Showing posts with label နည်းပညာ သတင်း. Show all posts
Showing posts with label နည်းပညာ သတင်း. Show all posts

Monday, May 2, 2016


Huawei ၏ P9 တွင် ဖုန်းအတွင်းသို့ ရေစိမ့်မဝင် နိုင်စေရန် တားဆီးပေးမည့် P2i နာနို နည်းပညာ ပါဝင်လာကြောင်း သိရသည်။

စမတ်ဖုန်းတွင် နာနိုနည်းပညာ အသုံးပြုထားခြင်းဖြင့် နေ့စဉ်အန္တရာယ်ရှိ အရည်များနှင့် ထိတွေ့ခြင်းကြောင့် ထုတ်ကုန်ပျက်စီးနိုင်သည့် အခြေအနေကို ကာကွယ်တားဆီး နိုင်မည်ဖြစ်သည်။ ယခုနာနို နည်းပညာသည်လည်း မတော်တဆ ရေထဲသို့ကျခြင်းနှင့် ရေစင်ခြင်းတို့မှ ကာကွယ်ပေးနိုင်ကြောင်း Huawei က ထုတ်ပြန်ခဲ့သည်။

P9 တွင် မျက်နှာပြင် ၅.၂ လက်မအရွယ် full HD LCD display, 8MP selfie ကင်မရာနှင့် ကျောဘက်ကင်မရာမှာ Leica နှင့်ပူးပေါင်း၍ dual ကင်မရာစနစ်ကို အသုံးပြုထားသည်။ ထို့အပြင် octa-core Kirin 955 ပရိုဆက်ဆာ၊ RAM 3GB သို့မဟုတ်ပါက 4GB (storage 32GB သို့မဟုတ် 64GB အပေါ်မူတည်သည်) ပါဝင်သည်။  P9 တွင် USB Type-C မှတစ်ဆင့် “Rapid Charging” နှင့်အတူ 3000mAh ဘက်ထရီ ပါဝင်လာသည်။

Ref: 9to5Google

Credit to ==> Internet Journal

မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 
 
ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ
 
 
 

Monday, November 23, 2015


ပြည်တွင်းဈေးကွက်ကိုဝင်ရောက်လာတော့မယ့်စမတ်ဖုန်းတွေဟာနိုင်ငံ တကာနဲ့တစ်ပြေးညီသုံးစွဲရလေ့ရှိပါတယ်။အခုလည်းGionee ကုမ္ပဏီက ထုတ်လုပ်လိုက်တဲ့Marathon ဟာအာရှနိုင်ငံများနည်းတူ ပြည်တွင်း ဈေးကွက်ကို ၀င်ရောက်လာတော့မှာဖြစ်ပါတယ်။ဘက်ထရီသက်တမ်း တာရှည်ခံမှုအပိုင်းကိုသာဦးစားပေးထုတ်လေ့ရှိတဲ့ဒီစမတ်ဖုန်းစီးရီးတွေထဲကM5ကိုမိတ်ဆက်ထားခဲ့တာ၆လနီးပါးလောက်အချိန်ကြာခဲ့ပြီဆိုပေမယ့်အခုမှသာပြည်တွင်းဈေးကွက်ကိုဝင်ရောက်လာတာဖြစ်ပါတယ်။မျက်နှာပြင်အရွယ်အစားကိုကြည့်လိုက်မယ်ဆိုရင်လည်း၅လက်မခွဲကျော်ကိုခံစားရမှာဖြစ်ပါ တယ်။ နောက်ဆုံးပေါ်စမတ်ဖုန်းတွေဖြစ်တာနဲ့အညီလုပ်ဆောင်ချက်တွေ ကလည်း ကောင်းမွန်ပြီးလက်ရှိအချိန်မှာလူကြိုက်များစေမယ့်ဘက်ထရီ စွမ်းဆောင်ချက်တွေကင်မရာစွမ်းဆောင်နိုင်မှုတွေကိုထည့်သွင်းပေးထားပါတယ်။ ဈေးနှုန်းအားဖြင့်ကြည့်လိုက်မယ်ဆိုရင်လည်းနိုင်ငံတကာမှာ ရောင်းချ နေတဲ့နှုန်းထားထက်ပိုသက်သာပါတယ်။လက်ရှိပြည်တွင်းကိုဝင်ရောက်လာတဲ့အချိန်မှာ ရောင်းချပေးမယ့်ဈေးနှုန်းဟာ၃၁၉၀၀၀ကျပ်ဖြစ်ပါတယ်။ M Series တွေဟာဘက်ထရီသက်တမ်းတာရှည်ခံနိုင်ဖို့ကိုဦးတည်ထုတ်လုပ် ထားတာဖြစ်ပြီးယခုဖုန်းမှာတော့6020mAh စွမ်းအားကို ပေးစွမ်းထား ပါတယ်။Dual Battery Cell အမျိုးအစားဖြစ်ပြီးလုံခြုံရေးပိုင်းဆိုင်ရာမှာ လည်းပြည့်စုံပါတယ်။သူ့ရဲ့ပေါင်းစပ်မှုကတော့3010mAh ရှိတဲ့ဘက်ထရီ နှစ်လုံးကိုပေါင်းစပ်ပေးထားတာပါ။

ဖုန်းရဲ့ဘက်ထရီသက်တမ်းဟာသာမန် သုံးစွဲမယ့်သူတွေအတွက်၎ရက်တိတိ တာရှည်ခံနိုင်စွမ်းရှိပြီးအမြဲမပြတ်ဂိမ်းဆော့တာတီဗီကြည့်တာတွေကိုပြုလုပ်နေသူတွေအတွက်ကတော့၂ရက်ကြာခံနိုင်စွမ်းရှိမှာဖြစ်ပါတယ်။ဘက်ထရီ အားသွင်းတဲ့စနစ်ကလည်း မြန်ဆန်ပြီးသူ့ရဲ့အားသွင်းတဲ့စနစ်ဟာ ၁၀မိနစ်ကြာ အားသွင်းရုံနဲ့၇၅နာရီနဲ့၆၇မိနစ်ကြာစွမ်းအားကိုရရှိစေ မှာဖြစ်ပါ တယ်။စမတ်ပါဝါနည်းပညာကိုသုံးစွဲထားတာကြောင့်M5စမတ်ဖုန်းဟာအခြားမိုဘိုင်းဖုန်း၂လုံးကိုပါတစ်ပြိုင်နက်တည်းအား ပြန်လည်ဖြည့်သွင်းပေးနိုင်မှာ ဖြစ်ပါတယ်။အာရှနိုင်ငံတွေအတွက်ဦးတည်ပြီးထုတ်လုပ်လိုက်တဲ့စမတ်ဖုန်း ဖြစ်တာကြောင့်မိုဘိုင်းကွန်ရက်ပေါင်းများစွာမှာဝင်ရောက်သုံးစွဲနိုင်မှာဖြစ်ပါတယ်။M5ရဲ့နောက်ထပ်လုပ်ဆောင်ချက်ကတော့Smart Power Consumption ဖြစ်ပြီးဖုန်းရဲ့မလိုအပ်တဲ့Application သုံးစွဲမှုတွေData သုံးစွဲမှုတွေကိုလျှော့ချပေးမှာဖြစ်ပါတယ်။Extreme Mode ကိုသာသုံးစွဲမယ် ဆိုရင်ဘက်ထရီ၅ရာခိုင်နှုန်းရှိနေတဲ့အခြေအနေဟာအသင့်အနေအထား အတွက်၆၂နာရီကြာခံနိုင်ရည်စွမ်းရှိမှာဖြစ်ပါတယ်။စမတ်ဖုန်းတစ်လုံး အတွက်မျက်နှာပြင် ဖော်ပြနိုင်စွမ်းဟာအရေးကြီးလှပါတယ်။ကြည်လင် ပြတ်သား တဲ့ပုံရိပ်ဖော်ပြနိုင်စွမ်းရရှိမှသာဂိမ်းတွေဆော့ကစားတာ၊ ရုပ်ရှင် ကားတွေကြည့်တဲ့အချိန်မှာစိတ်ချမ်းသာစေမှာပါ။ဒါကြောင့်Marathon M5 မှာမျက်နှာပြင်ပုံရိပ်ဖော်ပြမှုကိုအကောင်းဆုံးစွမ်းဆောင်ပေးနိုင်မယ့်(720 x 1280 pixels)ကို ပေးစွမ်းထားပါတယ်။Display ကတော့AMOLED ဖြစ်ပြီး ၅.၅လက်မမျက်နှာပြင်မှာပုံရိပ်တွေကိုအသေးစိတ်မြင်တွေ့နိုင်ဖို့267ppi နဲ့ထောက်ပံ့ပေးထားပါတယ်။

Black screen အပြည့်သုံးစွဲတာဖြစ်ပြီး၆လက်မအပြည့်ကိုသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။အလင်းရောင်တိုက်ရိုက်ကျတဲ့ နေရောင်ထဲမှာဖုန်းကို အသုံးပြုရင်တောင်မှမြင်ကွင်းတွေကိုအနှောင့်အယှက်မဖြစ်ဘဲကြည့်နိုင် ပါလိမ့်မယ်။တရုတ်နိုင်ငံထုတ်စမတ်ဖုန်းတွေမှာထူးခြားချက်တစ်ခုရှိပါတယ်။အဲဒါကတော့ဖုန်းရဲ့UIနဲ့ပတ်သက်လို့သူမတူတဲ့ပုံစံနဲ့ထုတ်လုပ်တာပါ။အနီးစပ်ဆုံးပြောရမယ်ဆိုရင်အခြားထုတ်လုပ်သူတစ်ဦးဖြစ်တဲ့OPPOဆိုရင်သူ့ရဲ့ ကိုယ်ပိုင်ဆန်းသစ်ထားတဲ့Color OS မှာgesture mode တွေသုံးနိုင်အောင် ပြုလုပ်ပေးထားပါတယ်။Xiaomi ဆိုရင်လည်းMIUI ဟာiOS နဲ့အလား သဏ္ဌာန်တူတယ်လို့ဆိုပါတယ်။အခုGionee ကလည်းသူ့ဆီကထုတ်တဲ့ဖုန်း တွေမှာသုံးနေကျအတိုင်းAmigo ကိုထည့်သွင်းထားပါတယ်။ ဒီအခါမှာ တော့android 5.1 ပြောင်းသွားပြီဖြစ်တာကြောင့်3.11UIကိုသုံးစွဲနိုင် မှာဖြစ်ပါတယ်။Accelerometer, gyro, proximity, compass ဆိုတဲ့ sensor ၄မျိုးကိုသုံးနိုင်မှာဖြစ်ပြီးUIအသစ်ရဲ့ ထောက်ပံ့ပေးမှုတွေကိုသုံးနိုင်မှာပါ။UI အသစ်မှာလုံခြုံရေးဆိုင်ရာလုပ်ဆောင်ချက်တွေကိုပါ ထောက်ပံ့ပေးလာမှာ ပါ။Privacy protection လုပ်ဆောင်ချက်၅ခုကိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။ အသံပိုင်းဆိုင်ရာအတွက်ဆိုရင်ကြည်လင်ပြတ်သားတဲ့အသံစွမ်းဆောင်ရည်ကိုရရှိနိုင်စေဖို့အတွက်HiFi, smart PA,DTS အသံစနစ်တွေကိုရရှိနိုင်မှာ ဖြစ်ပါတယ်။အခုဆိုရင်ဖုန်းများရဲ့ထပ်တိုးလုပ်ဆောင်ချက်တွေထဲမှာကင်မရာကိုပါထည့်သွင်းလာကြပါပြီ။စမတ်ဖုန်းကိုနေရာအစုံယူဆောင်သွားလို့ရနိုင် တာကြောင့်ကင်မရာဟာအပျော်တမ်းဓာတ်ပုံရိုက်လို့ရတဲ့အသေးစား ကင်မရာလောက်တော့ ကောင်းဖို့လိုအပ်ပါတယ်။အဓိကကင်မရာဟာ13MP ဖြစ်ပြီး၊ဓာတ်ပုံတွေရိုက်ကူးမယ်ဆိုရင်4128 x 3096 p အရည်အသွေး ရရှိနိုင်မှာဖြစ်ပြီးHDR mode သုံးပြီးရိုက်မယ်ဆိုရင်တော့စိုပြည်ပြီး အရောင် စိုတဲ့ပုံတွေကိုရပါလိမ့်မယ်။video ရိုက်မယ်ဆိုရင်တော့1080p@30fps ရရှိနိုင်မှာပါ။

မြင်ကွင်းကျယ်ဓာတ်ပုံရိုက်ကူးလိုသူတွေအတွက်ကတော့Panorama သုံးစွဲနိုင်ပါလိမ့်မယ်။သူငယ်ချင်းတွေနဲ့အုပ်စုလိုက်selfie ရိုက်ကူးလိုသူတွေ အတွက်ကတော့5MPကင်မရာကိုသုံးစွဲနိုင်ပါလိမ့်မယ်။စမတ်ဖုန်းတစ်လုံး 
(သို့) မိုဘိုင်းdevice တစ်ခုအတွက်လုပ်ဆောင်နိုင်စွမ်းတွေကိုလွယ်လင့် တကူနေရာဒေသမရွေးသုံးစွဲနိုင်စေအောင်ကူညီပေးမှာကတော့သူ့မှာထည့်သွင်းတည်ဆောက်ထားတဲ့Hardware ပါပဲ။Gionee M5 မှာQuad-core 1.3 GHz ပရိုဆက်ဆာကိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။RAMကတော့2GB ထောက်ပံ့ ပေးထား ပါတယ်။အချက်အလက်တွေသိုလှောင်သိမ်းဆည်းထားနိုင်ဖို့ အတွက်ကလတ်တလောထွက်ရှိထားတဲ့စမတ်ဖုန်းတွေကိုယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့16GBသိုလှောင်မှုပမာဏကိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။ဖုန်းရဲ့သိုလှောင်နိုင် စွမ်းကိုထပ်မံလိုအပ်တယ်ဆိုရင်တော့SD card သုံးပြီးတော့64GB လက်ခံနိုင် စွမ်းရှိမှာဖြစ်ပါတယ်။သူ့ရဲ့အထူကလည်း8.5mmသာရှိမှာဖြစ်တာကြောင့် လက်ထဲမှာပေါ့ပါးစွာကိုင်တွယ်နိုင်မှာဖြစ်ပါတယ်။Mediatek MT6735 SoC ဟာဖုန်းရဲ့လုပ်ဆောင်ချက်တွေကိုပေါ့ပါးစွာစွမ်းဆောင်ပေးဖို့အတွက် ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ဂရပ်ဖစ်ပိုင်းအတွက်လည်း ပြည့်စုံတဲ့ လုပ်ဆောင်ချက်တွေကိုစွမ်းဆောင်ပေးဦးမှာပါ။ဒီနေ့ကျွန်တော်တို့သုံးနေတဲ့စမတ်ဖုန်းတွေမှာစိတ်ပူနေရတဲ့ကိစ္စကတော့ဘက်ထရီတွေအလွယ်တကူ အားကုန် မြန်တာပဲဖြစ်ပါတယ်။ဒါကို ဖြေရှင်းဖို့အတွက်နည်းလမ်းတွေ စဉ်းစားရပါမယ်။


အဲဒါကတော့Power Bank သုံးစွဲဖို့နဲ့၊အားသွင်းတာမြန်တဲ့ ပုံစံမျိုးကို ရှာရတာပါပဲ။အားအကုန်မြန်တဲ့ဖုန်းတွေအတွက်Power bank တွေလိုအပ် တယ်ဆိုပေမယ့်အမြဲတမ်းကြီးသွားလေရာယူသွားလို့မဖြစ်နိုင်ပါဘူး။ ဒါကြောင့်Gionee စမတ်ဖုန်းထုတ်တဲ့သူတွေဟာနည်းလမ်းတစ်ခုကို စဉ်းစား ပြီးတော့ နောက်ဆုံးပေါ်ဖုန်းတစ်လုံးကိုထုတ်လုပ်ပေးလိုက်တာဖြစ်နိုင်ပါ တယ်။မျိုးဆက်သစ်M series ဟာsuper battery, Low power consumption, fast charge အားလုံး ပေါင်းစပ်ထားတဲ့ကမ္ဘာ့ပထမဆုံး ဘက်ထရီသက်တမ်းအကောင်းဆုံးစမတ်ဖုန်းပဲဖြစ်ပါတယ်။ဘက်ထရီဟာ သက်တမ်းတာရှည်ခံပြီးdual ပြုလုပ်ထားတာကိုစိုးရိမ်သူများအတွက် လုံခြုံရေးပိုင်းမှာလည်းစိတ်ချရပါလိမ့်မယ်။ကွန်ရက်ချိတ်ဆက်နိုင်စွမ်း ကတော့ ပြည်တွင်းမှာရှိတဲ့မိုဘိုင်းကွန်ရက်တွေနဲ့အဆင်ပြေနိုင်မယ့် CDMA/GSM ဆင်းကတ်တွေထည့်သွင်းသုံးနိုင်မှာဖြစ်ပါတယ်။ အချက် အလက်တွေ ဝေမျှသုံးစွဲနိုင်စေဖို့အတွက်တော့bluetooth 4.0, wi-fi တို့ကိုသုံးစွဲနိုင်ပါလိမ့်မယ်။အခြားချိတ်ဆက်မှုတွေအနေနဲ့Micro -USB 2.0,USB host တို့ကိုသုံးနိုင်မှာပါ။Gionee အနေနဲ့အသစ်ထွက်ရှိလာတဲ့ စမတ်ဖုန်းတွေအတွက်ဘက်ထရီလုပ်ဆောင်ချက်ကိုအကောင်းဆုံးပြင်ဆင် မွမ်းမံလာပါတယ်။ဒါကတော့ဘက်ထရီကို ပြန်လည်အားဖြည့်သွင်းတဲ့အခါမှာ မြန်ဆန်စွာအားပြည့်သွားစေမယ့်fast chargeနည်းပညာနဲ့အတူ၊ ဘက်ထရီ စွမ်းအားအလုံးစုံချွေတာနိုင်စွမ်းရှိမယ့်smart consumption management ကိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။ဖုန်းတစ်ခုလုံးရဲ့ဘယ်အပိုင်းကဘက်ထရီရာခိုင် နှုန်းအများအပြားသုံးစွဲနေတယ်ဆိုတာကိုပါသိနိုင်မှာပါ။Extreme mode လုပ်ဆောင်ချက်ကိုသုံးနိုင်မှာဖြစ်ပြီးဘက်ထရီသက်တမ်း၅% လောက်ပဲ ရှိချိန်မှာတောင်ဖုန်းလက်ခံပြောကြားနိုင်ပါလိမ့်မယ်။




မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ


Saturday, November 14, 2015



သင့် android ဖုန်း သို့ tablet ကထူးဆန်းစွာပြုမူနေပြီဆိုရင် ဒါမှမဟုတ် virus ၀င်နေပြီလို့သံသယရှိနေပြီဆိုရင် အောက်ပါရိုးရှင်းသောအချက်တွေအတိုင်း လိုက်လုပ်ပြီး virus တွေကိုခဏတာအားဖြင့် ဖယ်ထားနိုင်ပါတယ် …အဲတစ်ခုတော့ရှိတယ်.. ကိုယ်ကဘာ app တွေသွင်းထားမိလဲ ဘယ်ကောင်တွေကဒုက္ခပေးနေလဲ ဆိုတာတော့ သိရမှာပေါ့နော်.. အဲလိုမှမဟုတ်ဘဲ တော်ကြာလျှောက်လုပ်မိရင် ပြဿ နာ.. ဒါပေမယ့် ဒီနည်းလေးကတော်တော်လွယ်ပါတယ်..ကောင်းလဲကောင်းပါတယ် ခဏတာအားဖြင့်ပေါ့..

၁) ကိုယ့် ဖုန်း/tablet ကိုအရင်ဆုံး safe mode နဲ့ power ပြန်တက်ပါ။ safe mode ထားတာက third party app တွေ malware အပါအ၀င်ပေါ့…ဒင်းတို့တွေ run တာကိုတားဆီးထားနိုင်ပါတယ်..များသောအားဖြင့် safe mode ကို power button ဖိထားပြီး power off options ခေါ်တဲ့အခါမှာပေါ်လာတတ်ပါတယ်.. တချို့တွေမှာပါပေမယ့် တချို့တွေမှာတော့အဲလိုရှာလို့မရဘူး ..ရှာမတွေတဲ့အခါ အကုန်သိမြင်ဆရာကြီးကိုသွားမေးပါ tongue emoticon .. Google မှာ “How to put (device model or name) into safe mode” ဆိုပြီးရှာ ဥပမာ ကိုယ့်ဖုန်းက Sony Z5 ဆိုပါစို့ (လိုချင်တာပြောလိုက်တာ..တကယ်မကိုင်နိုင်သေးပါဘူး ဟီးဟီး ) “how to put sony z5 into safe mode” ဆိုပြီးရှာပေါ့ ..ပြီးရင်သူပြောတဲ့အတိုင်းလိုက်လုပ်..အကယ်လို့ ကိုယ့်ဖုန်းက safe mode ပြောင်းသွားပြီဆိုရင် ဖုန်း screen ရဲ့ဝဲဘက်ထောင့်အောက်နားလေးမှာ safe mode ဆိုပြီးပေါ်နေတတ်ပါတယ်

၂) Setting ထဲကိုဝင် Apps ထဲကိုသွား…အဲ့ထဲမှာ download tab ထဲက app list ကိုကြည့်ရှုမွှေနှောက်ပါ.. ဒုက္ခပေးနေတဲ့ malware နာမည်ကိုမသိဘူးဆိုရင် ကိုယ်မမြင်ဖူးမသွင်းဖူးတဲ့ app ကိုအဓိက ထားရှာပေါ့..

၃) ကိုယ်ရှင်းချင်တဲ့ app ကို ဖိ/နှိပ်/ထိ/ရွေး ..ဆောရီး tap လိုက်ပါ (တစ်ခါတစ်လေ နည်းပညာဝေါဟာရတွေ ဘယ်လိုပြောရမလဲမသိဘူး frown emoticon ) ..အဲ့ခါမှာ App info page ကိုရောက်သွားပါလိမ့်မယ်..ပြီးရင်တော့ uninstall လိုက်ပေါ့..အဲ..ဒါပေမယ့် တခါတလေမှာ အဲဒီ uninstall လေးကနှိပ်လို့မရပဲ မှိန်နေတတ်တယ် .. ဘာလို့လဲဆိုတော့ ဒင်းတို့ virus တွေက သူတို့ကိုယ်သူတို့အာဏာအတင်းပေးပြီး device administrator status လုပ်ထားတာကိုး.. (တဂတည်းတော်.. လူလည်..ဘာမွှမ်းလဲမတိဘူး)

၎) အဲသလိုအတင်းလုပ်ယူထားတဲ့ဟာတွေကိုဖြုတ်ချနည်းပြောပါမယ်.. App menu ကနေထွက်ပြီး settings> security> device administrators ကိုအဆင့်ဆင့်သွားပါ.. administrator status ရထားတဲ့ app စာရင်း အဲသမှာပေါ်ပြီ.. ဖြုတ်ချင်တဲ့ကောင်ရဲ့ဘေးက အမှန်ခြစ်လေးကို ဖယ်လိုက်..နောက်ကျလာတဲ့ page မှာ deactivate လုပ်ပလိုက် ..ဒါဆို အဆင့် ၃ အတိုင်းပြန်သွားပြီး ဒင်းကို ကစ်ထုတ်လိုက်လို့ရပြီ

၅) ဖယ်ချင်တဲ့ကောင်တွေရှင်းချင်တဲ့ကောင်တွေ နှင်ထုတ်ပြီးပြီဆိုရင် safe mode ကနေပြန်ထွက်ပါမယ်.. ရှည်ရှည်ဝေးဝေးလုပ်စရာမလိုပါဘူး power off/on လုပ်ပြီး restart ချလိုက်ရုံပါပဲ.. virus တွေခဏဝေးနေခိုက် မှာ back up လုပ်ချင်တဲ့ data တွေရှိရင်လုပ်ထားပေါ့.. ပြီးရင်တော့ Andriod Antivirus App လေးတင်ပြီး တခြား ရောက်ရှိလာမယ့် ဒါမှမဟုတ် ပြန်လည်ရောက်ရှိလာမယ့် virus ရန်စွယ်ကို အပြည့်အ၀ အကာအကွယ်ယူထားလိုက်ပါ.. ဥော် (သြော် နည်းစတိုင်သစ်).. ဒါနဲ့ Android တွေအတွက်ထုတ်ထားတဲ့ Avira Antivirus Pro ကိုမြန်မာနိုင်ငံမှာ မကြာမီ ဖြန့်ချီတော့မည် ဖြစ်ပါကြောင်း virus ကင်းဝေးစေဖို့ အကျိုးမျှော် နိုးဆော်အပ်ပါသည်
Credit : Avira Myanmar

မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ



Proxy Server ဆိုတာဟာ Internet Connection ကို Sharing
ပေးတဲ့နေရာမှာ သုံးတဲ့ Serverတစ်မျိုးပဲဖြစ်ပါတယ်။Internet ConnectionကိုSharing လုပ်ပေးတယ်ဆိုတာဟာ Internet Connectionလေးတစ်ခုကိုကိုယ့်ရဲ့Local Area Network တွင်းကComputerတိုင်းသုံးစွဲနိုင်အောင်လို့ ကြားခံဝင်ရောက်လုပ်ကိုင် ပေးခြင်းဖြစ်ပါတယ်။
အဲဒီလို ကြားခံဝင်ရောက်ပြီးInternet Connectionကို Shareလုပ်ပေးနိုင်တဲ့ နည်းလမ်း (၃) မျိုးရှိပါတယ်။ အဲဒါတွေကတော့-


(1) ICS ( Internet Connection Sharing Service )
(2) NAT ( Network Address Translation Service )
(3) Proxy Server တို့ပဲဖြစ်ပါတယ်။

အဲဒီ(၃)မျိုးထဲမှာ အကောင်းဆုံးကိုပြပါဆိုရင်တော့Proxy Server ကိုပြရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့အကြောင်းပြစရာတွေ အများကြီးရှိနေလို့ပါပဲ။ တခြားနည်းလမ်းတွေရဲ့ဟာကွက်တွေမကောင်းတာလေးတွေကိုProxy Server မှာ မတွေ့ရသလို
Proxy Serverရဲ့ စွမ်းဆောင်ရည်တော်တော်များများကိုလည်း တခြားနည်းလမ်းတွေမှာ
လုံးဝမရနိုင်ပါဘူး။ICSဆိုတဲ့Internet Connection Sharing Serviceကို အသုံးပြုခဲ့မယ်ဆိုရင် ကျွန်တော်တို့ရဲ့Networkအတွင်းမှာComputerအလုံးရေ254လုံးအထိပဲ ချိတ်ဆက်ခွင့်ရနိုင်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ICS Service ကိုRunထားပြီးInternet Connection Sharingပေးတဲ့နည်းလမ်းကိုသုံးခဲ့မယ်ဆိုရင်
ကျွန်တော်တို့ရဲ့LANအတွင်းမှာရှိတဲ့Computerတွေဟာ192.168.0.1ကနေ192.168.0.254၊Subnet Mask 255.255.255.0အတွင်းကAddress တွေကိုသာ သုံးစွဲနိုင်ခွင့်ရကြမှာပါ။
ဘာလို့လဲဆိုတော့ICS Service ဟာ သူ့ရဲ့Local Network Addressကို192.168.0.0အဖြစ်Defaultအရ အသေသတ်မှတ်ထားတာကြောင့်ပဲဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ ပြင်ဆင်ပိုင်ခွင့်မရှိပါဘူး။ဒါ့အပြင်ICS Serviceသည်Network Trafficကိုလည်းမထိန်းနိုင်ပါဘူး။အဲနောက်တစ်မျိုးဖြစ်တဲ့NAT (Network Address Translation Service)သူလည်းInternetကိုSharingလုပ်ပေးနိုင်တာမှန်ပါတယ်။ ဒါ့အပြင် သူကICS Serviceထက် ပိုသာတဲ့အချက်က သူ့ရဲ့Local NetworkကိုIPaddressသတ်မှတ်ရာမှာ
192.168.0.0 Network တစ်ခုတည်းပုံသေ သတ်မှတ်ထားတာမျိုးမရှိတော့ပါဘူး။ မိမိကြိုက်နှစ်သက်ရာNetwork Addressစ်ခုကို ကိုယ်တိုင်သတ်မှတ် ရွေးချယ်နိုင်ပါတယ်။
ပြီးတော့NAT ServiceမှာBasic Firewall functionပါလာတဲ့အတွက်ကြောင့် ကိုယ့်ရဲ့Local Networkကို
 ပိုပြီးလုံခြုံမှုရှိလာစေပါတယ်။

ဒါပေမယ့်ICS Serviceနဲ့တူတူမကောင်းတဲ့အချက်လေးကတော့ သူဟာလည်းNetwork Traffic ကိုလုံးဝမထိန်းထားနိုင်ပါဘူး။ကဲ ဒါဆိုရင် ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီးProxy Serverကကော ၊ ဟုတ်ကဲ့။Proxy Server ရဲ့ကောင်းချက်တွေကတော့ အများကြီးပါပဲ။ ဟိုServiceနှစ်ခုမှာ လုံးဝမဖြစ်နိုင်တာတွေကိုProxy Serverကကောင်းကောင်း
ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။

အရင်ဦးဆုံးကိုယ့်ရဲ့Local NetworkကိုAddressသတ်မှတ်ရာမှာလည်း
 ကြိုက်တဲ့IP Address Class ထဲက ပေးချင်တဲ့Addressကို စိတ်ကြိုက်ရွေးချယ်ပြီး သတ်မှတ်ပေးနိုင်ပါတယ်။ ပြီးတော့Proxy Serverဟာ ကိုယ့်ရဲ့Local Network ထဲကကွန်ပျူတာတွေကိုICSနဲ့NATတို့မှာလိုမျိုး Internetပေါ်ကိုတိုက်ရိုက်ချိက်ဆက်ပေးတဲ့ သဘောမျိုးမဟုတ်တော့ပဲProxy Server
ရဲ့Web Proxy Serviceကနေ ဖွင့်ပေးထားတဲ့Portတစ်ခုကနေပဲ ချိတ်ဆက်သုံးစွဲစေတာဖြစ်တဲ့အတွက်securityမှာလည်းအများကြီးလုံခြုံသွားစေပါတယ်။

 ပြီးတော့ ကိုယ့်ရဲ့Local Networkထဲကclientတွေကို ပေးမသုံးချင်တဲ့Websiteတွေကိုပိတ်ထားလိုရပါတယ်။
Local Networkထဲက ဘယ်Computersတွေကိုတော့ဖြင့်Internetပေးမသုံးချင်ဘူးလဲ ၊Internetပေးသုံးထားတဲ့Clientတွေကိုလဲဘယ်အချိန်တွေအတွင်းမှာပဲ ပေးသုံးမျာလဲ စတဲ့security permissionတွေကိုလည်း စိတ်ကြိုက်သတ်မှတ်ကန့်သတ်ထားနိုင်ပါတယ်။
ဒါ့အပြင်Local NetworkထဲကClient Computerတစ်လုံးကWebsiteတစ်ခုကိုလှမ်းခေါ်သုံးလိုက်ပြီဆိုတာနဲ့ အဲဒီWebsiteကိုProxy Server က သူ့ရဲ့cacheထဲမှာယာယီသိမ်းလိုက်ပါတယ်။

အဲဒီအချိန်ကနေ သတ်မှတ်ထားတဲ့အချိန်အတိုင်းတစ်ခုအတွင်း(သို့မဟုတ်)သတ်မှတ်ထား
တဲ့cacheပမာဏ မပြည့်လွန်မီအချိန်အတွင်း(အဲဒါတွေကိုProxyServerမှာ ကိုယ်တိုင်စိတ်ကြိုက်သတ်မှတ်ပေးနိုင်ပါတယ်။)မှာ နောက်ထပ်Client Computerတစ်လုံးက
  အဲဒီWebsiteကိုပဲ ထပ်မံခေါ်ယူသုံးစွဲခဲ့မယ်ဆိုရင်Proxy Serverဟာ သူ့ရဲ့cache
ထဲကနေပဲ ထုတ်ပေးလိုက်မှာဖြစ်တဲ့အတွက်NetworkTrafficကို ထိန်းချုပ်ထားတဲ့ သဘောသက်ရောက်ပြီးInternet speed ကို ပိုမိုမြန်ဆန်စေပါတယ်။ကိုယ့်ရဲ့Local Networkထဲclient computerတွေ ဘယ်Websiteတွေကို ခေါ်ယူသုံးစွဲသွားကြတယ်ဆိုတာကိုလည်းProxy ServerထဲကLog Fileထဲမှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။ နောက်ပြီး ကိုယ့်ရဲ့Local NetworkထဲကComputer
တွေကိုInternetပေးသုံးတဲ့နေရာမှာလည်း သတ်မှတ်ထားတဲ့usernameနှင့်Passwordကိုသိမှအသုံးပြုခွင့် ရအောင်လည်း လုပ်ထားနိုင်ပါတယ်။ ကဲကဲ ဆက်ပြောရင်တော့ ရေးတဲ့ကျွန်တော်လည်းလက်ညောင်း စာဖတ်သူလည်းမျက်စိတွေတောင်ညောင်းသွားမယ်။အခုလောက်သိထားမယ်ဆိုရင်လည်း
လုံလောက်ပါတယ်။Proxy Server ကို ဘယ်လိုနေရာတွေမှာသုံးရတယ်ဆိုတာလေးကိုလည်း မျက်လုံးထဲမှာမြင်ယောင်လာအောင်ပုံဆွဲပြလိုက်ပါတယ်နော်။ 

                              

မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ



Friday, November 13, 2015


Tablet, မိုဘိုင်းဖုန်းများကို အားသွင်းနိုင်မည့် Hing အမှတ်တံဆိပ်  Power Bank တစ်မျိုးဖြစ်သည်။ အားသိုလှောင်သိမ်းဆည်းမှုပမာဏအနေဖြင့် 15000mAh ကို အထောက်အပံ့ပေးထားသည်။

ဒီဇိုင်းပုံစံအနေဖြင့် ဘေးပတ်ပတ်လည်ကို အရောင်များဖြင့် အနားကွပ်ထားသည်။ USB Port နှစ်ခုပါဝင် သည့်အတွက် မိုဘိုင်းဖုန်းနှစ်လုံးကို တစ်ပြိုင်နက်အားသွင်းအသုံးပြုနိုင်မည်ဖြစ်သည်။ အားပြည့်မပြည့်ကို LED မီးဖြင့်ဖော်ပြပေးမည်ဖြစ်သည်။ အရောင်အနေဖြင့် ငွေရောင်၊ အပြာရောင်၊ ခဲရောင်၊ ခရမ်းရောင် ဟူ၍ရှိမည်ဖြစ်သည်။

တန်ဖိုးမှာ ၂၆,၀၀၀ ကျပ် ဖြစ်ပြီး T-Land ဖုန်း ၀၁- ၃၈၂၈၆၈ ၌ ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

Credit to ==> Internet Journal

မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ





39,000 Ks
WP Mobile II : 09-5130528
မည်သည့် မိုဘိုင်းဖုန်းအမျိုးအစားတွေနဲ့မဆို အဆင်ပြေစွာ တွဲဖက်အသုံးပြုနိုင်တဲ့ Power Bank တစ်ခုပါ။ ဒီ Power Bank လေးရဲ့ ကိုယ်ထည်ပိုင်းကို လှပသေသပ်စွာ ဖန်တီးပေးထားတာကိုလည်း တွေ့မြင်ရ ပါလိမ့်မယ်။




သူ့ထဲမှာ သိုလှောင်ထားနိုင်တဲ့ Battery Capacity ကတော့ 5000mAh ဖြစ်ပါတယ်။ Power Output ကတော့ 5V, 1A ဖြစ်ပြီး ဖုန်းတွေကို အားသွင်းပေးတဲ့အခါမှာ အားပြည့်တာ ပိုမိုမြန်ဆန်စေပါလိမ့်မယ်။ အရောင်အနေနဲ့ကတော့ မီးခိုရောင်ကိုသာ ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ


Wednesday, September 23, 2015


ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ်နိုင်ငံမှာ လူသုံးအများဆုံး Social Application တစ်ခုဖြစ်တဲ့ WeChat ကို တိုက်ခိုက်ဖို့ Hacker တွေက ကြိုးစားခဲ့ပါတယ်။ Hacker တွေရဲ့ အဓိက ရည်ရွယ်ချက်က WeChat အသုံးပြုသူတို့ရဲ့ Username နဲ့ Password တွေကို ရယူချင်တဲ့အတွက် Application ထဲမှာ malware များထည့်ကာ တိုက်ခိုက်ကြခြင်းဖြစ်ပါတယ်။ ဒါကို သိတဲ့ Apple ဟာ WeChat Application ကို App Store ပေါ်ကို တင်ခွင့်မပြုခဲ့ပါဘူး။  တရုတ်နိုင်ငံမှာ WeChat အသုံးပြုသူပေါင်း သန်း ၅၀၀ ကျော်ရှိတဲ့ အတွက်ကြောင့် Hacker တို့အနေနဲ့ တိုက်ခိုက်ရန် ပစ်မှတ်ထားခြင်းဖြစ်ပါတယ်။

အဆိုပါ malware တွေဟာ စက်တင်ဘာလမှာ ထုတ်ပေးခဲ့တဲ့   wechat  version 6.2.5 မှာ ပါဝင်လာတာဖြစ်ပါတယ်။ ဒါကြောင့် App Store ပေါ်တင်လိုက်တဲ့အခါမှာတော့ malware များတွေ့ရှိနေတဲ့အတွက်ကြောင့် WeChat Application ကို ချက်ချင်းပဲ ဖျက်ချခဲ့ပါတယ်။ ဒါကြောင့် WeChat အနေနဲ့ 12 ရက်နေ့မှာ Version အသစ် 6.2.6 ကို ချက်ချင်းပဲ ထပ်တင်ပေးခဲ့ပါတယ်။ ဒါကြောင့် WeChat ဟာ Hacker တို့တိုက်ခိုက်နေတဲ့ malware ရန်ကနေ ကာကွယ်နိုင်ခဲ့ပါတယ်။

တကယ်တော့ ဒီဖြစ်စဉ်ဟာ iOS application တွေကို ဖန်တီးတဲ့  XCode Software ကြောင့်ဖြစ်ပါတယ်။ နောက်ဆုံးထွက်ရှိလာတဲ့ XCode ထဲမှာ Maleware တွေပါဝင်နေတဲ့အတွက်ကြောင့် Application ဖန်တီးတဲ့ Developer တွေအနေနဲ့ Malware code တွေကို သတိမပြုပဲ application ဖန်တီးကြလို့ဖြစ်ပါတယ်။ ဒါကြောင့် App Store ပေါ်က malware ပါဝင်နေတဲ့ application တွေကို Apple အနေနဲ့ အမြန်ဆုံး ဖယ်ရှားနေရခြင်းဖြစ်ပါတယ်။

Ref : Mashable

Aung Ko Htet (MMA)


#aungkohtet_mma


အဆင်ပြေပါစေ

မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ



Wednesday, September 16, 2015



သင့်ဖုန်းအတွက် Android Update ရပြီလို့ ဖုန်းမှ အသိပေးတိုင်း အလျှင်စလို မပြုလုပ်သင့်ပါဘူး။ Android Update ပြုလုပ်တဲ့အခါမှာ အခန့်မသင့်ရင် သင့်ရဲ့ ဒေတာတွေ ဆုံးရှုံးသွားနိုင်တဲ့အတွက် မှန်ကန်စွာ Update ပြုလုပ်သင့်ပါတယ်။ အခုဖော်ပြမယ့်နည်းလမ်းတွေက Android Update ပြုလုပ်ရာမှာ ဖြစ်ပေါ် လာနိုင်တဲ့ ပြဿနာတွေကို အနည်းဆုံး ဖြစ်စေမှာပါ။

၁။ ဒေတာများကို Back Up လုပ်ပါ။ 
Android Update မပြုလုပ်မီတိုင်း အရင်ဆုံးပြုလုပ်သင့်တာကတော့ Back Up ပြုလုပ်တာ ဖြစ်ပါတယ်။ သင့်ရဲ့ စမတ်ဖုန်းမှ Contacts, Call Logs, SMS, Calendar, Bookmarks , Settings ကနေ Apps နဲ့ App Data များ၊ ကိုယ်ရေးကိုယ်တာဖိုင်များ အဆုံး အရာအားလုံးကို Back Up လုပ်ထားနိုင်ပါတယ်။ ဒီလိုပြုလုပ်ဖို့အတွက် Google ရဲ့ ၀န်ဆောင်မှုကို အသုံးပြုနိုင်သလို Easy Backup & Restore , Titanium Backup နဲ့ Helium တို့လို Apps များကို အသုံးပြုနိုင်ပါတယ်။ ကိုယ်ရေးကိုယ်တာဖိုင်များအတွက် ဖုန်းကို ကွန်ပြူတာနဲ့ USB ကြိုးမှတစ်ဆင့် ချိတ်ဆက်ပြီး ဖိုင်များကို သိမ်းဆည်းနိုင်ပါတယ်။

                               1
 
၂။ ဘက်ထရီကို အားဖြည့်ပါ။ 
Android Update ပြုလုပ်နေစဉ်မှာ သင့်ရဲ့ Android Phone ဟာ အားကုန်မသွားဖို့ အရေးကြီးပါတယ်။ အဲဒီအတွက် Update မပြုလုပ်မီ သင့်တင့်တဲ့ အားရှိနေဖို့လိုပါတယ်။ အနည်းဆုံး ဘက်ထရီ ရာခိုင်နှုန်း ၇၀ ကနေ ၈၀ အတွင်း ရှိအောင်လုပ်ထားဖို့ အကြံပေးပါတယ်။

                              2
 
၃။ Screenshots များ ရိုက်ထားပါ။ 
Android Update မပြုလုပ်မီမှာ သင့်ရဲ့ Home Screens များကို Screenshot ရိုက်ထားပြီး ကွန်ပြူတာနဲ့ Cloud Storage တို့မှာ သိမ်းဆည်းထားတာကလည်း အိုင်ဒီယာကောင်းတစ်ခုဖြစ်ပါတယ်။ Third-Party Android Launcher များကို အသုံးပြုသူများအတွက် Home Screen Preferences ကို သိမ်းဆည်းနိုင်ပါတယ်။ Stock Launcher ကို အသုံးပြုသူများအတွက် Home Screens များကို Screenshot ရိုက်ထားသင့်ပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် Android Update ပြုလုပ်ပြီးနောက်မှာ ယခင်အတိုင်း သင့်ဖုန်းကို စီမံနိုင်မှာ ဖြစ်ပါတယ်။ Android Update ပြုလုပ်ရင် သင့်ဖုန်းကို Reset ပြုလုပ်မှာ မဟုတ်ပေမယ့် Screenshot ရိုက်ခိုင်းရခြင်းအကြောင်းကို နောက်အဆင့်မှာ ဖတ်ပါ။

၎။ Wipe Cache and Factory Reset
Android Update ပြုလုပ်ပြီးနောက်မှာ Factory Reset ပြုလုပ်ဖို့ မလိုဘူးလို့ ပြောကြပါတယ်။ ဒါကလည်း မှန်ပါတယ်။ ဒါပေမယ့် Firmware ကို အင်စတောလုပ်ပြီးနောက်မှာ အနည်းဆုံး System Cache ကို ရှင်းလင်းသင့်ပါတယ်။ ဒါဟာ စွမ်းဆောင်ရည်နဲ့ ဘက်ထရီပြဿနာများကို ရှင်းလင်းပေးတဲ့ အလွယ်ဆုံးနဲ့ အမြန်ဆုံးနည်းလမ်းဖြစ်ပါတယ်။ Firmware အသစ်နဲ့အတူ Factory Reset ပြုလုပ်ခြင်းဟာ Update ပြုလုပ်ပြီးနောက်မှာ ဖြစ်လာမယ့် ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

                          3

အပေါ်ကအဆင့်တွေကို ပြုလုပ်ပြီးရင်တော့ သင့်ရဲ့ ဒေတာတွေအားလုံးကို ပြန်လည် Restore လုပ်ပါ။ Screenshots တွေကြည့်ပြီး သင့်ရဲ့ Home Screen ကို စီမံခန့်ခွဲပါ။ Android Update အသစ်မှာ Bugs မပါဘူးလို့ အာမမခံနိုင်ပါဘူး။ ဒါပေမယ့် Update လုပ်ပြီးနောက်မှာ ဖြစ်လေ့ရှိတဲ့ စွမ်းဆောင်ရည်နဲ့ ဘက်ထရီပြဿနာများ၊ Reboots အလိုအလျှောက်ဖြစ်ခြင်းများ၊ App များကောင်းစွာ အလုပ်မလုပ်ခြင်းများကို အပေါ်ကနည်းလမ်းများက တားဆီးပေးနိုင်ပါတယ်။

Credit to ==> Myanmar Digital Life Journal




မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ




Apple Watch နှင့် iPhone ကို တစ်ပြိုင်နက် အားသွင်းနိုင်မည့် Pod Pro ဟုခေါ်သော battery pack ကို Nomad က မိတ်ဆက်ကြေညာခဲ့သည်။
Pod Pro တွင် ၂၄ စင်တီမီတာ Lightning အားသွင်းကြိုးတစ်ခု ပါဝင်ပြီး Apple Watch ကို အားသွင်းရာတွင်လည်း powermat အသွင်ဖြင့် အသုံးပြုနိုင်သည်။



၎င်းတွင် 6000mAh lithium-ion ဘက်ထရီတစ်ခု ပါဝင်ပြီး ထုတ်ကုန်များအား နှစ်ကြိမ်စီ အားသွင်းပေးနိုင်သည်။


Pod Pro ၏ လက်လီရောင်းဈေးမှာ ၉၉.၉၉ ဒေါ်လာဖြစ်ပြီး ကြိုတင်မှာယူပါက ၇၉.၉၉ ဒေါ်လာဖြင့် ရရှိနိုင်သည်။


၎င်းကို အောက်တိုဘာ ၃၀ ရက်တွင် တင်ပို့ရောင်းချမည် ဖြစ်သည်။

Ref: TechCrunch


Ref : https://www.internetjournal.media/news/4117

မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ




Tuesday, September 15, 2015



WGA_Validation

Windows ဆိုသည်မှာ computer တစ်လုံး၏ အရေးအကြီးဆုံးသော 
အစိတ်အပိုင်း တစ်ခုဖြစ်ပါ သည်။ Windows တွင် Window 98, Window XP,
Window Vista နှင့် Window 7 ဟူ၍ မျိုးစုံရှိပါ သည်။ အသုံးပြုရာတွင် style များ
လှပခြင်း၊
အဆင် သင့်အသုံးပြုနိုင်သည့် Software များထည့်သွင်း
ပေးထားခြင်း စသည်ဖြင့် Window တစ်ခုနှင့်တစ်ခု မတူသော်လည်း အခြေ
ခံအားဖြင့် Window တစ်ခု၏ လုပ်ဆောင်ချက် များမှာ အားလုံးအတူတူပင်
ဖြစ်ပါသည်။ တိတိကျကျ ပြောရမည်ဆိုပါက Window ဆို သည်မှာ
Microsoft မှ ထုတ်လုပ်ထားသည့် Operating System တစ်ခုပင် ဖြစ်
ပါ သည်။ Operating System တွင် System ၂ မျိုးရှိပါသည်။ ၄င်းတို့မှာ
DOS (Disk Operating System) နှင့် NOS (Network Operating System)
ဟူ၍ဖြစ်
ပါသည်။

DOS (Disk Operating System) တွင် သာမန်ကွန်ပျူတာမျာ၌ အသုံးပြု
သည့် Window များဖြစ်သည့် Microsoft Window XP, Window Vista
စသည်များနှင့် apple ၏ Window Mac အစရှိသည်တို့ပါဝင်ပါသည်။
NOS (Network Opera ting System) တွင်Microsoft Window Server,
Linux, Novell’s Netwar စသည်ဖြင့် ပါဝင်ပါ သည်။ များသောအားဖြင့်
NOS များကို သာမန် Client ကွန်ပျူတာများတွင် အသုံးမပြုပဲ Server အဖြစ်
အသုံးပြုသော ကွန်ပျူတာများတွင်သာ အသုံးပြုလေ့ ရှိပါ သည်။

ထူးခြားမှုတစ်ရပ်အနေဖြင့် Linux သည် ယခင်က Server များအတွက်
သာ ရည် ရွယ်၍ ထုတ်လုပ် သော်လည်း ယခုအခါ Client များတွင်အ
သုံးပြုနိုင်ရန် Version ကို ပါ ထုတ်လုပ်နေပြီဖြစ်ပါသည်။ ကွန် ပျူတာမှာ
အသုံးပြုနေတဲ့ Window တွင် windows Genuine ဆိုပြီး အောက်ဖော်ပြ
ပါ အတိုင်း Error Message တွေပေါ်လာခဲ့ရင် ပြုလုပ် ရန် နည်းလမ်းဖြစ်
ပါသည်။

WGA_Validation
၁။ Window Task Manager ကိုခေါ်၍ Process သို့ဝင်ကာ
wgatray.exe ကို End ပြုလုပ်ပေးရပါ မည်။
၂။ ကွန်ပျူတာကို Restart ချကာ Safe Mode သို့ ၀င်ရောက်ရပါမည်။
(ကွန်ပျူတာကို Restart ချပြီး နောက် F8 ကို နှိပ်၍ Safe Mode သို့ဝင်
ရောက်နိုင်ပါသည်။)
၃။ Safe Mode တွင် C:\Windows\System32\ သို့သွား၍
WgaTray.exe ကို Delet ရပါမည်။
၎။ ထို့နောက် ကွန်ပျူတာကို Restart ပေးလိုက်ပါက Window Genuine
ပြဿနာကို ရှင်းလင်း ပြီးဖြစ်ပါသည်။ သို့ရာတွင် အချို့ ကွန်ပျူတာ များတွင်
အထက်ပါ အတိုင်းပြု လုပ်သော်လည်း ဖြေရှင်း ပေးနိုင်ခြင်းမရှိပါက
အောက်ဖော်ပြပါအတိုင်း ဆက်လက် လုပ်ဆောင်ရပါမည်။

၅။ အဆင့် ၃ ထိလုပ်ဆောင်ရပါမည်။ ထို့နောက် C:\Windows\System32\
dllcache သို့သွား၍ WgaTray.exe ကို Delet ရပါမည်။
၆။ Registry Editor သို့ဝင်ရောက်ရပါမည်။ Start \ Run တွင် regedit
ဟုရိုက်၍ ၀င် ရောက်ရပါ မည်။
၇။ Registry Editor တွင် HKEY_LOCAL_MACHINE\ SOFTWARE\
Microsoft\ Windows NT\CurrentVersion\Winlogon\Notify သို့သွား
၍ WgaLogon Folder ကို Delet ပြုလုပ်ပေးရပါ မည်။
၈။ ထို့နောက် ကွန်ပျူတာကို Restart ပေးပြီးနောက် Window ပြန်တက်
လာသည့် အခါတွင် Window Genuine ပြဿနာကို ဖြေရှင်း ပြီးဖြစ်ပါသည်။

 
Credit to : နည်းပညာများ ဖလှယ်ရာ

လေးစားစွာဖြင့်
Nay Lin Htet (IT-Guide)


မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ





Oppo က မေလတွင် မိတ်ဆက်ခဲ့သော R7 နှင့် R7 Plus တို့၏ မျိုးဆက် ဖြစ်သည့် R7 Lite ကို မိတ်ဆက်လိုက်ပါသည်။ Lite အမျိုးအစားသည် R7 နှင့် အရွယ်တူညီပြီး Specs များကိုမူ လျှော့ချထားပါ သည်။ R7 Lite တွင် Android 5.1 Lollipop မောင်းနှင်မည် ဖြစ်သည်။

R7 Lite တွင် ငါးလက်မ AMOLED Display တပ်ဆင်ထားသော်လည်း Resolution ကို 1280x720p သို့ လျှော့ချထားပါသည်။ RAM ကိုလည်း 3GB အစား 2GB သို့ လျှော့ချထားပါသည်။ အခြား Specs များမှာမူ တူညီပြီး Snapdragon 615, 16GB Storage, 13/8MP Camera များ တပ်ဆင်ထားပါသည်။ VOOC Charger နှင့် 2320mAh Battery မှာ မူလ R7 နှင့် တူညီပါသည်။

အခြားကွဲပြားချက်မှာ OS ဖြစ်ပါသည်။ R7 တွင် KitKat ကို အခြေပြုထားသော Color OS 2.1 နှင့် R7 Lite တွင် Android Lollipop ကို အခြေပြုထားသော Color OS 2.1 ကိုထည့်သွင်းထားပါသည်။ အင်ဒိုနီးရှားတွင် ဒေါ်လာ ၂၈၀ ခန့်ဖြင့် ရောင်းချမည် ဖြစ်သည်။

Credit to ==> Myanmar Digital Life Journal


မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ


Wednesday, September 2, 2015


Samsung က Galaxy S6 နဲ့ Galaxy S6 Edge တို့ကိုနောက်ဆုံးထုတ် TouchWizနဲ့ အတူမိတ်ဆက်ခဲ့ပါတယ်။ အဲဒီအတွက် TouchWiz နောက်ဆုံး ဗားရှင်းရဲ့ Interface နဲ့ စွမ်းဆောင်ချက်တွေကိုလေ့လာဖို့လိုအပ်ပါတယ်။ Samsung က ဒီဗားရှင်းမှာဘာတွေကိုဖယ်ရှားလိုက် သလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ TouchWizမှာ အသုံးဝင်မှုနည်းပါးပြီး Operating System ရဲ့ လုပ်ငန်းကိုထိခိုက်စေတဲ့ အစိတ်အပိုင်းတွေများစွာ ဟာအရင်ကတည်းကပါရှိလာ ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Samsung ဟာနေ့စဉ် Android Phone အသုံးပြုမှုကို ပိုမိုကောင်းမွန်စေမယ့် ပြင်ဆင် မွမ်းမံမှုတွေကိုသုံးစွဲသူအကြိုက်ပြုလုပ်ပေးနိုင်ခဲ့ပါပြီ။ Galaxy Note 4 , Note Edge တို့မှာထည့်သွင်းပေးထားတဲ့ Android Lollipop အခြေပြု TouchWiz နောက်ဆုံး Version ကို ဝေဖန်သုံးသပ်မှာ ဖြစ်ပါတယ်။


<1. Multi Window>
Android အခြေပြု User Interface မှာ Multi Window စွမ်းဆောင်ချက်ကို ပံ့ပိုးပေးထားတဲ့ စမတ်ဖုန်းထုတ်လုပ်သူအနည်းငယ် ရှိပါတယ်။ ဒါပေမယ့် Samsung ရဲ့ TouchWiz က အကောင်းဆုံးလို့ ပြောလို့ရပါတယ်။ Multi Window စွမ်းဆောင်ချက်ဟာ App နှစ်ခုကို Screenနှစ်ခု ခွဲပြီးတစ်ပြိုင်နက် အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ Floating Window Mode အနေနဲ့ ဆိုရင် App ငါးခုအထိအသုံးပြုနိုင်ပါတယ်။ Multi-Tasking ပြုလုပ်ဖို့ အဆင်ပြေစေပါ တယ်။

 

<2. One Handed Mode>
၅.၅ လက်မအရွယ် မျက်နှာပြင်ဖုန်းတွေအတွက် အလွန်အရေးပါတဲ့ စွမ်းဆောင်ချက်ဖြစ်ပါတယ်။ စမတ်ဖုန်းထုတ်လုပ်သူများကသူတို့ကိုယ်ပိုင် One Handed Mode စွမ်းဆောင်ချက်တွေကိုတီထွင် ထားကြပါတယ်။ Samsung ကလည်းTouchWizမှာအဲဒီစွမ်းဆောင်ချက်ကိုထည့်သွင်း ထားပါတယ်။ Vanilla Android လို့လည်းခေါ်ကြတဲ့ Stock Android ထည့်သွင်းထားတဲ့ Phabletများမှာတော့ အဲဒီစွမ်းဆောင်ချက်ကို အသုံးပြု လို့မရပါဘူး။


<3.heart emoticon. Call Minimizing>
စမတ်ဖုန်းတွေဟာအိတ်ဆောင် ဒိုင်ယာရီနဲ့ မှတ်စုမှတ်သားစရာတွေ ဖြစ်လာ ပါပြီ။ ဖုန်းပြောနေစဉ်မှာသတင်းအချက်အလက်တွေ မှတ်သားရမယ့် အခြေ အနေမျိုးတွေလည်း ကြုံရတတ်ပါတယ်။ Stock Android Handset မှာ Home ကို နှိပ်ရင် Notification Tray မှာ Call Status ကိုဖွက်ထားပေးမှာ ဖြစ်ပြီးTouchWizမှာတော့ Call Screen ကို Minimize လုပ်ပေးထားမှာ ဖြစ်ပြီး အချိန်မရွေး Full Window အနေနဲ့ ပြန်လည်ဖွင့်နိုင်မှာ ဖြစ်ပါတယ်။ Note Edge မှာတော့ Edge Panel လို့ ခေါ်တဲ့ ဘေးဘက်မျက်နှာပြင်ငယ်လေးမှာ Call Status ကို ပြသပေးထားမှာ ဖြစ်တဲ့အတွက် Hang Up လုပ်ဖို့အတွက် မျက်နှာပြင်ကြီးမှ Call Screen ကို ပြန်သွားစရာမလိုတော့ပါဘူး။


<4. App Drawer Sorting>
Stock Android က App Drawer မှာ Apps များကိုအက္ခရာစဉ်အလိုက် စီပေး ထားမှာ ဖြစ်ပါတယ်။ တကယ်ကိုသေသပ်ပြီးရိုးရှင်းပါတယ်။ TouchWiz ကလည်း Default အားဖြင့် အဲဒီလိုလုပ်ပေးနိုင်တဲ့အပြင် Customize လုပ်နိုင် တဲ့ Options များစွာကိုထပ်ဖြည့်ပေးထားပါတယ်။ အဲဒါတွေထဲမှာ မိမိ စိတ်ကြိုက် Sorting ပြုလုပ်ခြင်း၊ Folderများမှာ Apps များထည့်သွင်းခြင်း (Home Screen မှာ ပြုလုပ် သလိုမျိုးဖြစ်ပါတယ်။) ၊ Downloaded Apps များကိုသာ ကြည့်ရှုခြင်းတို့ ပါဝင်ပါတယ်။


<5. App Hiding> 
System Apps များ၊ အသုံးပြုမှုနည်းပါးတဲ့ Apps များနဲ့ လုံခြုံရေးအရ ဖွက်ထားချင်တဲ့ Apps များကို App Drawer ကနေဖွက်ထားချင်တဲ့ အခြေအနေမျိုးတွေ တစ်ခါတလေမှာရှိတတ်ပါတယ်။ TouchWizမှာ ဒီလိုပြုလုပ်ရတာရိုးရှင်းလွယ်ကူပါတယ်။ ဒါပေမယ့် ဖွက်ထားတဲ့ Apps များကိုလွယ်ကူစွာ ကြည့်ရှုနိုင်တာကိုသတိပြုပါ။ ဒီစွမ်းဆောင်ချက် ဟာ အခြားလူများကသင့်ဖုန်းကိုရုတ်တရက်ကြည့်တဲ့ အခြေအနေမျိုးနဲ့ App Drawer ကိုရှင်းလင်းချင်တဲ့ အခြေအနေမျိုးမှာသင့်တော်ပါတယ်။


<6. Quick Toggles Tray ကိုလွယ်ကူစွာဖွင့်နိုင်ခြင်း>
Stock Android မှာ Notification Tray ကိုအောက်ဆွဲချပြီးနောက် Quick Toggles များကိုအသုံးပြုဖို့ နောက်တစ်ချက်ထပ်နှိပ်ရပါတယ်။
(လက်နှစ်ချောင်းနဲ့ အောက်ကိုပွတ်ဆွဲနိုင်ပေမယ့် အသုံးပြုရတာ သက်တောင့်သက်သာမရှိပါဘူး။) TouchWizမှာ Tray ကိုအောက်ဆွဲချလိုက် တာနဲ့ သင် အသုံးပြုမှုအများဆုံး Quick Toggles များနဲ့ Brightness Slider ကိုတွေ့နိုင်ပါတယ်။


<7. Quick Toggles များကို Customize ပြုလုပ်ခြင်း>
TouchWizမှာသင် အသုံးပြုမှု အများဆုံး Quick Toggles များကိုရွေးချယ် ထားနိုင်သလိုအစီအစဉ်ကိုလည်း နှစ်သက်သလိုပြောင်းရွှေ့နိုင်ပါတယ်။

<8. Recent Apps များအားလုံးကိုပိတ်ခြင်း>
နောက်ကွယ်မှာ Run နေတဲ့ Apps များကိုပိတ်ပြီး RAM နေရာလွတ်များ ရရှိအောင် ပြုလုပ်စရာမလိုပါဘူး။ RAM နေရာလွတ်မရှိတော့ရင် Android က အလိုအလျောက် Apps များကိုပိတ်ပေးမှာပါ။ Apps များကိုကိုယ်တိုင် ပိတ်ခြင်းအားဖြင့် အဲဒီ App ကို ပြန်ဖွင့်တဲ့အခါမှာ နှေးကွေးနေမှာ ဖြစ်ပါ တယ်။ နောက် ကွယ်မှာ Apps များ Run နေခြင်းဟာအဲဒီ Apps များကို လျင်မြန်စွာနဲ့ ပြန်အသုံးပြုခွင့်ရရှိစေ မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ခါ တလေမှာ Recent Apps Menu ကိုရှင်းလင်းချင်တဲ့ အခြေအနေမျိုးတွေ ဖြစ်တတ်ပါတယ်။ TouchWizမှာခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ ကတ်များ အားလုံးကို ပိတ်ပေးနိုင်ပါတယ်။ Vanilla Android မှာတော့ တစ်ခုချင်းစီကို ပိတ်ရမှာ ဖြစ်ပါတယ်။

<9. Calculator History>
Calculator လိုရိုးရှင်းတဲ့ App တစ်ခုဟာဒီထက်ပိုပြီး အသုံးဝင်မယ်လို့ ထင်ကြ မှာမဟုတ်ပါဘူး။ Samsung ကတော့ အလွန်အသုံးဝင်တဲ့ History ဆိုတဲ့ သေသပ်ရိုးရှင်းတဲ့ စွမ်းဆောင်ချက်ကိုထည့်သွင်းပေး ထားပါတယ်။ ဂဏန်း တွေကိုရေးမှတ်ဖို့ မေ့သွားခဲ့ရင် တွက်ချက်ထားတာတွေ အားလုံးကိုပြန်ကြည့်နိုင်ပါ တယ်။ App ကိုပိတ်မိရင်လည်းနောက်ဆုံးရလဒ်တွေကို ပြန်လည် ကြည့်ရှုနိုင်ပါတယ်။

<10. File Manager>
Stock Android မှာကောင်းမွန်တဲ့ File Manager မပါရှိပါဘူး။ Play Store မှာ File Manager Appsများစွာရှိပြီး နှစ်သက်ရာကိုရွေးချယ် အသုံးပြုနိုင်ပါတယ်။ Samsung ကလည်းအခြားစမတ်ဖုန်းထုတ်လုပ်သူတွေလိုပဲကိုယ်ပိုင် File Manager ကိုTouchWizမှာထည့်သွင်းပေးထားပြီးအလွန်ကောင်းမွန်ပါတယ်။

<11. Volume Slider ကိုလွယ်ကူစွာအသုံးပြုနိုင်ခြင်း>
Android System မှာ Ringer, Media Playback, Alarms တို့အတွက် Volumes ကိုသီးခြားစီထိန်းချုပ်ဖို့ ပြုလုပ်ပေးထားပါတယ်။ Samsung ကတော့ အဲဒါအပြင် System Sound တွေကိုပါ ထိန်းချုပ်နိုင်တဲ့ Slider တစ်ခုကိုထည့်သွင်းပေးထားပြီး Controls လေးခုစလုံးကို လွယ်ကူစွာ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ Stock Android မှာတော့ Settings> Sounds & Notifications ထဲသွားရပေမယ့် TouchWizမှာဆိုရင် Volume ခလုတ်ကို နှိပ်ရင် ပေါ်လာတဲ့ Volume Slider ရဲ့ ဘေးဘက်မှ Gear ခလုတ်ကို နှိပ်ရုံ ပါပဲ။

<12. Power Saving Modes>
ဘက်ထရီကိုသက်သာစေတဲ့ စွမ်းဆောင်ချက်ကလည်းအရေးကြီးပါတယ်။ စမတ်ဖုန်းထုတ်လုပ်သူများစွာက သူတို့ကိုယ်ပိုင် Power Saving Modes တွေကိုဖန်တီးထားကြပြီး Samsung က Power Saving ( CPUအသုံးပြု မှုကိုလျှော့ချခြင်း၊ Screen ကိုမှောင်မဲစေခြင်း၊ အဖြူ၊ အနက်ဖြင့် ပြသခြင်း စသည်တို့ ဖြစ် ပါတယ်။ ) နဲ့ Ultra Power Saving ( Apps နဲ့စွမ်းဆောင်ချက် အနည်းငယ်ကိုသာ အသုံးပြုစေခြင်း ဖြစ်ပါတယ်။ ) ဆိုပြီး နှစ်မျိုးဖန်တီး ပေးထားပါတယ်။ Stock Android မှာတော့ ဒီလို Modes တွေ မပါရှိပါဘူး။

<13. Power Button Menu>
Vanilla Android Lollipop မှာ Power Button ကိုဖိထားရင် ဖုန်းကိုပိတ်ဖို့ ရွေးချယ်မှုတစ်ခုပဲရရှိမှာပါ။ TouchWizမှာဒီလိုလုပ်ရင် Airplane Mode, Samsung Emergency Mode, Restart, Turn Off စတာတွေကို လျင်မြန် စွာအသုံးပြုနိုင်မယ့် Menu တစ်ခုကို ပြသမှာ ဖြစ်ပါတယ်။

<14. Call/Text ပြုလုပ်ဖို့ ပွတ်ဆွဲပါ>
TouchWizမှာ Contact တစ်ယောက်ရဲ့ နာမည်ကိုပွတ်ဆွဲခြင်းဖြင့် ဖုန်းခေါ် ခြင်း၊ စာပို့ခြင်းတို့ကို လျင်မြန်စွာ ပြုလုပ်နိုင်ပါတယ်။ Call Log / Contact List မှ နှစ်သက်ရာနံပါတ်ကိုရှာပြီးဖုန်းခေါ်ဖို့ ညာဘက်ကိုပွတ်ဆွဲပါ။ စာပို့ဖို့ ဘယ်ဘက်ကိုပွတ်ဆွဲပါ။ အလွယ်လမ်းကို နှစ်သက်သူများအတွက် အဆင်ပြေ စေတဲ့ စွမ်းဆောင်ချက်ကောင်းတစ်ခုပါ။

<15. Text Selection (S-Pen)>
Android မှာစာသားတွေကို Select လုပ်ရတာအခက်တွေ့နေတုန်းပါပဲ။ iOSမှာလည်းဒီအတိုင်းပါပဲ။ Android အခြေပြု စနစ်တွေမှာ စကားလုံး တစ်ခုကို နှိပ်ပြီးဖိထားရင် အဲဒီစကားလုံးကို Select လုပ်ပေးမှာ ဖြစ်ပါတယ်။ နောက်ပြီးစကားလုံးရဲ့ အစွန်းတစ်ဖက်စီမှာ Marker တစ်ခုစီကို ပြသပေးမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Marker တစ်ခုစီကိုဖိဆွဲပြီး နှစ်သက် သလောက် စကားစုများကိုရွေးချယ်နိုင်ပါတယ်။ Lollipop မှာတော့ Marker နှစ်ခုကိုသေးငယ်အောင် ပြုလုပ်ထားလို့ ဒီနည်းလမ်းကအဆင်မပြေပါဘူး။ Note 4 နဲ့ Note Edge မှာပါတဲ့ S-Pen က စာသားတွေကိုကော်ပီလုပ်ဖို့ ပိုမိုကောင်းမွန်တဲ့ နည်းလမ်းတစ်ခုကိုမိတ်ဆက်ခဲ့ပါတယ်။ Stylus မှ ခလုတ် ကိုဖိထားပြီး Select လုပ်ချင်တဲ့ စာသားတွေအပေါ်ကိုဖိဆွဲလိုက်ရုံပါပဲ။

<16. Keyboard(MM)>
ဒါကတော့နောက်ဆုံးထွက်လာမယ့်Note 5မှာသုံးလာမယ့်ဘာသာ စကား ပုံစံဖြစ်ပါတယ်။Unicode (သို့) Zawgyiနှစ်မျိုးလုံးသုံးနိုင်မှာဖြစ်ပြီးFont တွေကိုမှန်ကန်စွာသုံးနိုင်ဖို့အတွက်တော့setting ထဲမှာသွားရောက် သတ်မှတ် ပေးရမှာဖြစ်ပါတယ်။လုပ်ဆောင်ရမယ့်နည်းလမ်းကတော့ Language and input ထဲကို ၀င်ရောက်လိုက်ပါ။ Language ဆိုတဲ့နေရာမှာ မြန်မာ (Unicode)။မြန်မာ (Zawgyi) ကြိုက်တာရွေး ချယ်ပေးလိုက်ပါ။ ဒီနေရာမှာ ပြောင်းလဲ လိုက်တဲ့အတွက်ကြောင့်ဖုန်းရဲ့setting, icon တွေမှာဖော်ပြမယ့် ဘာသာ စကား လည်းပြောင်းလဲသွားပါလိမ့်မယ်။မက်ဆေ့ခ်ျပို့တာ၊စာသား နုတ်များ မှတ်သားလိုသူတွေ အတွက်တော့ ကီးဘုတ်ဘာသာစကားမှာ သွားရောက်ပြင်ဆင်ထားရမှာဖြစ်ပါတယ်။ ဒါမှသာစာရိုက်တဲ့ အခါမှာမိမိ လိုအပ်တဲ့language နဲ့ရိုက်လို့ရစေမှာပါ။Samsung keyboard ဆိုတဲ့နေရာ မှာရှိတဲ့Select Input Language ဆိုတဲ့နေရာမှာLanguage (၄) မျိုးထိ ထည့်သွင်းသတ်မှတ်ထားနိုင် မှာဖြစ်ပြီး၊ မြန်မာ (Unicode) ။မြန်မာ(Zawgyi) တို့ကိုရွေးချယ်သတ်မှတ်ခဲ့ မယ်ဆိုရင်keyboard သုံးတဲ့အချိန်မှာ အသာလေး ပွတ်ဆွဲလိုက်ရုံနဲ့ပြောင်းလဲပေးမှာဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

Credit to ==> Mobile Guide Journal

မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ


Related Posts Plugin for WordPress, Blogger...
Powered by Blogger.

Followers

တင်ထားသမျှပိုစ်များ

My Blogger TricksAll Blogger TricksTechtunes

Popular Posts(2)

Flag Counter

GET FREE EMAIL UPDATES


Subscribe

Recommend on Google

ဖုန်းဆိုင်ရာ စုစည်မူ

တစ်ခြား ဘလော့ ဆိုက်များသို့ 

သူတိုဒီလို ပြောသွားတယ်

BTemplates.com