Wednesday, September 23, 2015



မြန်မာနိုင်ငံတွင် စမတ်ဖုန်း သုံးစွဲသည့် အရေအတွက်မှာ နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းကျော် ရှိလာပြီးနောက် ယခုတစ်ပတ် ပြည်တွင်း မိုဘိုင်းဖုန်း ဈေးကွက်တွင် Samsung  အမှတ်တံဆိပ် မိုဘိုင်း ထုတ်ကုန်များက ထိပ်ဆုံး၌ ရပ်တည်လျက် ရှိကြောင်း ရန်ကုန် အခြေစိုက် မိုဘိုင်းဖုန်းဈေးကွက်မှ စုံစမ်းသိရသည်။
ပြည်တွင်းစမတ်ဖုန်း ဈေးကွက်တွင် Samsung အမှတ်တံဆိပ်၏ Galaxy Note 5,  Galaxy  S6 နှင့် A8 မော်ဒယ်များ ဝင်ရောက် လာပြီး ရက်သတ္တပတ် အနည်းငယ် အတွင်း၌ Huawei အမှတ်တံဆိပ်၏ ရှေ့သို့ရောက်ရှိလာခြင်း ဖြစ်ကြောင်း မိုဘိုင်းဖုန်း ဈေးကွက် စောင့်ကြည့် လေ့လာသူများက သုံးသပ် ပြောကြားကြသည်။

“ Samsung နဲ့ Huawei ကတော့ ရောင်းအားအကောင်းဆုံးပါပဲ။ ထုတ်ကုန်အသစ် တစ်ခု ထွက်တိုင်း ဈေးကွက် အပြောင်း အလဲ ဖြစ်တဲ့သဘောပါ။ လက်ရှိ မှာတေ့ Samsung ကို စိတ်ဝင်စားမှု ပိုများနေတာလို့ ပြောလို့ရ တယ်” ဟု လူကြီးမင်းမိုဘိုင်းမှ ကိုဝင်းမင်းက ပြောသည်။
ယခုလက်ရှိ တောင်ကိုရီးယားနိုင်ငံထုတ် Samsung အမှတ်တံဆိပ်နှင့် တရုတ်နိုင်ငံထုတ် Huawei အမှတ်တံဆိပ်နှစ်ခုက ပြည်တွင်းဈေးကွက်အတွင်း အလှည့်ကျ ဦးဆောင်းနေခြင်းဖြစ်ပြီး ပြီးခဲ့သည့်လ အနည်းငယ်ခန့်အထိ Huawei မိုဘိုင်းဖုန်းများသည် ဈေးကွက်အတွင်း ရောင်းအား အကောင်းဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
“Huawei နဲ့ Samsung က ဈေးကွက်မှာ အလှည့်ကျရှေ့ဆုံး ရောက်နေတယ်လို့ ပြောလို့ရ ပါတယ်။ သူ့ပရိသတ်နဲ့သူတော့ ရှိပါတယ်။ အခုလောလောဆယ် မှာတော့ Samsung  ကို လူသုံး ပိုများလာတာ တွေ့နေရတယ်”ဟု မန္တလေး Mobile Mother မိုဘိုင်းဆိုင်မှ  တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြည်တွင်းစမတ်ဖုန်း အသုံး ပြုသူဦးရေ မြင့်တက်လာနေသည်နှင့် အမျှ နိုင်ငံ၏ စမတ်ဖုန်း ဈေးကွက်သည်လည်း ပိုမိုကျယ်ပြန့် လာနေခြင်းဖြစ်ပြီး လူတန်းစားမရွေး ကိုင်ဆောင်နိုင်သော Huawei အမှတ်တံဆိပ်က  ဈေးကွက် အတွင်း နှစ်စဉ်ထိပ်ဆုံးမှ ရပ်တည်နေခြင်းဖြစ်ကြောင်း သိရသည်။
“အခု အချိန်ထိတော့ Samsung တံဆိပ်တစ်မျိုးတည်းပဲ သုံးဖြစ်တယ်။ အိမ်က လူကြီးတွေကျတော့ Huawei ကိုပဲ ဆက်တိုက် သုံးကြတယ်။ ကျွန်မတို့ မိသားစုထဲမှာတော့ ဒီအမှတ်တံဆိပ်နှစ်မျိုးကိုပဲ အမြဲတမ်းသုံးဖြစ်နေတယ်” ဟု စမတ်ဖုန်း ကိုင်ဆောင် အသုံးပြုသူ ကုမ္ပဏီဝန်ထမ်း မချိုဝေနွယ်က ဆိုသည်။
မိုဘိုင်းဖုန်း ဈေးကွက် အ တွင်း၌ Android OS Platform အမျိုးအစားမိုဘိုင်းဖုန်းများကို ပိုမို သုံးစွဲနေကြခြင်းဖြစ်ပြီး iOS  Platform ဖြစ်သည့် Apple တံဆိပ် iPhone အမျိုးအစားများသည်လည်း ယခုနှစ်အတွင်း အသုံးပြုသူ ပိုမို မြင့်တက်လာနေကြောင်း သိရသည်။

internet Journal


အဆင်ပြေပါစေ

မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ




0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Powered by Blogger.

Followers

တင်ထားသမျှပိုစ်များ

Blog Archive

My Blogger TricksAll Blogger TricksTechtunes

Popular Posts(2)

Flag Counter

GET FREE EMAIL UPDATES


Subscribe

Recommend on Google

ဖုန်းဆိုင်ရာ စုစည်မူ

တစ်ခြား ဘလော့ ဆိုက်များသို့ 

သူတိုဒီလို ပြောသွားတယ်

BTemplates.com