Friday, July 31, 2015


SE370 လို့ အမည်ရတဲ့ မော်နီတာ အမျိုးအစား အသစ်ကို Samsung မှ မိတ်ဆက်ခဲ့ပါတယ်။ သူ့ထူးခြားချက် အနေနဲ့ကတော့ ဖုန်းများကို ကြိုးမဲ့ အားသွင်းနိုင်ပြီး ကမ္ဘာ့ပထမဆုံး ကြိုးမဲ့ ဖုန်းအား သွင်းနိုင်တဲ့ မော်နီတာလို့ဆိုထားပါတယ်။


မော်နီတာရဲ့ အောက်ခြေပြားမှာ ဖုန်းတွေကို ကြိုးမဲ့ အားသွင်းရန် တင်ရန် အဝိုင်းပြားလေး ရှိပါတယ်။ အဲ့ဒီအပေါ် တင်ရုံ ပါပဲ။ ဘယ်လိုဖုန်းတွေ သွင်းလို့ ရသလဲဆို ကြိုးမဲ့ အားသွင်းလို့ ရအောင် ဖန်တီးထုတ်လုပ်ထားတဲ့ ဘယ် စမတ်ဖုန်း များနဲ့မဆို အဆင်ပြေမှာ ဖြစ်ပါတယ်။ ပုံမှာပြထားချက် အရကတော့ Samsung Galaxy S6 ဖြင့် စမ်းသပ်ပြသထားခြင်း ဖြစ်ပါတယ်။ Samsung အနေနဲ့ စမတ်ဖုန်း အသစ်များ ထုတ်တဲ့အခါ flagship များက ကြိုးမဲ့ အားသွင်းနိုင်မှာ ဖြစ်တာကြောင့် ယင်းအတွက် ရည်ရွယ်တာလည်း ပါဝင် ပါတယ်။ ပြီးတော့ စမတ်ဖုန်း ကုမ္ဗဏီများ အနေနဲ့လည်း ဖုန်းကို ကြိုးမဲ့ သွင်းလို့ ရလာအောင် ကြိုးစား ဖန်တီးနေကြပြီမို့ ဖြစ်ပါတယ်။

မော်နီတာဟာ ၂၃.၆ သို့မဟုတ် ၂၇ လက်မ ရှိပါတယ်။ 178 degree view ရတဲ့ PLS panel ကို အသုံးပြုထားခြင်း ကြောင့် အဆင့်မြင့် မော်နီတာ တစ်မျိုး ဖြစ်ပြီး ဈေးနှုးနဲ့ ထွက်ရှိမယ့်ရက်ကိုတော့ မကြေညာသေး ပါဘူး။
.
Ref: pocketlint
အောင်ခမ်း (MMAS)


မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်...

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။

ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ


0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Powered by Blogger.

Followers

တင်ထားသမျှပိုစ်များ

Blog Archive

My Blogger TricksAll Blogger TricksTechtunes

Popular Posts(2)

Flag Counter

GET FREE EMAIL UPDATES


Subscribe

Recommend on Google

ဖုန်းဆိုင်ရာ စုစည်မူ

တစ်ခြား ဘလော့ ဆိုက်များသို့ 

သူတိုဒီလို ပြောသွားတယ်

BTemplates.com