Showing posts with label Huawei Firmware တင်နည်းများ. Show all posts
Showing posts with label Huawei Firmware တင်နည်းများ. Show all posts

Wednesday, September 16, 2015


မစခင်အာလူးးးနဲနဲဖုတ်မယ်ဗျာ……သူ Specs လေးပေါ့…. Dual sim [ GSM / WCDMA ]ပါ..  Screen က ၄.၃ လက်မ ကင်မရာနဲ့ CPU ကတော့အားနည်းတယ်ဗျ… Camera 3.2mp လောက်ပဲပါတယ်…CPU က 1Ghz [1000mhz] ပါ….နဲနဲတော့ပါးတယ်ဖုန်းက OS က 4.0.3 သုံးထားတယ်ဗျ….
Huawei Y500-T00 အသစ်ထွက်ဖုန်းးအတွက်မြန်မာစာ ပူ စရာမလိုတော့ပါဘူးးးမြန်မာစာအတွက် ROOT လုပ်စရာတောင်မလိုပါဘူးးး FrozenKeyboard လေးထည့်သုံးရင်အဆင်ပြေပါပြီ….ZawgyiOne ကို  Default ပေးထားပါတယ်…
mm3 တောင် အဆစ်ပါပါတယ်…ဒါမှမရဘူးးး ROOT မှာပဲ ROOT ချင်တယ် ဆိုရင်တော့  VRoot လေး နဲ့ ကစ်ပါတော်တော်တော့စောင့်ရပါတယ်..V Root 1.3.2 [or] latest version နဲ့ကိုင်ပါ REBOOT သုံးခါလောက်လည်ပါတယ်….
နောက်ဆုံးပြန်တက်လာရင် ROOT ရပါပြီ….အကယ်၍မရခဲ့ရင်ကော…လွယ်ပါတယ် insecure boot img လေးကို Fastboot ကနေ Flash လိုက်ပါ… ROOT TOOL တခုခုနဲ့ကိုင်လိုက်ပါ…ကျနော်ကတော့ unlock root နဲ့ကိုင်လိုက်ပါတယ်…ပြန်တက်လာတော့ စက်ရုပ် လေးပျံနေပါတယ် 
VRoot နဲ့ ROOT မယ်….
ဖုန်းကို USB Debug On ပီးရင် ကွန်ပြူတာနဲ့ချိတ်လိုက်ပါ… v Root Latest လေး Run ပြီးး Y500 ဆိုတာသိနေရင် ROOT ခလုတ်နှိပ်လိုက်ပါ… REBOOT သုံးခါလောက်တော့လည်ပါတယ်….ပြန်တက်လာရင် ROOT ရနေပါပြီ တရုတ် vroot Superuser တွေ့မှာပါ..
======================================================================================================
INSECURE BOOTIMG ထည့်ပြီးးး ROOT နည်းးး
သိပီးးသားလူတွေအတွက်ကတော့ insecure bootimg ကို Flash ရတာမဆန်းပေမယ့်….
Bootimg ထည့်နည်းးကို Step by Step ပဲရေးသွားပါမယ်….
password တောင်းရင် >> jojoe လို့ထည့်ပေးလိုက်နော်… 
ဒေါင်းထားတဲ့ဖိုင်ကို ဖြည်လိုက်ပါ…ပြီးရင် ဖုန်းကို Fastboot Mode ၀င်ပါမယ်….Fastboot mode က Vol up + Power ပါ…Fastboot mode မှာရပ်နေပြီဆိုရင်တော့
Click.bat ကို Run လိုက်ပါ…. သူဟာသူ Flash လုပ်ပါလိမ့်မယ်….ဖုန်းး Reboot ဖြစ်ပီးပြန်တက်လာရင်တော့ Unlock ROOT လို Root tool တခုနဲ့ ROOT လုပ်လိုက်ပါ….အဆင်ပြေသွားပါလိမ့်မယ်…..
[ insecure boot image ကကျနော် မလုပ်တတ်လုပ်တတ်ကလိထားတာပါ... ယုံကြည့်ရင်တော့သုံးးပါ. ]
======================================================================================================
Firmware ပြန်တင်နည်းးး
အရင်ဆုံးးး Firmware ဒေါင်းလိုက်ပါ…ရလာတဲ့ zip ကိုဖြည်လိုက်ရင် dload လေးတွေ့ပါမယ်….ဒါပေမဲ့သူကတော့ အခြားး huawei Firmware လို update.app မဟုတ်ပါဘူးးး Y310/Y220 လို မျိုး update.zip ပါ…
အဲ dload ကို Format ချထားတဲ့  SD card ထဲထည့်ပါ…ဖုန်းထဲပြန်ထည့်ပါ… vol up + down + power နဲ့တင်ရမယ်တော့မထင်ပါနဲ့…
vol up + power ဖိထားပါ… စာနှစ်တန်းနဲ့အတူ Fastboot mode ရောက်ပါပြီ… vol down တချက်နှိပ်လိုက်ပါ… Recovery ထဲရောက်သွားပါလိမ့်မယ်…..
ဟိုးးးးအောက်ဆုံးအကြောင်း က auto update /sdcard/dload/update.zip ဆိုတာလေးရွေးပေးလိုက်ပါ..
Firmware တင်နေပါပြီ…..Finish ဖြစ်သွားရင်တော့….ဒန်တန်တန်…Y500-T00 လေး Firmware တင်လို့ပြီးဆုံးသွားပါပြီ….
[Fastboot mode က vol up + Power ပါ...
Recovery mode ကတော့ Vol up+ Power စာပေါ်နေရင် vol down နှိပ်ပေးလိုက်ပါ.....]

မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ


Sunday, August 9, 2015

မင်္ဂလာပါ
ကျနော်ဆီမှာ ဒီပို့လေးကို တောင်းဆိုထားတာ ကြာပါပြီ
ကျနော် မတင်ပေးဖြစ်ဘူး အားနာလှပါပြီ ဒီနေ့တော့
တင်ပေးလိုက်ပါပြီ။

တောင်းဆိုထားတဲ့သူကတော့ သူ့မှာ ကွန်ပျူ တာအဆင်မပြေတာမို့
ဖုန်းမှာတင် Root လုပ်နိုင်တဲ့နမ်းလမ်းနဲ့ Firmware တင်နည်းကိုပါ
ရှင်းပြသွားဖို့ကို တောင်းဆိုထားတာပါ။

 သူ့ဖုန်းအမျိုးအစားကတော့ Huawei G620S-UL00 4.4.4 ဖြစ်ပါတယ်
Firmware ကိုတော့ Official မှဒေါင်းလော့ရယူထားတာလေးကို
ပြန်လည်တင်ပေးလိုက်တာ ဖြစ်ပါတယ်။

တော်တော်ရှာရခက်ခဲပါတယ် မလွယ်တဲ့ Firmware လေးပါ
ရှားရှားပါးပါးမို့ တောင်းလော့ရယူထားကြစေလိုပါတယ်ခင်ဗျား။ 

Huawei G20S-UL00-V100R001C17B244 4.4.4 Official Firmware

Huawei G620S-Ul00 ဖုန်းများအတွက် Root လုပ်နည်း
==========================
ဒီ Huawei G620S-Ul00 ဖုန်းများအတွက် Root လုပ်နိုင်တဲ့
Root Tool တစ်ခုရှိပါတယ် ဒါကတော့ ကွန်ပျူ တာအဆင်ပြေတဲ့
သူတွေအတွက်ပေါ့လေ၊ အရင်ကျနော် တင်ပေးဖူးတဲ့ ပိုစ့်ထဲမှာ
Root tool နဲ့ပတ်သက်လို့ Restore & Backup လုပ်နည်းအတွက်သာ
သီးသန့်ရှင်းပြထားခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်း ကျနော် ဒီ Root Tool ကိုအသုံးပြု ပြီး Root လုပ်နည်းကို
ပုံတွေနဲ့တကွ လုံနည်းများကို အသေးစစ်ရှင်းပြသွားဖို့ရှိပါတယ်။

အခုတော့ Official မှ Video Tutorial ကိုသာ Root နဲ့ တွဲတင်ပေးလိုက်ပါတယ်
Root လုပ်ရန်အတွက် Root Tool ကို အောက်ကလင့်မှာ ရယူပါ။

Download Here

ဒီ Tool ကိုအသုံးပြု ပြီး ဖုန်း System တစ်ခုလုံးကို Backup & Restore လုပ်ဖို့ရန်အကောင်းဆုံး ဆော့ဝဲများနဲ့ အသုံးပြုနည်း အပြည့်အစုံကိုတော့
အောက်ကလင့်မှာ လေ့လာကြည့်လိုက်ပါ။

ဖုန်း System တစ်ခုလုံးကို Backup & Restore လုပ်ဖို့ရန်အကောင်းဆုံး ဆော့ဝဲများနဲ့ အသုံးပြုနည်း အပြည့်အစုံ 

ဒီ Root Tool ကိုအသုံးပြု ပြီး Root လုပ်နည်းကို Tutorial ကို
အောက်လင့်မှာ လေ့လာကြည့်လိုက်ပါ။


Huawei G620S-Ul00 ဖုန်းများအတွက် One Click Root Apk ကိုတော့
မတွေ့ရသလောက်ပါပဲ ကျနော်ပဲလေ့လာအား ညံ့တာဖြစ်မှာပါ
ရှာနေဆဲပါ တကယ်လို့ အဆင်ပြေတဲ့နေ့ကို တင်ပေးသွားမှာပါ
ဘော်ဒါတွေထဲကလည်း ဒီဖုန်းအတွက် ကွန်ပျူ တာမလိုပဲ Root Apk
ဖြင့် Root Access ရှိနိုင်တယ်ဆိုရင်လည်း တစ်ချက်လောက် Comment
ပေးထားခဲ့ကြပါခင်ဗျား တစ်ခြားသူတွေလည်း အဆင်ပြေသွားအောင်ပေါ့

မြန်မာစာထည့်သွင်းနည်း
==============
မြန်မာစာအတွက်ကတော့ အခုနောက်ပိုင်းခေတ်စားနေတဲ့
စမတ်ဖုန်းအများစုအတွက်တော့ ကျနော်စမ်းသပ်အောင်မြင်ပြီး
သလောက်ဆိုရင်တော့ ကျနော် အမြဲတမ်းအသုံးပြု နေတဲ့
ကီးဘုတ်အတွက် Frozenkeyboard ပေါ့ ဖောင့်အတွက်ကတော့
ICSMMFontinstaller.apk လေးပေါ့ အရမ်းအဆင်ပြေပါတယ်
 အောက်မှာ ရယူလိုက်ပါ။
  
FrozenKeyboard နဲ့ ICSMMFontinstaller.apk ကို install လုပ်ပါ။

(install လုပ်ရန်အတွက် setting / security /
 unknown source အကွက်လေးကို အမှန်ခြစ်ပေးပါ) 


OR

 ICSMMFontinstaller.apk လေးကို အောက်ကလင့်မှာရယူပါ

Download Here 

OR

Download Here 

OR

Download Here  

Huawei G620S-Ul00 ဖုန်းများအတွက် Firmware တင်နည်း
=============================
Huawei ဖုန်းများကိုတော့ ကွန်ပျူ တာနဲ တင်နည်းကို
ဟိုအရင်ကျနော် ပြန်လည်မျှဝေဖူးထားတာ ရှိပါတယ်
မူရင်း ပိုစ့်တင်ပေးသူကိုတော့ မမှတ်တော့ပါ အရမ်းအဆင်ပြေပါတယ်
ကွန်ပျူ တာတော့ လိုမယ်ပေါ့ ကွန်ပျူ တာသာရှိမယ်ဆိုရင်တော့
Huawei ဖုန်းများကို ကွန်ပျူ တာကနေ Firmware တင်နည်းကို
အောက်လင့်မှာ လေ့လာကြည့်လိုက်ပါ။

Huawei Phone များကို Computer နဲ့ Firmware တင်နည်း 

တစ်ခြားလွယ်ကူမယ့်နည်းလမ်းကတော့ ရှိပေမယ့်
လေ့လာခါစညီအကိုတွေအတွက် မလွယ်လောက်ဖူးထင်လို့
မတင်ပေးတော့ပါ နောက်များတော့ ဒီထက်အဆင်ပြေမယ့်
နည်းလမ်းကောင်းတွေကို ကျနော်တတ်နိုင်သလောက်
တင်ပေးသွားမှာပါ။

အဆင်ပြေပါစေ



မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ


Related Posts Plugin for WordPress, Blogger...
Powered by Blogger.

Followers

တင်ထားသမျှပိုစ်များ

My Blogger TricksAll Blogger TricksTechtunes

Popular Posts(2)

Flag Counter

GET FREE EMAIL UPDATES


Subscribe

Recommend on Google

ဖုန်းဆိုင်ရာ စုစည်မူ

တစ်ခြား ဘလော့ ဆိုက်များသို့ 

သူတိုဒီလို ပြောသွားတယ်

BTemplates.com