Saturday, July 25, 2015


Samsung က ဇူလိုင်လ ၁၅ ရက်နေ့မှာ Galaxy A8 ကိုကြေညာခဲ့ပေမယ့် ဈေးနှုန်း ကိုတော့ ပြောကြားခြင်းမရှိခဲ့ပါဘူး။ ယခုအခါမှာတော့ တရုတ်ဝက်ဆိုက် CNMO မှ ထွက်ပေါ်လာတဲ့ သတင်းအရ Galaxy A8 ရဲ့ 16GB Version ကိုဒေါ်လာ ၅၁၅ ( ယွမ် ၃၁၉၉) ၊ 32GB Version ကိုဒေါ်လာ ၅၆၄ ( ယွမ် ၃၄၉၉ ) ဖြင့် တရုတ်တွင် ယခုလနောက်ပိုင်းမှာရောင်းချပေးမယ်လို့ သိရပါတယ်။

Samsung က Galaxy A8 ကိုတစ်ကမ္ဘာလုံးမှာရောင်းချမယ့် အစီအစဉ်ကိုကြေညာခြင်းမရှိသေးပေမယ့် Samsung က အနှေးနဲ့ အမြန် တစ်ကမ္ဘာလုံးမှာရောင်းချမယ်လို့ ကျွမ်းကျင်သူများကသုံးသပ်ပါတယ်။ Galaxy A8 ဟာအထူ ၅.၉ မီလီမီတာသာရှိတဲ့ Samsung ရဲ့ အပါးလွှာဆုံးစမတ်ဖုန်း ဖြစ်ပါတယ်။ 

Galaxy A8 မှာ ၅.၇ လက်မ 1080p Super AMOLED Display တပ်ဆင်ထားပြီးတစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၃၈၆ ဖြစ်ပါတယ်။ 1.5GHz 64-bit Octa-Core CPU တပ်ဆင်ထားတဲ့ Qualcomm Snapdragon 615 Chipset, Adreno 405 GPU, 2GB RAM, 16 or 32GB Storage, microSD Card Slot တို့ ပါရှိပါတယ်။


အနောက်ဘက်မှာ 16MP ISOCELL Camera နဲ့ အရှေ့ဘက်မှာ 5MP Camera တပ်ဆင်ထားပါတယ်။ 3050mAh Battery ပါရှိပြီး Android 5.1 Lollipop ကို Samsung TouchWiz UI နဲ့ တွဲဖက်ထားပါတယ်။

Mobile Guide Journal


မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်...

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။

ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ



0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Powered by Blogger.

Followers

တင်ထားသမျှပိုစ်များ

Blog Archive

My Blogger TricksAll Blogger TricksTechtunes

Popular Posts(2)

Flag Counter

GET FREE EMAIL UPDATES


Subscribe

Recommend on Google

ဖုန်းဆိုင်ရာ စုစည်မူ

တစ်ခြား ဘလော့ ဆိုက်များသို့ 

သူတိုဒီလို ပြောသွားတယ်

BTemplates.com