Friday, August 14, 2015


တကယ်တမ်းက Lexus ဆိုတာ Toyota ရဲ့ ဇိမ်ခံကားတန်းဝင် မော်ဒယ်တွေကိုပဲ အကောင်းဆုံးဖြစ်အောင် ထုတ်လုပ်ထားတဲ့ မော်ဒယ်ဖြစ်ပြီး လက်ရှိ ပြည်တွင်း ကားဈေးကွက်မှာက ဇိမ်ခံကား ၀ယ်ယူမှုနဲ့ စီးနင်းမှု အရေအတွက်နည်းနေသေးတယ်လို့ ဆိုနိုင်ပေမယ့် လမ်းမတွေပေါ်မှာ Lexus မော်ဒယ်တွေ အများအပြား တွေ့နေရတာ တစ်ချက်ကတော့ ဇိမ်ခံမော်ဒယ်တွေ အစီးနည်းသေးတယ်ဆိုတဲ့ စကားကို နှုတ်ဆိတ်သွား စေတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ပြည်တွင်း အနေအထားမှာတော့ LX Grade တွေ အင်္စီးများတာ တွေ့နိုင်ပြီး အခုကျွန်တော် ပြောမယ့် GX က အဆိုပါ LX မော်ဒယ်ချင်း အတူတူပါပဲ။ Grade ကွဲသွားတဲ့ သဘောလောက်ပဲရှိတာလည်းဖြစ်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းလို အချက်တွေကအစ အားလုံးနီးပါး တူညီတာ တွေ့နိုင်ပြီး အခုနောက်ပိုင်းမှာတော့ LX တွေနဲ့အတူ GX တွေပါ ဈေးကွက်ဝင်ရောက်လာတာတွေ့ရပြီး လူကြိုက် များလာတာတွေ့ရတာကြောင့် ကျွန်တော်တို့မျက်နှာသစ် GX ကို နည်းနည်းလောက် လေ့လာကြည့်လိုက် ရအောင်ပါနော်။

အားသာချက် …

မော်ဒယ် အနေနဲ့က ဇိမ်ခံတန်းဝင်အောင် ဖန်တီးထားတာကြောင့် ဘာတွေ ကောင်းတယ်ဆိုတာ အသေးစိပ် ပြောစရာ မလိုအောင် ပြည့်စုံကောင်းမွန်နေတာ တွေ့နိုင်ပြီး ဒီထဲကမှ ဇိမ်ခံ မော်ဒယ်တွေထဲမှာ ထူးခြားတဲ့ အားသာချက် နှစ်ချက်လောက်ကိုပဲ ထုတ်ပြရမယ်ဆိုရင်တော့ ပထမတစ်ချက်က လမ်းကြမ်းပိုင်း စွမ်းဆောင်ရည် ကောင်းမွန်တာပဲဖြစ်ပြီး၊ ကိုယ်ထည်ပိုင်း တည်ဆောက်မှုအရရော၊ နောက်ထပ် Suspension စနစ် အထိုင်တွေအရပါ လမ်းကြမ်းပိုင်းကို စိတ်ကြိုက်ဖြတ်သန်းမောင်းနှင်စေနိုင်မယ့် အနေအထားလည်း ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ Feature အပိုင်းမှာ အထိအတွေ့စနစ်လို အပိုင်းတွေကအစ အဆင့်မြင့်ပြီး အသုံးပြုနိုင်မှု၊ လွယ်ကူမှုနဲ့ ရိုးရှင်းမှုတွေလည်း ကောင်းမွန်တာ ဖြစ်ပြီး Feature အများအပြား ထည့်သွင်းထားတာတွေ့ရပါတယ်။

အားနည်းချက် …

အားနည်းချက်အပိုင်းက တစ်ခုပြောစရာရှိတာက နောက်ဖက် ထိုင်ခုံတန်း အနေအထား ဖြစ်ပါတယ်။ သူက တည်ဆောက်မှုအပိုင်းကြောင့် ခရီးဝေးသွားလာမှုတွေမှာ သက်တောင့်သက်သာရှိမှုကို လျော့နည်းစေတာ တွေ့ရပြီး အားမရပါဘူး။ နောက်တစ်ချက်ကတော့ ဆီစားနှုန်းအပိုင်းဖြစ်ပြီးတော့ ဇိမ်ခံမော်ဒယ်လောက်ကိုပဲ စီးနင်းမယ့်အနေအထားမှာ ဆီစားအနေအထားက ထည့်တွက်စရာ မလိုတာမှန်ပေမယ့် တစ်ဖက်က တခြား ပြိုင်ဖက် ဇိမ်ခံ မော်ဒယ်တွေနဲ့စာရင် အင်ဂျင်စနစ်လည်း ပုံမှန်အနေအထားလောက် ဖြစ်နေပေမယ့် ဆီစားနှုန်း ပိုမို များပြားတာတွေ့ရတာလည်း ဖြစ်ပါတယ်။

ကိုယ်ထည်ပိုင်း …

မော်ဒယ်က တံခါးငါးပေါက်စနစ် SUVတန်းဝင် အကြီးစား ဇိမ်ခံမော်ဒယ် ဖြစ်ပြီးတော့ အရောင်အပိုင်းမှာ ၇ ရောင်ထိအောင်ပဲ ထုတ်လုပ်ထားတာတွေ့ရပြီး အတွင်းခန်း အပြင်အဆင်မှာတော့ သားရေကိုပဲ ဦးစားပေးပုံစံနဲ့ အပြင်အဆင်လေးမျိုးထိအောင် ရရှိနိုင်မှာလည်း ဖြစ်ပါတယ်။ အလျားအနေနဲ့ ၁၆ပေ နဲ့ ၀.၁ လက်မ ရှိမှာ ဖြစ်ပေမယ့် နောက်ဖက်ခန်း ကျယ်ဝန်းအောင် ဖန်တီးထားတာကြောင့် အခုလောက်အလျားက မများလှပါဘူး။ မျက်နှာစာအကျယ်နဲ့ မော်ဒယ်ရဲ့ အမြင့်က တူနေတာ တွေ့နိုင်ပြီး ၆ ပေနဲ့ ၂.၂ လက်မရှိမှာဖြစ်သလို အတွင်းခန်းတွေရဲ့ အကျယ်က ရှေ့ဖက်ခန်း ဆိုရင် ၅၅.၄ လက်မနဲ့ နောက်ဖက်ခန်း ကတော့ ၅၇.၃ လက်မထိအောင် ရှိမှာဖြစ်ပါတယ်။ မော်ဒယ်က အလေးချိန်အနေနဲ့ ၅၁၂၈ ပေါင်ထိအောင် လေးတာတွေ့ရပြီး မော်ဒယ်ကို ဥရောပဈေးကွက်အတွက် အဓိက ရည်ရွယ်ထုတ်လုပ်ထားတာဆိုတော့ ကိုယ်ထည်ပိုင်း စိတ်ချရမှု မြင့်မားအောင် ဖန်တီးထားတာကြောင့် အခုလောက် အလေးချိန်များနေတာလည်း ဖြစ်ပါတယ်။

အင်ဂျင်ပိုင်း …

မော်ဒယ်အနေနဲ့က ဇိမ်ခံ Feature တွေကို စိတ်ကြိုက်အသုံးပြုနိုင်ဖို့အတွက်က အင်ဂျင်စနစ်ကြီးကြီး တပ်ဆင်ထားဖို့လိုအပ်တာကြောင့် စွမ်းဆောင်ရည်ပိုင်းအတွက် အသားမပေးပဲ Feature ပိုင်းအတွက် ၄.၆ လီတာသုံး V8 အင်ဂျင်ကို တပ်ဆင်ထားတာတွေ့နိုင်ပြီး ဒီအင်ဂျင်က ၀န်အများဆုံး အနေအထား ပေါင် ၁၄၇၂ထိအောင် တင်ဆောင် ရုန်းကန်နိုင်မှာလည်း ဖြစ်ပါတယ်။ မော်ဒယ်ရဲ့ ပုံမှန် လည်ပတ်အား တစ်မိနစ် အပတ်ရေ ၃၅၀၀ မှာ ရုန်းအားက ၃၂၉ ပေါင်-ပေ ရှိမှာဖြစ်ပြီးတော့ စွမ်းအင်ထွက်ရှိမှုကတော့ မြင်းကောင်ရေ ၃၀၁ ကောင်အားထိအောင် ရှိနေမှာလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ အင်ဂျင်ရဲ့ ပုံမှန်လည်ပတ်အားက သင့် ပေမယ့် အမြင့်ဆုံးလည်ပတ်နိုင်မယ့်နှုန်းက တစ်မိနစ်ကို အပတ်ရေ ၅၅၀၀ပဲဖြစ်နေတာ တစ်ချက်ကတော့ အမြန်ဆုံး မောင်းနှင်နိုင်မှုနှုန်းကို အားနည်းသွားစေတာတွေ့ရပါတယ်။

မောင်းနှင်နိုင်မှု …


မော်ဒယ်က ဇိမ်ခံမော်ဒယ် ဖြစ်နေတဲ့ အနေအထားမှာ ရှေ့ဘီးယက်စနစ်နဲ့ လာတာ တစ်ချက်ကတော့ သိပ်မကြိုက်ချင်ပေမယ့် လေးဘီးယက်စနစ်နဲ့လည်း တွေ့ရပါတယ်။ ဒါပေမယ့် အဆိုပါ လေးဘီးယက်စနစ်နဲ့ ဆိုရင်တော့ ဆီစားပိုများတာ တွေ့နိုင်ပြီး Transmission ပိုင်းမှာတော့ ၆ ချက် Autoစနစ်နဲ့ ဖန်တီးထားတာ တွေ့နိုင်ပါတယ်။ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုအပိုင်းကို ကြည့်မယ်ဆိုရင် မော်ဒယ်ကတစ်နာရီမိုင် ၆၀နှုန်း အတွက် အချိန် ၇.၂ စက္ကန့်ထိအောင် ယူတာတွေ့ရပေမယ့် Sport မဟုတ်တဲ့ မော်ဒယ်ဆိုတော့ အားနည်း တယ်လို့ မဆိုသာပါဘူး။

သုံးသပ်ချက် …


မော်ဒယ်အနေနဲ့က ကိုယ်ထည်ပိုင်း မာကျောမှုနဲ့အတူ ယုံကြည်စိတ်ချရမှုကို အလေးပေး ဖန်တီးထားတာ တွေ့နိုင်ပြီးတော့ အခုမော်ဒယ်က လက်ရှိမှာလည်း နိုင်ငံတကာဈေးကွက်မှာ အခြေအနေကောင်းနေတာလည်း တွေ့ရပါတယ်။ ဆီစားအပိုင်းမှာက ဆီတစ်ဂါလံကို ပျမ်းမျှ ၁၇ မိုင်လောက်ထိအောင်ပဲ စီးနင်းနိုင်မှာဖြစ် ပြီး တပ်ဆင် ဆီတိုင်ကီက ၂၃ ဂါလံထိအောင် ဆံ့ဝင်တဲ့အနေအထားမှာ ခရီးဝေးမောင်းနှင်မှုအတွက် အရမ်းတော့ မဆိုးလှပါဘူး။ ဘရိတ်ပိုင်းက တစ်နာရီ မိုင် ၆၀ နှုန်းက ရပ်တန့်မယ်ဆိုရင် အကွာအဝေး ၁၂၇ ပေထိအောင် ယူနေတာ တစ်ချက်ကတော့ ပျမ်းမျှနှုန်းထက်ကိုပဲ နည်းနည်းပိုနေတာဖြစ်တာကြောင့် ပြောစရာဖြစ်နေပါတယ်။ ဒါပေမယ့် ဈေးနှုန်းပိုင်းအရဆိုရင်တော့ သူက Grade နိမ့်တာကြောင့် မော်ဒယ်က LX တွေ ထက် ဈေးချိုချို ရနိုင်တာတွေ့ရပြီး သိန်း ၁၈၅၀ နဲ့ ဖုန်း ၀၁- ၅၁၆၀၃၁မှာ ဆက်သွယ်ဝယ်ယူနိုင်မှာဖြစ်သလို ကျွန်တော်ကတော့ စိတ်ကြိုက်အနေအထားမဟုတ်ပေမယ့် ဈေးအရ မဆိုးဘူးလို့ ဆိုလိုက်ချင်ပါတယ်။

လင်းထက်(I.A)

The Irrawaddy's Blog by thae thae 

Original link - http://blog.irrawaddy.org/2015/08/lexus-gx-460.html

မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ




0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Powered by Blogger.

Followers

တင်ထားသမျှပိုစ်များ

Blog Archive

My Blogger TricksAll Blogger TricksTechtunes

Popular Posts(2)

Flag Counter

GET FREE EMAIL UPDATES


Subscribe

Recommend on Google

ဖုန်းဆိုင်ရာ စုစည်မူ

တစ်ခြား ဘလော့ ဆိုက်များသို့ 

သူတိုဒီလို ပြောသွားတယ်

BTemplates.com