Huawei P8 ကိုင်ဆောင်သူတွေအတွက် Root လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။အရင်ဆုံး Root လုပ်နိုင်ရန် ဖုန်းကို Bootloader unlock လုပ်ပေး ရပါမယ်။အရင်ဆုံး Bootloader unlock code တောင်းလိုက်ပါ။ Bootloader unlock code တောင်းဆိုရန် ဖုန်းရဲ့ IMEI / SN / Product ID တို့ကို Huawei company သို့ Mail ကနေ တစ်ဆင့် ပို့ပေးရ ပါမယ်။အောက်ကစာလေးတွေ အတိုင်း mobile@huawei.com ကို Mail ပို့ ပေးလိုက်ပါ။
Hello,
I’d like to request a bootloader unlock code for my Huawei device.
Information:
- Product: HUAWEI model name
- SN: XXX
- IMEI: XXX
- Product ID: XXX
Huawei ကနေ တစ်ဆင့် unlock code လေး ကိုယ့် Mail ထဲကို ပို့လာပြီ ဆိုရင်တော့ Adb command လေးနဲ Bootloader unlock လုပ်ကြတာပေါ့ :)
ADB Folder လေးကို ဖွင့်လိုက်ပြီး Shift + Right Click လေး နှိပ်လိုက်ပါ။
ပြီးရင်တော့ Open Command window here ပေါ့…….
ပြီးရင်တော့ ဖုန်းကို Fastboot mode လေး ခေါ်လိုက်ပါ။ Fastboot mode ခေါ်ရန် အောက်က key လေးတွေ အတိုင်း ဖုန်းမှာ နှိပ်ပေးလိုက်ပါ။
Fastboot mode >>> Volume down + Volume up + Power
ပြီးရင်တော့ ဖုန်းနဲ့ computer ကို ချိတ်ဆက် ပေးလိုက်ပါ။ computer ကနေ ဖုန်းကို usb သိတယ် ဆိုရင်တော့ ADB command လေးကို သွားလိုက်ပါ။
Command box လေးမှာ အရင်ဆုံး adb devices ဆိုတာလေး ရိုက်ပြီး enter နှိပ်လိုက်ပါ။
* daemon started successfully *
List of devices attached
အပေါ်က စာတန်းလေး အတိုင်းပြတယ် ဆိုရင် adb ကနေ ဖုန်းကို သိရှိပြီ jဖစ်တာကြောင့် ဆက်ပြီး လုပ်ဆောင် နိုင်ပါတယ်။
နောက် တစ်ဆင့် မှာတော့ အောက်က စာတန်းလေး အတိုင်း ရိုက်ရ ပါမယ်။
- fastboot oem unlock 123456xxxxxxx
unlock ရဲ့အနောက် ကတော့ ကိုယ့် Mail ထဲကို ပို့ထားတဲ့ Bootloader unlock code ကို ထည့်ရမှာပါ။
ပြီးရင်တော့ enter လေးနှိပ်လိုက်ပါ။
Command box မှာ အလုပ် ဆက်လုပ် ပေးပါမယ်။ Finish ပြပြီ ဆိုရင်တော့ Bootloader unlock လုပ်ခြင်း ပြီးဆုံးပါပြီ။
Command box မှာ fastboot reboot လို့ရိုက်ပြီး ဖုန်းကို reboot ချလိုက်ပါ။
နောက်တစ်ဆင့် အနေနဲ့ကတော့ ဖုန်းကို Custom recovery သွင်းပေး ရမှာပါ။
လိုအပ်တဲ့ data လေးကို အောက်ကလင့်မှာ အရင် Download ရယူလိုက်ပါ။
▼ P8 Clockwork mod Revocery ကို ဒီမှာ နှိပ်ပြီး ဒေါင်းယူပါ ▼
(or)
DOWNLOAD HERE
Down လို့ ရလာတဲ့ cwm-p8-nogui.img လေးကို ADB Folder ထဲ ထည့်လိုက်ပါ။
ပြီးရင် Shift + Right Click နှိပ် Open command window here ကိုရွေးပြီး command box ကို ပြန်ခေါ်လိုက်ပါ။ ဖုန်းကို Fastboot mode ပြန်သွင်း လိုက်ပါ။
adb devices လို့ရိုက် enter ခေါက်ပြီး command box ကနေ ဖုန်းကို သိ မသိ ပြန်စစ် လိုက်ပါ။ ဖုန်းကို သိတယ် ဆိုရင်တော့ အောက်က command လေးကို ထပ်ရိုက်ပါ။
– fastboot flash recovery cwm-p8-nogui.img
command ရိုက်ပြီး ရင်တော့ enter လေး ခေါက်လိုက်ပါ။ Command box မှာ အလုပ်လုပ်ပြီး Finish ပြပါ လိမ့်မယ်။ ဒါဆိုရင်တော့ ဖုန်းကို custom recovery သွင်း
ခြင်း အောင်မြင်ပါပြီ။
ပြီးရင်တော့ fastboot reboot လေးရိုက်လိုက်ပြီး ဖုန်းကို reboot ချပေး လိုက်ပါ။
ဖုန်းမှာ power ပြန်တက် လာရင်တော့ USB Debugging တို့ Unknow source တို့ကို on ပေးပြီး iRoot (သို့မဟုတ်) Root Tool တစ်ခုခုနဲ့ Root ဖောက် ပေးလိုက်ပါ။
အဆင်ပြေပါစေ။
0 comments:
Post a Comment