Friday, September 25, 2015

                                    Android စမတ်ဖုန်းအားလုံးကို Root လုပ်နည်း



ယခုဖော်ပြပေးသွားမှာက ဖုန်းကို Root Account လုပ်နည်းဘဲ ဖြစ်ပါတယ်။
ဖုန်းမော်ဒယ် (၃)မျိုးဖြင့် Root လုပ်ဖော်ပြထားပါတယ်။
Root Application (၃) မျိုးဖြင့် စမ်းသမ်ပြထားပါတယ်။
ကွန်ပျူတာဖြင့် Root လုပ်နည်းကိုလည်းဖော်ပြထားပါတယ်။
ပုံများနဲလွယ်ကူစွာလေ့လာနိုင်ပါတယ်။
VRoot ဖြင့် Root လုပ်ခြင်း
##############
အရင်းဦးဆုံး VRoot ဟူသော မိုဘိုင်း Application အား မိမိဖုန်း၌  Downloads ဆွဲ၍ ဖုန်း ၌ Install လုပ်၍ Open  လုပ်၍ VRoot ဆော့ဝဲထဲသို့ ဝင်လိုက်ပါ"
Internet အနည်းငယ်သုံးဖို့လိုပါမည် အင်တာနတ်ဖွင့်ထားပေးပါ။
ပြီးပါက ယခု VRoot ဆော့ဝဲထဲက အပေါ်ဆုံးက Root ဟူသော အကြောင်းအရာကို နှိပ်ပေးပါ။
                                        
 အပေါ်က အတိုင်းလုပ်ဆောင်ပြီးပါက အောက်က ပုံပါအတိုင် Root Account ရရှိဖို့ စတင်လုပ်နေပါတာဖြစ်ပါတယ်။                   

                                      
လုပ်ချက် ၁၀၀ % ပြည့်ပါက မိုဘိုင်းဖုန်းအား ယခု VRoot ဖြင့် Root လုပ်ခြင်းအောင်မြင်သွားပီ ဘဲဖြစ်ပါတယ်။

Pro Myanmar Root ဖြင့် Root လုပ်ခြင်း
######################
ယခု ဖော်ပြပါ Root Application ၏ Name မှာ Pro Myanmar Root ဖြစ်ပါတယ်။
ယခု Root ဆော့ဝဲဖြင့်လည်း Mobile Android ဖုန်း များစွာကို Root လုပ်နိုင်ပါတယ်။
Pro Myanmar Root အားရယူပါ

ဆော့ဝဲအား ဒေါင်းပြီးပါက Install လုပ်၍ Open လုပ်ကာ ဆော့ဝဲအတွင်းဝင်လိုက်ပါ။
                                           o
Pro Myanmar Root ဟူသော ဆော့ဝဲထဲက အလယ်၌ ရှိနေသည့် Start Root အကြောင်းအရာကို တစ်ချက်နှိပ်ပါ အောက်ပါပုံအတိုင်းဖြစ်ပါတယ်။

                                          
အပေါ်က လုပ်ဆောင်ချက်များ ပြီးဆုံးပါက အောက်ပါ ပုံတိုင်း Root Account ရရှိရန် လုပ်ဆောင်နေတာတွေ့ရပါလိမ့်မည်။
မိနစ်ပိုင်းလောက် စောင့်ဆိုင်းပြီးပါက မိုဘိုင်းဖုန်း ၏ မျက်နှပြင်၌ Super User ဟူသော Apps တစ်ခု ရောက်ရှိလာပါလိမ့်မည်။
                                         
                                         
အပေါ် ပုံတိုင်း ဖုန်း Screen ၌ Super User တွေ့ရပီ ဆိုပါက Pro Myanmar Root ဖြင့် Root လုပ်ခြင်း အောင်မြင်သွားပီဘဲ ဖြစ်ပါတယ်။

KingRoot ဖြင့် Root လုပ်ခြင်း
################
ယခုဖော်ပြပါ KingRoot ဟာ Mobile Phone ရဲ့ Root လောက၌ ဖုန်း မော်ဒယ်အများအပြားကို Root လုပ်နိုင်ပြီး အကောင်းဆုံးဟု ဆိုထားသည့် ဆော့ဝဲတစ်ခုဖြင့်လည်း ရပ်တည်နေပါတယ်။
ဆော့ဝဲအားဒေါင်းပြီး Install လုပ်၍ Open ဖြင့် ဝင်လိုက်ပါ အောက်ပါပုံတိုင်းဖြစ်ပါတယ်။
                                    
ပြီးပါက ဆော့ဝဲတွင်း၌ မိမိ ဖုန်း မော်ဒယ်အမျိုးစားကို တွေ့ရမှာဖြစ်ပြီး အလယ်က အစိမ်းရောင်အဝိုင်းအား တစ်ချက်နှိပ်ပေးရပါမည်။
                                     
ပြီးရင်တော့ အောက်ပါပုံ အတိုင်း ✔ အမှန်ခြစ် ပေါ် လာပါမည်။

                                     
အောက်ပါပုံတိုင်း ဖုန်း၏ Screen ၌ K ပုံစံ icon ဆော့ဝဲတစ်ခုထွက်ရှိလာလျှင်တော့ KingRoot ဖြင့် Root လုပ်ခြင်းဟာ အောင်မြင်သွားပီဘဲ ဖြစ်ပါတယ်။

                                   
ယခုဖော်ပြခဲ့တာ မိုဘိုင်းဖုန်းတွက် Root
လုပ်ခြင်းသီးသန့် ဖြစ်ပါတယ်။
Root လုပ်နေစဉ် အင်တာနတ် အနည်းငယ်ဖွင့်ထားရန်လိုအပ်ပါလိမ့်မည်။

Android မိုဘိုင်းဖုန်းတွေကို ကွန်ပျူတာတွင် Vroot ဖြင့် Root ဖောက်နည်း

မိုဘိုင်းဖုန်း Android တွေကို Root ဖောက်ရန် ကွန်ပျူတာ ဆော့ဝဲတစ်ခုဖြစ်တဲ့ Vroot ဖြင့် Root ဖောက်ပုံအဆင့်ဆင့် ကို ပုံနဲတကွဖော်ပြရှင်းလင်းပေးထားပါတယ်။
မိမိ မိုဘိုင်းဖုန်းကို အမှန်တကယ် Root ပြုလုပ်ရန်လိုအပ်နေတယ်ဆိုရင်တော့ ကွန်ပျူတာ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လေ့လာထားပါက ပညာတစ်ခုတိုးပွားလာစေမှာအမှန်ဘဲဖြစ်ပါသည်။
Root လုပ်ရန်အဆင့်ဆင့်ကို အောက်တွင်ပုံဖြင့်ရှင်ပြထားတာလေ့လာလိုက်ရအောင်..။

အဆင့် (၁) မိမိ Root ဖောက်မည့် ဖုန်း၏ Setting>Developers Option အားနှိပ်ပြီး USB Debuggingအမှန်ခြစ်ဖြစ်အောင် တစ်ချက်နှိပ်ပေးရမည်ဖြစ်သည်။

 Android 4.2.2 ဖုန်းတွေနဲ အခြားသောဖုန်းတွေမှာ  Developers Option ကိုမတွေ့ ပါက Setting ထဲမှ About Phone နေရာ၏ Built Number အားလက်ဖြင့် ၅ ချက် မှ  ၈ ချက်ထိ ခေါက်ပေးလိုက်ရင် Developers Optionအားတွေ့ မြင်နိုင်မှာဖြစ်ပါတယ်။

 အဆင့် (၂) Vroot Application ကို Download ရယူပြီး မိမိကွန်ပျူတာတွင် Install လုပ်ပါ။

အဆင့် (၃)မိမိကွန်ပျူတာ တွင် Vroot Application အား Install လုပ်ပြီး ဖွင့်လိုက်ပါ။

အဆင့် (၄) မိမိဖုန်းအား ကွန်ပျူတာသိအောင် USB ကြိုးဖြင့် ဖုန်းကို ကွန်ပျူတာဖြင့် ချိတ်ဆက်ပြီး Connect Deviceအားနှိပ်ပေးလိုက်ပါ။


အဆင့် (၅) အဆင့် ၅ တွင် ကွန်ပျူတာမှ ဖုန်းကိုသိသွားပြီးဆိုတဲ့အကြောင်း မိမိဖုန်း Model နံပါတ်နဲဖော်ပြပေးပါလိမ့်မည်။

အဆင့် (၆) ဖုန်းအား Root ဖောက်ရန်ပြထားသည့် Root ဆိုတဲ့ ခလုတ်အား နှိပ်းပေးပါ။

အဆင့် (၇) ဖုန်းအား ကွန်ပျူတာတွင် Root ဖောက်တာအောင်မြင်သွားကြောင်း Complete အမှန်ဖြင့်ပြသပြီးမိမိဖုန်းဟာ ပါဝါ  Reboot ကျပြီးပြန်ပွင့်လာမည်ဖြစ်သည်။


အဆင့် (၈) မိမိဖုန်းဟာ ပါဝါပြန်ပွင့်လာရင်တော့ ဖုန်းအတွင်းမှာ SuperUS App လေးပေါ်လာမှာဖြစ်ပါတယ်။ SuperUS လေးပေါ်လာရင်တော့ မိမိတို့ ရဲ့ Android မိုဘိုင်းဖုန်းဟာ Root ဖောက်လို့ အောင်မြင်သွားပြီးဘဲ ဖြစ်ပါတယ်။


မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ



0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Powered by Blogger.

Followers

တင်ထားသမျှပိုစ်များ

Blog Archive

My Blogger TricksAll Blogger TricksTechtunes

Popular Posts(2)

Flag Counter

GET FREE EMAIL UPDATES


Subscribe

Recommend on Google

ဖုန်းဆိုင်ရာ စုစည်မူ

တစ်ခြား ဘလော့ ဆိုက်များသို့ 

သူတိုဒီလို ပြောသွားတယ်

BTemplates.com