Sunday, July 26, 2015


iCloud Drive ကိုတော့ အခုလို 3G နှင့် Internet ကိုတွင်တွင်ကြယ်ကြယ် အသုံးပြုလာတဲ့အချိန်မှာတော့ တကယ်ကိုအသုံးဝင်ပါတယ်။ ဥပမာ ကျွန်တော်က MacBook မှာစာတွေရိုက်ပြီး (သို့) စာရင်းလုပ်ပြီး အဲဒီ files တွေကို USB stick နှင့်သယ်သွား၊သယ်လာ မလုပ်ချင်ဘူးဆိုရင်၊ အဲဒီ files တွေကို iCloud Drive ပေါ်မှာ upload လုပ်ပြီး save လုပ်ထားလိုက်ရင်၊ ဘယ်နေရာပဲ ရောက်ရောက် internet ရှိရင် အဲဒီ files တွေအားလုံးကို အချိန်မရွေး iPad မှပဲဖြစ်ဖြစ်၊ iPhone မှပဲဖြစ်ဖြစ်၊ iPod Touch မှပဲဖြစ်ဖြစ်၊ တခြား computer မှပဲဖြစ်ဖြစ် access လုပ်နိုင်ပါတယ်။


iCloud Drive ကိုအသုံးပြုချင်ရင်တော့ ကိုယ့်ရဲ့ Apple Devices တွေအားလုံးမှာ မိမိရဲ့ တခုတည်းသော Apple ID account ဖြင့် iCloud မှာ Sign-in လုပ်ထားရမှာဖြစ်ပါတယ်။ iCloud တွေမှာ Sign-in လုပ်ပြီးရင် iCloud ထဲက iCloud Drive ကို On လုပ်ရပါမယ်။ ပြီးရင် iCloud Drive ထဲက ကိုယ်အသုံးပြုချင်တဲ့ Apps တွေကိုလည်း On လုပ်ရပါမယ်။


iPhone၊ iPad၊ iPhone Touch တွေမှာတော့ Settings အောက်က မိမိအသုံးပြုချင်တဲ့ Apps တွေအောက်မှာ Use iCloud ဆိုတာကိုထက်ပြီး On ရပါမယ်။ (Settings -> Pages, Numbers, Keynote) Mac မှာဆိုရင်တော့ System Preferences အောက်က iCloud မှာ မိမိရဲ့ တခုတည်းသော Apple ID account ဖြင့် Sign-in လုပ်ပါ။ ပြီးရင် iCloud ထဲက iCloud Drive ကို On လုပ်ရပါမယ်။ ပြီးရင် iCloud Drive ထဲက Options ကိုရွေးပြီး ကိုယ်အသုံးပြုချင်တဲ့ Apps တွေကိုလည်း On လုပ်ရပါမယ်။



iCloud Drive ပေါ်က Pages files တွေကို iPhone၊ iPad၊ iPod Touch မှ access လုပ်ချင်ရင် Pages app ထဲကိုဝင်လိုက်ပါ။ iCloud Drive ပေါ်မှာရှိတဲ့ မိမိရဲ့ Pages files တွေအားလုံးကိုတွေ့ပါလိမ့်မယ်။ Mac မှာဆိုရင်တော့ Finder ထဲက လက်ဝဲဘက် Sidebar မှာ iCloud Drive ကိုရွေးပြီး iCloud Drive ပေါ်က မိမိ ရဲ့ files အားလုံးကို access လုပ်လို့ရပါတယ်။ တခြား PC တွေက access လုပ်ချင်ရင်တော့ web broswer ကိုဖွင့်ပြီး www.icloud.com မှာ Sign-in လုပ်ပြီး files တွေကို access လုပ်နိုင်ပါတယ်။

 

 

 




mDrive ရဲ့ Information Sharing Topics များမှာ ဝင်ရောက်ဆွေးနွေးနိုင်သလို Feedback များကိုလဲ ကြိုဆိုပါတယ်




မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်...

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။

ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ




0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Powered by Blogger.

Followers

တင်ထားသမျှပိုစ်များ

Blog Archive

My Blogger TricksAll Blogger TricksTechtunes

Popular Posts(2)

Flag Counter

GET FREE EMAIL UPDATES


Subscribe

Recommend on Google

ဖုန်းဆိုင်ရာ စုစည်မူ

တစ်ခြား ဘလော့ ဆိုက်များသို့ 

သူတိုဒီလို ပြောသွားတယ်

BTemplates.com