Showing posts with label ios ဆိုင်ရာများ. Show all posts
Showing posts with label ios ဆိုင်ရာများ. Show all posts

Tuesday, September 22, 2015



iOS 9 ဟာ Beta Version ပဲရှိ​သေးတာမို့ အဆင်မ​ပြေမှုများရှိရင် iOS 8.4 သို့ပြန်လည် Downgrade ပြုလုပ်ပုံ Turorial ကိုတင်ပြ​ပေးလိုက်ပါတယ်...  iOS 9 Public Beta 1 ကိုမကြာ​သေးခင်ကမှ Apple က Safari မှတဆင့် Profile သွင်းကာ Upgrade လုပ်ပြီးအစမ်းသုံးနိုင်​အောင်ပြုလုပ်​ပေးထားပါတယ်..အဆိုပါ Pubilc Beta 1 မှာ​တော့ အဆင်​ပြေသ​လောက်ရှိ​ပေမယ့် တခါတရံ App ​တွေဖွင့်တဲ့အခါမှာ ချက်ချင်းမပွင့်ချင်း၊ Siri မှခိုင်း​စေမှုများကို အဆင်​ပြေ​ပြေမတုန့်ပြန်နိုင်ခြင်းနဲ့အခြား Bugs အနည်းငယ်တို့ရှိပါတယ်... ဒါ​ပေမယ့်လဲ iOS 9 Developer Beta 3 မှာ​တော့ ​အဆိုပါ Bugs  ​တွေဟာ ​တော်​တော်အဆင်​ပြေ​နေပြီဖြစ်ပါတယ်.....

Public Beta နဲ့ Developer Beta ဟာ အများကြီးသိပ်​တော့မကွာခြား​ပေမယ့် Bugs ​တွေရှိတဲ့အခါမျိုးမှာ Apple မှ Fix လုပ်ပြီး Developer Beta ​နောက်တခုထပ်ထုတ်​ပေး​ပါတယ်.... အားလုံးအဆင်​ပြေပြီဆိုမှ..​နောက်ဆုံးမှာ Official iOS Version မ​ကြေညာမီ Gold Master Beta (GM) ​ဆိုပြီးထုတ်​ပေးပါတယ်.....

ယခု iOS 8.4 ဟာဆိုရင်လည်းပဲ Jailbreak ပြုလုပ်လို့​ရ​နေပြီဖြစ်တဲ့အတွက် iOS 9 မြှင့်ထားသူများ iOS 8.4 ကို Jailbreak လုပ်ချင်တယ်ဆိုရင် iOS 9 မှ iOS 8.4 ကို Downgrade လုပ်ပြီးမှသာ Jailbreak လုပ်နိုင်မှာဖြစ်တဲ့အတွက်​ကြောင့် iOS 9 Developer Beta 3 တင်ထားတဲ့ iOS Device မှ​နေ iOS 8.4 သို့ပြန်လည် Downgrade ပြုလုပ်ပုံကို Tutorial အဖြစ်​ရေးသား​​ပေးလိုက်ပါတယ်...

How to Downgrade iOS 9 to iOS 8.4

~ သင့်ရဲ့ iOS 9 တင်ထားတဲ့ device ကို iOS 8.4 ပြန်လည်ဆင်းဖို့အတွက် Reovery Mode ၀င်ဖို့​တော့လိုပါတယ်...
(Recovery Mode ၀င်ပုံဝင်နည်းကို​တော့ ဤ​နေရာ တွင်ဖတ်ရှုနိုင်ပါတယ်)

၁. ​ ​အောက်တွင်ပြထား​သည့်ပုံမှအတိုင်း Restore ကိုနှိပ်ပါ..



၂. ပြီးလျှင် Restore and Update နှိပ်ပါ..



၃. iOS 8.4 Software Updater Box ကျလာလျှင် Next ကို​ရွေးပြီး Terms and Conditions Box ထပ်ကျလာလျှင် Agree ကို​ရွေးပါ...

၎. ယခုဆိုရင်​တော့ သင့် Device နဲ့ကိုက်ညီတဲ့ iOS 8.4 IPSW ကို Download ချ​နေပြီပဲဖြစ်ပါတယ်.... သင့်ရဲ့Internet Connection ​ပေါ်မူတည်ပြီး ကြာမြင့်ချိန်လဲ မတူညီပါ...  ပြီးရင်​တော့ အားလုံး iTunes မှပြုလုပ်​ပေး​နေမှာဖြစ်ပါတယ်...

၅. Reboot ကျပြီးပြန်တက်လာရင်​တော့ New iPhone ​အ​နေနဲ့ပြန်တက်လာတာဖြစ်တဲ့အတွက် သင် iOS 9 မတင်ခင် Backup လုပ်ခဲ့​သော Backup ကိုပြန်ယူချင်တယ်ဆိုရင်​တော့ iTunes မှ Restore from this Backup ကိုနှိပ်​ပေးပါ.. (iOS 9 မှ Backup ​တော့ပြန်သုံးရမှာမဟုတ်ပါဘူး)

ယခုဆိုရင်​တော့ သင်ဟာ iOS 8.4 ကို​ပြန်လည် Downgrade ပြုလုပ်ပြီးပြီပဲဖြစ်ပါတယ်....


အကယ်၍..... သင့်ဆီမှာ iOS 8.4 IPSW Download ပြုလုပ်ပြီးသားရှိတယ်ဆိုရင်​တော့

၁. ​ Recovery Mode ၀င်ပြီးလျှင် ​အောက်တွင်ပြထား​သောပုံမှ Restore iPhone ကို Alt/Option Key နှင့်တွဲနှိပ်ပါ...  (Windows PC များ​ပေါ်တွင်​တော့ Shift + Restore iPhone)


၂. ထို့​နောက် သင့်ရှိပြီးသား IPSW ကို​ရွေး​ပေးလိုက်ပါ... IPSW နှင့် သင့် Device Model တို့ကိုက်ညီရန်​တော့အ​ရေးကြီးပါတယ်


၃. ​IPSW ​ရွေး​ပေးပြီးလျှင်​တော့ ပုံတွင်ပြထားသည့်အတိုင်း Open ကိုနှိပ်ပါ



၎. iTunes မှ အားလုံးကိုပြုလုပ်​ပေး​နေမှာဖြစ်ပြီး ..   Reboot ကျပြီး ပြန်တက်လာသည့်အချိန်၌ အထက်တွင်​ဖော်ပြခဲ့သည့်အတိုင်း သင့် iOS Device ဟာ Clean install လုပ်ထားတာမို့ ယခင် Data အ​ဟောင်းများပြန်လိုချင်တယ်ဆိုရင်​တော့  iTunes မှ Restore from this Back ကို​ရွေး​ပေးပါ . . .


သင်ဟာ သင့် Data အ​ဟောင်း​များကိုပြန်မသုံးပဲ New iPhone အဖြစ်သာသုံး​တော့မည်ဆိုလျှင်​တော့ New iPhone Set up ပြုလုပ်ပုံအဆင့်ဆင့်ကို ဤ​နေရာ တွင်ဖတ်ရှုနိုင်ပါတယ်


အဆင်​ပြေကြပါ​စေ . . .

THINK DIFFERENT 
HtetWai (iOSKnowledgeBank.MM)


အဆင်ပြေပါစေ

မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ





မင်္ဂလာပါ
iOS ချစ်ပရိတ်သတ်များစောင့်မျှော်နေကြတဲ့ iOS 9 ကြီး 16/ 9/ 2015
11 နာရီခွဲလောက်မှာထွက်ရှိလို့လာခဲ့ပါပြီ။

ထွက်ရှိခဲ့သမျှ iOS Version တွေထဲမှာတော့ယခု iOS 9 ကြီးက
အကောင်းဆုံးအလန်းဆုံးလို့ထင်ပါတယ်။

အခုဗားရှင်းမှာတော့ Notable feature အနေဖြင့် performance and stability udk
အထူးဦးစားပေးထုတ်လုပ်ထားတာဖြစ်လို့ iOS User တွေအတွက်တော့
ဒီတစ်ကြိမ်လည်းအရူးအမူးဖြစ်စေနိုင်တဲ့မှော်ဆန်သော iOS Version ကို
အသုံးပြုကြရမှာပဲဖြစ်ပါတယ်ခင်ဗျား

ယခုထွက်ရှိထားတဲ့ iOS 9 ကတော့ အောက်ပါ Device များအားလုံးကို
အလွယ်တကူ Upgrade ပြုလုပ်ယူနိုင်မှာပဲဖြစ်ပါတယ်။

iPhone 6 Plus, iPhone 6, iPhone 5s, 5c, 5, 4s,

 iPad mini 3, 2, 1, iPad Air 2, 1, iPad 4, 3, 2 and iPod touch 6 and 5.




တကယ်လို့မိမိတို့အနေဖြင့် iOS 9 Version ကို Upgrade ပြုလုပ်ပြီးအသုံးပြုချင်တယ်ဆိုရင်တော့
မိမိတို့၏ iPhone/Pad/Pod touch မှတစ်ဆင့် တိုက်ရိုက် update ပြုလုပ်နိုင်ပါတယ်။

How to Upgrade iOS 9 in your Device
=====================
iOS 9 ကို Upgrade ပြုလုပ်မယ်ဆိုရင်တော့ Setting>>> General >>> Software Update ထဲသို့ဝင်ပြီး iOS 9 သို့ Update ပြုလုပ်နိုင်ပါတယ်ခင်ဗျား။

တကယ်လို့ Update ပြုလုပ်ရာမှာအကြောင်းတစ်ခုခုကြောင့် မအောင်မြင်ပဲ Fail ဖြစ်ဖြစ်နေရင်တော့ မိမိတို့ရဲ့ iPhone/Pad/Pod touch တွေကို Power ပိတ်ပြီးမှပြန်ဖွင့်ရပါမည်။

 ပြီးရင် Setting>>> General >>> Software Update ထဲသို့ပြန်ဝင်ပြီး Update ပြုလုပ်နိုင်ပါပြီ။

Apple iOS 9 Beta Features
=================
iOS 9 မှာပိုကောင်းလာတဲ့အချက်တွေကတော့
-iOS ရဲ့ System Font ကို Apple Watch တွင်အသုံးပြုထားသော San Francisco font အားအသုံးပြုထားခြင်း
-Battery အားနည်းနေတဲ့အချိန်မှာ Battery အားအချိန်အနည်းငယ်ပိုခံစေမည့် Low Power Mode ပါဝင်လာခြင်း
 App Switcher/Multitasking နေရာမှာ Switcher ဒီဇိုင်းပြောင်းလဲသွားခြင်း
-Siri နှင့်ပတ်သက်ပြီး ပိုကောင်းလာခြင်း ၊ ဒီဇိုင်းအနည်းငယ်ပြောင်းလဲသွားခြင်း
-iPad မှာဆိုရင် Screen ၂ ခြမ်းခွဲပြီး app ၂ ခုကို တစ်ပြိုင်နက်သုံးလို့ရလာခြင်း
-နောက်ဆုံးရသတင်းစုံကိုဖတ်ရှုနိုင်မယ့် News app ပါလာခြင်း
-Setting Panel ထဲမှာ Search Box ပါလာခြင်း
-Apple Pay နဲ့ပတ်သက်ပြီး ပိုမိုကောင်းမွန်လာခြင်း
-iCloud Drive အမည်ရ app ပါလာခြင်း
-CarPlay လုပ်ဆောင်ချက်များပိုကောင်းလာခြင်း
-Notes app မှာလုပ်ဆောင်ချက်အသစ်များထပ်ဖြည့်ထားခြင်း
-iOS 8 ရဲ့အရင်ထွက်ရှိခဲ့တဲ့ iOS version များမှာလိုပဲ ပထမဆုံးစာမျက်နှာဟာ Search ကဣ အနေဖြင့်ပြန်ပါလာခြင်း


အောက်ပါ Official Video Tutorial ကိုလည်းလေ့လာကြည့်ရှုနိုင်ပါတယ်


ကွန်ပျူတာ iTunes မှတဆင့် မိမိတို့ရဲ့ iPhone/Pad/Pod touch များကို iOS 9 Firmware တင်လိုသူများအတွက် iOS 9 Firmware များကိုအောက်က link များမှာ ရွေးချယ်ရယူနိုင်ပါတယ်။

iOS 9 Download links for iPhone:
======================


iOS 9 Download links for iPad
===================


iOS 9 Download Links for iPod touch
================

==============

Direct download links for iOS 9.0:
=======================


Ref-http://www.myanmarmobileapp.com



အဆင်ပြေပါစေ

မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ



Related Posts Plugin for WordPress, Blogger...
Powered by Blogger.

Followers

တင်ထားသမျှပိုစ်များ

My Blogger TricksAll Blogger TricksTechtunes

Popular Posts(2)

Flag Counter

GET FREE EMAIL UPDATES


Subscribe

Recommend on Google

ဖုန်းဆိုင်ရာ စုစည်မူ

တစ်ခြား ဘလော့ ဆိုက်များသို့ 

သူတိုဒီလို ပြောသွားတယ်

BTemplates.com