Thursday, August 13, 2015


ပြည်တွင်းဈေးကွက်ထဲတွင် တရုတ်နိုင်ငံထုတ်စမတ်ဖုန်းအများစုအား တင်သွင်းရောင်းချနေပေမယ့် အခြား နိုင်ငံများမှထုတ်လုပ်သော စမတ်ဖုန်းများကိုလည်း ၀ယ်ယူအသုံးပြုနိုင်ပါတယ်။ အိန္ဒိယနိုင်ငံတွင်လည်း စမတ်ဖုန်း ထုတ်လုပ်သောကုမ္ပဏီအများစုရှိပါတယ်။ အိန္ဒိယနိုင်ငံတွင်အခြေစိုက်သော ကုမ္ပဏီများက ထုတ်လုပ်သည့်စမတ်ဖုန်းအချို့ကို အခုအခါတွင် ပြည်တွင်း၌၀ယ်ယူအသုံးပြုလာနိုင်ပါ တယ်။ ပြည်တွင်းဈေး ကွက်ကိုတင်သွင်းရောင်းချပေးထားသော စမတ်ဖုန်းအများစုဟာဈေးနှုန်းတန်ဖိုး သိပ်မများပါဘူး။

အချို့တံဆိပ်အသစ်များသည် လူအများစုဝယ်ယူသုံးစွဲနိုင်အောင် ထုတ်လုပ်ပေးထားသောစမတ်ဖုန်းများကို တင်သွင်းခြင်းကြောင့်ဈေးကွက်အတွင်း အချိန်သိပ်မကြာဘဲနာမည်ရကြပါတယ်။ တင်သွင်းရောင်းချသော ထိုဖုန်းတွေရဲ့စွမ်းဆောင်နိုင်စွမ်းဟာလည်းကောင်းမွန်ပါတယ်။

Intex ကထုတ်လုပ်ထားသောAqua Power ဟာဒီဇိုင်းပုံစံလေးထောင့်ကျပြီးStylish golden frame ဖြစ် ပါတယ်။ဘက်ထရီပါဝင်မယ်ဆိုရင် ဖုန်းရဲ့အလေးချိန်က160g ဖြစ်ပါတယ်။ ဖုန်းရဲ့အရွယ်အစားပမာဏ ကတော့141x71.9x9.3mm ဖြစ်ပါတယ်။ ဆင်းကတ်နှစ်ကတ်ထည့်သွင်း အသုံးပြုနိုင်အောင်ဆောင်ရွက် .ပေးထားပါတယ်။ GSM, WCDMA Network အထောက်အပံ့ကိုရရှိပါမယ်။

ဖုန်းရဲ့မျက်နှာပြင်အကျယ်အ၀န်းကတော့5 inches ဖြစ်ပြီး၊ သီချင်းပိုင်းအတွက်K-Class Audio Amplifier ပါရှိပါတယ်။ ဖုန်းမျက်နှာပြင်တွင်Full Lamination and IPS ဖြစ်ခြင်းကြောင့် ပုံရိပ်များဟာ ကြည်လင်တောက်ပနေပါလိမ့်မယ်။ CPU ရဲ့စွမ်းဆောင်နိုင်စွမ်းကတော့ Octa Core 1.4GHz ဖြစ်ပါတယ်။ ဒါကြောင့်ဖုန်းကိုအသုံးပြုတဲ့အခါတွင်တုံ့ပြန်နိုင်စွမ်းဟာလျင်မြန်နေမှာဖြစ်ပါတယ်။

GPU ကတော့Mali 450 MP2 ပါ။မှတ်ဥာဏ်ပမာဏအပိုင်းတွင်RAM ဟာ1GB ပါရှိပြီးROM ပမာဏ ကိုတော့ 8GB ထည့်သွင်းပေးထားပါတယ်။ အသုံးပြုနိုင်မယ့်OS အမျိုးအစားကတော့ Android version 4.4 ဖြစ်ပါတယ်။ version 5.0ကိုလည်းအဆင့်မြှင့်လို့ရပါတယ်။ ဖုန်းရဲ့အဓိကကင်မရာဟာ 8MP စွမ်းရည် ရှိပြီးရှေ့ကင်မရာငယ်ကတော့2MPစွမ်းရည်ဖြစ်ပါတယ်။ကင်မရာဆက်စပ်ပတ်သက်စနစ်များဖြစ်သောvoice click, handsfree click နှင့်bt click တို့ကိုသုံးစွဲနိုင်ပါမယ်။

Intexရဲ့ယခုဖုန်းဟာပါဝါအား အလွန်ကိုကောင်းပါတယ်။ စွမ်းရည်ပမာဏမှာ4000mAh ပါဝင်ပြီ3းG networkတွင်စကားပြောဆိုဖို့၁၈နာရီနီးပါးခံနိုင်စွမ်းရှိမှာဖြစ်ပါတယ်။

<Specification>
Network - GSM/WCDMA
Processor - Octa Core 1.4GHz
Screen - 5inches
Camera - 8MP
Bluetooth - v4.0
Storage - 8GB
OS - Android OS, v4.4
Contact - 09-259255439
Price - 149,000 Ks
Mobile Guide Journal(Every Monday)
Credit to ==> Mobile Guide Journal

မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်...

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။


ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ




0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Powered by Blogger.

Followers

တင်ထားသမျှပိုစ်များ

Blog Archive

My Blogger TricksAll Blogger TricksTechtunes

Popular Posts(2)

Flag Counter

GET FREE EMAIL UPDATES


Subscribe

Recommend on Google

ဖုန်းဆိုင်ရာ စုစည်မူ

တစ်ခြား ဘလော့ ဆိုက်များသို့ 

သူတိုဒီလို ပြောသွားတယ်

BTemplates.com