Sunday, July 26, 2015


Samsung သည် ၉.၇ လက်မနှင့် ၈ လက်မ အမျိုး အစား များဖြင့် ရရှိနိုင်မည့် tablet သစ် တစ်မျိုးကို မိတ်ဆက် ပေးခဲ့ပြီး ၎င်းကို သြဂုတ် လတွင် ကမ္ဘ္ဘာ တစ်ဝန်းသို့ တင်ပို့ ရောင်းချရန် စီစဉ် ထားကြောင်း ပြောကြား ခဲ့သည်။

အဆိုပါ ထုတ်ကုန်သစ်သည် ပေါ့ပါးပြီး ပါးလွှာသည့် သတ္တုဘောင်များဖြင့် တည်ဆောက်ထားသည်။ အထူမှာ ၉.၇ လက်မအတွက် ၅.၆ မီလီမီတာသာရှိပြီး အလေးချိန်မှာ ၃၈၉ ဂရမ်သာရှိသည်။

၈ လက်မအမျိုးအစားမှာ ၂၆၅ ဂရမ်သာရှိသည်။ ၎င်းတို့တွင် 20148 x 1536 resolution ဖြင့် သုံးနိုင်မည့် Super AMOLED display များနှင့်အတူ Quad 1.9GHz နှင့် Quad 1.3GHz octacore ပရိုဆက်ဆာများကို အသုံးပြုထားသည်။ ထပ်ဆောင်းသိုလှောင်မှုပမာဏ 128GB အထိ သိမ်းဆည်းနိုင်ရန်အတွက်လည်း microSD slot တစ်ခု ပါဝင်သည်။



၈ လက်မ Galaxy Tab S2 WiFi အမျိုးအစားကို ယူရို ၃၉၉ ဖြင့်လည်းကောင်း၊ LTE အမျိုးအစားကို ယူရို ၄၆၉ ဖြင့် လည်းကောင်း ရောင်းချမည် ဖြစ်ပြီး ၉.၇ လက်မ WiFi အမျိုးအစားကို ယူရို ၄၉၉ နှင့် LTE အမျိုးအစားကို ယူရို ၅၆၉ ဖြင့်လည်းကောင်း ရောင်းချသွားမည်ဟု SamMobile မှ ဖော်ပြခဲ့သည်။

၎င်း tablet များကို အဖြူရောင် အနက်ရောင်တို့ဖြင့် ရရှိနိုင်ပြီး သြဂုတ်လတွင် တင်ပို့ရောင်းချမည်ဟု သိရသည်။

မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်...

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။

ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ

 

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Powered by Blogger.

Followers

တင်ထားသမျှပိုစ်များ

Blog Archive

My Blogger TricksAll Blogger TricksTechtunes

Popular Posts(2)

Flag Counter

GET FREE EMAIL UPDATES


Subscribe

Recommend on Google

ဖုန်းဆိုင်ရာ စုစည်မူ

တစ်ခြား ဘလော့ ဆိုက်များသို့ 

သူတိုဒီလို ပြောသွားတယ်

BTemplates.com