရိုက် မခိုင်းပဲ Kernel ကိုလှမ်းခိုင်းလိုက်ပါတယ်၊ အဲ့ဒီ့ အခါမှာKernal က တဆင့် Hardware ကို လုပ်မယ့်အလုပ်ကိုညွန်ကြားပါတယ်၊ ဥပမာကျွန်တော်တို့ ဖုန်း မျက်နှာပြင်ပေါ်မှာ က ကင်မရာ (Camera) ရိုက်တဲ့ခလုပ်မှာ ခလစ်တစ်ချက်နှိပ်ပီး ဓါတ်ပုံရိုက်တယ်ဆိုပါစို့ ၊ခလုပ်ကိုနှီပ်လိုက်တာနဲ့ကို software က Event တစ်ခုကိုနားထောင်လို့ရမယ်ရတဲ့ Event ဖြစ်ပေါ်တဲ့နေရာကို driver ကတဆင့် Kernel ကို ပို့မယ်၊ kernelကလဲ ရလာတဲ့အချက်နဲ့ ပက်သက်တဲ့ command ကို Camera hardwareကိုလှမ်းပို့မယ်၊ Camera Hardware က ဓါတ်ပုံကို ရိုက်ပေးမယ်၊ ဒီလို တစ်ခုကSoftware က Input လုပ်လိုက်တာကို Kernel က ယူပီး Output တစ်ခုအဖြစ်Hardware ကိုပြန်ပေးပါတယ်၊အကယ်၍ Kernel သာမရှိခဲ့ရင်တော့ Developers တွေက အလုပ်တစ်ခုစီအတွက်အလွန့်အလွန်များပြားလှတဲ့ machine Code တွေကို ရေးပီး Hardware ကိုခိုင်းစေရမှာဖြစ်ပါတယ်၊ Kernel က ကြားခံ ပေးထားတဲ့အတွက် ApplicationDevelopers တွေအနေနဲ့ Android System API's တွေကနေ တစ်ဆင့် Kernel ဆီကိုResquest တွေအလွယ်တစ်ကူပို့နိုင်ပီး Kernel နဲ့ ချိတ်ဆက် အလုပ်လုပ်ဖို့သာDevelop လုပ်ရမှာဖြစ်သလို Hardware Developers တွေကလဲ သူတို့ Developလုပ်တဲ့ Hardware ကို Kernel နဲ့ ဆက်သွယ် အသုံးပြုနိုင်အောင်သာ Developလုပ်ပေးစရာလို့ပါတယ်၊CWM ဆိုတာဘာလဲCWM ဆိုတာကတော့ ClockWorkMod ကိုဆိုလိုပါတယ်၊ CWM ကို Android သုံး ဖုန်းနဲ့ Tablet တွေ Recovery လုပ်ဖို့သုံးပါတယ်၊ ဒီလို CWM သုံးပီး recoverလုပ်တာကိုပဲ CWM recovery လို့ခေါ်ပါတယ်၊ CWM recovery လုပ်ခြင်းအားဖြင့်Stock Recovery နဲ့ မလုပ်နိုင်တဲ့ Data ပြန်လည်သိုလှောင်ခြင်း root accessရယူခြင်း အသုံးပြုတဲ့ ဖုန်းထဲက data တွေကို Backup လုပ်ခြင်း Custom ROMထည့်သွင်း အသုံးပြုခြင်း Kernel တပ်ဆင်ခြင်း စသဖြင့်အလုပ်တွေအများကြီးကိုလုပ်သွားနိုင်ပါတယ်၊ Android အခြေခံ အဆင့် ကိုနားမလည်သေးသူတွေအတွက် ClockWorkMod ကိုသုံးပီး Recovery လုပ်ရင် အခက်အခဲတွေ့နိုင်သလို CWM recovery က အစွမ်းကိုလဲ သဘောပေါက်ဖို့ခက်ခဲနေပါအုံးမယ်၊Android Devices တွေအားလုံး recovery console ကို ဖုန်း အတွင်းပိုင်းmemory ထဲ ထည်ပီး ကုမ္မဏီတွေက ထုတ်လုပ်ရောင်းချပါတယ်၊ recover console ကနေBoot တက်နိုင်ပါတယ်၊ အကယ်၍ မလိုလားအပ်တဲ့ ပြသနာတွေ တက်လာပီးဆိုရင်ကျွန်တော်တို့ Factory Reset သုံးပီး Recover လုပ်နိုင်ပါတယ်၊ ဒါမှမဟုတ်zip ဖိုင်နဲ့ လာတဲ့ official ROM ကို Update လုပ်နိုင်ပါတယ်၊ ဒီလိုအချက်လောက်သာလျှင်လုပ်နိုင်တာပါ Custom Recovery ကတော့ သူမတူတဲ့အလုပ်မျိုးကိုလုပ်နိုင်ပါတယ်၊ Custom Recovery ကတော့ Stock Recoveryလိုမဟုတ်ပဲ Stock Recovery လုပ်နိုင်သမျှကိုလုပ်နိုင်တဲ့ အပြင် ကိုယ်ပိုင် Android ကို စိတ်ကြိုက် ထိန်းချုပ် နိုင်အောင် အဆင့်မြင့်တဲ့Options တွေပါလာပါတယ်၊ Custom Recovery ကို သုံးရင် တရားဝင်ကော တရားမ၀င်ROMs တွေကိုပါ Install လုပ်နိုင်ပါတယ်၊ အခြား Application Updateလုပ်ခြင်း Themes ပြောင်းခြင်း Kernel ပြောင်းလဲခြင်း Zip ဖိုင်အသုံးပြုခြင်း User Data အပါအ၀င် ဖုန်း Partition တွေအားလုံးကိုဖြတ်နိုင်ခြင်း SD cards Partition ခွဲခြင်း Dalvik Cacheများဖြတ်ပစ်ခြင်း Permission များပြောင်းလဲခင်း resotre နဲ့ Backup မှာစိတ်ကြိုက် အစိတ်အပိုင်းတွေကို ရွေးချယ်နိုင်ခြင်း နဲ့ အခြား အခြား သောအလုပ်တွေအများကြီးကို စိတ်ကြိုက်လုပ်နိုင်ပါတယ်၊ClockWorkMod recovery ကို Koushik Dutta က Develop လုပ်ခဲ့ပါတယ်၊ AndroidROM Manager ကို Develop လုပ်တဲ့သူပါပဲ၊ သူ့ရဲ့ Hacking away at Androiddevices ဆိုတဲ့ Blog နဲ့ Twitter မှာ သူ့ကို ရှာတွေ့နိုင်ပါတယ်၊Firmware နဲ့ ပက်သက်သမျှFirmware ဆိုတာက ROM (read only memory) ထဲကိုထည့်ရေးထားတဲ့ Softwareprogram ကိုဆိုလိုပါတယ်၊ Window computerတွေမှာသုံးတဲ့ window7 installလုပ်သ လိုပါပဲ၊ ဖုန်းအတွက် Firmware Install လုပ်တယ်ဆိုရင်တော့Froyo,Gingerbread,HoneyCamb,ICS,Jelly Bean,Kitkat တို့လို AndroidVersion တွေကို Phone မှာ Install လုပ်ခြင်းပါပဲ၊ ဖုန်းတိုင်းမှာ မတူညီတဲ့Firmware နဲ့ installation Tool တွေရှိပါတယ်၊ ဒါ့ကြောင့် ကြိုက်တဲ့ဖုန်းမှာ ကြိုက်တဲ့ firmware ကို သုံးနိုင်မှာတော့ မဟုတ်ပါဘူး၊တစ်ခုတော့ရှိတယ်၊ ROM ဆိုတာက မူရင်း အဓိပါယ် Read-Only-Memoryကိုဆိုလိုပါတယ်၊ ဒီတော့ read only ဖတ်လို့ပဲရမယ် ရေးလို့မရဘူးဆိုတဲ့သဘောပေါ့၊ ဒါဆိုရင် ဘယ်လိုလုပ်ပီး ROM ထဲက Firmware ကို Updateလုပ်နိုင်မှာလဲလို့တွေးစရာပါ၊ သဘောတရားအရ တော့ ROM ထဲမှာ Firmwareရှိတယ်ပေါ့ ၊ နောက်ပိုင်းမှာတော့ Developer တွေက ROM ရဲ့ အပြင်မှာFirmware ကိုထည့်ရေးကုန်ကြပါတယ်၊ ဖုန်းရဲ့ Firmware ကို ROM လို့လဲခေါ်တယ်၊အကြောင်းကတော့ သီအိုသီသဘောမှာ Firmware က ROM ထဲမှာရှိတယ်၊ ROM ဆိုတာ ReadOnly Menory, ရှေ့က ထုတ်ခဲ့တဲ့ ဖုန်းတွေမှာတော့ Firmware က ROMထဲမှာရှိတယ်ဆိုတာမှန်ပါတယ်၊ ဒါပေမယ့် ယနေ့ အသုံးပြုနေတဲ့ ဖုန်းတွေမှာတော့Firmware ကို ROM မထည့်တော့ပါဘူး၊ Firmware ကို ဖုန်းရဲ့ internal flashmeonry ထဲမှာ ထည့်ထားတယ်၊၊ internal flash meonry က Read Only မဟုတ်ဘူး၊ဒါ့ကြောင့် firmware အသစ်တစ်ခုကို flash လုပ်လို့ရတာပေါ့၊Flashing ဆိုတာဘာလဲFlashing လုပ်တယ်ဆိုတာက Eloctronic Device ဖြစ်တဲ့ Phone ထဲကို firmwareထည့်သွင်းတာကိုဆိုလိုပါတယ်၊ Flashing လုပ်ခြင်းက ROM ထဲမှာရှိတဲ့ Dataတွေကို ပြန်ရေးခြင်းပါပဲ၊ Android ဖုန်းမှာ Custom ROMs ကို Stock ROMsအစား Flashing လုပ်ပီးတော့ ဖုန်းထုတ်တဲ့ ကုမ္မဏီက ထည့်သွင်းပေးလိုက်တဲ့Functions တွေကို ပြောင်းလဲ ပီး ပိုမိုကောင်းမွန်တဲ့ Unlimited၀င်ဆောင်မှူကို ရရှိနိုင်ပါတယ်၊Rooting ဆိုတာဘာလဲAndroid System ရဲ့ Hardware Layer အပေါ်မှာရှိတဲ့ Linux Kernel ကိုလိုသလို ထိန်းချုပ်လို့ရနိုင်မယ့် အခွင့်အရေးရချင်လို့ Root accessလုပ်ကြပါတယ်၊ ဒီအခွင့်အရေးရယူနိုင်ခြင်းကိုပဲ Root Accessရတယ်လို့ခေါ်ပါတယ်၊ Root Access ရသွားရင် Android File System ကိုစိတ်ကြိုက် ပြုပြင်နိုင်ပါတယ်၊ Android File System ထဲမှာ အဓိက ပါဝင်တဲ့အလွှာ (Partitions) ၆ ခု ကိုလိုသလို အသုံးချနိုင်ရင် Booting နဲ့ ပက်သက်တဲ့Process တွေအားလုံးကိုထိန်းချုပ်နိုင် သလို File System ထဲက တန်ဖိုးတွေနဲ့ထိန်းချုပ်မှူတွေကိုလဲ လိုသလို ပြုပြင်နိုင်ပါပီ၊ ဒါတင်မကပါဘူးကျွန်တော်တို့ စိတ်ကြိုက် SSH (Secure Share protocol) (သို့) HTTP (HyperText Transfer Protocol) DHCP (Dynamic Host Configuration Protocol)(သို့) DNS(Domain Name Server) နဲ့ Proxy Servers တွေကို လဲအသုံးပြုနိုင်ပါပီ၊ Android System ရဲ့ လုပ်ဆောင်မူတွေထဲကရပ်ချင်သမျှလုပ်ဆောင်ချက်တွေကိုလဲ ရပ်ထားနိုင်တဲ့ အပြင် Arbitrarycommands တွေလဲ အသုံးပြုနိုင်သွားပါတယ်၊ အခြားအခြား အခြား သောအချက်တွေအများ အများကြီးကိုလဲလုပ်နိုင်ပါသေးတယ်၊ ဒီအချက်တွေက Rootလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ပါ၊ ဒါကိုပဲ Rooting လုပ်တယ်လဲခေါ်ပါတယ်ထုတ်လုပ်သူ တွေက သူတို့ရဲ့ Device တွေကိုရောင်းချတဲ့အခါ Softwarerestrictions တွေပါလာပါတယ်၊ ဒီလို Software Restrictions တွေပါလာရတဲ့အကြောင်း အမျိုးမျိုးရှိပါတယ်၊ တစ်ချို့ကုမ္မဏီတွေကတော့ သူတို့ပစ္စည်းကိုအသုံးပြုတဲ့ သူတွေကို ကာကွယ်ပေးဖို့ ဆိုပီး Restrictions ထည့်ပါတယ်၊ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ဖြစ် ကန့်သက်ချက်တွေပါဝင်နေခြင်းဟာ Androidဖုန်း (သို့) Tablet ကို သုံးတဲ့သူ လိုအပ်တဲ့ပုံစံအတိုင်းပြောင်းလဲဖို့ကြိုးစားတဲ့ အခါ မျိုး (သို့) အဆင့်မြင့်တဲ့ပြင်ဆင်မှူပြုလုပ်ခြင်းမျိုး ပြုလုပ်တဲ့အခါမျိုးမှာ ကာစီနေတတ်ပါတယ်၊ ဒီလိုအကာ အစီးကို ကျော်ဖြတ်ပီး စိတ်ကြိုက်ထိန်းချုပ်နိုင်အောင် Root accessရဖို့ကြိုးစားကြပါတယ်၊Rooting လုပ်ခြင်းက Android သုံး ပစ္စည်းထုတ်လုပ်တဲ့ကုမ္မဏီတွေကကန့်သတ်ထားတဲ့ ကန့်သက်ချက်တွေကို ချိုးဖြတ်ပီး software ကို အကန့်အသက်မရှိအသုံးပြုခြင်းပါပဲ၊ ဒီလို Rooting လုပ်ခြင်းအားဖြင့် ကျွန်တော်တို့ကိုကန့်သက်ထားတဲ့ Android ပစ္စည်း ရဲ့ အစိတ်အပိုင်းမှာ ရေးချင်တာရေးနိုင်သလိုပြုပြင်လိုသမျှကို ပြုပြင်သွားနိုင်ပါတယ်၊Custom ROM နဲ့ Stock ROM တို့ ဘာကွာလဲStock ROM နဲ့ Custom ROM ဆိုပီးနှစ်မျိုးရှိမယ်၊ Stock ROM ကဖုန်းဝယ်တုန်းက ပါလာတဲ့ Phone Operation System. Stock ROM မှာ SoftwareRestriction တွေထည့်သွင်းထားတဲ့ အတွက် စိတ်ကြိုက်အသုံးပြုခွင့် မရတဲ့Operation System ဖြစ်နေပါတယ်၊ Custom ROM ဆိုတာကတော့ OS Versionတစ်ခုပါပဲ၊ Custom ROM ထဲမှာလဲ Stock ROM တွေလိုပဲ Android Deviceတစ်ခုလုံးကို အလုပ်လုပ်စေတဲ့ Kernel ပါတယ်၊System Applications တွေပါမယ်၊Services တွေပါမယ်၊ တစ်ခုပဲကွဲသွားတာက စိတ်ကြိုက်တည်ဆောက်ထားတဲ့ ROMဖြစ်ခြင်းနဲ့ Software Restriction တွေမပါခြင်းပါပဲ၊ ဒီတော့ Customဆိုတဲ့စကားလုံးက ကဘာကိုရည်ညွန်းလဲ၊ Android က Open Source ဖြစ်တဲ့ အတွက်Developers တွေက Stock ROMS တွေ အခမဲ့ယူလို့ရတယ်၊ ပီးရင် စိတ်ကြိုက်ပြုပြင်လို့ရတယ် ဖျက်ပစ်လိုရာ ဖြတ်ထုတ်နိုင်တယ်၊ထပ်ထည့်လိုတာထပ်ထည့်နိုင်တယ်၊ အရည်အချင်းရှိရင် ရှိသလောက် စိတ်ကြိုက်ပြုပြင်ပြောင်းလဲပီး စိတ်ကြိုက် ROM ကို တည်ဆောက်ယူနိုင်တယ်၊ ဒီလိုစိတ်ကြိုက်တည်ဆောက်ထားတဲ့ ROM ကိုပဲ Custom ROM လို့ခေါ်တာပါ၊ADB ဆိုတာဘာလဲADB ရဲ့ မူရင်းစာလုံးကတော့ Android Debug Bridge ပါ၊ သူ နာမည်အတိုင်းပါပဲသူက ဖုန်းကို ပြုပြင်ဖို့ အတွက် ကွန်ပြူတာနဲ့ ဖုန်းကြားချိတ်ဆက် နိုင်တဲ့တံတားတစ်စင်းပါ၊ Android Phone က Linux Kernel ကို အခြေခံထားပါတယ်၊ ဒီတော့computer adb server ကိုအသုံးပြုပြီး ကွန်ပြူတာကနေ ဖုန်း ရဲ့ adb Clientကို Linux commands တွေလှမ်းပို့နိုင်ပါတယ်၊ ဒီလိုလုပ်ပီး commands တွေကိုအလုပ်လုပ်စေနိုင်ပါတယ်၊ ဖုန်း အလုပ်လုပ်ပုံတွေမမှန်တော့တဲ့ အခါမျိုးမှာဒီနည်းက တော့ အမှားရှာပီး ပြင်ဆင်ဖို့ တကယ့်ကို အသုံးဝင်တဲ့နည်းပါ၊ဒီနည်းအတိုင်း ADB Server ဖြစ်တဲ့ Computer ကနေ ADB Client ဖြစ်တဲ့ဖုန်းကို Linux Commands တွေပို့ပီး အလုပ်မလုပ်ဖူးသေးရင်တော့ မိတ်ဆွေ ADBရဲ့ အသုံးဝင် မှူကိုခံစားဖူးအုံး မှာ မဟုတ်သေးပါဘူး၊Baseband ဆိုတာဘာလဲBaseband ဆိုတာကတော့ ဖုန်းတွေမှာသုံးတဲ့ Raido ကိုဆိုလိုပါတယ်၊ ဖုန်းVersion နဲ့ ထုတ်လုပ်တဲ့ ကုမ္မဏီ အလိုက် Raido Version တွေလဲကွာပါတယ်၊Raido File တွေကို Recovery tools တွေကနေ Flash လုပ်နိုင်သလို ADB/ODINတို့ကလဲ Flash လုပ်နိုင်ပါတယ်၊ Raido (သို့) Modem နဲ့ ROM Version တို့ကိုက်ညီမှူမရှိရင် တော့ MMS, 3G data, VM နဲ့ Network ပြသနာတတ်နိုင်ပါတယ်၊ ဒါကြောင့် အသုံးပြု နေတဲ့ ROM နဲ့ ကိုက်ညီတဲ့ Radio (သို့)Modem ကို ရွေးချယ်နိုင်ဖို့လိုသလို ဖုန်းနဲ့ ကိုက်ညီတဲ့ network နဲ့bandwidth တို့ကိုလဲ ရွေးချယ်နိုင်ဖို့လိုအပ်ပါတယ်၊Raido Firmware က Network ချိတ်ဆက် ဆက်သွယ်ရေးအတွက် low-level functionsတွေကိုသုံးပီး Wi-Fi နဲ့ GPS တို့ ချိတ်ဆက်အသုံးပြုနိုင်စေပါတယ်၊ အကယ်၍ဆက်သွယ်ရေး နဲ့ ပက်သက်တဲ့ ပြသနာမျိုး Android Device မှာတွေ့ကြုံနေရပီဆိုရင်တော့ Radio Firmware ကို Update လုပ်ဖို့လိုပါပီ၊Radio Firmware ကို Update လုပ်ခြင်းက Range နဲ့ လုပ်ဆောင်မှူတွေကိုပိုမိုကောင်းမွန်လာ မှာ ဖြစ်သလို Bettery အသုံးပြုမှူကိုလဲရှော့ချပေးနိုင်ပါတယ်၊ဖုန်းထဲမှာ Baseband Radio Processor Chipsets တွေပါဝင်ပါတယ်၊ ဒီ Chipsetsတွေကို ထိန်းချုပ်ဖို့အတွက် Software မျိုးစုံကိုလဲ ဖုန်းထုတ်လုပ်တဲ့ကုမ္မဏီတွေက Develop လုပ်ကြပါတယ်၊။။

မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်...

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။


ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ




Zapya ဟာလူသုံးများတဲ့ဆော့ဝဲလ်တစ်ခုပါ.. ဒါပေမယ့်သူ့ မှာပါတဲ့ Feature ကိုသာမန် ဂိမ်း n ဆော့ဝဲလ်လောက်သာပို့ရင်မသိပါဘူး.. အခု Version n Feature တွေပြောပြပါမယ်..
V 1.5 မှာစတင်အသုံးများလာတယ်
V 1.6.2 က Tablet ရောအဆင်ပြေတဲ့ Version အဖြစ်သုံးများလာတယ်
V 1.8 မှာ Tablet နဲ့မကိုက်တဲ့ Error လေးတွေရှိလာတယ်
V 2.0 မှာ ဆိုဒ် 2MB နဲ့ ဒီဇိုင်းလုံးဝပြောင်းသွားတယ် Tablet တွေနဲ့လဲပြန်အဆင်ပြေလာတယ်
V 2.5 မှာ Zapya v2.5 နဲ့အထက် ရှိတဲ့ဖုန်းတိုင်းနဲ့ ဒေတာပို့ရင်း Message Chat နိုင်တယ် 
V 2.6.x မှာ Shop Around Feature ပါလာတယ် ဒီ Feature က Version 2.6 နဲ့အထက်ရှိရင်သုံးနိုင်ပါတယ် ပုံမှာပြထားပါတယ် ကိုယ်နဲ့ချိတ်ဆက်ထားတဲ့သူပုံနှိပ်ရင် Menu မှာတွေ့ရပါလိမ့်မယ် အဲ့ Feature က ကိုယ်နဲ့ချိတ်ထားတဲ့သူမှာရှိတဲ့ App n Game တွေကို သူ့ဖုန်းကြည့်စရာမလိုပဲ ကိုယ်ကြိုက်တာ Take နှိပ်ပြီးလှမ်းယူနိုင်ပါတယ်
အပေါ်ဆုံးမှာကတော့ ကိုယ့်ဖုန်းမှာရှိတဲ့ App n Game ထက် Version မြှင့်တာလေးတွေစီပြပေးထားပါတယ်

Zapya သုံးရင်နောက်တစ်ချက်က Memory မလောက်ကြတဲ့ပြဿနာ ဒါကြောင့် Zapya ပို့တဲ့ဖိုင်တွေကို ပို့မယ်လမ်းကြောင်း External / Internal ပြောင်းချင်ရင် ချိတ်ထားတာရှိရင်ဖြုတ်လိုက်ပါ.. ပြီးရင် Setting >> Default Storage မှာပြောင်းပါ
Zapya သုံးပြီး ဆရာကျနိုင်ကြပါစေဗျာ
မှတ်ချက် - Zapya သုံးလို့ Wifi ကြောင်တယ် Wifi ပျက်တယ် ဆိုတာ အနော် တစ်ခါမှမတွေ့ဖူးသေးပါ
 Post by Yang Cracker 

မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်...

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။


ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ







Apple နှင့် Samsung တို့က Telecoms နယ်ပယ်မှ အခြား ကုမ္ပဏီများနှင့်အတူ သမားရိုးကျ SIM Card များကို ဖယ်ရှားနိုင်မည့် Embedded SIM များကို တီထွင်နေသည်ဟု Financial Times က ရေးသားထားပါသည်။

ကုမ္ပဏီနှစ်ခုသည် E-SIM ကို အကောင်အထည်ဖော်ရန် အမေရိကန်ရှိ T-Mobile, AT&T တို့က အသုံးပြုသော GSM Telephone System ကို မောင်းနှင်သည့် GSMA အဖွဲ့အစည်းအပြင် တစ်ကမ္ဘာလုံးရှိ Carrier များနှင့် ပူးပေါင်းလုပ်ဆောင်နေပါသည်။

သမားရိုးကျ SIM Card တစ်ခုသည် သက်ဆိုင်ရာ Carrier တစ်ခုတည်းကိုသာ အသုံးပြုနိုင်ခြင်း ဖြစ်ပြီး အခြား Carrier ကို အသုံးပြုရန် SIM Card လဲလှယ်ရပါသည်။ E-SIM ကို အသုံးပြုလျှင် SIM Card များပြောင်းလဲရန် မလိုဘဲ Carrier များကို ပြောင်းလဲ အသုံးပြုနိုင်ပါသည်။ Embedded SIM များကို ဖုန်းထဲတွင် အသေတပ်ဆင်ထားမည် ဖြစ်ပြီး အသုံးပြုသူက ကိုင်တွယ်နိုင်ခြင်းမရှိပါ။

E-SIM များသည် သမားရိုးကျ SIM များနေရာတွင် လျှင်မြန်စွာ အစားထိုးရန် မဖြစ်နိုင်သေးသော်လည်း AT&T, Deutsche Telekom, Etisalat, Hutchison Whampoa, Orange, Telefónica နှင့် Vodafone တို့က စံနှုန်းအသစ်ကို ထောက်ပံ့ရန် မျှော်လင့်နေပါသည်။

Apple ကလည်း ခရီးသွားစဉ်တွင် SIM Card များကို ပြောင်းလဲရန် မလိုသော iPad Air 2 အတွက် SIM Chip ကို ယခင်နှစ်တွင် မိတ်ဆက်ခဲ့ပါသည်။

Credit to ==>Myanmar Digital Life Journal



မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်...

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။


ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ




ခပ်ကြမ်းကြမ်းသေနပ်ပစ်တဲ့ Game တစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ အခုတင်ပေးလိုက်တာကတော့ မြို့ လယ်ခေါင်မှာရှိတဲ့ သရဲတွေကို သေနပ်နဲ့လိုက်ပြီးပစ်ရမှာပါ။ သေနပ်တွေကလည်း အားလုံးကို စိတ်ကြိုက်ယူသုံးလို့ရအောင် Hack ထားပြီးသားပါ။ ရုပ်ထွက်ကလည်း ရှယ်ပါပဲ။ Game ရဲ့နမူနာပုံစံကိုကြည့်ချင်ရင် Screen Shoot တွေကိုအောက်မှာရိုက်ပြထားပါတယ်ဗျာ။ Apk နဲ့ Data ကို Install ပြုလုပ်ပုံကို အောက်မှာ ရှင်းပြပေးထားပါတယ်ဗျာ။ Android OS 4.1 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။

  • ပထမဆုံး Apk ကို Install လုပ်လိုက်ပါ။
  • ပြီးသွားရင်တော့ Download Folder ထဲမှာပါတဲ့ ‘com.madfingergames.unkilled’ ဆိုတဲ့ Folder ကို Copy ကူးပြီး sdcard/Android/obb ထဲကို Paste လုပ်ပေးလိုက်ပါ။
  • ဒါဆိုကစားလို့ရပါပြီ။ 
  • ကစားလို့မရသေးသူများအနေနဲ့ကတော့ Internet ခဏလေးဖွင့်ပြီး စောင့်လိုက်ပါ ဒါဆိုကစားလို့ အဆင်ပြေသွားပါလိမ့်မယ်။

UNKILLED - screenshot

UNKILLED - screenshot

UNKILLED - screenshot


UNKILLED - screenshot

UNKILLED - screenshot

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

  
မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်...

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။

                                            Download Here

ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ




ZTE က စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းအသစ်တစ်လုံးဖြစ်သော Axon ကို အမေရိကန်တွင် ဒေါ်လာ ၄၄၉.၉၈ ဖြင့် ရောင်းချပေးလိုက်ပါသည်။

Axon တွင် ၅.၅ လက်မ QHD LCD Display , 4GB RAM, 32GB Storage တပ်ဆင်ထားသည့်အပြင် microSD Card ထည့်သွင်းနိုင်ပါသည်။ 4K Video များရိုက်ကူးနိုင်သော 13 + 2MP Camera နှစ်လုံးကို အနောက်ဘက်တွင် တပ်ဆင်ထားပြီး အရှေ့ဘက်တွင် 8MP Selfie Camera ပါရှိပါသည်။ အနောက်ဘက် Dual-Camera သည် HTC One M8 ၏ နည်းပညာနှင့် တူညီပါသည်။


2GHz Octa-Core CPU ပါသော Qualcomm Snapdragon 810 SoC မောင်းနှင်မည် ဖြစ်သည်။ 3000mAh Battery ကို အသေတပ်ဆင်ထားပြီး လျှင်မြန်စွာ အားသွင်းနိုင်သော နည်းပညာပါရှိပါသည်။ Android 5.1.1 Lollipop (Stock Version ) မောင်းနှင်မည် ဖြစ်သည်။

သတ္တုကိုယ်ထည် တပ်ဆင်ထားပြီး 4G LTE ကို ထောက်ပံ့ပါသည်။ ရွှေရောင်၊ ငွေရောင်၊ အပြာရောင်များ ထုတ်လုပ်ပေးထားပါသည်။

Credit to ==>Myanmar Digital Life Journal


မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်...

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။


ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ




အခုတင်ပေးလိုက်တဲ့ Application ကတော့ English စာလေ့လာသူတွေ ဂိမ်းလေးဆော့ပြီး..မိမိရဲ့ စကားလုံးကြွယ်ဝလာအောင် လုပ်ပေးတဲ့ Android ဖုန်းတွေသုံး app တစ်ခုဖြစ်ပါတယ်..
ပျော်ပျော်ပါးပါး ဂိမ်းလေးဆော့ပြီးတော့ စာသင်ရမယ်ဆိုတော့ မိုက်တာပေါ့ဗျာ...
အခုတင်ပေးထားတဲ့ apps ဟာလည်း Mb10 လောက်ထဲပဲဆိုတော့ အရမ်းကိုဒေါင်းရလွယ်တညပေါ့..
အားလုံးအဆင်ပြေကြပါစေ..




ကနေပြီး..English Learning CD နှင့်စာအုပ်များကို နေ့စဉ်တင်ပေးနေပါသည်...


မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်...

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။

                                              Download Here

ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ




ကမ္ဘာပေါ်တွင် လူသုံးအများဆုံး မိုဘိုင်း operating system ဖြစ်သည့် Android ကို အသုံးပြုထားသော စမတ်ဖုန်းများတွင် ဖုန်းနံပါတ်ကို သိရှိရုံဖြင့် ဖုန်းအတွင်း ချိုးဖောက်ဝင်ရောက်ကာ ထိန်းချုပ်မှုပြုလုပ်ပြီး ဖုန်းအတွင်းရှိ အကြွေးဝယ်ကတ် အချက်အလက်များနှင့် ကိုယ်ရေးအချက်အလက်များ အပါအဝင် အရာအားလုံးကို ခိုးယူနိုင်သည့် အားနည်းချက်တစ်ခုရှိကြောင်း Zimperium ကုမ္ပဏီမှ မိုဘိုင်းလုံခြုံရေးကျွမ်းကျင်ပညာရှင်များ၏ အဆိုအရ သိရသည်။

၎င်းသည် ဖုန်းအတွင်း ဝင်ရောက်လာသော message တစ်ခုကို လက်ခံရရှိချိန်တွင် အန္တရာယ်ရှိသော code ဖြင့် ထိန်းချုပ်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဆိုသည်။

“ဖုန်းမှာ message တစ်စောင်ကို လက်ခံရရှိတဲ့အသံ မထွက်ခင်မှာပဲ ဒီတိုက်ခိုက်မှုက ဖြစ်နေပါပြီ။ ဒါက အရမ်းကို အန္တရာယ်ရှိတဲ့ အားနည်းချက်ပါ။ နောက်ပြီး သူက ဘယ်သူမှ သတိမထားမိအောင် တိတ်တိတ်ဆိတ်ဆိတ်နေနိုင်ပါတယ်” ဟု Zimperium လုံခြုံရေးသုတေသီနှင့် Android Hacker’s Handbook ကို တွဲဖက်ရေးသားသူ ဂျိုရှာဒရိတ်ခ်က ပြောကြားခဲ့သည်။

ထို့အပြင် အဆိုပါ တိုက်ခိုက်မှု လုပ်ဆောင်ပုံကိုလည်း ၎င်းက ရှင်းပြခဲ့ပြီး ဟက်ကာတစ်ဦးက malware ပါဝင်သော ဗီဒီယိုဖိုင်ငယ်တစ်ခုကို ဖန်တီးကာ တစ်စုံတစ်ယောက်၏ ဖုန်းနံပါတ်ထံ ပေးပို့ရုံဖြင့် တိုက်ခိုက်နိုင်ကြောင်း ဒရိတ်ခ်က ဆိုခဲ့သည်။

လက်ရှိတွင် အဆိုပါ အားနည်းချက်ကို အသုံးချကာ တိုက်ခိုက်မှုများ မရှိသေးကြောင်း၊ ၎င်းအားနည်းချက်သည် ကမ္ဘာတစ်ဝန်းရှိ Android ထုတ်ကုန် ၉၅ ရာခိုင်နှုန်းတွင်ရှိနေကြောင်း Zimperium က ၎င်း၏ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

သုတေသနအဖွဲ့ Strategy Analytics ၏ ဖော်ပြချက်အရ ၂၀၁၄ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းသို့ Android ထုတ်ကုန် ၁ ဘီလီယံကျော် တင်ပို့ရောင်းချခဲ့ရပြီး ၂၀၁၅ ခုနှစ်တွင် တင်ပို့ရောင်းချသည့် အရေအတွက် ပိုမိုမြင့်တက်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

Zimperium သည် အထက်ပါ အားနည်းချက်ကို ဧပြီလကတည်းက ရှာဖွေတွေ့ရှိခဲ့ပြီးနောက် Google ထံ ချက်ချင်းဆိုသလို အကြောင်းကြားခဲ့သည်။

Google ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ Android ထုတ်ကုန်များ လုံခြုံမှုရှိစေရန်အတွက် လိုအပ်သည့် patch များကို အလျင်အမြန် ဖြန့်ချိခဲ့ကြောင်း ပြောကြားခဲ့သည်။

“Android သုံးစွဲသူများ လုံခြုံမှုရှိရေးဟာ ကျွန်တော်တို့အတွက် အရမ်းကို အရေးပါပါတယ်။ ဒါကြောင့် ဘယ်ထုတ်ကုန်ပေါ်မှာမဆို သုံးနိုင်မယ့် patch တွေကို ကုမ္ပဏီက လုပ်ဖော်ကိုင်ဖက်တွေဆီကို အလျင်အမြန် ဖြန့်ချိပေးခဲ့ပါတယ်။ အသစ်ထွက်ထားတဲ့ ထုတ်ကုန်တွေ အပါအဝင် Android ထုတ်ကုန်အများစုမှာ အားနည်းချက်တွေကနေ အကျိုးရှိရှိ အသုံးချနိုင်မှုကို ပိုမို ခက်ခဲစေမယ့် နည်းပညာတွေအများကြီး ပါဝင်ပါတယ်။ နောက်ပြီး ထုတ်ကုန်ပေါ်က သုံးစွဲသူရဲ့ အချက်အလက်နဲ့ အခြား application တွေကို ကာကွယ်ပေးနိုင်မယ့် application sandbox တစ်ခုလည်း Android ထုတ်ကုန်တွေမှာ ပါဝင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ အားနည်းချက် အလုပ်လုပ်ပုံကို သြဂုတ်လ ၁ ရက်တွင် လက်စ်ဗီးဂက်စ်မြို့၌ ကျင်းပမည့် Black Hack ဟက်ကာကွန်ဖရင့်စ်တွင် သရုပ်ပြသသွားမည်ဟု Zimperium blog တွင် ဖော်ပြထားသည်။

မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်...

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။


ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ


Theme အလန်းစားလေးတွေမတင်ပေးရတာကြာလို့ အခုတစ်ခါမှာတော့ Spaceship Hola 3D Theme v1.0.1 ဆိုတဲ့ Theme လေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ 3D စတိုင်တွေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ သူ့ရဲ့စတိုင်ကတော့ အာကာသမှအစိုင်အခဲတွေရဲ့ပုံစံကို 3D အနေနဲ့ဖန်တီးထားတာဖြစ်ပါတယ်ဗျာ။ ဒီဇိုင်း ကတော့အတော်လေးကိုလန်းတာကြောင့် စမ်းပြီးသုံးကြည့်လိုက်ပါဦး။ နမူနာအနေနဲ့အောက်မှာ Screen Shoot တွေရိုက်ပြထားပါတယ်ဗျာ။ Android OS 2.3 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။

Spaceship Hola 3D Theme - screenshot     Spaceship Hola 3D Theme - screenshot

Spaceship Hola 3D Theme - screenshot


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

  


မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်...

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။

                                                   Download Here

ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ



SE370 လို့ အမည်ရတဲ့ မော်နီတာ အမျိုးအစား အသစ်ကို Samsung မှ မိတ်ဆက်ခဲ့ပါတယ်။ သူ့ထူးခြားချက် အနေနဲ့ကတော့ ဖုန်းများကို ကြိုးမဲ့ အားသွင်းနိုင်ပြီး ကမ္ဘာ့ပထမဆုံး ကြိုးမဲ့ ဖုန်းအား သွင်းနိုင်တဲ့ မော်နီတာလို့ဆိုထားပါတယ်။


မော်နီတာရဲ့ အောက်ခြေပြားမှာ ဖုန်းတွေကို ကြိုးမဲ့ အားသွင်းရန် တင်ရန် အဝိုင်းပြားလေး ရှိပါတယ်။ အဲ့ဒီအပေါ် တင်ရုံ ပါပဲ။ ဘယ်လိုဖုန်းတွေ သွင်းလို့ ရသလဲဆို ကြိုးမဲ့ အားသွင်းလို့ ရအောင် ဖန်တီးထုတ်လုပ်ထားတဲ့ ဘယ် စမတ်ဖုန်း များနဲ့မဆို အဆင်ပြေမှာ ဖြစ်ပါတယ်။ ပုံမှာပြထားချက် အရကတော့ Samsung Galaxy S6 ဖြင့် စမ်းသပ်ပြသထားခြင်း ဖြစ်ပါတယ်။ Samsung အနေနဲ့ စမတ်ဖုန်း အသစ်များ ထုတ်တဲ့အခါ flagship များက ကြိုးမဲ့ အားသွင်းနိုင်မှာ ဖြစ်တာကြောင့် ယင်းအတွက် ရည်ရွယ်တာလည်း ပါဝင် ပါတယ်။ ပြီးတော့ စမတ်ဖုန်း ကုမ္ဗဏီများ အနေနဲ့လည်း ဖုန်းကို ကြိုးမဲ့ သွင်းလို့ ရလာအောင် ကြိုးစား ဖန်တီးနေကြပြီမို့ ဖြစ်ပါတယ်။

မော်နီတာဟာ ၂၃.၆ သို့မဟုတ် ၂၇ လက်မ ရှိပါတယ်။ 178 degree view ရတဲ့ PLS panel ကို အသုံးပြုထားခြင်း ကြောင့် အဆင့်မြင့် မော်နီတာ တစ်မျိုး ဖြစ်ပြီး ဈေးနှုးနဲ့ ထွက်ရှိမယ့်ရက်ကိုတော့ မကြေညာသေး ပါဘူး။
.
Ref: pocketlint
အောင်ခမ်း (MMAS)


မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်...

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။

ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ

မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ် နောက်ပိုင်းမှစ၍ Android ဖုန်းများသည် ဈေးနှုန်းသက်သာမှု၊ အသုံးပြုရ လွယ်ကူမှုတို့ကြောင့် သုံးစွဲသူဦးရေ များပြားလာသည်။ ၂၀၁၄ ခုနှစ်နှောင်းပိုင်း၌ ပြည်ပ အော်ပရေတာများ စတင်ဝန်ဆောင်မှု ပေးလာခြင်းနှင့်အတူ မိုဘိုင်းအင်တာနက် အသုံးပြုသူ ဦးရေသည်လည်း ယခင်ကထက် ပိုမိုများပြားလာသည်။  ဤသို့ ဆက်သွယ်ရေးကဏ္ဍ တိုးတက်လာသကဲ့သို့ မိုဘိုင်းဖုန်းများ၏ ကဏ္ဍသည်လည်း ပြောင်းလဲလာခဲ့သည်။ ယခင်က မိုဘိုင်း ဖုန်းကို ဖုန်းပြောရန်လောက်သာ အသုံးပြုလာခဲ့ရာမှ ယခုအခါ ဓာတ်ပုံရိုက်ရန်၊ ဗီဒီယိုကြည့်ရန်၊ ဂိမ်းကစားရန်၊ ကိုယ်ရေးကိုယ်တာ အချက်အလက်များ မှတ်သားရန် စသော နေ့စဉ်လုပ်ငန်း ဆောင်တာများ လုပ်ဆောင်ရာအထိ အသုံးပြုလာကြသည်။
ထိုသို့ အင်တာနက်ကို အလွယ်တကူ ချိတ်ဆက်နိုင်ခြင်း၊ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မှတ်သားသိမ်းဆည်းသည့် နေရာဖြစ်လာခြင်းတို့ကြောင့် သုံးစွဲသူများ၏ privacy ထိခိုက်လာ နိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်လာကြသည်။ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံများ၊ ဗီဒီယိုများ၊ အချက်အလက်များကို ခိုးယူနိုင်သည့် malware များ Android OS တွင် တစ်နေ့တခြား တိုးပွားလာသောကြောင့် သတိထားကြရန် အချို့က ဆိုကြသည်။ ၎င်း malware များသည် သုံးစွဲသူ၏  Bank Account ကိုပါ ချိုးဖောက် ဝင်ရောက်ပြီး ငွေခိုးထုတ်နိုင်သည် အထိ စွမ်းဆောင်နိုင်ကြသည်ဟုလည်း သတိပေးကြသည်။ ထိုသို့ဆိုလျှင် တကယ်ပဲ ကျွန်တော်တို့ တွေ malware များကို ကာကွယ်ဖို့ ဂရုစိုက်သင့်ပြီလား။
နည်းပညာ နယ်ပယ်တွင် ကျော်ကြားသော website တစ်ခုဖြစ်သည့် Digital Trends က Mobile Security ကဏ္ဍတွင် ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီများဖြစ် သည့် AV Test, Avast, Lookout တို့ကို ထိုကိစ္စများနှင့်ပတ်သက်၍ မေးမြန်းခဲ့သည်။ ထိုဆွေးနွေး မေးမြန်းချက်များကို စာဖတ်သူများ သိရှိနိုင်စေရန် ဖော်ပြပေးလိုက် ပါသည်။
Antivirus ဆိုတာ Security  App တစ်ခုရဲ့ အစိတ်အပိုင်း တစ်ခုမျှ သာပါပဲ
Android OS အတွက် ထုတ်လုပ်ထားသော security app အများစုသည် malware များကို ရှင်းထုတ်နိုင်သည့် antivirus fea-ture ကိုသာမဟုတ်ဘဲ အခြား feature များကိုပါ ထည့်သွင်းပေးထားလေ့ ရှိပါသည်။ AV Test ကုမ္ပဏီ၏ CEO ဖြစ်သူ Andreas Marx က ''antivirus ဆိုတဲ့ virus ကို ရှာဖွေပေးတဲ့ feature က အရေးမကြီးမဟုတ် အရေးကြီးပါ တယ်။ ဒါပေမဲ့ အခြား လုံခြုံရေးဆိုင်ရာ feature တွေပါ ပါဝင်တဲ့ security app က ပိုကောင်းပါ တယ်'' ဟု ဆိုသည်။ ''များသော အားဖြင့် Antivirus ဟာ security app တစ်ခုရဲ့ component တစ်ခုပါပဲ။ antivirus ချည်း သက်သက် တော့ အချိန်တိုင်းမလိုပါဘူး။ ဒါပေမဲ့ ပျောက်သွားတဲ့ဖုန်းကို ရှာပေးနိုင်တဲ့ Anti-theft feature တို့၊ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အဝေးကနေ ဖျက်ပေးနိုင်တဲ့ remote wipe feature တို့ကတော့ အမြဲဆောင်ထားသင့်တဲ့ feature တွေပါပဲ။ အဲ့ဒါတွေက security app တိုင်းလိုလိုမှာ ပါဝင်ပါတယ်''ဟု ၎င်းက ဆက် ရှင်းပြသည်။
Avast ကုမ္ပဏီမှ Non-windows products director ဖြစ်သည့် Jan Gahura ကလည်း Avast Mobile Security app ၏ တကယ့် အကျိုးကျေးဇူးသည် antivirus သာ မဟုတ်ကြောင်း ရှင်းပြပါတယ်။ Mobile malware  များသည် အန္တရာယ် အများဆုံးကောင်များ မဟုတ်ကြောင်းလည်း သူက ဝန်ခံခဲ့ပါသည်။ "စမတ်ဖုန်း တစ်လုံး အတွက် အဓိက အန္တရာယ် ဟာ အခိုးခံရခြင်းပါပဲ။ ဒါဟာ ဘာကြောင့် ကျွန်တော်တို့တွေ Avast မှာ anti-theft feature ထည့်ထား သလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေပါပဲ။ သင့်ဖုန်းမှာ remote wipe feature မရှိဘဲ အိတ်ကပ်ထဲ ထည့်ထားတာ အတော်အန္တရာယ် များတဲ့ ကိစ္စပါပဲ။ တကယ်လို့သာ သင့်ဖုန်း အခိုးခံလိုက်ရပြီ ဆိုရင် သင့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ အတွက်တော့ တကယ့်ကိုစိုးရိမ်စရာပါဘဲ။ ဒါဟာအိမ်သော့ ပျောက်တာထက်တောင် ပိုအန္တရာယ် များပါတယ်။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ Avast Mobile Security သာ installလုပ်ထားလိုက်ပါ။ သင့်ကို အဲ့ဒီအန္တရာယ် တွေကနေ ကောင်းကောင်းကြီး အကာ အကွယ် ပေးပါလိမ့်မယ်" ဟု Gahura က မိမိကုမ္ပဏီထုတ် app ကို ကြွားရင်း ပြောလိုက်ပါတယ်။
Malware: ဒဏ္ဍာရီလေလား တကယ်လားကောင်းပါပြီ။ ဤသို့ဆိုလျှင် malware များ အမှန်တကယ် ရှိပါသလား။ သူတို့အတွက် ကျွန် တော်တို့ စိုးရိမ်သင့်ပါသလား။ AV Test ၏ အဆိုအရ ယခု ၂၀၁၅ ခုနှစ် တွင် Android malware များ၏ အရေအတွက်သည် တစ်သန်းကျော်ခန့်အထိ ရှိနေပြီ ဖြစ်သည်။ သို့သော် ကျွန်တော်တို့ သတိပြု ရမည့် အချက်တစ်ချက်မှာ Android သည် Windows ကဲ့သို့မဟုတ်ဘဲ အသုံးပြုသူ ကိုယ်တိုင် malware ပါသည့် app ကို install ပြုလုပ်မှသာ ကူးစက်နိုင်သည် ဆိုသည့် အချက်ပင် ဖြစ်သည်။ သို့သော် malware ဖန်တီးသူများသည် အမှုမဲ့အမှတ်မဲ့ install ပြုလုပ် မိစေဖို့ ကျွန်တော်တို့ကို လှည့်စားတတ် သည်ဆိုသည့် အချက်ကိုတော့ သတိပြုရပါမည်။
Andreas Max က "သင့်အနေနဲ့ app တွေကို Play Store တို့လို ယုံကြည်စိတ်ချရတဲ့ market တွေ ကသာdownload ဆွဲပြီး အသုံးပြုမယ်၊ ဖုန်းနဲ့ အင်တာနက် အသုံးပြုတာ နည်းပါးမယ် ဆိုရင်တော့ သင့်ဖုန်းဟာ malware ရန်က လုံခြုံစိတ်ချရပါတယ်'' ဟု ပြောသည်။ malware အများစုသည် cracked app များနှင့် 3rd party market များမှ download ပြုလုပ်ထား သော app များမှသာ အများဆုံး ကူးစက်လေ့ရှိသည်ဟု ၎င်းက ဆက်ပြောပါသည်။ Malware ဖန်တီးသူများသည် malware များ ရေးသားဖန်တီးနေခြင်းမှ ဝင်ငွေ ရလေ့ရှိသည်ဖြစ်ရာ ၎င်းတို့သည် ကျွန်တော်တို့ဖုန်းများကို ကူးစက် စေနိုင်မည့် နည်းလမ်းများကို အမြဲရှာဖွေနေကြသည်။ ထို့ကြောင့်  cracked app များ၊ စိတ်မချရသော app များ install လုပ်ခါနီးတွင် နှစ်ကြိမ်စဉ်းစားပါဟု ၎င်းက အကြံပြုသည်။
 Lookout ကုမ္ပဏီမှ Senior Product Manager ဖြစ်သူ Derek Halliday ကမူ Android user များသည် လုံခြုံမှုမရှိဟု ခံယူထား သည်။ သူက ''ဘယ် OS မှ လုံးဝလုံခြုံစိတ်ချရတယ်ဆိုတာ မရှိပါ ဘူး။ အကာအကွယ်ကတော့ နေရာတိုင်းလိုတာပါပဲ။ Android ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ် အတွင်းမှာပဲ လူသုံးများလာပါ တယ်။
ဒါကြောင့်  ဟက်ကာတွေရဲ့ ပစ်မှတ် ဖြစ်လာတယ်ဆိုတာ မဆန်းပါဘူး။ ပြီးတော့ Android app တစ်ခု ရေးဖို့ဆိုရင် သာမန် PC တစ်လုံးရှိရုံနဲ့ အလုပ်ဖြစ်တယ်လေ။ ဒါဟာလည်း Android malware တွေ များပြားလာခြင်းရဲ့ အကြောင်းတစ်ချက်ပါပဲ'' ဟု အခိုင်အမာ ဆိုသည်။
Android malware တွေဟာ ဘယ်လိုမျိုးတွေလဲ
Android malware အများစုသည် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ခိုးယူဖို့သာ အာရုံစိုက်ထားလေ့ ရှိပါသည်။  ဤ သည်မှာလည်း အလွန် အန္တရာယ်ကြီးသည့် ကိစ္စဖြစ်သည်။ အဆိုးဝါးဆုံးမှာ sms များ ခိုးပို့ခြင်းပင် ဖြစ်သည်။ ဤကိစ္စမှာ အန္တရာယ် အရှိဆုံး ကိစ္စဖြစ်သည်ဆိုတာကို မည်သူမျှ ငြင်း ပယ်နိုင်မည် မဟုတ်ပါ။ Android malware များသည် သွေးစုပ်ဖုတ်ကောင်နှင့် တူပါ သည်။ ကျွန်တော်တို့က ဝင်ခွင့်ပြုမှသာ ကျွန်တော်တို့ဖုန်းထဲ ဝင်လာ၍ ရပါသည်။ ၎င်းတို့သည် မိမိဘာသာ မကူးစက်တတ်ပါ။ ထို့ကြောင့် ကျွန်တော်တို့အနေဖြင့် သတိထားတတ်မည် ဆိုပါက antivirus များ မလိုအပ်ပေ။ သို့သော် အထက်တွင် ဆိုခဲ့သည့်အတိုင်း malware ဖန်တီးသူများသည် ကျွန်တော်တို့ကို လှည့်စားရန် အသစ်သစ်သော နည်းလမ်းများကို အမြဲရှာဖွေ အသုံးပြု နေပေသည်။ ဥပမာအားဖြင့် တရားဝင် app များကို တုပထားသော malware app များပင် ပေါ်ပေါက်နေပြီ ဖြစ်သည်။ စတင် install လုပ်စဉ်က malware မပါဘဲ နောက်ပိုင်းမှ malware များ download ပြုလုပ်သော app များလည်း ရှိနေပါသည်။ Avast သည် Android malware တစ်သန်းခန့် ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်သည်ဟု malware ခွဲခြမ်းစိတ်ဖြာရေး ပညာရှင် Filip Chytr က ဆိုသည်။ သို့သော် ဤအရေအတွက်သည် PC လောကမှ သန်းထောင်ပေါင်း များစွာသော malware အရေအတွက်ထက် နည်းနေသေးကြောင်းလည်း ၎င်းက ဝန်ခံသည်။" ဘာပဲပြောပြော စမတ်ဖုန်းတွေဟာ  cyber  crime ရဲ့ နယ်ပယ်သစ် တစ်ရပ်ဖြစ်လာနေပါတယ်။ အကြောင်း ကတော့ သုံးစွဲသူတွေဟာ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေဖြစ်တဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ email တွေ၊ sms တွေ၊ ဘဏ်အကောင့်တွေကို PC မှာထက် ပိုပြီး သိမ်းထားကြလို့ပါ ပဲ'' ဟု ၎င်းက ဆက်ပြောသည်။
အခြားသတိထားစရာ ရှိပါ သေးသလားဟု Chytry ကို မေးကြည့်သောအခါ ၎င်းက "ဟာ ရှိတာပေါ့။ အဲ့ဒါကတော့ open wifi network တွေကို အကာအကွယ် မရှိဘဲ အသုံးပြုတာပါပဲ" ဟု ပြန်ဖြေသည်။ "ကျွန်တော်တို့ စစ်တမ်းကောက်ကြည့်တော့ အမေရိကန်မှာ စမတ်ဖုန်းနဲ့ တက်ဘလက် အသုံးပြုသူတွေရဲ့ ၇၆ ရာခိုင်နှုန်းလောက်ဟာ public wifi network ကနေတစ်ဆင့် ကိုယ်ရေး ကိုယ်တာ အချက်အလက်တွေ ဆုံးရှုံးနိုင် တဲ့ အန္တရာယ်ရှိနေတာကို သွား တွေ့ရပါတယ်'' ဟု ၄င်းက ဆက်လက် ထောက်ပြသည်။ ဟက်ကာများသည် open wifi များမှတစ်ဆင့် ဓာတ်ပုံများ၊ ဗီဒီယိုများ၊ ဘဏ်အချက်အလက်များ ရယူနိုင်သည် ဟုလည်း ၎င်းက သတိပေးသည်။
အခြေအနေတွေက စိုးရိမ်စရာ ကောင်းနေပြီလား
Andreas Max က ယခုအခါ Android malware များသည် ယခင်ကထက် ပိုမိုကြီးမားသည့် နှုန်းဖြင့် ပွားများလာသည်ဟု ဆိုသည်။ ၂၀၁၂ ခုနှစ် သြဂုတ်လတွင် malware အရေအတွက် ၈၅,၀၀၀ ခန့်သာ တွေ့ရှိခဲ့ရာမှ ယခု ၂၀၁၅ ခုနှစ်၌မူ နှစ်ပတ်အတွင်းမှာပင် ထိုပမာဏအထိ ရှာဖွေတွေ့ရှိခဲ့ရသည်ဟု ၎င်းက စာရင်းဇယားများကို ကိုးကားပြီး ပြောသည်။
၎င်းက ဆက်လက်၍ malware  app အများစုသည် အာရှတွင် တွေ့ရသည်ဟု ဆိုသည်။ Play Store မရှိသော တရုတ်နှင့်  ရုရှားတွင် ပိုအတွေ့ရများသည်ဟု လည်း ဆိုသည်။ ၎င်းက malware app များ၏ ၉၉ ရာခိုင်နှုန်းခန့်သည် Play Store မဟုတ်သော အခြား market များမှ ပျံ့နှံ့သည်ဖြစ် သောကြောင့် app များကို Play Store မှသာ download ဆွဲပြီးအသုံးပြု ရန် တိုက်တွန်းထားသည်။ ထို့ပြင် app များကို အမြဲ update ဖြစ် နေအောင် ပြုလုပ်ထားရန်လည်း အကြံပြုထားသည်။
Security App များ၏ ကောင်းကျိုးနှင့် ဆိုးကျိုးများ
Android security app အများစုသည် anti-theft ကဲ့သို့ သော အသုံးဝင်သည့် feature များကို ထည့်သွင်းပေးထားလေ့ ရှိရာ ၎င်းတို့ကို အသုံးပြုခြင်းသည် အကျိုး မယုတ်ပါ။ အချို့မှာ task killer, cache cleaner စသည့် feature များပင် ပါဝင်သောကြောင့် အလွန် အသုံးတည့်ပါသည်။ သို့သော် security app များ၏ အားနည်းချက်အချို့မှာ ကုန်ကျစရိတ် ရှိခြင်း (free security  app  များ ကို သုံးပါက ကုန်ကျစရိတ်မရှိပါ)၊ ပါဝါစားခြင်း၊ စစ်ဆေးရာတွင် တစ်ခါတစ်ရံ မှားယွင်းခြင်းတို့ ဖြစ်ပါသည်။
အဆုံးသတ်အနေဖြင့် စာဖတ်သူများကို အကြံပြုချင်သည်မှာ security app များကို သုံးချင်စိတ် ရှိပါက ရဲရဲသာသုံးရန်ဖြစ်သည်။ သို့မဟုတ် ၎င်းတို့ကို အသုံးမပြု လိုပါကလည်း app များ download ဆွဲရာတွင်၊ link များကို နှိပ်ရာတွင်၊ wifi network များ ချိတ်ဆက်ရာ တွင် သတိပြုမည်ဆိုပါက androidmalware နှင့် ပတ်သက်၍ တစ်စုံ တစ်ရာ စိုးရိမ်စရာ မလိုပေ။



မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်...

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။

ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ


Related Posts Plugin for WordPress, Blogger...
Powered by Blogger.

Followers

တင်ထားသမျှပိုစ်များ

Blog Archive

My Blogger TricksAll Blogger TricksTechtunes

Popular Posts(2)

Flag Counter

GET FREE EMAIL UPDATES


Subscribe

Recommend on Google

ဖုန်းဆိုင်ရာ စုစည်မူ

တစ်ခြား ဘလော့ ဆိုက်များသို့ 

သူတိုဒီလို ပြောသွားတယ်

BTemplates.com