Saturday, July 25, 2015


Facebook က YouTube ကိုယှဉ်ပြိုင်ဖို့အတွက် News Feed မှာ Music Video တွေကိုထည့်သွင်းတော့မယ်လို့ New York Times က ရေးသားထားပါတယ်။ Facebook က အဓိက Music Video ထုတ်လုပ်သူများနဲ့ မကြာမီကလိုင်စင်နဲ့ ပတ်သက်၍ စကားပြောကြားခဲ့ပြီးပြီလို့ သတင်းစာကရေးသားထားပါတယ်။ 

အဆိုပါ ဆွေးနွေးမှုကိုဇွန်လတွင် The Information က စတင် ရေးသားခဲ့ခြင်းဖြစ်ပြီးအစောပိုင်းအဆင့်သာရှိသေးတယ်လို့ ပြောပါတယ်။ Facebook က လစဉ် အသုံးပြုသူ ၁.၄ သန်းရှိတဲ့ YouTube ကိုယှဉ်ပြိုင်ချင်နေတယ်ဆိုတာသေချာတယ်လို့ သတင်းများကဆိုပါတယ်။ 


“ Videoတွေဟာ Facebook အတွက် ကြီးမားတဲ့ အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ “ လို့ Facebook ရဲ့ COO ဖြစ်သူ Sheryl Sandberg က ဧပြီလမှာပြောကြားခဲ့ဖူးပါတယ်။ အဲဒီလထဲမှာပဲ Facebook ရဲ့ စီအီးအို Mark Zuckerberg က Facebook မှာနေ့စဉ် ဗီဒီယိုကြည့်ရှုမှုဟာ ၄ ဘီလီယမ်ရှိပြီးနေ့စဉ် ၃ ဘီလီယမ် ကြည့်ရှုမှုနှုန်းရှိခဲ့တဲ့ ဇန်န၀ါရီလကထက် ၃၀ ရာခိုင်နှုန်းပိုမိုတိုးတက်လာတယ်လို့ ပြောပါတယ်။ ဗီဒီယိုကြည့်ရှုမှုများရဲ့ ၇၅ ရာခိုင်နှုန်းဟာမိုဘိုင်းကိရိယာများကနေ ဖြစ်ပါတယ်။ 


ရုပ်ရှင်ထုတ်လုပ်သူများ၊ အစားအစာထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီများနဲ့ အီလက်ထရောနစ် ပစ္စည်းများထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီများလိုကုမ္ပဏီကြီးများဟာဗီဒီယိုကြော်ညာလုပ်ငန်းမှာ ပါဝင်နေကြပြီး ၁ ဘီလီယမ်ကဗီဒီယိုများကိုဖန်တီးနေကြပါတယ်။ 


ဒါ့ကြောင့်လည်း Facebook က ဗီဒီယိုကြော်ညာလုပ်ငန်းကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ Facebook က မတ်လ ၃၁ မှာအဆုံးသတ်ခဲ့တဲ့ ပထမဆုံးကွာတားမှာကြော်ညာလုပ်ငန်းမှ ၀င်ငွေ ၃.၃၂ ဘီလီယမ် ရရှိခဲ့ပြီး ၀င်ငွေရဲ့ ၇၃ ရာခိုင်နှုန်းဟာမိုဘိုင်းကိရိယာများမှ ကြော်ညာများကြောင့်လို့ ပြောပါတယ်။


Mobile Guide Journal




မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်...

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။

ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ



0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Powered by Blogger.

Followers

တင်ထားသမျှပိုစ်များ

Blog Archive

My Blogger TricksAll Blogger TricksTechtunes

Popular Posts(2)

Flag Counter

GET FREE EMAIL UPDATES


Subscribe

Recommend on Google

ဖုန်းဆိုင်ရာ စုစည်မူ

တစ်ခြား ဘလော့ ဆိုက်များသို့ 

သူတိုဒီလို ပြောသွားတယ်

BTemplates.com