K3 ရဲ့ ကိုယ်ထည်သည် ထူးခြားကောင်းမွန်သည့် Porcelain lines ဖြင့်ဖွဲ့စည်းတည်ဆောက်ပေးထားပါတယ်။ ဖုန်းကိုယ်ထည်မှာ အဖြူရောင်ဖြစ်ကာ ထိုအဖြူရောင်နဲ့လိုက်လျောညီထွေဖြစ်စေပြီး၊ ပို၍တောက်ပသော အသွင်ဖြစ်စေဖို့အတွက် ဘေးဘောင် လိုင်းမှာ ငွေရောင်အဆင်းဖြစ်ပါတယ်။ ဖုန်းရဲ့စပီကာကတော့ အောက်ထောင့်ဘေးဘက်မှာ တည်ရှိပါတယ်။ ဖုန်းရဲ့ အဓိက ကင်မရာသည် အနောက်ဘက်ဘေးဘက်တွင် Flash မီးနဲ့ တွဲလျက်ပါရှိပါတယ်။
အဓိကကင်မရာကိုလည်း အနီရောင်ဘောင် ကွပ်ပြီးဒီဇိုင်းဆင်ပေးထား ပါသေးတယ်။ ဖုန်းရဲ့ Home Button ကို အောက်ဘက်တွင် အနီရောင်စက်ဝိုင်းပုံစံနဲ့ မြင်တွေ့ နိုင်ပါတယ်။ တစ်မူထူးခြားသည့်အသွင်အပြင် ဖြစ်စေဖို့အတွက် Menu နှင့် Back Button တွေကို ထင်သာမြင်သာရှိစေအောင် ပြသမပေးထားဘဲ ဖုန်းကိုတို့ထိ အသုံးပြုသည့်အခါမှသာ အလင်းရောင်ဖြင့်ပြသပေးမှာ ဖြစ်ပါတယ်။ ဖုန်းရဲ့ထောင့်စွန်းများသည် အ၀န်းအ၀ိုက်ပုံစံရှိကာ၊ ကိုင်တွယ်အသုံးပြုသည့်အခါ လက်ထဲမှာ အဆင်ပြေစေမယ့် အရွယ်အစားဖြစ်စေဖို့ 143x71x8.2 mm ပမာဏဖြင့် တည်ဆောက်ပေးထားပါတယ်။
ဆင်းကတ်များနှင့် memory ကတ်ထည့်သွင်းဖို့နေရာကို ဖုန်းရဲ့ဘေးဘောင်မှာ တီထွင်ပေးထားပါတယ်။ ပြည်တွင်းရှိ ဆင်းကတ် အားလုံးနဲ့အဆင်ပြေစေဖို့ ဖန်တီးပေးထားသည့် Hero K3 ဖြစ်ပါတယ်။ GSM ဆင်းကတ်သုံးသူများရော၊ CDMA ဆင်းကတ်သုံးသူများပါ ကိုင်ဆောင်လို့ရမယ့် ဖုန်းအမျိုးအစားဖြစ်ပါတယ်။ Dual Sim အမျိုး အစား ဖုန်းဖြစ်ခြင်းကြောင့် ဆင်းကတ်နှစ်ကတ်သုံးစွဲနေသူများကြိုက်နှစ်သက်မှာပါ။ ပြည်တွင်းအော်ပရေတာများ၏ ဆင်းကတ် သာမကပြည်ပအော်ပရေတာများ၏ ဆင်းကတ်များကိုလည်း ကောင်းစွာထောက်ပံ့ပေးနိုင်မှာဖြစ်ကာ၊ Network ပိုင်းနဲ့ပတ်သက် ၍လည်း ပြည့်ပြည့်၀၀ အသုံးချနိုင်ပါမယ်။
ဖုန်းရဲ့ မျက်နှာပြင်ဟာ ကျယ်ပြန်သည့် အရွယ်အစားရှိကာ၊ ကောင်းမွန်သော ပုံရိပ်များကိုလည်းပေးစွမ်းပါလိမ့်မယ်။ IPS HD Retina Screen က 5inches အကျယ်အ၀န်းရှိပြီး၊ ကြည့်ရှုအသုံးပြုသူ၏ မျက်စိနဲ့ အဆင်ပြေစေဖို့အတွက် 1280x720 pixels ပမာဏဖြင့် ထောက်ပံ့ပေးထားပါတယ်။ ရွှမ်းစိုသည့်ပုံရိပ်များကို မြင်တွေ့နိုင် သည့်အပြင် ပါရှိသော UI အပြင်အဆင်ကလည်း စိတ်ကျေနပ်စရာ ကောင်းပါတယ်။ Android OS, version 4.4 မှာ အခြေပြုတည်ဆောက်ထားသည့် စိတ်လှုပ်ရှားဖွယ် Bingo UI ဖြစ်ပါတယ်။ ဖုန်းကို လက်ချောင်းနှစ်ချောင်းဖြင့် အောက်ဘက်သို့ ပွတ်ဆွဲအသုံးပြုလျှင် ဖက်ရှင်ကျသော၊ ရိုးရှင်းလှပစတိုင်ကျသည့် Bingo UI ကို activate ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
Hero K3 ရဲ့အဓိက ကင်မရာက 13MP စွမ်းရည်ရှိပြီး၊ ရှေ့ကင်မရာငယ်ကတော့ 5MP စွမ်းရည်ဖြစ်ပါတယ်။ အဓိကကင်မရာတွင် F/2.2 large aperture နှင့်တကွ လျင်မြန်သည့် automatic focus အထောက်အပံ့ပါရှိပါတယ်။ KENBO မှ Hero K3 နှင့် Mi Phone ကို နှိုင်းယှဉ်စမ်းသပ်ခဲ့ပါတယ်။ K3 သည် Mi ထက် Focus ပိုင်းတွင် ပို၍မြန်ဆန်ပြီး၊ ရိုက်ကူးထားသည့် ပုံရိပ်ချင်းယှဉ်သည့်အခါမှာလည်း ပို၍လင်းလက်တောက်ပပါတယ်။ KENBO သည်ကင်မရာပိုင်းနဲ့ပတ်သက်၍ ပိုမိုကောင်းမွန် လာစေရန် ArcSoft China နဲ့ပူးပေါင်းဆောင်ရွက်ပါတယ်။ နေ့ဘက်ပိုင်းမှာ ရိုက်ကူးသည့် အခါပုံများသည် အရောင်အသွေး စိုပြည်နေမှာဖြစ်ပါတယ်။ ညဘက်များတွင်ရိုက်ကူးသည့်အခါမှာလည်း အချို့ ဖုန်းများကဲ့သို့ေ၀၀ါးသောပုံများကို ဖော်ပြပေးမှာ မဟုတ်ပါဘူး။ New BSI Technology၊ အလင်းရောင် ချိန်ညှိပေးနိုင်မှုတို့ကြောင့် ညရှုခင်းပုံရိပ်များကို ကောင်းမွန်စွာ ရိုက်ကူးနိုင် ပါလိမ့်မယ်။ လျှပ်စစ်မီးရောင် အောက်နှင့် နေ၀င်ချိန်များတွင် ရိုက်ကူးသောပုံများသည်လည်း ကောင်းမွန်ပါလိမ့်မယ်။ Selfie ပုံများ ရိုက်ကူးမှုခေတ်စားလာခြင်းအတွက်လည်း
Hero K3 က ပြင်ဆင်ဆောင်ရွက်ထားပါတယ်။ ရှေ့ကင်မရာငယ်နဲ့ ရိုက်ကူး သည့်အခါ ပုံထွက်မကောင်းခြင်း၊ ဖြူဖတ်ဖြူရော်ဖြစ်ခြင်းများ မဖော်ပြပေးစေရန် လုပ်ဆောင် ပေးထားပါတယ်။ Soft and light skin performance က ကြည်လင်သော Selfie ပုံများကို ရရှိစေပါမယ်။ အထူးသဖြင့် Selfie အရိုက်များသည့် မိန်းကလေးများ အတွက် ကျေနပ်စရာ ဖြစ်ပါတယ်။ ဗွီဒီယိုရိုက်ကူးနိုင်မှု အပိုင်းမှာလည်း ပြည့်စုံမှု ရှိပါတယ်။ CPU ရဲ့မော်ဒယ်နံပါတ်ကတော့ Qualcomm MSM8916 ဖြစ်ကာ၊ Quad Core 1.2GHz စွမ်းရည်ရှိသော CPU သည် ဖုန်းအသုံးပြုသည့်အခါ လျင်မြန်သော တုံ့ပြန်မှုများကို ပေးစွမ်းပါလိမ့်မယ်။
မှတ်ဉာဏ်ပမာဏအပိုင်းအတွက်လည်း RAM ကို 2GB ထည့်သွင်းပေးထားကာ၊
ROM ပမာဏအနေဖြင့် 16GB ပါရှိပါမယ်။ ထိုပမာဏသည် အချက်အလက်အများအပြားသိမ်းဆည်းဖို့အတွက် လုံလောက် စေပါတယ်။ SD ကတ်စိုက်ပြီးလည်း မှတ်ဉာဏ်ပမာဏကိုတိုးချဲ့ သုံးစွဲနိုင်ပါမယ်။ အများဆုံးချဲ့ထွင်နိုင်မယ့်ပမာဏကတော့ 32GB အထိ ဖြစ်ပါတယ်။ ဖုန်းရဲ့ Application များကို လျင်မြန်စွာသုံးစွဲနိုင်စေဖို့အတွက်လည်း Magic Touch စနစ်များကို ထည့်သွင်းပေးထားပါသေးတယ်။
ROM ပမာဏအနေဖြင့် 16GB ပါရှိပါမယ်။ ထိုပမာဏသည် အချက်အလက်အများအပြားသိမ်းဆည်းဖို့အတွက် လုံလောက် စေပါတယ်။ SD ကတ်စိုက်ပြီးလည်း မှတ်ဉာဏ်ပမာဏကိုတိုးချဲ့ သုံးစွဲနိုင်ပါမယ်။ အများဆုံးချဲ့ထွင်နိုင်မယ့်ပမာဏကတော့ 32GB အထိ ဖြစ်ပါတယ်။ ဖုန်းရဲ့ Application များကို လျင်မြန်စွာသုံးစွဲနိုင်စေဖို့အတွက်လည်း Magic Touch စနစ်များကို ထည့်သွင်းပေးထားပါသေးတယ်။
K3 ရဲ့ စမတ်ကာဗာသည်လည်း စတိုင်ကျစွာအသုံးပြုနိုင်ဖို့ ထောက်ပံ့ပေးထားပါသေးတယ်။ အားသွင်းသုံးစွဲနိုင်ဖို့အတွက်တပ်ဆင်ပေးထားသည့် ဘက်ထရီစွမ်းရည်သည် 2200mAh ဖြစ်ပါတယ်။ ဒီဘက်ထရီက အသင့်အနေအထားနှင့်စကားပြောဆိုချိန်အတွက် လုံလောက်သည့် ပမာဏကို ပေးစွမ်းပါလိမ့်မယ်။
hero K3 ကို root link လေးပေးပါလားဗျ
ReplyDelete