Friday, July 31, 2015


Samsung က ၈ လက်မနှင့် ၉.၇ လက်မ အရွယ် Galaxy Tab S2 တက်ဘလက်အသစ်များကိုကြေညာ လိုက်ပြီး သြဂုတ်လတွင် ကမ္ဘာတစ်ဝန်း၌ စတင်ရောင်းချပေးမည် ဖြစ်သည်။

တက်ဘလက်အသစ်များတွင် အလွန်ပေါ့ပါးပြီး ပါးလွှာသော သတ္တုကိုယ်ထည်များကို တပ်ဆင်ထားပါသည်။ ၉.၇ လက်မ အမျိုးအစား၏ အလေးချိန်မှာ ၃၈၉ ဂရမ် ဖြစ်ပြီး ၈ လက်မအမျိုးအစား၏ အလေးချိန်မှာ ၂၆၅ ဂရမ် ဖြစ်ပါည်။ တက်ဘလက်နှစ်မျိုးစလုံး၏ အထူမှာ ၅.၆ မီလီမီတာ ဖြစ်ပြီး နောက်ဆုံးထုတ် iPad Air ထက် ၀.၆ မီလီမီတာ လျှော့နည်းပါသည်။ နှစ်မျိုးစလုံးတွင် 2048×1536 Resolution ရှိသော Super AMOLED Display များနှင့် 1.9GHzProcessor လေးလုံး၊ 1.3GHz Processor လေးလုံး ပါသော Octa-Core Processor များတပ်ဆင်ထားပါသည်။

Galaxy Tab S2 အရွယ်ကြီး အမျိုးအစားသည် iPad Air 2 နှင့် အရွယ်အစားတူညီပြီး Apple ၏ တက်ဘလက်ကဲ့သို့ တူညီသော 4:3 Screen Orientation ရှိပါသည်။ Samsung က Tab S2 Tablets များတွင် ယခင်မျိုးဆက်မှ အားနည်းသော Processor ကို အဆင့်မြှင့်ထားပါသည်။ မျက်နှာပြင်မှာမူ တူညီသော AMOLED Display ကို အသုံးပြုထားပါသည်။ 3GB RAM ပါရှိပြီး 32GB or 64GB Storage များရွေးချယ်နိုင်ပါသည်။ microSD Card Slot တွင် 128GB အထိဝင်ဆန့်သော Card များထည့်သွင်းနိုင်ပါသည်။

Android 5.0 Lollipop မောင်းနှင်မည် ဖြစ်ပြီး 8MP Rear Camera နှင့် 2.1MP Front Camera များပါရှိပါသည်။ HomeButton တွင် Fingerprint Reader ထည့်သွင်းထားပါသည်။ သတ္တုကိုယ်ထည် အသစ်ကို အဆင့်မြှင့်တပ်ဆင်ထားပါသည်။

Credit to ==> Myanmar DigitalLife Journal


မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်...

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။


ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ



0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Powered by Blogger.

Followers

တင်ထားသမျှပိုစ်များ

Blog Archive

My Blogger TricksAll Blogger TricksTechtunes

Popular Posts(2)

Flag Counter

GET FREE EMAIL UPDATES


Subscribe

Recommend on Google

ဖုန်းဆိုင်ရာ စုစည်မူ

တစ်ခြား ဘလော့ ဆိုက်များသို့ 

သူတိုဒီလို ပြောသွားတယ်

BTemplates.com