Showing posts with label အတွေးအမြင် ဗဟုသုတ သတင်းများ. Show all posts
Showing posts with label အတွေးအမြင် ဗဟုသုတ သတင်းများ. Show all posts

Monday, November 23, 2015




ဘ၀မှာ တခါတလေ `အဲဒါလေး ငါတတ်ရင် ကောင်းမှာပဲ´လို့ စိတ်ကူးမိတဲ့ အခါတွေ ရှိပါတယ်။ သင်တန်းတက်ဖို့ အချိန်မရှိ၊ အဆက်အသွယ် မရှိတဲ့သူတွေအတွက် အွန်လိုင်းပေါ်မှာ သင်နိုင်တဲ့ ပညာတွေ အများကြီးရှိပါတယ်။ အဲသည်အထဲက ၁၀ မျိုးကို ဖော်ပြလိုက်ပါတယ်။

၁. ပစ္စည်းတွေ ပျက်ရင် ပြင်တာ
အိမ်ပြင်တာ၊ ကားပြင်တာ၊ ရေပိုက်ပြင်တာ၊ ပစ္စည်းအတိုအထွာ ပြင်တာ..ဘာမဆို youtube ပေါ်မှာ ရှာကြည့်နိုင်ပါတယ်။ လက်တော့ပ်ကြိုးလိုမျိုး အသေးစားပြင်ဆင်မှုတွေကို ကိုယ့်ဘာသာလုပ်နိုင်အောင် ဒီဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
http://lifehacker.com/…/top-10-repair-projects-you-should-n…

၂. ကွန်ပျူတာပန်းချီဆွဲတာ၊ photoshop သုံးတာ
ကွန်ပျူတာထဲက အခြေခံ tool တွေကို အရင် သုံးကြည့်ပါ။ ဘာက ဘာအတွက်သုံးတယ်ဆိုတဲ့ လမ်းညွှန်လေးတွေ ပရိုဂရမ်တိုင်းမှာ ထည့်ပြီးသားပါ။ Tool တွေကို ရင်းနှီးပြီဆို ပုံပေါ်လာအောင် ဆွဲတဲ့နည်းကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။
http://lifehacker.com/…/digital-painting-101-the-complete-g…
ဒီဆိုက်အပြင် www.photoshopstar.com ဟာလည်း လေ့ကျင့်ခန်းတွေကို အခြေခံကစ သင်ပေးတဲ့ ဆိုက်ကောင်းတစ်ခုပါ။

၃. ကိုယ်ခံပညာသင်တာ
လူတိုင်းကို ယုံကြည်လို့မရတဲ့ ခေတ်ကြီးမှာ ကျားမ မရွေး ကိုယ်ခံပညာတတ်ထားသင့်ပါတယ်။ ငြိမ်ခံနေတာထက် တန်ပြန်တိုက်ခိုက်တတ်သူကို မသမာသူတွေ ပိုဖြုံကြတာလည်း အသေအချာပါပဲ။ လေ့လာချင်ရင် http://lifehacker.com/…/basic-self-defense-moves-anyone-can… မှာ ကြည့်ပါ။ ကိုယ့်ကိုယ်ကို ကာကွယ်နည်း၊ ရန်သူရဲ့ ဟာကွက်ကို ရှာဖွေတိုက်ခိုက်နည်းတွေ တွေ့ရမှာပါ။

၎.ဒီဇိုင်းပိုင်းကို သင်ယူတာ
ဝက်ဘ်ဒီဇိုင်း၊ အိမ်အတွင်းပိုင်းဒီဇိုင်း စတာတွေကို အွန်လိုင်းကနေ လေ့လာသင်ယူနိုင်ပါတယ်။ ဒီဇိုင်းပိုင်းကို နားလည်ထားတဲ့လူဟာ သူများထက်တော့ ခြေတစ်လှမ်းသာနေမှာပါပဲ။ ပရော်ဖက်ရှင်နယ်အဆင့် မရောက်ရင်တောင် ကိုယ့်စိတ်ကူးလေးနဲ့ဖန်တီးထားတဲ့ ဒီဇိုင်းက စိတ်ကျေနပ်မှု ပေးနိုင်မှာပါ။ အိမ်အတွင်းပိုင်းအတွက် http://lifehacker.com/…/how-can-i-turn-my-boring-home-into-…ှာ လေ့လာနိုင်ပါတယ်။

၅. ကောလိပ်တုန်းက မသင်လိုက်ရတဲ့ ဘာသာရပ်တွေကို လေ့လာတာ
သိပ္ပံ၊ စီးပွားရေး၊ သင်္ချာ၊ ဥပဒေ ဘယ်ဘာသာရပ်ဖြစ်ဖြစ် ကောလိပ်တုန်းက မသင်လိုက်ရတာတွေကို ပြန်လေ့လာချင်တယ်ဆိုပါစို့။ အခမဲ့တက္ကသီလာကျောင်းတော်ကြီးဖြစ်တဲ့ အင်တာနက်ကြီး ရှိပါတယ်။ အွန်လိုင်းဆိုပြီး အထင်မသေးလိုက်ပါနဲ့။ ကိုယ်အားထုတ်ရင် အားထုတ်သလောက် ပညာရနိုင်တဲ့ ဆိုက်တွေ အများကြီးရှိပါတယ်။ အွန်လိုင်း အားသာချက်တွေဖြစ်တဲ့ ပိုက်ဆံမကုန်တာ၊ ကိုယ်ကြိုက်တဲ့အချိန် ကြိုက်သလောက် လေ့လာနိုင်တာတွေကိုတော့ ထည့်ပြောဖို့ မလိုတော့ပါဘူးနော်။ ကျွန်မကိုယ်တိုင် တက်ဖူးပြီး တိုက်တွန်းချင်တဲ့ ဆိုက်တစ်ခုက www.alison.com ပါ။http://lifehacker.com/tag/lifehacker-u မှာလည်း ကြည့်နိုင်ပါတယ်။

၆. အီလက်ထရောနစ်ပစ္စည်းတွေကို တည်ဆောက်တာ၊ ဟက်တာ
နည်းပညာက ကျွန်မတို့ဘဝရဲ့ အစိတ်အပိုင်းဖြစ်လာပြီး သူ့ကို စိတ်ကြိုက် ပြင်ဆင်လို့ရရင် ပိုပျော်ဖို့ ကောင်းမှာပါ။ အီလက်ထရောနစ်ပစ္စည်းတစ်ခုကို ဟက်ဖို့ဆို ပစ္စည်းတွေအကြောင်း ထဲထဲဝင်ဝင်သိဖို့ လိုပါတယ်။ ကွန်ပျူတာဆင်တာကို စလေ့လာကြရင် မကောင်းဘူးလား။
http://lifehacker.com/…/how-to-build-a-computer-from-scratc… မှာ တစ်စစီဖြစ်နေတဲ့ ပစ္စည်းတွေကနေ ကွန်ပျူတာဖြစ်အောင် တပ်ဆင်နည်းကို လေ့လာနိုင်မှာပါ။ တခြားအီလက်ထရောနစ်တွေကို http://lifehacker.com/…/how-to-start-making-your--electroni… ကြည့်ပြီး တပ်ဆင်နိုင်ပါတယ်။ http://lifehacker.com/tag/arduino မှာလည်း ရှိပါတယ်။

၇. တူရိယာတီးခတ်တတ်အောင် သင်တာ
တူရိယာ အသစ်တစ်မျိုးကို တီးခတ်ချင်ရင် အွန်လိုင်းမှာ သင်နိုင်တဲ့ နေရာအများကြီးပါပဲ။ ဂစ်တာတီးသင်မလား
http://www.justinguitar.com မှာ ဂစ်တာသင်ခန်းစာ ၈၀၀ ကျော်ရှိပါတယ်။ http://lifehacker.com/39…/learn-to-play-an-instrument-online မှာလည်း ကြည့်နိုင်ပါတယ်။ စန္ဒယားတီးသင်ဖို့ https://m.youtube.com/watch?v=vphWgqbF-AM မှာရှိတယ်။ ဒရမ်တီးဖို့ https://m.youtube.com/watch?v=k_gsp5KwM-k မှာ ကြည့်နိုင်တယ်။ ဒါတင်မက ပလွေမှုတ်တာအတွက်https://m.youtube.com/watch?v=SAvA5E1Ttek ၊ တယောအတွက်
https://m.youtube.com/watch?v=GbuJ3qnmBmQ ရှိတယ်။ Youtube နဲ့ Videojug မှာလည်း တူရိယာပေါင်းစုံတီးခတ်နည်းတွေကို ကြည့်ရှုလေ့လာနိုင်ပါတယ်။

၈. စားဖိုမှူးတစ်ယောက်လို ချက်တာ
ဟင်းချက်နည်းတွေ၊ ချက်ပြတဲ့အစီအစဉ်တွေ ဘယ်လောက်များများ လူတိုင်းက ပရော်ဖက်ရှင်နယ် စားဖိုမှူးဖြစ်မလာကြပါဘူး။ စားဖိုမှူးလုပ်တော့မယ်ဆို သိသင့်သိထိုက်တဲ့ အချက်တွေကို http://lifehacker.com/…/top-10-things-every-budding-foodie-… ကြည့်နိုင်ပါတယ်။ မြန်မာဟင်း၊ တရုတ်ဟင်း စတဲ့ ဟင်းအမျိုးမျိုးအတွက် www.wutyeefoodhouse၊ ဖေ့စ်ဘုတ်ပေါ်မှာ
https://m.facebook.com/KaeKaeFoodPalace?_rdr တို့ဟာ ထင်ရှားပြီး အနောက်တိုင်းဟင်းတွေအတွက်http://lifehacker.com/…/10%252B-dishes-and-drinks-everyone-… မှာ ကြည့်နိုင်ပါတယ်။ ဖေ့စ်ဘုတ်ပေါ်မှာလည်း မြန်မာဟင်းချက်နည်းတွေ အများအပြားရှာတွေ့နိုင်ပါတယ်။

၉. ဘာသာစကားအသစ်ကို လေ့လာတာ
လူတွေကို ဘာကို လေ့လာချင်သလဲလို့ မေးတဲ့အခါ အင်္ဂင်္လိပ်စကားအပါအဝင် ဘာသာစကားတစ်ခုကို လေ့လာဖို့ လူတော်တော်များများက စိတ်အဝင်စားဆုံးဖြစ်နေပါတယ်။ တချို့က သင်တန်းသာ တက်တယ်၊ သင်တန်းပြီးတော့ ဘာမှ မကျန်ခဲ့ဘူးဆိုပြီး ပြောတတ်ပါတယ်။ ဘယ်စကါးကို လေ့လာတာဖြစ်ဖြစ် ဘာသာစကားလေ့လာရာမှာ နည်းစနစ်တော့ ရှိရပါမယ်။ အဲသည်နည်းစနစ်ကိုhttp://lifehacker.com/…/i-learned-to-speak-four-languages-i… မှာ ကြည့်နိုင်ပါတယ်။ ဒါဆို သင်တန်းပဲ တက်တက်၊ အပြင်ကပဲ လေ့လာလေ့လာ ထိရောက်ပါပြီ။ တစ်ခုရှိတာက ဘာသာစကားဆိုတာ ပြောနေမှ ထွက်တာဖြစ်လို့ အမြဲသုံးနေဖို့တော့ လိုပါတယ်။

၁၀. ဝက်ဘ်ဆိုက်ဆွဲတာ၊ အက်ပ်ရေးတာ၊ ပရိုဂရမ်ရေးတာ
ကုတ်ဒ်ရေးတတ်အောင် သင်ယူတာဟာ ဝက်ဘ်ဆိုက်ဆွဲဖို့၊ အက်ပ်ရေးဖို့ရဲ့ အခြေခံဖြစ်ပါတယ်။ Beginner တွေအတွက် learn ___ the hard way ဆိုတဲ့ စကားစုကိုသုံးပြီး ရှာဖွေတာ အကောင်းဆုံးပါပဲ။ ကွက်လပ်မှာ ကိုယ်လေ့လာချင်တဲ့ code ကို ထည့်ပေါ့။ ဥပမာ python ကို လေ့လာချင်ရင် learn python the hard way လို့ရှာနိုင်ပါတယ်။
တကယ်လို့ အပြန်အလှန်တုံ့ပြန်နိုင်တဲ့ ဆိုက်ကိုမှ ကြိုက်ရင် www.codecademy.com မှာ အခမဲ့ လေ့လာနိုင်ပါတယ်။ Coding ကို ဒီအတိုင်း လေ့လာရင် ပျင်းစရာကောင်းတာမို့ ပရောဂျက်တစ်ခုလုပ်ပြီး လေ့လာဖို့လည်း အကြံပြုပါရစေ။
ဒါကတော့ သင်တန်းမတက်ဘဲ အွန်လိုင်းကနေ တတ်မြောက်နိုင်တဲ့ အဆင့်မြင့်ကျွမ်းကျင်မှု ၁၀ မျိုးပါပဲ။ အွန်လိုင်းဆိုတာ ဂိမ်းဆော့ဖို့၊ ဖေ့စ်ဘုတ်သုံးဖို့၊ ချက်ဖို့ပဲ အသုံးဝင်တာမဟုတ်ကြောင်း တဖြည်းဖြည်း မြင့်တက်လာတဲ့ ကိုယ့်အရည်အသွေးတွေက သက်သေပြပါလိမ့်မယ်။


စုပြည့်စုံ
Ref. Lifehacker


မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ



Wednesday, September 23, 2015



မြန်မာနိုင်ငံတွင် စမတ်ဖုန်း သုံးစွဲသည့် အရေအတွက်မှာ နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းကျော် ရှိလာပြီးနောက် ယခုတစ်ပတ် ပြည်တွင်း မိုဘိုင်းဖုန်း ဈေးကွက်တွင် Samsung  အမှတ်တံဆိပ် မိုဘိုင်း ထုတ်ကုန်များက ထိပ်ဆုံး၌ ရပ်တည်လျက် ရှိကြောင်း ရန်ကုန် အခြေစိုက် မိုဘိုင်းဖုန်းဈေးကွက်မှ စုံစမ်းသိရသည်။
ပြည်တွင်းစမတ်ဖုန်း ဈေးကွက်တွင် Samsung အမှတ်တံဆိပ်၏ Galaxy Note 5,  Galaxy  S6 နှင့် A8 မော်ဒယ်များ ဝင်ရောက် လာပြီး ရက်သတ္တပတ် အနည်းငယ် အတွင်း၌ Huawei အမှတ်တံဆိပ်၏ ရှေ့သို့ရောက်ရှိလာခြင်း ဖြစ်ကြောင်း မိုဘိုင်းဖုန်း ဈေးကွက် စောင့်ကြည့် လေ့လာသူများက သုံးသပ် ပြောကြားကြသည်။

“ Samsung နဲ့ Huawei ကတော့ ရောင်းအားအကောင်းဆုံးပါပဲ။ ထုတ်ကုန်အသစ် တစ်ခု ထွက်တိုင်း ဈေးကွက် အပြောင်း အလဲ ဖြစ်တဲ့သဘောပါ။ လက်ရှိ မှာတေ့ Samsung ကို စိတ်ဝင်စားမှု ပိုများနေတာလို့ ပြောလို့ရ တယ်” ဟု လူကြီးမင်းမိုဘိုင်းမှ ကိုဝင်းမင်းက ပြောသည်။
ယခုလက်ရှိ တောင်ကိုရီးယားနိုင်ငံထုတ် Samsung အမှတ်တံဆိပ်နှင့် တရုတ်နိုင်ငံထုတ် Huawei အမှတ်တံဆိပ်နှစ်ခုက ပြည်တွင်းဈေးကွက်အတွင်း အလှည့်ကျ ဦးဆောင်းနေခြင်းဖြစ်ပြီး ပြီးခဲ့သည့်လ အနည်းငယ်ခန့်အထိ Huawei မိုဘိုင်းဖုန်းများသည် ဈေးကွက်အတွင်း ရောင်းအား အကောင်းဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
“Huawei နဲ့ Samsung က ဈေးကွက်မှာ အလှည့်ကျရှေ့ဆုံး ရောက်နေတယ်လို့ ပြောလို့ရ ပါတယ်။ သူ့ပရိသတ်နဲ့သူတော့ ရှိပါတယ်။ အခုလောလောဆယ် မှာတော့ Samsung  ကို လူသုံး ပိုများလာတာ တွေ့နေရတယ်”ဟု မန္တလေး Mobile Mother မိုဘိုင်းဆိုင်မှ  တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြည်တွင်းစမတ်ဖုန်း အသုံး ပြုသူဦးရေ မြင့်တက်လာနေသည်နှင့် အမျှ နိုင်ငံ၏ စမတ်ဖုန်း ဈေးကွက်သည်လည်း ပိုမိုကျယ်ပြန့် လာနေခြင်းဖြစ်ပြီး လူတန်းစားမရွေး ကိုင်ဆောင်နိုင်သော Huawei အမှတ်တံဆိပ်က  ဈေးကွက် အတွင်း နှစ်စဉ်ထိပ်ဆုံးမှ ရပ်တည်နေခြင်းဖြစ်ကြောင်း သိရသည်။
“အခု အချိန်ထိတော့ Samsung တံဆိပ်တစ်မျိုးတည်းပဲ သုံးဖြစ်တယ်။ အိမ်က လူကြီးတွေကျတော့ Huawei ကိုပဲ ဆက်တိုက် သုံးကြတယ်။ ကျွန်မတို့ မိသားစုထဲမှာတော့ ဒီအမှတ်တံဆိပ်နှစ်မျိုးကိုပဲ အမြဲတမ်းသုံးဖြစ်နေတယ်” ဟု စမတ်ဖုန်း ကိုင်ဆောင် အသုံးပြုသူ ကုမ္ပဏီဝန်ထမ်း မချိုဝေနွယ်က ဆိုသည်။
မိုဘိုင်းဖုန်း ဈေးကွက် အ တွင်း၌ Android OS Platform အမျိုးအစားမိုဘိုင်းဖုန်းများကို ပိုမို သုံးစွဲနေကြခြင်းဖြစ်ပြီး iOS  Platform ဖြစ်သည့် Apple တံဆိပ် iPhone အမျိုးအစားများသည်လည်း ယခုနှစ်အတွင်း အသုံးပြုသူ ပိုမို မြင့်တက်လာနေကြောင်း သိရသည်။

internet Journal


အဆင်ပြေပါစေ

မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ



Wednesday, September 2, 2015


အခုအချိန်အခါက မိုးရာသီရောက်ရှိလာပြီဖြစ်ပါသဖြင့် Phone အသုံးပြုသူတွေသတိထားပြီး အသုံးပြုရမဲ့အချိန်အခါ
တစ်ခုလဲဖြစ်ပါတယ်။ ဒါကြောင့် ကျတော့်အနေနဲ့ ရှောင်ရှားသင့်တာလေးကို အကြံပြုပေးလိုက်ချင်ပါတယ်။
မိုးရွာနေတဲ့အချိန်မှမပာုတ်ပါဘူး လူတိုင်းပာာ အခုခေတ်ကြီးမှာအိမ်မှာရှိကြရတာနည်းပါတယ်။ အလုပ်ကိစ္စ ဒါမှမပာုတ် အကြောင်းကိစ္စ
တစ်ခုမပာုတ်တစ်ခုနဲ့ အပြင်ထွက်နေကြရတာများပါတယ်။ အဲလိုအပြင်ထွက်နေရတဲ့အချိန် မိုးရွာလာပြီဆိုရင် ကျတော်တို့ကိုင်ဆောင်လာတဲ့
Phone ကို သေချာဂရုစိုက်ဖို့ဆိုတာ လိုအပ်လာပါပြီ။ ဒီလိုအချိန်မှာ ဘာမှထည့်စရာမပါလာရင်တော့ အရင်ဆုံးနီးစပ်တာရေ၀င်နိုင်တာပါပဲ။
ဒါကြောင့် သင်္ကြတွင်းမှာအသုံးပြုတဲ့ ရေလုံအိပ်လေးဆောင်ထားစေချင်ပါတယ်။ နောက်တစ်ခုကတော့ ဖုန်းပြောတဲ့အချိန်မှာသတိထားသင့်
တာလေးပါ။ ဖုန်းပြောတဲ့အချိန် လူတိုင်းပာာဖုန်းလာတာနဲ့ အလွယ်တကူထုတ်ပြီးပြောလိုက်တက်ကြပါတယ်။ မိုးရွာနေတဲ့အချိန်ဆို
ဖုန်းပြောတဲ့အခါဆိုရင် အမိုးအောက်မှာဝင်ပြောစေချင်ပါတယ်။ မိုးကြိုးစက်ကွင်းနဲ့မလွတ်ကင်းတဲ့အချိန်ဆိုရင် အန္တရာယ်ရှိနိုင်ပါတယ်။
သီချင်းနားထောင်တာလဲ ရှောင်ရှားသင့်ပါတယ်။ လျှပ်စစ်သံလိုက်စက်ကွင်းနဲ့မလွတ်ကင်းတဲ့အချိန်တွေမှာဆို ဖုန်းကိုလာရောက်ပြီး
အန္တရာယ်ရှိနိုင်ပါတယ်။ လူပါအန္တရာယ်ဖြစ်စေပါတယ်။ မိုးရွာနေတဲ့အချိန်တွေမှာဆို ဖုန်းကိုလိုတာထက်ပိုပြီး အသုံးပြုတာမျိုးကိုရျောင်ရှားသင့်ပါတယ်။
နောက်ထပ်အသိပေးချင်တာကတော့ ဖုန်းအားသွင်းတဲ့အချိန်ပါပဲ … ဘာကြောင့်လဲဆိုရင် မိုးရွာနေတဲ့အခါ မီးကလဲစိတ်မချရပါဘူး
ခဏခဏပျက်သွားတက်သလို ခဏခဏပြန်ပြန်လာလိုက်နဲ့ မီးအားအတက်အကျကိုလဲသတိထားရမဲ့အချိန်ပါ။ မီးအားအတက်အကျနဲ့
ညှိသွားခဲ့ရင် ပါဝါပိုင်းကိုဒုက္ခဖြစ်စေပါတယ်။ နောက်ဆုံးပြန်ပြင်လို့မရနိုင်တဲ့အခြေအနေကို ရောက်သွားနိုင်ပါတယ်။
ဒါကြောင့် ဖုန်းကိုမိုးရွာနေတဲ့အချိန်တွေမှာဆို အထက်ပါအတိုင်းသတိထားအသုံးပြုသင့်တယ်ဆိုတာလေး ကျတော်သိသလောက်
အကြံပြုပေးလိုက်ပါတယ် ခင်ဗျာ။

မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ


Friday, August 28, 2015



ကမ္ဘာပေါ်တွင် ကျောက်မျက် ရတနာ အမျိုးပေါင်း ၁၂၀ ကျော် ရှိသည့်အနက် စိန် သည် အဖိုး အထိုက်တန် ဆုံးသော ရတနာ တစ်မျိုးဖြစ်၏။ 

စိန် သည် လူတို့၏ လက်ဝတ်ရတနာ တန်ဆာများ အတွက်သာမက စက်မှုလုပ်ငန်း များတွင်လည်း အရေးပါ သည့် ပစ္စည်းတစ်မျိုးဖြစ်သည်။ မာခြင်း အဆင့် အမြင့်ဆုံးဖြစ်သည်။ အဆင့် ၁၀ ၌ ရှိသဖြင့် မာခြင်းအဆင့် အမြင့် ဆုံးဖြစ်ပြီး စိန် ကို ကျောက်မျက်ရတနာ များ၏ ဘုရင် ဟု ခေါ်စမှတ်ပြုကြသည်။

ထူးခြားသည့် တောက်ပ လင်းလက်မှု
============================

လက်ကိုင် အိတ်ဆောင် မှန်ဘီလူး (10x lens)နှင့် စိန် ကိုကြည့်လျှင် စိန် ၏ ပင်ကိုယ် အလင်းရောင်ဖြင့် တဖိတ် ဖိတ်တောက်ပနေသည် ဟု ထင်မှတ်ရသည်။ သို့ရာတွင် စင်စစ် ထို အလင်းရောင်သည် စိန် ၏ ပင်ကိုယ် အလင်းရောင် မဟုတ်ပေ။ 

အလင်းရောင်သည် ရေ၊ ဖန်ထည် ပစ္စည်း စသည်တို့တွင် ဖြတ်သန်း သွားသောအခါ မူလ လမ်းကြောင်းမှ အနည်းငယ် ယိမ်းယိုင် သွားတတ်သည်။ အလင်းရောင် သည် စိန် ကိုဖြတ်သွားသော အခါတွင်မူ ပိုမိုယိမ်း ယိုင်သွားလေ့ ရှိသည်။ 

ထို့ကြောင့် အကွက်ဖော် ထားသော စိန် ၏ မျက်နှာပြင်ပေါ်သို့ သက်ရောက်လာသည့် အခါ အလင်းရောင် သည် အပြင်ဘက် သို့ တစ်မဟုတ်ချင်း ထွက် မသွားဘဲ အတွင်းသို့ ရိုက်ဟပ် သွားသည်။

တစ်ဖန် ထို အလင်းရောင်သည် စိန် ၏ အတွင်း၌ပင် အဆင့်ဆင့် အနည်းငယ်စီ ယိမ်းယိုင် သွားပြီး နောက် ဆုံး မှသာ အပြင် သို့ ထွက်သွားသည်။ စိန် ကို အလင်းရောင်အောက်တွင် ထုတ်ထားသော အခါ စိန် အတွင်း ၌ အလင်းရောင် ခိုအောင်းလေ့ ရှိရာ ထိုသို့ ခိုအောင်းနေသည့် အလင်းရောင် က ပင်လျှင် စိန် ကို အရောင် တဖိတ်ဖိတ် တောက်ပစေသည်။ 


ထိုသို့ အရောင် တဖိတ်ဖိတ် တောက်ပလျက်ရှိသော စိန် သည် ဓာတ်သဘော အလို အားဖြင့် ကာဗွန် (Carbon) မျှသာ ဖြစ်သည်။



 ရှေးပဝေသဏီ အချိန်က ကမ္ဘာမြေ အတွင်း၌ ရှိသည့် ကာဗွန် သည် အပူရှိန် ကြီးမားခြင်းကြောင့် အရည် ဘ၀ တွင် တည်နေခဲ့၏။ ထိုသို့ တည်ရှိနေစဉ် အထက် မှ အလွန်ကြီးမားသော ဖိအား သက်ရောက် လာ မှုကြောင့် မည်းနေသော ကာဗွန် ဘ၀ မှ အဖိုးတန်သော စိန် ဘ၀သို့ ပြောင်းလာခဲ့သည်။

လူတို့ လက်လှမ်း မီရာသို့ စိန် ရောက်ရှိလာပုံ
=================================

သိပ္ပံပညာရှင် တို့က စိန် သည် ကမ္ဘာ့ မျက်နှာပြင်အောက် မိုင် ၈၀ မှ ၁၂၅ မိုင်ခန့် နက်သော မြေလွှာများ အကြား ၌ စတင်ပေါ်ခဲ့၍ သာ ထို အရပ်ရှိ ပြင်းထန်သော ဖိအားနှင့် အပူရှိန် တို့ကြောင့် ထိုမျှ မာကျောနေ ရခြင်းဖြစ်သည်ဟု ကောက်ချက် ချကြသည်။ 






သို့သော် နက်ရှိုင်း လှစွာသော အရပ် ၌ မွေးဖွား ခဲ့သော စိန် တို့သည် လူတို့ လက်လှမ်း မီသော အနက်သို့ မည်သို့ မည်ပုံ တက်ရောက် လာကြသည်ကို အစ ပထမ နားမလည်ခဲ့ ကြချေ။ မကြာသေးမီ ကမှ အမေရိကန် သိပ္ပံ ပညာရှင် တစ်ဦး ၏ သုတေသနပြုချက် အရ စိန် တို့ မြေလွှာ အပေါ်ပိုင်း သို့ တက်လာပုံ ကို ခန့်မှန်း ခဲ့ကြသည်။

သူ ၏ အလိုအရ စိန် တို့သည် အစိတ်စိတ် ကွဲအက်နေသော ကမ္ဘာ့မြေလွှာ များ၏ လှုပ်ရှား မှုကြောင့် ကမ္ဘာ့ အတွင်းပိုင်း ရှိ ရေ၊ ဓာတ်ငွေ့များနှင့် အတူရောကာ မြေလွှာများ အကြားမှ တဖြည်းဖြည်း တက်လာခဲ့ကြ သည် ။ ပြင်းထန်သော ဖိအားဖြင့် အဖိ ခံနေခဲ့ကြရသော ရေပူနှင့် ဓာတ်ငွေ့တို့သည် အပေါ်ပိုင်း သို့ ရောက် လာ သည်နှင့် အမျှ အဖိ ခံနေရမှု တဖြည်းဖြည်း လျော့နည်း လာသောအခါ အပူလွန်ရေ ဘ၀ မှ ရေငွေ့ဘ၀ သို့ ပြောင်းလဲလာခဲ့ကြသည်။ 




 နောက်ဆုံး မြေပြင်ပေါ်သို့ အရောက် တွင် ရေပူ ပန်းကြီးများ ပမာ ပန်းထွက် ကြရာ မြေပြင် ၌ တွင်းကြီးဖြစ်၍ ကျန်ခဲ့သည်။ လေထဲ သို့ ပန်းထွက်နေသော စိန် ပါဝင်သည့် မြေသားကျောက်သား တို့သည် ရေပန်းပြီး အရှိန်သေသွားသော အခါ မြေပြင်ပေါ်သို့ တဖြည်းဖြည်း ပြန်ကျ၍ တွင်းကြီး သည် လည်း မြေစာ များဖြင့် ပြန် ပိတ် မိသွား၏။ ဤနည်းဖြင့် စိန် သည် လူတို့ လက်လှမ်း မီသော အရပ်သို့ ရောက်ရှိလာကြခြင်းဖြစ်သည်ဟု ယူဆကြလေသည်။

စိန်နှင့် အတူ ယှဉ်တွဲ တွေ့ရှိရသော ကျောက်တုံး တို့သည် အခြားကျောက်တုံးတို့ ကဲ့သို့ မဟုတ်ဘဲ လုံးဝန်း ညီညာနေရခြင်း မှာ ကမ္ဘာ့ အတွင်းပိုင်း မှ ပန်းထွက် လာစဉ်က တွင်း ၏ ဘေးပတ်လည် မြေသားများနှင့် အခါခါ ပွတ်တိုက် မိခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ယူဆကြသည်။



အချို့စိန်တုံး များတွင် အဏုကြည့် မှန်ဘီလူးဖြင့်သာ မြင်နိုင်သော ရေမှုန် များ၊ မီသိန်း ဓာတ်ငွေ့၊ အီသိုင်း အယ်လ် ကိုဟော စသည့် ဓာတ်ငွေ့များ ရော၍ ပါနေတတ်သည် ကို ကြည့်ခြင်းအားဖြင့် ယင်းဓာတ်ငွေ့များ သည့် စိန်ဖြစ်ပေါ်ရာ ကမ္ဘာ့ အတွင်းပိုင်း မိုင် ၈၀ မှ ၁၂၅ မိုင် အနက် ခန့်၌ ရှိသည်ဟု ယုံကြည်ရလေသည်။

စိန် ထွက်ရှိသော နိုင်ငံများ
====================




စိန် ကို မည်သည့်နှစ် က စတင်တွေ့ရှိသည် ဟု တိတိ ကျကျ မည်သူမျှ မခန့်မှန်းနိုင်သော်လည်း စတင်တွေ့ရှိ သုံးစွဲ ခဲ့သော နေရာ မှာ အိန္ဒိယပြည်၊ ရိုလ်ကွန်ဒါ အရပ် ၌ဖြစ်ပြီး အချိန်မှာ ခရစ်တော် မပေါ်မီ နှစ်ပေါင်း ၈၀၀ ခန့် က ဟု ယူဆရပေသည်။

၁၈ ရာစု ၌ အိန္ဒိယပြည် မှ စိန်တွင်းကြီး များ ကုန်ခမ်းခဲ့ပြီးနောက် စိန် ကို ဘရာဇီးနိုင်ငံ တွင် တွေ့ရှိခဲ့သည်။ သို့သော် ထို တွင်းများမှာ လည်း မကြာမီ ကုန်ခမ်း သွားခဲ့၏။ ယခု အခါ ကမ္ဘာပေါ်တွင် ရလျက် ရှိသော စိန် တို့ အနက် ရာခိုင်နှုန်း (၉၀) မှာ အာဖရိက တိုက် တောင်ပိုင်း မှ ဖြစ်သည်။

ထိုဒေသ တွင် စိန်တွင်း များ တွေ့ရှိပုံနှင့် စပ်လျဉ်း ၍ စိတ်ဝင်စား ဖွယ်ရာ ဖြစ်ရပ်များ ရှိလေသည်။ ၁၈၆၇- ခုနှစ် ခန့်က သြရိန်း (Orange)မြစ်တစ်နေရာ ရှိ ဗိုးဝါး လူမျိုး ကလေး တစ်စု ကစားနေကြစဉ် ကမ်းပေါ်မှ အလွန်လေး ၍ ကျောက်ချဉ်နှင့် သဏ္ဌာာန် တူသည့် ကျောက်တစ်လုံး ကို တွေ့ရှိကြ၏။ 



ထိုကျောက် မှာ အခြားကျောက်စရစ် များထက် ကြီး ၍ အရောင်လည်းတောက်ပသောကြောင့် ထို ကလေး တစ်စု သည် ထိုကျောက် ကို မိမိတို့ မိခင် ထံသို့ ယူဆောင်ကာ ပြသကြသည်။ မိခင်ဖြစ်သူ က အိမ်နီးနား ချင်းဖြစ်သူ ဗန်နီကပ် ဆိုသူကို တစ်ဆင့်ပြ၍ ထိုသူက ကုန်သည် တစ်ဦးအား ရောင်းခိုင်းရာ ပေါင် ၅၀၀ ရရှိခဲ့၏။

၂-နှစ် ခန့်ကြာသော အခါ သိုးကျောင်းသား တစ်ဦး ထံ၌ ထူးခြားစွာ အရောင် လက်လျက် ရှိသော ကျောက် တစ်လုံး ရှိကြောင်း ကြားသိရ သဖြင့် ဗန်နီကပ် သည် ထိုသူ ထံသို့ သွားရောက်ခဲ့ ၏။ နောက်ဆုံး ၌ သူသည် ထိုကျောက် ကို သိုး ၅၀၀၊ ကျွဲနွား ၁၀ ကောင်နှင့် မြင်း တစ်ကောင်ပေး၍ ၀ယ်ခဲ့ပြီး လျှင် ကုန်သည် တစ်ဦး အား ရောင်းရာ ပေါင်(၁၁၀၀၀) ရရှိ ခဲ့သည်။ ထို စိန်မှာ အရိုင်း ဘ၀တွင် (၈၃.၅) ရတီ ရှိ၏။ ထို့နောက် တွင် ဒပ်ဒလီ (Dudley) ဟူသော အမည်ဖြင့် ထင်ရှားလာ၏။

ဤ သတင်းများကြောင့် ကမ္ဘာ အရပ်ရပ် မှ လူ တို့သည် စိန်ဖြင့် စီးပွားရှာ ရန် စိတ်ဝင်စား လာကြပြီးလျှင် အာဖရိကတိုက် သို့ လာရောက် ၍ စိန်တွင်းများ ကို ရှာဖွေကြ၏။ ထိုအချိန် မှ စ၍ တောင်အာဖရိက စိန်တွင်း များသည် ယနေ့တိုင် ကမ္ဘာကျော်နေပေသည်။

စိန် အသုံးဝင်မှု
==========

လူ တို့သည် စိန် ကို ကျောက်မျက် ရတနာ အဖြစ် အသုံးပြုကြသည် သာမက အလွန် မာကျောသောကြောင့် စက်မှုလုပ်ငန်းများတွင် ပါ အသုံးပြုလာကြသည်။ စိန် ကို ဖန်၊ မှန်၊ ကြွေထည် များကို ဖြတ်တောက် ရာတွင် လည်းကောင်း၊ သွားပေါက် ဖာရာတွင် အသုံးပြုသည့် စက် များတွင်လည်းကောင်း၊ နာရီ အတွင်းရှိ ဘယ်ရင် များတွင် လည်းကောင်း၊ ရေနံတွင်း များ တူးသည့် အခါ လွန်သွား အဖြစ်လည်းကောင်း၊ အရောင် တင်ရာတွင် လည်ကောင်း အသုံးပြုကြသည်။



ထို့ပြင် စိန် ကို အခြားသော နေရာ အများအပြား၌ လည်း အကျိုးရှိစွာ အသုံးချနေသည်။ သောကြာဂြိုဟ် (Venus) ကို စူးစမ်း ရာ၌ ကမ္ဘာပေါ်တွင် ထက် အဆ တစ်ရာ များသော ဖိအားနှင့် ၉၂၀ ဖာရင်ဟိုက် ဒီဂရီမျှ ရှိသော အပူဒဏ် ကို ခံနိုင်ရန် အတွက် အာကာသယာဉ် ၏ ပြတင်းပေါက် ကို စိန်ဖြင့် ပြုလုပ်ခဲ့ရသည်။ 

ခွဲစိတ် ကိရိယာ များကို စိန်ဖြင့်ပြုလုပ် ပါက အသားမျှင်များ အား လိုသည်ထက် ပို၍ မပေါက်ပြဲစေခြင်း ၊ နှုတ် ခမ်း သားများ မှာ ဖွာလန်ကြဲ မနေဘဲ တိတိ ရိရိ ရှိခြင်းတို့ကြောင့် မျက်လုံး အတွင်း တိမ် ကို ခွဲရာတွင် စိန် ထိပ်ဖူး တပ် ခွဲစိတ် ကိရိယာ များကို သုံးကြသည်။




စိန် ၏ အခြား သတ္တိထူး တစ်မျိုးမှာ အပူဓာတ် တို့ကို ကောင်းစွာ စုပ်ယူနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် ကြယ် များ ၏ အပူချိန် ကို တိုင်းတာရာ ၌ စိန် ကို အသုံးချရသည်။ စိန်ပြတင်းပေါက် တပ်ထားသော နက္ခတ်ကြည့် မှန်ပြောင်း ကို လေယာဉ်ဖြင့် သယ်ဆောင်ပြီး အမြင့်ပိုင်း သို့ ရောက်သော အခါ ကြယ် အလင်းရောင်ကို မှန်ပြောင်း အတွင်း ရှိ စိန်ပြတင်းပေါက် ကို ဖြတ်သန်းစေရမည်။ 

ကြယ် အလင်းရောင် ၏ အပူဓာတ် မှာ အလွန်တရာ မှ အားလျော့လှသော်လည်း ယင်း အပူဓာတ် ကိုပင် စိန် က စုပ်ယူကာ အပူချိန် တိုင်းတာရေး ကိရိယာ သို့ ပို့လွှတ်ပေးခြင်းဖြင့် ကြယ် တို့ကို လေ့လာကြသည်။
ထို့ပြင် လေယာဉ်ပြေးလမ်း များ ချောမွတ်နေပါက လေယာဉ် ဘီးချော် ပျက်စီးနိုင် သဖြင့် လမ်း တစ်လျှောက် မြောင်း ငယ် များဖော်ပေးသော ကိရိယာ များ၌ မာကျောသော သတ္တိ ပိုင်ရှင် စိန် ကို မသုံးလျှင် မဖြစ်ချေ။

အရည်အသွေး ကို တိုင်းတာပုံ
======================




စိန် ၏ အရည်အသွေး ကို အင်္ဂလိပ် အက္ခရာ ဖြစ်သော စီ(C)လေးလုံးဖြင့် မှတ်သားကြသည်။ ၄င်းတို့မှာ
၁ ။ အရောင် (Colour)
၂။ ကာရက်ချိန် (Caret weight)
၃။ သန့်စင်မှု (Clarity)
၎။ သွေးကွက် (Cut) တို့ဖြစ်ကြသည်။




စိန် ၏ အရောင်များ ခွဲခြားပုံ
================




စိန် ၏ အရည် အသွေး ကို တိုင်းတာသည့် စံနှုံးများ အနက် အချက် တစ်ချက်ဖြစ်သည့် အရောင်ကို ဦးစွာ ရှင်း လို ပါသည်။ စိန် ၏ အရောင်ကို အင်္ဂလိပ် အက္ခင်္ရာ များဖြင့် သတ်မှတ်ကြပြီး အင်္က္ခရာ ဒီ (D) မှ ဇတ် (Z) အထိဖြစ် ပါသည်။


အဆင့် ဒီ (D)ဖြစ်သည့် အရောင် မှာ အရောင်မဲ့ဖြစ်ပြီး အဆင့် ဇတ်(Z) မှာ အ၀ါဖြစ်ကာ အလှ ၀တ်ထက် ဖန်စီဝတ် အဖြစ်သာ သုံးစွဲ တတ်ကြသည်။ အရောင် ပါဝင် ရခြင်း မှာ စတင် ဖွဲ့စည်းဖြစ်တည်စဉ် ကတည်း က ကာဗွန်ဒြပ်စင် တွင် အခြားသောဒြပ်များ ရောနှော ပါဝင် လာခဲ့ခြင်းကြောင့်ဖြစ်သည်။



 နိုက်ထရိုဂျင်ဒြပ်စင် အနည်းငယ် ပါဝင်ခဲ့လျှင် အ၀ါရောင် သန်းပြီး၊ ဘိုရွန်ဒြပ်စင် ပါဝင်လျှင် အပြာရောင် သန်း သွားသည်။ ထိုကဲ့သို့ ဒြပ်စင် များသာ မကပဲ အခြား ကျောက် အစိုင်အခဲ လိုက်ပါအောင်း ၀င် ဧည့်ကျောက် အဖြစ် ပါဝင်သည် ကို လဲ ရှားပါးစွာ တွေ့ရတတ်သေးသည်။ အထူး သဖြင့် စိန် အတွင်းတွင် ပါဝင်လေ့ ရှိ သည့် အစိုင်အခဲ မှာ ကျောက်မျက်တန်း မ၀င်သော်လည်း အတန်အသင့် လူကြိုက်များ သည့် ဇာဂွန် (Zircon)ဂေါ်မိတ် ဖြစ်တတ်ပါသည်။

ကာရက်ချိန်
=========

စိန် ၏ တန်ဖိုး ကို သတ်မှတ်ပေးသည့် အခြား အချက်မှာ အလေးစီးချိန် ပင်ဖြစ်သည်။မြန်မာ့ဈေးကွက်တွင် ၄လုံးစီး၊ ၈လုံးစီး အစရှိသဖြင့် နားရည်ဝကြသည်။ အမှန်တွင် ကမ္ဘာ သုံးသော စိန် ၏ အလေး ယူနစ်မှာ ကာရတ် (Caret)ဖြစ်သည်။ ကာရတ်ချိန် များသည်နှင့် အမျှ ဈေးနှုံး မှာလည်း ဆပွားမြင့်တက် သွားလေ့ရှိ သည်။



ဥပမာ အားဖြင့် တစ်ကာရတ် အလေးချိန် ရှိသည့် စိန် တစ်ပွင့်၏ တန်ဖိုးမှာ ဒေါ်လာ တစ်ထောင်ဖြစ်လျှင် ၄င်းနှင့် အရည်အသွေး တူသည့် အလေးချိန် နှစ်ကာရတ် စိန် ၏ တန်ဖိုးမှာ ဒေါ်လာ သုံးထောင်ကျော်သွား ပါသည်။

သန့်စင်မှု
========

စိန် ၏ သန့်စင်မှုပြပုံ
သန့်စင်မှုမှာ လည်း စိန် ၏ဈေးနှုံး ကို သတ်မှတ်သည့် အချက်တွင် အပါအ၀င်ဖြစ်သည်။ အတွင်းနှင့် အပြင် မျက်နှာပြင်များ ပါ အပြစ်အနာ ကင်းပြီး အရည်အသွေး အကောင်းဆုံး စိန်မှာ ရှားပါး လှသည် ဖြစ်ရာ တန်ဖိုး ထားသည်မှာ မဆန်းပေ။ 




စိန် ၏ အတွင်းတွင် အောင်းဝင် သည့် လေပူပေါင်းလေးများ၊ အပ်ဖျား တစ်ထောက်စာ အနာလေးများ၊ အမျှင် တန်းလေးများ အစ ရှိသည့် အချက် များ အပါအ၀င် မျက်နှာပြင် များပေါ်တွင်လည်း မလိုလား အပ်သည့် အနာ အစာ၊ ခြစ်ရာများ အစရှိသည် တို့ကို အသေးစိတ် ရှာဖွေပြီး မှသာ သင့်တော်သည့် တန်ဖိုး ကို သတ်မှတ် ကြခြင်းဖြစ်သည်။ 

ထိုသို့ရှာဖွေ ရာတွင် အသုံးပြုသည့် စမ်းသပ် ကိရိယာမှာ ၁၀ဆ ချဲ့ လက်ကိုင်အိတ်ဆောင် မှန်ဘီလူး (10xLens) (Loap) ဖြစ်သည်။ အကယ် ၍ အဆိုပါ အိတ်ဆောင် မှန်ဘီလူး ငယ်ဖြင့် စစ်ဆေးကာ အပြစ်အနာ ကင်းလျှင် ထို စိန် ကို အပြစ်အနာ ကင်းသောစိန် (Loapcleam သို့မဟုတ် 10xclean) ဟု သတ်မှတ်သည်။ ဓာတ်ခွဲ စမ်းသတ်ခန်း များတွင် မူ ထို အဆင့်မျှ မကပဲ အနုစိတ် မှန်ဘီလူး (Microscope) ဖြင့် အသေးစိတ် စစ်ဆေးပါသည်။

 သွေးကွက်
========

သွေးကွက် မှာလည်း အလွန် အရေးပါသည့် အချက်ဖြစ်သည်။ အရောင်တောက်ပသည့် စိန် အတွက် အတောက်ပ ဆုံးသော အလင်းပြန်မှုမျိုး ကို ရရှိပြီး ဆွဲဆောင်အားကောင်းနိုင်ရန် သွေးကွက် က ထိန်းချုပ် ပုံဖေါ်ပေး သည်။ 



ကမ္ဘာပေါ်တွင် အထင်ရှားဆုံးသွေးကွက် မှာ ဘယ်လ်ဂျီယံသွေးကွက် ခေါ် ဘရီးလီးယမ့်သွေးကွက် (Brilliant cut)ဖြစ်သည်။  ထိုသွေးကွက် အပြင် ရရှိသည့် စိန် အရိုင်းတုံး ၏ အရွယ်နှင့် ပုံသဏ္ဏန် အနေအထား ၊ ဖောက် သည် ၏ အကြိုက် တို့ကို လိုက်၍သွေးဖြတ်ကြပါသေးသည်။ 

 တွေ့ရှိရတတ်သည့် သွေးကွက် ပုံများ မှာ မျက်ရည် စက်ပုံ(pear shape) ၊လှေပုံ (သို့မဟုတ်) ကျစုသီး ပုံ(Boat / marquise shape cut)၊ မင်းသမီးပုံ (စတုရန်းကွက်ပေါ်အခြေခံသည့်ပုံ) (Princess cut)၊ ဘဲဥ ပုံ(Oval shape)၊ အသဲပုံ (Heart shape) အစရှိသည် တို့ဖြစ်ကြသည်။

 မြန်မာ့နည်း အယူအဆ
==================

ကမ္ဘာ တစ်ဝန်း ရှိ ဂမ္ဘီရ ပညာရှင်များ က စိန် သည် ချစ်ခြင်း မေတ္တာ ၏ သင်္ကေတ (symbol of love) ဟု ယူဆ သည်။ ထို့ကြောင့် ချစ်ရသော သူအား ချစ်သက်သေ အဖြစ် စိန် လက်ဝတ်ရတနာ ကို ဝယ်ယူ လက်ဆောင် ပေးပြီး အချစ် ကို ဖော်ကျူး မှတ်ကျောက်တင်၏။ 




လက်ထပ် လက်စွပ် ကို စိန်နှင့် ပြုလုပ်ကာ ဝတ်ဆင်စေ၏။ စိန် သည် symbol of wealth and success ကြွယ်ဝ ချမ်းသာခြင်းနှင့် အောင်မြင်ခြင်း အမှတ် သင်္ကေတ ဟု လည်း ယူဆနိုင်ပြီး ကြွယ်ဝခြင်း ကို ဖော်ပြရန် စိန် ကို ဝတ်၏။ 

 အောင်မြင်သူ တစ်ဦးဖြစ်ကြောင်း ကြွေးကြော် အောင်ပွဲခံသည့် အနေနှင့် စိန် ကို ဆင်းမြန်းပြီး ဂုဏ်ယူသည်။ ထို့ထက်မက စိန် ဟူသော ရတနာ သည် လူသားတို့အား ကျက်သရေ မင်္ဂလာ ထည်ဝါခြင်းနှင့် ကံကောင်းခြင်း ကို သယ်ဆောင်ပေး သည် ဟူ၍ ယူဆကာ အဆောင်ကျောက် အဖြစ်ဝတ်ဆင်ကြကုန်၏။



ကမ္ဘာတစ်ဝန်း ရှိ လူ တို့သည် စိန် ကို ဝတ်ဆင် သုံးစွဲရန် ဝယ်ယူသော အခါ ဇန်နဝါရိလ တွင် အဓိက ဝယ် ယူလေ့ ရှိသည်။ ဤလ တွင် စတင် ပိုင်ဆိုင်သော စိန်သည် မိမိဘဝ အတွက် ထူးခြားသော ကံကောင်းခြင်း၊ လာဘ်ပွင့် ခြင်း၊ အောင်မြင် ချမ်းသာခြင်းနှင့် ထင်ပေါ် ကျော်ကြားခြင်း ဓာတ်များ ခိုအောင်းနေသည်ဟူ၍ ယူဆလေ့ ရှိသည်။ ၎င်း အပြင် ဇန်နဝါရီ လ မွေးသော သူ အားလုံး တို့၏ ရတနာ လက်ဝတ် အဆောင် ကျောက် သည် စိန် ဖြစ်သည်။

ဇန်နဝါရီ (January) ဟူသော လ ၏ အမည်သည် JANUS အမည် ရှိသော အနောက်တိုင်း ဒဏ္ဍာရီ မှ နတ်ဒေဝတာ ၏ အမည် ကို စွဲယူ မှည့်ခေါ်ထားသည်။ JANUS နတ်ဒေဝတာ သည် နှစ်ကာလ တစ်ခုကို စတင် ဖွင့်လှစ်ပေးသူ ဖြစ်သည်။

 

 နှစ်ကာလ တစ်ခု ဖွင့်လှစ်သည့် မုခ်ဦး ကို စောင့်ရှောက်သော တံခါးမှူး ကြီး ဖြစ် သည်။ ဦးခေါင်းနှစ်လုံး မျက်နှာနှစ်ဖက်ရှိပြီး တစ်ခုသော မျက်နှာသည် အတိတ်သို့ မျက်နှာမူကာ တစ်ခုသော မျက်နှာသည် အနာဂါတ် တို့ မျှော်ကြည့် မျက်နှာမူ၏။

အတိတ် ကာလ တွင် ကောင်းခြင်း ပြုခဲ့သော သူသည် အနာဂတ် တွင် ထူးခြားစွာ အောင်မြင်မှု တစ်စုံတစ်ရာ ရစေရန် အကြောင်းရှိသော် JANUS သည် အတိတ်၊ အနာဂတ်ကို မျက်နှာနှစ်ဖက် ခေါင်းနှစ်လုံးနှင့် လေ့ လာပြီး နှစ်ဦး ကာလ ၎င်း ပိုင်ဆိုင်သော လ January တွင် စိန် ရတနာကို ပိုင်ဆိုင် ဝတ်ဆင်၏။ ထို စိန် ကို ပိုင်သူ ကား အနာဂတ် တွင် ဘုန်းကံကြီးခြင်းနှင့် အောင်မြင်ခြင်း ကို ရစေသည် ဟူသော အယူအဆ မှ သက် ဆင်းသည်။

စိန် ကို အကျိုး ရှိရှိ ဝတ်ဆင်ပြီး စိန်ကြောင့် ဖြစ်ပေါ်လာသော ကံကောင်းခြင်း ကို ရစေရန် နည်း စနစ် ကျန သေချာ ရန် လိုအပ်ပါ၏။



မည်သူ မဆို စိန်ကို လက်စွပ် အဖြစ် ဝတ်ဆင်ပါက လက်ခလယ် တွင် သာ ဝတ်ဆင်ရမည်။
 ခြွင်းချက် အဖြစ် လက်ထပ် လက်စွပ် ( wedding ring) ကို လက်သူကြွယ် တွင် ဝတ်ပါ။ 
လက်မ တွင် ဝတ်ပါက နာမည်ပျက် ကံဆိုး ၏။ 
လက်ညှိုးတွင် ဝတ်ပါက ဘေးရန် အန္တရာယ်များ ၍ ကြေကွဲရမည်။ 
လက်ထပ် လက်စွပ် မဟုတ်သော အခြား စိန် လက်စွပ် ကို လက်သူကြွယ် တွင် ဝတ် ပါက မနာလိုသူ၊ ရန်သူပေါများမည်။ စကားတင်း ပြောဆို ခံရတတ်သည်။ 
လက်သန်း တွင် ဝတ်ပါက လာဘ်ပိတ်၊ ငွေမမြဲ၊ လုပ်သမျှ အခက်အခဲကြုံတတ်၏။ လက်ခလယ် တွင် ဝတ် ပါ က အလွန်ကောင်း၏။


 

စိန် ကို တန်းစီ ၍ သော်လည်းကောင်း ဝန်းဝိုင်း ၍ သော်လည်းကောင်း၊ အလုံးရေများစွာ သုံး၍ လက်ဝတ် ရတနာပြုသော် မ ဂဏန်း အရေအတွက် ၁၊ ၃၊ ၅၊ ၇၊ ၉၊ ၁၁၊ ၁၃၊ ၁၅၊ ၁၇…… စသည့် အရေတွက်နှင့် ပြုလုပ် ရမည်။ စုံ ဂဏန်းပြု ပါက ခိုက်တတ်၏။

စိန် ကို မဟူရာနှင့် တွဲ၍ လက်ဝတ် ရတနာ မပြုအပ်။ အခြားသော ရတနာ ကျောက်နှင့် တွဲ၍ ပြုနိုင်၏။ အခြား ရတနာ တွဲပါက အခြားကျောက် ကို အလယ် ထားပြီး စိန်နှင့် ရံခြယ်ကာ ဝတ်ရမည်။ စိန် ကို အလယ် ထားပြိး အခြားကျောက်နှင့် ရံပါက ဝယ်သူ တွင် ခိုက်တတ်သည်။

 

စိန် တွင် ရှိသော သိဒ္ဓိဓာတ် အား ကောင်းစေရန် စိန် ဝတ်ဆင်သော သူသည် စိန် ကို ဆေးကြော သန့်စင်ခြင်းပြု ဖို့ အချိန် (၅) ချိန် ရှိပါသည်။

-ဝတ်ဆင်သူ ၏ မွေးနေ့ နံနက် ၇ နာရီ  မှ ၉ နာရီ အတွင်း
- တနင်္ဂနွေနေ့ နံနက် ၆ နာရီ  မှ ၇း၃၀ နာရီ  အတွင်း
-တနင်္လာနေ့ နံနက် ၇း၃၀ နာရီ မှ ၉ နာရီ အတွင်း
-ဗုဒ္ဓဟူးနေ့ နံနက် ၇ နာရီ မှ ၉ နာရီ  အတွင်း
-သောကြာနေ့ နံနက် ၇း၃၀ နာရီ မှ ၉ နာရီ အတွင်း 


 ဖော်ပြပါ ငါးရက် မှ တစ်နေ့နေ့ သည် လပြည့်နေ့နှင့် တိုက်ဆိုင် ပါက သတ်မှတ် ထားသော အချိန်တွင် စိန် ကို သိဒ္ဓိဖွင့် ရပါမည်။ ဆိုလိုသည် မှာ အင်္ဂါနေ့ မွေးသော သူ တစ်ဦးသည် ပြက္ခဒိန် တွင် အင်္ဂါနေ့နှင့် လပြည့်နေ့ တိုက်ဆိုင်သော နေ့ ၏ နံနက် ၇ နာရီ  မှ ၉ နာရီ  အတွင်း မိမိ ဝတ်ဆင်သော စိန် ကို ဆေးကြော သန့်စင်ခြင်း ပြုရမည်။ 



လပြည့်နေ့ သည် တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့ တို့နှင့် တိုက်ဆိုင် ပါက ၎င်းနေ့ အသီးသီး၏ ပူးတွဲ ဖော်ပြပါ အချိန် အတွင်း သန့်စင်ခြင်း ပြုရမည်။
 

စိန် ကို ဆေးကြော သန့်စင်သော အခါတွင် နွားနို့စိမ်း စစ်စစ်နှင့် (၂၁) ကြိမ်ဆေး ရမည်။ ၎င်းနောက် တရော် ကိုးထုံး၊ ကင်ပွန်း ကိုးဆစ်နှင့် ပြုဆောင် ထားသော ရေ တွင် (၂၁) ကြိမ်ဆေးပါ။ တရော်ကင်ပွန်း မရှိပါက သန့်စင်သော ရေ တွင် အမွှေးနံ့သာ (ရေမွှေး) နှင့်ရော၍ ဆေးကြောရမည်။ 

၎င်းနောက် စိန် ကို ကတ္တီပါ အနီပေါ်တွင် တင်ထားပြီး စိန် ရှေ့တွင် အမွှေးတိုင် သုံးတိုင်ထွန်းပါ။ ထို့နောက်မှ ဝတ်ဆင်ပါ။ စိန် ၏ ထူးခြားသော တန်ခိုး အာနိသင်ကို ထင်ရှားစွာ ရရှိပါလိမ့်မည်။ ဆရာစံ-ဇာဏီဘို ၏ အယူ အဆဖြစ်ပါတယ်။







ဗဟုသုတပေါ့


ကျန်းမာချမ်းသာကြပါစေ


မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ




Smart ဟူသောစကားလုံးကိုမြင်လိုက်သည်နှင့် ပြီးပြည့်စုံခြင်းဟူသော အဓိပ္ပါယ်ဟု ယူဆရမည် ဖြစ်သည်။ ယနေ့ကမ္ဘာကြီးတွင် စမတ်အမျိုးအစား လူသုံးကုန်အီလက်ထရောနစ်ပစ္စည်းများကို အပြိုင်အဆိုင်ထုတ်လုပ် လျက်ရှိရာ နာရီ၊မျက်မှန် အစရှိသည်မှ ယခုအခါ မြို့တော်တစ်ခု၊ နောင်တွင်ကမ္ဘာတစ်ခု (Smart World) အဖြစ် ဆီသို့ပင် ဦးတည်နေပေတော့သည်။
Smart City ဆိုသည်မှာ ၄င်းမြို့တွင်နေထိုင်သော လူများအတွက် ပြည့်စုံကောင်းမွန်သော ဒစ်ဂျစ်တယ်နည်း ပညာများ၊သို့မဟုတ် သတင်းအချက်အလက်နှင့် ဆက်သွယ်မှုနည်းပညာရပ်များ (Information & Communication Technologies-ICT) ကို အသုံးပြုထားသည့် မြို့တော် တစ်ခုဖြစ်ပြီး မြို့နေလူထုအတွက် ထိရောက်မှုရှိပြီး နေထိုင်မှုအဆင်ပြေစေရန် ကုန်ကျစရိတ်နှင့် သဘာဝအရင်းအမြစ်များ ကုန်ဆုံးမှုကို လျှော့ချပေးနိုင်သည့်မြို့တော်ဟု အဓိပ္ပါယ်ဖွင့်ဆိုရမည်ဖြစ်သည်။ အခြားသောအချက်ဖြင့် အဓိပ္ပါယ်ဖွင့်ဆိုရလျှင် နည်းပညာများစွာကို အသုံးပြုကာ ပတ်ဝန်းကျင်မှ အချက်အလက်များကို စုဆောင်းရယူပြီး တစ်ခုတည်းသာရှိသော အချက်အလက်စုစည်းရာဌာန (Single Center) သို့ အလိုအလျောက်ပေးပို့ပြီး ဌာနမှတစ်ဆင့်ခွဲခြမ်းစိတ်ဖြာထားပေသည်။ ထို့ကြောင့် အသုံးပြုလိုသူအနေဖြင့် မိမိ လိုချင်သော မြို့တော်ဆိုင်ရာအချက်အလက်များကို ၄င်းဌာနမှတစ်ဆင့် ရယူအသုံးပြုနိုင်မည်ဖြစ်သည်။
ထို့ကြောင့် Smart City သည် Smart Network များအပေါ်တွင် အခြေခံတည်ဆောက်ရန် လိုအပ်ပြီး ၄င်းတွင် အစိုးရ၀န်ဆောင်မှုများ၊ သယ်ယူပို့ဆောင်ရေးနှင့်ယာဉ်ထိန်းချုပ်ရေးစနစ်များ၊ စွမ်းအင်၊ ကျန်းမာရေးဆိုင်ရာ၊ ရေ နှင့် စွန့်ပစ်ပစ္စည်းထိန်းချုပ်မှုကဏ္ဍ အစရှိသည်တို့ကို ကွန်ရက်နှင့်ချိတ်ဆက်ထားရမည်ဖြစ်သည်။ Smart City တွင် အသုံးပြုသော App များသည် မြို့ပြလူနေမှုစနစ်ကို ကောင်းမွန်စွာထိန်းချုပ်မောင်းနှင် နိုင်ရန် အထောက်အပံ့ပေးနိုင်ရမည် ဖြစ်သလို ရင်ဆိုင်တွေ့ကြုံရမည့် အကျပ်အတည်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းနိုင်စွမ်းရှိရမည်ဖြစ်သည်။ Smart City တွင် အသုံးပြုနိုင်ရန် နည်းပညာ အမျိုးအစားပေါင်းများစွာကို ထည့်သွင်းစဉ်းစားထားရသောကြောင့် မည်သည့်နည်းပညာ များပါဝင်လျှင် Smart City အဖြစ်သက်မှတ်နိုင်သည်ဟု အတိအကျပြောဆိုနိုင်ရန်မှာ အဓိပ္ပါယ် ခက်ခဲလှပေသည်။
Smart City နှင့်ပတ်သက်၍ ပါဝင်ရမည့်အချက်များတွင် အဖွဲ့အစည်းများနှင့် မြို့သူမြို့သားများအကြားတွင် အီလက်ထရောနစ်နှင့် ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ စနစ်များကို ကျယ်ပြန့်စွာ အသုံးပြုနိုင်ခြင်း၊ အလုပ်အကိုင် ပတ်ဝန်းကျင်နှင့် နေထိုင်မှုကဏ္ဍများတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်မှုနည်းပညာများကို အသုံးပြုခြင်း၊ အစိုးရ အဖွဲ့အစည်းများတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်မှုနည်းစနစ်များ တည်ရှိခြင်း၊ သတင်းအချက်အလက်နှင့် ဆက်သွယ်မှုနည်းပညာ ပြောင်းလဲခြင်းဆိုင်ရာ အချက်များကို နေထိုင်သူများအနေဖြင့် မိမိသိရှိလိုသလောက် ရယူနိုင်ခြင်း အစရှိသည့် အချက်များနှင့် ပြည့်စုံရမည်ဖြစ်ပေသည်။
Smart Cities များအနေဖြင့် ဆက်သွယ်မှုစနစ်များထောက်ပံ့ခြင်း၊ဖြေရှင်းခြင်းများကို အများနှင့်စပ်ဆက် ၍ဖြစ်စေ၊သီးသန့် ဖြစ်စေ ၀န်ဆောင်မှုပေးခြင်းဆိုင်ရာနှင့် ပတ်သက်သော အကျိုးကျေးဇူးအခွင့်အလမ်းများကို ပေးစွမ်းနိုင်ရ မည်ဖြစ်ပြီး ၄င်းတွင် အောက်ပါအချက်များပါဝင်မှုရှိပေသည်။
Broadband မြို့တော်၏အင်တာနက်စနစ်အနေဖြင့် ကြိုး၊သို့မဟုတ် ကြိုးမဲ့အင်တာနက်ကွန်ရက်စနစ်ဖြင့် ဆက်သွယ်မှုစွမ်း ရည်ကို မြင့်မားအောင် ထောက်ပံနိုင်ရန် ဆက်သွယ်မှုဆိုင်ရာ အခြေခံအဆောက်အဦများကို တည်ဆောက်ထား ရှိရမည်ဖြစ်သည်။ ၄င်းအချက်သည် အစိုးရအဖွဲ့အချင်းချင်း၊ အစိုးရမှ နိုင်ငံသား၊ အစိုးရမှ စီးပွားရေးဆိုင်ရာများ၊ စီးပွားရေးဆိုင်ရာများမှ ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်နိုင်မည့် အခြေခံအချက်ပင်ဖြစ်သည်။
Investment Smart City များတွင် မြို့တော်ဆိုင်ရာနှင့် ပတ်သက်ပြီး ဘက်စုံထိန်းချုပ်ခြင်းများ ပြုလုပ်နိုင်ရန် အစိုးရ၏အချက်အလက်သိုမှီးရာဌာနနှင့် အချက်အလက်စုစည်းရာဌာနများတွင် အချက်အလက်များကို ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ထားရမည်ဖြစ်သည်။ ထိုသို့အချက် အလက်များကို စုပေါင်းထားရှိပြီး ပွင့်လင်းမြင်သာမှုရှိစွာဖြင့် လွတ်လပ်စွာယူငင်အသုံးပြုနိုင်ခြင်းသည် မြို့နှင့်မြို့နေ လူထုအတွက် အကျိုးကျေးဇူးများစွာကို ရရှိနိုင်မည်ဖြစ်သည်။
Optimization အဆောက်အဦများ၊ ပြည်သူများနားနေရန်နေရာများ၊ လမ်းများ၊ ယာဉ်ကြောကျပ်တည်းမှုဖြေရှင်းခြင်းများ၊ ကားရပ်နားမှုနေရာများ အစရှိသည်ဖြင့် မြို့တော်နေလူထုအတွက် လုံလောက်သောနေရာများ ထားရှိပေးထားရမည် ဖြစ်သလို Smart Grid ကဲ့သို့ စနစ်များကျင့်သုံးခြင်းဖြင့် ကာဘွန်ဒိုင်အောက်ဆိုဒ်များထုတ်လုပ်မှုကို လျှော့ချပေးနိုင်ခြင်း၊ စွမ်းအင်ကုန်ဆုံးမှုသက်သာခြင်းတို့ ဖြစ်စေခြင်းအပြင် ကြိုးမဲ့စနစ်များအသုံးပြုခြင်းကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းခြင်းများကို အစဉ်မပြတ် စောင့်ကြည့် ထိန်းချုပ်ခြင်း အစရှိသည်တို့ကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။
Enterpreneurship မြို့တော်နေပြည်သူများအတွက် လုပ်ငန်းဆိုင်ရာသတင်းအချက်အလက်များ၊ လုပ်ဆောင်မှုအသစ်များကို ဖန်တီးပေးပြီး စွန့်ဦးတီထွင်မှုများများ ပြုလုပ်လာနိုင်ရန် တွန်းအားပေးနိုင်ရမည်ဖြစ်သည်။ ထိုသို့ပြုလုပ်ရန်အတွက် 3rd အဖွဲ့အစည်းများတည်ထောင်ထားရန် လိုအပ်ပြီး ၄င်းတို့မှ မြို့တော် ကွန်ရက်စွမ်းဆောင်နိုင်မှုများမှ ရရှိမည့် အချက်အလက်များအပေါ်တွင် အကျိုးရှိစွာပြန်လည်ဝေငှခြင်းများပြုလုပ်နိုင်ရမည်ဖြစ်သည်။
Smart Cities များအတွက်ထားရှိရမည့်အာရုံခံစနစ်များ
Smart Parking - ကားရပ်နားနိုင်ရန် နေရာလွှတ်ရှိ/မရှိကိုစောင့်ကြည့်ခြင်းစနစ်
Waste Management - အမှိုက်ပုံးများတွင် အမှိုက်ပြည့်နေခြင်း ရှိ/မရှိကို သိရှိနိုင်ရန်နှင့် အမှိုက်သိမ်းမှုစနစ်
Water Leakages - ရေပေးဝေသည့်ပိုက်တစ်လျှောက် ယိုစိမ့်မှုရှိ/မရှိကို သိရှိနိုင်မည့်စနစ်
Noise Urban Maps - အဖျော်ယမကာဆိုင် (Bar) တ၀ှိုက်နေရာများနှင့်မြို့လယ် နေရာတ၀ှိုက် အသံဆူညံမှုကို စောင့်ကြည့်ခြင်းစနစ်
Smart Lighting - လမ်းမီးများအတွက် renewable enegy သုံးစနစ်များ
Smart Roads - ရာသီဥတုအခြေအနေ နှင့် မတော်တဆဖြစ်မှုများကို ကာကွယ်နိုင်ရန် အချိန်နှင့်တစ်ပြေးညီ သတိပေးစာတိုများပေးပို့ခြင်းနှင့် လမ်းကြောင်းပြသခြင်းစနစ်များ
Electromagnetic Levels - တယ်လီဖုန်းတာဝါတိုင်များ၊ ၀ိုင်ဖိုင်ထုတ်လွှင့်ထားမှုနေရာများ တ၀ှိုက်တွင် လျှပ်စစ်သံလိုက်လှိုင်းနှုန်းကို စောင့်ကြည့်ခြင်းစနစ်များ
Smartphones Detection – iPhone၊ Android ဖုန်းများသာမက မည့်သည့် Wifiသို့မဟုတ် Bluetooth အသုံးပြုနိုင်သည့် ပစ္စည်းမျိုးကိုမဆို ထောက်လှမ်းခြင်းစနစ်များ
Traffic Congestion - ယာဉ်များ၊လမ်းလျှောက်နေသူများအတွက် လမ်းကြောင်းများကျပ်တည်းမှု မရှိစေရန် စောင့်ကြည့်ထိန်းချုပ်ခြင်းစနစ်များ
Perimeter Access Control - သတ်မှတ်ထားသည့်နေရာများသို့ မသက်ဆိုင်သူများဝင်ရောက်မှုမရှိစေရန် ထိန်းချုပ်စောင့်ကြည့်ခြင်းစနစ်များ
Air Pollution - စက်ရုံများ၊ ကားများမှ ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်စေသည့် ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှင့်မှုကို ထိန်းချုပ်ခြင်းစနစ်များ
Structural Health - အဆောက်အဦများ၊ တံတားများ ၏ ကြံခိုင်မှုအခြေအနေကို သိရှိနိုင်မည့်စနစ်များ အစရှိသည်စနစ်များ ပါဝင်မည်ဖြစ်ပါသည်။ အချုပ်ဆိုရလျှင် Smart City တစ်ခုဖြစ်ဖို့ဆိုလျှင် စီးပွားရေး၊ နေထိုင်မှုပတ်ဝန်းကျင်၊ အုပ်ချုပ်မှု၊ သွားလာမှု၊ ကျန်းမာရေး၊ မြို့သူမြို့သားများမှအစ အရာအားလုံးသည် Smart ၀န်ဆောင်မှုမျိုးဖြစ်နေရမည်ဖြစ်သည်။
Smart Cities များ
Amsterdam Amsterdam မြို့တော်အနေဖြင့် Smart City အဖြစ်လုပ်ဆောင်လျက်ရှိရာတွင် ၂၀၀၉ ခုနှစ်ကတည်းက စတင်ခဲ့ပြီး အစိုးရဌာနများ၊ စီးပွားရေးဆိုင်ရာလုပ်ငန်းများနှင့် မြို့တော်နေပြည်သူများအတွက် ပူးပေါင်းဆောင်ရွက်မှုများ စီမံကိန်းပေါင်း ၇၉ ခုထိ တည်ဆောက်ပြီးစီးခဲ့ပြီးဖြစ်သည်။ မြို့တော်တွင် စွမ်းအင်ချွေတာသုံးစွဲမှုများ၊ ယာဉ်ကြောကျပ် တည်းမှုများကို လျှော့ချနိုင်ခဲ့ပြီးဖြစ်သလို ကားရပ်နားခြင်းဆိုင်ရာ ကိစ္စရပ်များမှအစ လမ်းမီးများအဆုံး စမတ်ဝန်ဆောင်မှု များဖြင့် ပြုလုပ်အသုံးပြုနေခဲ့ပြီးဖြစ်သည်။
Bercelona ဘာစီလိုနာမြို့တော်သည်လည်း စမတ်မြို့တော်ဖြစ်ရန် အာရုံခံစနစ်များစွာကို အသုံးပြုလျက်ရှိရာ မြို့တော်၏ တည်ဆောက်ပုံအရ ယာဉ်ကြောထိန်းချုပ်မှု၊လမ်းကြောင်းထိန်းချုပ်မှုစနစ်များကို အသုံးပြုနေခဲ့ပြီးဖြစ်သည်။ ဥပမာအနေဖြင့် အရေးပေါ်ကိစ္စရပ်များအတွက် ယာဉ်မောင်းနှင်ရာတွင် ယာဉ်ကြောများကို လိုအပ်သလို လမ်းကြောင်းရှင်းပေးသည့် ထိန်းချုပ်စနစ်များပင်ဖြစ်သည်။
Stockholm Stockholm မြို့တော်သည် 1994 ခုနှစ်ကတည်းကပင် တစ်ကမ္ဘာလုံးနှင့်ချိတ်ဆက်နိုင်သော ဖိုက်ဘာကွန်ရက်စနစ်ကို အသုံးပြုနေခဲ့ပြီးဖြစ်သည်။ မကြာခင်မြန်မာနိုင်ငံတွင် ခေတ်စားလာတော့မည့် e-services ၀န်ဆောင်မှုများကို အသုံးပြုနေသည့် မြို့တော်တစ်ခုလည်းဖြစ်ပါသည်။
Santa Cruz အခြားသော Smart City များတွင် အသုံးပြုသော နည်းပညာများနှင့် ကွဲပြားခြားနားစွာ ရှိနေသော မြို့တော်ဖြစ်ပြီး ဥပမာအနေဖြင့် ရဲဌာနများသည် တစ်နေ့လျှင် အန္တရာယ်ရှိသောနေရာ ၁၀ ခုကိုထုတ်ပြန်လေ့ရှိခြင်းဖြင့် ပြည်သူများ အနေဖြင့်လည်း ကြိုတင်သိရှိကာ သတိထားလုပ်ဆောင်နိုင်မည်ဖြစ်သည်။ ICT နည်းပညာများသည် အသုံးပြုသည့် နိုင်ငံအပေါ် မူတည်ကာ ကွဲပြားခြားနားလေ့ရှိကြောင့် သိရှိရပေသည်။ နံပတ်တစ် စမတ်မြို့တော်ကိုပြပါဆိုလျှင် အိန္ဒိယနိုင်ငံ Delhi ရှိ L Zone ဟုပြောဆိုရမည်ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ စမတ်မြို့တော်ဖြစ်ရန် လုပ်ဆောင်ရမည့်အရာများ၊ နည်းပညာများသည် လွန်စွာရှုပ်ထွေးသည့်အပြင် စီမံကိန်းများချမှတ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ စွမ်းအင်၊ ဆက်သွယ်မှု အစရှိသည့် ကဏ္ဍပေါင်းစုံတွင် ကျွမ်းကျင်မှုများစွာ လိုအပ်လိမ့်မည်ဖြစ်ပေတော့သည်။
(ဆောင်းပါရှင် MARC JADOUL ၏ smart cities are built smart networks အကြောင်းကိုဘာသာပြန်ရေးသားပါသည်)
WorldWide(BMSTU

မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ



Related Posts Plugin for WordPress, Blogger...
Powered by Blogger.

Followers

တင်ထားသမျှပိုစ်များ

My Blogger TricksAll Blogger TricksTechtunes

Popular Posts(2)

Flag Counter

GET FREE EMAIL UPDATES


Subscribe

Recommend on Google

ဖုန်းဆိုင်ရာ စုစည်မူ

တစ်ခြား ဘလော့ ဆိုက်များသို့ 

သူတိုဒီလို ပြောသွားတယ်

BTemplates.com