Showing posts with label Gmail နည်းပညာ. Show all posts
Showing posts with label Gmail နည်းပညာ. Show all posts

Thursday, July 23, 2015


သင်သုံးနေတဲ့ G-mail တစ်ခုက သင့်အတွက်ဘာမှမဟုတ်ဘူးလို့ထင်ရပေမယ့် တစ်ကယ်တမ်း ထိထိရောက်ရောက်သုံးတဲ့အခါမှာအလကားရထားတယ်ဆိုပေမယ့် သင့်လုပ်ငန်းအောင်မြင်မှုအတွက်လည်း အလွန်အရမ်းအရေးကြီးပါတယ်။ လုပ်ငန်းတစ်ခုမှာ သင်ဟာကိုယ်ပိုင် Domain ၀ယ်မသုံးပဲ G-mail ကိုပဲသုံးနေတယ်ဆိုရင် သင့်လုပ်ငန်းတိုးတက်ဖို့အတွက် ကွန်ယက်ချိတ်ဆက်မှုအားလုံးကို Mailကနေတဆင့် ဆက်သွယ်ကြရတာဖြစ်ပါတယ်။ ဒီတော့က သင့်လုပ်ငန်းတွင်း Data, Information တွေအားလုံးမပေါက်ကြားဖို့နဲ့ Hack ခံရခြင်းမှ (75%) ကင်းဝေးနိုင်အောင် သင်တို့သုံးနေတဲ့ G-mail ကို 2 Step  ခံထားကြရပါတယ်။ လုပ်ဆောင်ပုံကိုတော့ အရင် ကျွန်တော်ရေးထားပေးပြီးသားပါ ဒီကနေ သွားရောက်ဖတ်ရှုကြပါ။ ဒီတော့ သင့်အကောင့်ကို2 Step ခံပြီးသွားပြီလို့ ယူဆလိုက်ပါပြီ။ ဒီတော့ အားလုံး သတိမထားမိတဲ့အချက်ကတော့ မိမိကတော့ မိမိအကောင့်လုံခြုံရေးအတွက် 2 Stepသာခံလိုက်တယ်။ မိမိအကောင့်ကို ဖုန်းမရှိတဲ့အချိန်မှာ ၀င်ဖို့အတွက်ချပေးထားတဲ့ Once Time Code ၁၀ လုံးကို မမှတ်ထားမိတာပါပဲ။အဲ့လိုမမှတ်ထားရင် ဘာတွေဖြစ်တတ်လည်း ဆိုတော့ အကယ်လို့များ သင့်ဖုန်းပျောက်သွားတာတို့ ဘာတို့ဆိုရင် သင့် Mail ကို Accessလုပ်နိုင်မှာမဟုတ်ပါဘူး။ ကျတော်ကိုယ်တိုင်ကြုံခဲ့ဖူးတာပါ။ ကျတော့ဖုန်းပျောက်တုန်းကဆို ကံကဆိုးချင်တော့ ဖုန်းပျောက်မယ့် အချိန်နဲ့ရုံးက ကွန်ပျူတာကို Window အသစ်ပြန်တင်ထားတဲ့အချိန်ဖြစ်နေတော့ အကောင့်ထဲဝင်ဖို့ကို Code မရောက်ပဲ။ တစ်ပတ်လောက်ရုံးMail နဲ့ အဆက်သွယ်ပြတ်ဖူးပါတယ်။ ဒါကြောင့် သင်တို့လည်း ထိုသို့မဖြစ်ရအောင် Once Time Code ကို ဘယ်လိုယူထားမလည်းဆိုတာနဲ့မြန်မာပြည်မှာ ဖုန်းလိုင်းမကောင်းတဲ့အခါမှာ Code ကို ဘယ်လိုယူမလည်းဆိုတာလေး ပြပါ့မယ်။ ကဲ စပြီဗျာ… Let’s start the Show….အရင်ဆုံး မိမိအကောင့်ထဲဝင်ပြီးသွားပြီဆို့ရင်အောက်ပါပုံအတိုင်း



မှာ My Account ကို နှိပ်လိုက်ပါမယ်။ ပြီးသွားရင်တော့နောက်ထပ် Tab
တစ်ခုအနေနဲ့ ပေါ်လာပါလိမ့်မယ်။ထို့နောက်တော့



အထက်ပါပုံအတိုင်းမှ အမဲရောင်လေးထောင့်ကွက်လေးထဲက
Sign-in & security ဆိုတာကိုနှိပ်လိုက်ပါ့မယ်။ထို့နောက်တော့



အထက်ပါပုံအတိုင်းမှ 2 –Step Verification ဆိုတာကို နှိပ်လိုက်
ပါမယ်။ ဒါဆိုရင်တော့အောက်ပါပုံအတိုင်းပေါ်လာရင်တော့



Show Backup Codes ဆိုတာကိုနှိပ်လိုက်ပါ့မယ်။




ထိုအခါ Tab တစ်ခုအနေနဲ့ အနီရောင်အကွက်ထဲက ကုတ်ဒ ၁၀ ခုကို
ဖော်ပြပါလိမ့်မယ်။ ဒီနေရာက အသက်ပါပဲ ဘာလို့လည်းဆိုတော့
သင်ဟာ သင့် G-mail ကို 2 Step ခံထားတယ်ဆိုရင် အကယ်လို့ အပေါ်
မှာပြောခဲ့သလို သင့်ဖုန်းကို သင်ကိုယ်တိုင် Access မလုပ်နိုင်တဲ့အခါမှာ
ထို ကုဒ် ၁၀ လုံးထဲက တစ်လုံးကို တစ်ကြိမ်သာသုံးခွင့်ရှိတာကြောင့်
ထိုကုဒ် ၁၀ လုံးကို Diary စာအုပ်ထဲမှာဖြစ်ဖြစ် ကူးရေးထားရပါမယ်။
ဒါမှ သင့်အကောင့်ထဲကို သင်ပြန်ဝင်နိုင်မှာဖြစ်ပါတယ်။နောက်တစ်ချက်
က မြန်မာပြည်မှာ ဖုန်းလိုင်းမကောင်းလို့ Verification Code ကို ပြန်
မပို့နိုင်တဲ့အခါမှာ သင့်ဖုန်းထဲမှာ Google Authenticator ဆိုတဲ့
App ကို Play Store ကနေဒေါင်းပြီးသွင်းထားလိုက်ပါမယ်။
လိုချင်တယ်ဆိုရင်တော့ ဒီနေရာ ကနေဒေါင်းပါမယ်။ ထို့နောက်တော့



အထက်ပါပုံအတိုင်းမှ Get codes via our mobile app instead ဆိုတဲ့
နေရာမှာ Switch to app ဆိုတာကို နှိပ်လိုက်ပါ့မယ်။



အထက်ပါပုံအတိုင်းပေါ်လာရင်တော့ သင်ဟာ ဘယ်ဖုန်းအမျိုးအစားကို
ကိုင်နေတာလည်း သင်ကိုင်တဲ့ဖုန်းအမျိုးအစားအတိုင်းရွေးချယ်ပြီး
Continue ကိုနှိပ်ပေးလိုက်ပါ့မယ်။ ကျတောကတော့ Android အစုတ်
လေးကိုင်နေတာမို့လို့ Android အစုတ် လို့ရွေးလိုက်ပါတယ်။ဒီနောက်
တော့ သင့်ဖုန်းထဲကနေပြီး



Google Authenticator ကိုဖွင့်ပြီး ညာဘက်နားက အစက်လေး ၃စက်
ကိုနှိပ်လိုက်ပြီး Set up account ဆိုတာကိုနှိပ်လိုက်ပါ့မယ်။ပြီးသွားရင်



Scan a barcode ဆိုတာကိုရွေးလိုက်ပါ့မယ်။ ဒါဆိုရင်တော့သင့်ဖုန်းထဲက
Scan software တစ်ခုခုနဲ့



ဖတ်ပါ့မယ်။



ကြုံတုန်း Mouse Pad လေးကြွားတာပါ :P ကဲ ဆက်ရအောင် သင့်
ကွန်ပျူတာ မျက်နှာပြင်က QR (Quick Respond ) Code ကို Scan
လုပ်လိုက်ပါ့မယ်။ ဒါဆိုရင်တော့



သင့်အကောင့်နဲ့ ပတ်သက်ပြီး Code တွေဖော်ပြပေမယ့် အကောင့်
တစ်ခုကို ထည့်ပြီးသွားပြီဖြစ်ပါတယ်။ ဒီတော့ ကွန်ပျူတာဘက်ကို
ပြန်သွားပါ့မယ်။



အထက်ပါအတိုင်း မိမိ GA ထဲက စက္ကန့် ၃၀ တိုင်းဖော်ပြပေးတဲ့ Code
ကိုရိုက်ထည့်လိုက်ပါ့မယ်။ ပြီးရင်တော့ Verify and save ဆိုတာကို
နှိပ်ပေးလိုက်ပါ့မယ်။ဒါဆိုရင်တော့အောက်ပါ့ပုံအတိုင်း



ပေါ်လာရင် သင့်အကောင့်အတွက် လုပ်စရာရှိတာတွေလုပ်ပြီးသြွးပြီဖြစ်ပါတယ်။
အားလုံးပဲ အဆင်ပြေနားလည်ကြမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။
လေးစားစွာဖြင့်
Cristiano Zarni@ဦးဇာနည်

မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။


ညောင်ညိုသားလေး Computer နည်းပညာ နှင့်Software ပြန်လည်းမျှဝေခြင်း{ ဒီမှာ } သွားလိုက်ပါ


Related Posts Plugin for WordPress, Blogger...
Powered by Blogger.

Followers

တင်ထားသမျှပိုစ်များ

My Blogger TricksAll Blogger TricksTechtunes

Popular Posts(2)

Flag Counter

GET FREE EMAIL UPDATES


Subscribe

Recommend on Google

ဖုန်းဆိုင်ရာ စုစည်မူ

တစ်ခြား ဘလော့ ဆိုက်များသို့ 

သူတိုဒီလို ပြောသွားတယ်

BTemplates.com