Showing posts with label ဗေဒင် လက္ခဏာ ဟောပြောမှုများ. Show all posts
Showing posts with label ဗေဒင် လက္ခဏာ ဟောပြောမှုများ. Show all posts

Saturday, August 1, 2015



၂၀၁၅ မှာ ကိုယ်က ဘာတွေ ကို ရည်မှန်းပြီး ဘယ်လို လုပ်သွားသင့်သလဲ ဆိုတာ ကို ဗေဒင်ဖြင့် အဖြေ ရှာကြည့် ရအောင်နော်။ အောက်ကမေးခွန်း ကလေး ကို ဖြေကြည့်ပေးရင်တော့ အဖြေ ကို သိရပါလိမ့်မယ်။ 


မေးခွန်း 

သင့်ရဲ့ မျက်စိရှေ့ မှာ သိုးပုံ ပန်းချီကား ရှိပါလိမ့်မယ်။ ဒီပုံ ကို အရောင်ပြောင်းမယ် ဆိုရင် ဘာ အရောင်ပြောင်း ဆိုး မလဲ။

၀၁. ပန်းရောင် 
၀၂. အဝါရောင် ၀၃. အပြာရောင် ၀၄. အစိမ်းရောင် ၀၅. ရွှေရောင် 




ကဲ စာဖတ် ပရိသတ်ကြီး က ဘာကို ရွှေးချယ်လိုက် သလဲ။ အဖြေ ရှာကြည့်ရအောင်နော်။

ဒီဗေဒင် မှ သင့် က ၂၀၁၅ ခုနှစ် မှာ ဖြစ်ချင် တဲ့ ရည်မှန်းချက်၊ မျှော်လင့်ချက် ကို သိနိုင်မှာပါ။ 


အဖြေ ကတော့ ..... 

၀၁. ပန်းရောင် - အချစ်ရေး ကို အလေးပေးမယ်ပေါ့ 


သင် ကတော့ အချစ်ရေး ကို ဦးစားပေးချင် ပါတယ်။ ၂၀၁၅ မှာ အချစ်ရေး မှာ အဆင်ပြေပြီး ပန်းဝင်ချင်တယ် ဆိုတဲ့ ဆန္ဒ ရှိနေတာ အမှန်ပါ ။၂၀၁၅ မှာ ချစ်သူ မရှိသေးသူများ ကတော့ ရည်စား ရအောင် ကြိုးစားပြီး ချစ်သူတွေ ကတော့ တစ်ယောက်နှင့် တစ်ယောက် ပိုပြီး ချစ်နိုင်အောင် ကြိုးစားပါ။

ပန်းရောင် ကို ရွေးချယ်လိုက်တယ် ဆိုတာ က မိန်းကလေးဖြစ်သူ ဆိုရင် ပိုပြီး မိန်းကလေး ပီသလာမည့်နှစ် လည်း ဖြစ်ပြီး ယောင်္ကျားလေးဖြစ်ခဲ့ရင် လည်း မိန်းကလေးတွေ ကို ပိုပြီး အလေးထားပြီး ဆက်ဆံနေ ရာပေးနိုင် သူ ဖြစ်ပါ လိမ့်မယ်။ 
 

၀၂. အဝါရောင် - ဘာမဆို အားကြိုးမာန်တတ် ကြိုးစားမယ်ပေါ့ 

သင် ကတော့ ၂၀၁၅ မှာ ဘာမဆို ကြိုးစားပြီး လုပ်ဆောင်သွားမယ် လို့ ရည်ရွယ် ထားသူဖြစ်ပါ လိမ့်မယ်။ ဘဝ ရဲ့အောင်မြင်မှုကို ရအောင် ပိုမိုကြိုးစား အားစိုက်သင့်သောနှစ်ဖြစ်ပါ လိမ့်မယ်။ အသက်တွေ ကြီးလို့ အလုပ်ကြောင့် အချိန် မရှိလို့ဆိုပြီး ဆင်ခြေတွေ မပေးပါနဲ့။ သင်က စိတ်ဝင် စားသောအရာ ကို ချက်ချင်း ဆို သလို အကောင် အထည် ဖော်သွားရန် အကြံပေးပါရစေ။ 

၀၃. အပြာရောင် - ပညာရေး နဲ့အလုပ် ကို ကြိုးစားမယ်ပေါ့ 

သင် ကတော့ ရည်မှန်းချက်တွေ အားလုံးကို အောင်မြင်ပြီးမြောက်အောင် လုပ်မယ်လို့ ရည်ရွယ်ထားသူပါ။ ၂၀၁၅ မှာ ပညာရေး နဲ့ အလုပ်မှာ ပိုပြီးကြိုးစားသင့် ပါတယ်။ စိတ်ခံစားမှု အပေါ်မှာ မူတည်ပြီး ဆုံးဖြတ်မူတွေ ကို ရှောင်ပြီး သေသေချာချာ စိတ်အေးအေးဖြင့် စဉ်းစားဆုံးဖြတ်နိုင်ပါစေ။ အပြာရောင် ကို ရွေးချယ် သူဟာ ကိုယ့် ရဲ့စိတ်ပိုင်းဆိုင်ရာ ကိုပြောင်းလဲ ချင်သောသူဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေ ကို ပြင်နိုင်အောင် ကြိုးစားသင့် ပါတယ်။ 

၀၄. အစိမ်းရောင် - စိတ်ရော ကိုယ်ပါ ကျန်းမာအောင်လုပ်မယ် 

သင် ကတော့ လာမည့်နှစ် မှာ အေးအေးဆေးဆေးကျော်ဖြတ် ချင်သော သူဖြစ်ပါ လိမ့်မယ်။ လက်ရှိ အခြေ အနေ မှာ အခက် အခဲတွေ၊ ပြသာနာတွေ ကို အမြဲတမ်းဖြေရှင်းနေရပြီး စိတ်ပင်ပန်းနေမှာ ပါ။၂၀၁၅ မှာတော့ စိတ် ရောကိုယ်ပါ ကျန်းမာအောင် လုပ်မယ် ဆိုတဲ့ ရည်မှန်းချက်ကို ထားသင့်ပါတယ်။ လုပ်နိုင် သလောက်သာ လုပ် ပြီး ကိုယ့်ကို ကိုယ် မနှိပ်စက် ပါနဲ့။ စိတ်ပိုင်းဆိုင်ရာ အရမ်း ပင်ပန်းလာပြီ ဆိုရင်တော့ အားရ ပါးရ ခွင့်ယူပြီး အနားယူ လိုက်ပါ။ 

၀၅. ရွှေရောင် - ရည်မှန်းချက်တွေ ကို အောင်မြင်အောင်လုပ်မယ် 

သင်က ရည်မှန်း ထားသော အိမ်မက်တွေ ကို အကောင်အထည်ဖော်မယ် လို့ ရည်မှန်းထားသော နှစ်ဖြစ်ပါ လိမ့်မယ်။ သင့် ရဲ့ခေါင်းထဲ မှာ ဒီ ကိစ္စ ကို ဘယ်လို အကောင်အထည်ဖော်မလဲ ဆိုတာကို အမြဲ စဉ်းစားနေပုံ ရ ပါတယ်။ မဖြစ်နိုင်တဲ့ ရည်မှန်းချက် ပဲဖြစ်ပါစေ။ လက်မလျှော့ လိုက်ပါနဲ့ တဖြည်းဖြည်းချင်း ဆက်လက်ပြီး ကြိုးစားလျှောက်လှမ်းပါ။ ဘဝ မှာ ဘာဖြစ်မယ် ဆိုတာကို ဘယ်သူမှ ကြိုပြီးမသိနိုင်ပါ။

၂၀၁၅ မှာ ကိုယ့်ရဲ့ အိမ်မက်တွေ အကောင်အထည် ပေါ်လာပြီးပြုံးပျော်ရွှင်နေမယ်လို့ ထင်ပါ တယ်။ ရွှေရောင် ရဲ့ အဓိပ္ပာယ် ဆိုတာ ပိုက်ဆံ ဆိုသော အဓိပ္ပာယ် လည်း သက်ရောက်သောကြောင့် ချမ်းချမ်း သာသာနေ ချင် တယ် ဆိုတဲ့ ရည်မှန်းချက်လည်း ရှိနေမှာပါ။

၂၀၁၅ ခုနှစ်မှာ စာဖတ် ပရိသတ် ညီ အကို မောင်နှမ များ အားလုံး လိုအင် ဆန္ဒများ အားလုံး ပြည့်ဝကြ ပါစေလို့  ဤနေရာ မှ ဆုတောင်းလိုက် ပါတယ်။ 
 


မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်...

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။


ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ


Related Posts Plugin for WordPress, Blogger...
Powered by Blogger.

Followers

တင်ထားသမျှပိုစ်များ

My Blogger TricksAll Blogger TricksTechtunes

Popular Posts(2)

Flag Counter

GET FREE EMAIL UPDATES


Subscribe

Recommend on Google

ဖုန်းဆိုင်ရာ စုစည်မူ

တစ်ခြား ဘလော့ ဆိုက်များသို့ 

သူတိုဒီလို ပြောသွားတယ်

BTemplates.com