Friday, July 31, 2015


HTC One M9 မှာOcta-Core ပရိုဆက်ဆာကိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။ RAM ကတော့3GB DDR3 ထောက်ပံ့ပေး ထားပါတယ်။ Snapdragon 810 ရဲ့ပေါင်းစပ်မှုကတော့Quad-core 1.5GHz Cortex-A53 နဲ့ Quad-Core 2GHz Cortex-A57 တို့ပူးတွဲအလုပ်လုပ်မှာဖြစ်ပါတယ်။ အချက်အလက်တွေ သိုလှောင်သိမ်းဆည်းထားနိုင်ဖို့အတွက်ကတော့လတ်တလောထွက်ရှိထားတဲ့ စမတ်ဖုန်းတွေကိုယှဉ်ပြိုင်နိုင် စွမ်းရှိသော32GB ပဲဖြစ်ပြီးထပ်မံတိုးမြှင့်လိုတယ်ဆိုရင်တော့128GBအထိလက်ခံနိုင်စွမ်းရှိမှာပါ။

Google Drive မှာလည်း 100GB အခမဲ့သိမ်းဆည်းနိုင်မှာပါ။2840mAh ဘက်ထရီစွမ်းအားကို သုံးစွဲနိုင်မှာဖြစ်ပြီး၊ ဆက်တိုက်ပြောဆိုနိုင်စွမ်း အတွက်တော့၂၅နာရီနီးပါးနဲ့ အသင့်အနေအထားအတွက် ကတော့ ၃၉၁ နာရီနီးပါးဖြစ်ပါတယ်။ ကွန်ရက်ချိတ်ဆက်နိုင်စွမ်းကတော့ နောက်ဆုံးပေါ်ဖုန်းဖြစ်မှုနဲ့ အတူ 4G/LTEကွန်ရက်မှာသုံးစွဲနိုင်ပါလိမ့်မယ်။ အချက်အလက်တွေဝေမျှသုံးစွဲနိုင်စေဖို့အတွက်တော့ Bluetooth 4.1, NFC, wifiတို့ကိုသုံးစွဲနိုင်ပါလိမ့်မယ်။ ဘက်ထရီသက်တမ်းကလည်း တာရှည်ခံနိုင်စွမ်းရှိမှာဖြစ်ပြီး အရေးပေါ်အခြေ အနေတွေမှာသုံးနိုင်မယ့်power saving လုပ်ဆောင်ချက်တွေလည်း ထည့်သွင်းပေးထား ပါတယ်။ ကင်မရာပိုင်းမှာတော့လုံးဝပြောင်းလဲ သွားပြီ ဖြစ်ပါတယ်။

M8 မှာသုံးခဲ့တဲ့Dual-Camera မျိုးမဟုတ်တော့ဘဲ20MP Sony ကင်မရာကိုနောက်ကျောဘက်မှာ တပ်ဆင်ပေးထားပါတယ်။ နောက်ဆုံးပေါ်စမတ်ဖုန်းဖြစ်တာနဲ့အညီAndroid 5.0 (Lollipop) ကိုသုံးနိုင် မှာဖြစ်ပါတယ်။ M9 ရဲ့ ဆောဖ့်ဝဲပိုင်းဆိုင်ရာလုပ်ဆောင်မှုတွေနဲ့အတူSense UI ကိုလည်း သုံးစွဲနိုင်ပါလိမ့် မယ်။ Photo, theme တွေကိုလည်းထပ်မံထည့်သွင်းနိုင်ဦးမှာပါ။ထပ်မံထည့်သွင်းပေးထားတဲ့theme ဒီဇိုင်းလေးတွေကို သူငယ်ချင်းတွေနဲ့ ဝေမျှသုံးနိုင်မှာပါ။ ဒါ့အပြင် application တွေကို လွယ်လင့်တကူ သုံးနိုင်စေဖို့အတွက်widget တွေလည်းပိုမိုထောက်ပံ့လာပါတယ်။

Credit to ==> Mobile Guide Journal


မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်...

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။


ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ


0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Powered by Blogger.

Followers

တင်ထားသမျှပိုစ်များ

Blog Archive

My Blogger TricksAll Blogger TricksTechtunes

Popular Posts(2)

Flag Counter

GET FREE EMAIL UPDATES


Subscribe

Recommend on Google

ဖုန်းဆိုင်ရာ စုစည်မူ

တစ်ခြား ဘလော့ ဆိုက်များသို့ 

သူတိုဒီလို ပြောသွားတယ်

BTemplates.com