စာပေချစ်မြတ်နိုးသူများအတွက်အဟောင်းတလေလေအသစ်ဖြစ်နေတဲ့
ဆရာလယ်တွင်းသားစောချစ်ရဲ့စာအုပ်ကောင်းတွေထဲက
"ပန်းလိုချင်အပင်ပျိုးတတ်မှ" ဆိုတဲ့မိဘမေတ္တာဖွဲ့စာအုပ်ကို
ပြန်လည်မျှဝေပေးလိုက်ပါတယ်။
စာပေကိုစိတ်ဝင်စားပြီးရသာစာပေမျာကိုစတင်လေ့လာမိပြီဆိုရင်တော့
ဒီစာအုပ်လေးကိုအားလုံးသတိထားမိကြမှာပါစာမျက်အစကို
စတင်ဖတ်မိပြီဆိုတာနဲ့စာအုပ်တစ်အုပ်လုံးပြီးသွားအောင်ထိ
တစ်ထိုင်တည်းနဲ့ဖတ်မိလောက်အောင်ကောင်းတဲ့စာအုပ်ဖြစ်ပါတယ်။
အမေရှိရာအိမ်နဲ့အလှမ်းဝေးနေတဲ့သားသမီးတိုင်း
ဖတ်ဖြစ်အောင်ဖတ်စေချင်ပါတယ်ခင်ဗျား
ဒီစာအုပ်၍ဆရာရဲ့အဓိကရေးသားဖေါ်ပြချက်တွေကတော့
ရင်သွေးငယ်များပြုစုပျိုးထောင်ရေးကိုမိဘတိုင်းဆောင်ရွက်နေကြသည်မှန်သော်လည်း ဆန္ဒစောမှု၊
လျစ်လျူရှုမှု၊ မသိနားမလည်မှုတို့ကြောင့် အခက်အခဲများနှင့်ရင်ဆိုင်နေကြရသော မိဘများလည်းများစွာရှိလေသည်။
ထို့ကြောင့် ရင်သွေးငယ်များကို နည်းလမ်းတကျ ပြုစုပျိုးထောင်ရေးမှာသိမ့်မွေ့နက်နဲသော
ကိစ္စဖြစ်ပေသည်။ထိုသို့ သိမ်မွေ့သည့် သဘောများကိုပင် စာရေးသူက ကျွမ်းကျင်ပိုင်နိုင်စွာအသေးစိတ်
ရေးသားတင်ပြထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
စာအုပ်အမည်.....ပန်းလိုချင်အပင်ပျိုးတတ်မှ
စာရေးဆရာ....လယ်တွင်းသားစောချစ်
Size....5.75MB

0 comments:
Post a Comment