Wednesday, September 23, 2015



Apple မှ  iPhone နဲ့ iPad များအတွက် နောက်ဆုံးထုတ်ပေးလိုက်တဲ့ iOS Version 9 ရဲ့ စွမ်းဆောင်ရည် ကောင်းမွန်တဲ့  Feature အချို့ကို iOS 9 ကို အသုံးပြုသူများအနေနဲ့ သိပြီးသားဖြစ်မှာပါ။ iOS9 ကို အသုံးပြုသူတို့ သိသိသာသာ သတိထားမိတဲ့ Feature အချို့ ကတော့ အရင်ကထက် စွမ်းဆောင်ရည်ပိုမိုကောင်းမွန်လာတဲ့ Siri နဲ့ အရင်ကထက် ပိုပြီးတိုးတက်မှု ရှိလာတဲ့ Maps တို့ဖြစ်ပါတယ်။ ဒါပေမဲ့ iOS 9 ရဲ့ အချို့ Feature တွေကိုတော့ အသုံးပြုသူတို့ သိသိသာသာသတိထားမိဖို့ ခက်ခဲနေပါအုံးမယ်။ ဘာကြောင့်လဲဆိုတော့ အဆိုပါ  feature တွေဟာ နောက်ကွယ်ကနေ အလုပ်လုပ်နေတာကြောင့်ဖြစ်ပါတယ်။ နောက်ကွယ်ကနေ အလုပ်လုပ်နေတဲ့ Feature တွေကတော့ Wi-Fi Assist , Smarter Calendar App , Flight Preview , Select Multiple Photo at once (finally) , Organize your notifications , Organize your notes , Teach Siri Your Voice , Share and Send Voicemails , CarPlay , Audio App Suggestions , “Leave a message” for missed Face Time Calls , Navigating between apps စတဲ့ feature တွေပဲဖြစ်ပါတယ်။


1. Wi-Fi Assist


Wi-Fi Assist Feature ကို အသုံးပြုထားမယ်ဆိုရင် မိမိဟာ Wifi Network တစ်ခု အသုံးပြုတဲ့အခါ မိမိရဲ့ Wifi Network Connection ဟာ လိုင်းစွဲအားအရမ်းနည်းနေတဲ့အချိန်ရောက်ရင် မိမိ iPhone သို့မဟုတ် iPad ရဲ့ Cellular data ကို အလိုအလျောက် အသုံးပြုပေးသွားမှာဖြစ်ပါတယ်။ ဒါဟာ အင်တာနက်အသုံးပြုသူတွေအတွက် စိတ်ပျက်စရာ Wifi လိုင်းစွဲအားနဲ့ ကြုံရတဲ့အခါ မိမိ Celluar Data ကို သွားရောက် အသုံးပြုခြင်းအလုပ်ကနေ သက်သာအောင် ဖန်တီးပေးလိုက်ခြင်းဖြစ်ပါတယ်။ ဒီ feature ကို အသုံးပြုလိုရင် Setting >>> Cellular data >>> Wifi Assist ဆိုပြီး အဆင့်အဆင့်ဖြင့် အသုံးပြုနိုင်ပါတယ်။




2. Smarter Calendar App

ဒီ Feature ကတော့ အချိန်တွေ ၊ နေ့စွဲတွေအတိအကျ နဲ့ အလုပ်လုပ်နေကြတဲ့ လုပ်ငန်းရှင်တွေအတွက် အရမ်းကို အသုံးဝင်စေတဲ့ feature တစ်ခုဖြစ်ပါလိမ့်မယ်။ မိမိကို Email နဲ့ ဆက်သွယ် ဖိတ်ကြားထားတဲ့ Event ပွဲတွေ ၊ လေယာဉ်ထွက်ချိန်တွေ စတဲ့ နေ့ရက်တွေကို iOS 9 မှာပါဝင်တဲ့  Calendar App ထဲမှာ အလိုအလျောက်ထည့်သွင်းဖော်ပြပေးမှာဖြစ်ပါတယ်။ မိမိတကယ်သွားရမဲ့ Event တွေရှိလာတဲ့အခါ တည်နေရာကို ထည့်သွင်းပေးထားပါက တည်နေရာကို ဖော်ပြခြင်း ၊ လေယာဉ်ထွက်ချိန်တွေနဲ့ လေယာဉ်ကွင်းကိုသွားမဲ့ ကြာချိန်တွေကို မိမိတည်ရှိရာမြို့ရဲ့ လမ်းအကွာအဝေး ၊ ယာဉ် ကြော ပိတ်စို့မှု အခြေအနေတွေပေါ်မူတည်ပြီး  notification နဲ့ဖော်ပြပေးခြင်းတွေကို လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။


3. Flight Previews

လေယာဉ်နဲ့ပါတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။ မိမိခရီးသွားခဲ့တဲ့ လေယာဉ်နံပါတ်တွေကို Email , Notes နဲ့ Safari တို့မှာ Link အနေနဲ့ ဖော်ပြထားတဲ့အခါ အဆိုပါ Link ကို နှိပ်ကာ လေယာဉ်နဲ့ ခရီးသွားခဲ့တဲ့ မိမိရဲ့ ခရီးအကွာအဝေး ထွက်သည့် နေ့ရက် ၊ ဆိုက်ရောက်သည့်အချိန်နဲ့ အခြား အချက်အလက်တွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။


4. Select Multiple Photos at once (finally)

အရင် iOS version တွေတုန်းက ဓါတ်ပုံတွေကို Select လုပ်တဲ့အခါ တစ်ပုံချင်းစီ Select လုပ်ရပြီး အခု iOS9 မှာတော့ ဓါတ်ပုံတွေကို  Select လုပ်ချင်တယ်ဆိုရင် Select Button ကို နှိပ်ကာ နောက်ထပ် မိမိ Select လုပ်ချင်တဲ့ ပုံတွေပေါ် ဖိပြီး ပွတ်ဆွဲလိုက်ရုံနဲ့ အားလုံး Select မှတ်ပြီးသားဖြစ်သွားမှာပါ။


5. Organize your notifications

မိမိဖုန်းတွင်ဖော်ပြနေတဲ့ notifications တွေကို  Control လုပ်ရတာ Feature ပိုပြီး  စုံလာပါတယ်။ နေ့ရက်အလိုက် Notification တွေကို ပြသခြင်း ၊ မိအသုံးပြုလိုတဲ့ Notification တွေကို နှိပ်လိုက်ရုံနဲ့ Feature ထဲရောက်ရှိသွားခြင်း ၊ Notification တစ်ခုချင်းစီကို ဖျက်နိုင်ခြင်း ၊ Social Media Application များတွင် ပြသော Notification ဆိုလျှင်လည်း notification တွင်ဖော်ပြထားတဲ့ Function ကို အသုံးပြုကာ Social Media Application ရှိ Function ထဲသို့ တိုက်ရိုက် ဝင်ရောက်အသုံပြုပေးခြင်း ၊ ဘယ်အချိန်တွေမှာမိမိဆီကို notification တွေရောက်လာတယ်ဆိုတာကို အချိန်နဲ့ အတိအကျဖော်ပြပေးခြင်း စတဲ့ Notification နဲ့ ပတ်သက်တဲ့ Feature အသစ်တွေအတော်ကို စုံလင်လာခဲ့ပါတယ်။


6. Organize your notes

အရင် Version တွေတုန်းက Note ကို အသုံးပြုတဲ့အခါ မိမိမှတ်ထားသမျှ Note များကို တန်းစီကာ ဖော်ပြပေးပါတယ်။ အခု iOS 9 မှာတော့ မိမိမှတ်ထားသမျှ Note တွေကို folder တစ်ခုခြင်းစီခွဲပြီးဖော်ပြပေးခြင်း ၊ Note မှာ Sketchs Feature များပါဝင်လာခြင်း ၊ Sketchs Feature ကို အသုံးပြုတဲ့အခါ Sketchs Pen ရဲ့ အရောင်များကို ရွေးချယ် အသုံးနိုင်ခြင်း ၊ Note မှာ ဓါတ်ပုံများ ဗီဒီယိုဖိုင်များကို ထည့်သွင်းမှတ်သားနိုင်ခြင်း ၊ စာလုံး ဒီဇိုင်းများရွေးချယ်နိုင်ခြင်း စတဲ့ Microsoft Word မှာလုပ်နိုင်တဲ့ အရာတွေကို iOS9 ရဲ့ Note မှာတင် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။


7. Teach Siri your voice

သင့်ရဲ့ အသံကို Siri မှတ်မိနိုင်စေဖို့ သင်ကြားပေးနိုင်ပါတယ်။ သင့်အသံနဲ့ Siri ကို အသုံးပြုကာ Hey , Siri လို့ခေါ်လိုက်တာနဲ့ မိမိရဲ့ နာမည်ကို Siri မှ ဖော်ပြပေးမှာဖြစ်ပါတယ်။ သင့်အသံကို မှတ်မိနေစေဖို့အတွက် သင့်ရဲ့ Siri ကို စာသားအနည်းငယ်သင်ပေးရမှာဖြစ်ပါတယ်။ ဒီအတွက်တော့ Setting >>> General >>> Siri >> Allow “Hey Siri” ဆိုပြီး အသုံးပြုနိုင်ပါတယ်။


8. Share and Send Voicemails

Voicemail ဝန်ဆောင်မှု ရရှိတဲ့ နေရာများတွင်တော့ မိမိလက်ခံရရှိထားတဲ့ Voicemail တွေကို iOS Share Sheet အား အသုံးပြုကာ အခြားလူတစ်စုံတစ်ယောက်ဆီသို့ ပြန်လည်မျှဝေနိုင်ပါတယ်။


9. Car Play

Car Play ကတော့ အဓိက Siri ကို တွင်ကျယ်စွာ အသုံးပြုခြင်းမျိုးပါပဲ။ မိမိဟာ ကားမောင်းနေရင်းနဲ့ ဖုန်းပြောခြင်း၊ Message ပို့ခြင်း ၊  သီချင်းများဖွင့်နိုင်ခြင်း ၊ Apple Map ကို အသုံးပြုကာ လမ်းညွှန်ပေးခြင်း စတဲ့လုပ်ဆောင်ချက်များကို Siri ဖြင့် ခိုင်းစေလုပ်ကိုင် ခြင်းဖြစ်ပါတယ်။ Car Play ကို အသုံးပြုချင်တယ်ဆိုရင်တော့ မိမိရဲ့ ကားထဲမှာ CarPlay App ထည့်သွင်းထားတဲ့ Hardware အစိတ်အပိုင်းအချို့တော့လိုအပ်ပါလိမ့်မယ်။


10 . Audio App Suggestions

iPhone နဲ့ သီချင်းနားထောင်တဲ့အခါ များသောအားဖြင့်  နားကြပ် (Earpod) နဲ့နားထောင်တာများကြပါတယ်။ နားကြပ်နဲ့ သီချင်းနားထောင်သူတို့အတွက် သီချင်းနားထောင်ဖို့ ဖုန်းကို နားကြပ် တပ်ထားပြီး  lock ချခဲ့မယ်ဆိုရင်  Lock Screen ရဲ့ အောက်ခြေဘယ်ဘက်ထောင့်လေးမှာ သီချင်းသင်္ကေတ လေးနဲ့ သီချင်း Application လေးကို အလွယ်တကူ ဖွင့်လို့ရအောင် ဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီ feature ဟာ iOS 9 မှာသာ ပါဝင်လာတဲ့ feature အသစ်လည်းဖြစ်ပါတယ်။


11. “Leave a message ” for missed Face Time calls

Face Time Call ကတော့ ရိုးရိုးသာမန် ဖုန်းခေါ်ဆိုမှုနဲ့ အားလုံးနီးပါးတူညီမှုရှိပါတယ်။ အကယ်၍ အခြားတစ်စုံတစ်ယောက်မှ Face Time ဖြင့် မိမိဆီသို့ ဖုန်းခေါ်လာခဲ့တဲ့အခါ မိမိဘက်မှ ပြန်မပြောမိတဲ့ အချိန်နဲ့ ကြုံကောင်းကြုံလာနိုင်ပါတယ်။ ဒီလိုအချိန်တွေမှာ Message နဲ့ Reply ပြန်လုပ်နိုင်အောင် Face Time Call Feature မှာ Leave a message option ပါဝင်လာခဲ့ပါတယ်။


12. Navigating between apps

ဒီ Feature ကတော့ အားလုံးသိသာထင်ရှားအောင် မြင်တွေ့နိုင်ပါတယ်။ ဒါပေမဲ့ လည်း အသုံးမပြုမိလောက်အောင်ကို မေ့ကောင်းမေ့သွားနိုင်ပါတယ်။  ဒီ Feature ကတော့ မိမိဖုန်းအတွင်းမှာ Install လုပ်ထားတဲ့  Application များကို အလွယ်တကူရှာဖွေနိုင်အောင်နဲ့ မိမိနောက်ဆုံး  အသုံးပြုထားတဲ့ Application တွေကို ပြသတဲ့ Navigating ဖြစ်ပါတယ်။


Ref : Mashable

Aung Ko Htet (MMA)

#aungkohtet_mma

အဆင်ပြေပါစေ

မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ



0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Powered by Blogger.

Followers

တင်ထားသမျှပိုစ်များ

Blog Archive

My Blogger TricksAll Blogger TricksTechtunes

Popular Posts(2)

Flag Counter

GET FREE EMAIL UPDATES


Subscribe

Recommend on Google

ဖုန်းဆိုင်ရာ စုစည်မူ

တစ်ခြား ဘလော့ ဆိုက်များသို့ 

သူတိုဒီလို ပြောသွားတယ်

BTemplates.com