ချစ်ပ်ကုမ္ပဏီကြီးဖြစ်သော Intel သည် ဆဋ္ဌမမျိုးဆက် Skylake desktop processor များအဖြစ် quad-core အမျိုးအစား နှစ်ခုကို မိတ်ဆက်ပြသခဲ့သည်။
Core i7-6700K နှင့် i5-6600K တို့သည် 14-nanometer ချစ်ပ်များ ဖြစ်သည်။ Core i7-6700K ကို 4.0GHz ဖြင့် ရရှိနိုင်ပြီး i5-6600K မှာ 3.5GHz ဖြစ်သည်။ တန်ဖိုးမှာ i7-6700K အတွက် ၃၅၀ ဒေါ်လာဖြစ်ပြီး i5-6600K အတွက် ၂၄၃ ဒေါ်လာ ဖြစ်သည်။
ထို့အပြင် Intel သည် ချစ်ပ်များအတွက် platform သစ်ဖြစ်သော Z170 chipset ကိုလည်း ပွဲထုတ်မိတ်ဆက်ခဲ့သည်။ Haswell-E ကဲ့သို့ပင် Skylake အမျိုးအစားများသည် DDR4 RAM ကို အသုံးပြုထားသောကြောင့် ဈေးပိုကြီးသည်။ ထို့အပြင် Z170 chipset တွင် dual-memory controller ပါဝင်သောကြောင့် ၎င်းကို ထောက်ပံ့ပေးသော motherboard များတွင် ဈေးသက်သာသော DDR3L memory ကို အသုံးပြုနိုင်မည် ဖြစ်သည်။ ၎င်းအပြင် Intel HD 530 graphics ကို အဆိုပါ platform တွင် ပေါင်းစပ်ထားသောကြောင့် နောက်ဆုံးမျိုးဆက် Intel HD ထက် ၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ပိုမိုလျင်မြန်မည် ဖြစ်သည်။
အခြားအသေးစိတ်အချက်အလက်ကို သြဂုတ်လ ၁၈ ရက်တွင် ကျင်းပမည့် Intel Developers ဖိုရမ်၌ ထုတ်ဖော်ကြေညာမည် ဖြစ်ပြီး ကျန် Skylake အမျိုးအစားကိုမူ ၂၀၁၅ ခုနှစ် တတိယသုံးလပတ်တွင် မိတ်ဆက်ပေးမည်ဟု သိရသည်။
Ref: Engadget
Credit==>internetjournal
0 comments:
Post a Comment