Monday, August 10, 2015


မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT ) မှ သြဂုတ်လ ၁၀ ရက်နေ့မှ စ၍ အသစ်ထွက်ရှိမည့် GSM နှင့် WCDMA ဆင်းကဒ်များတွင် ဆွေသဟာ အစီစဉ်ကို သီးသန့်လျှောက်စရာ မလိုဘဲ အလိုလျှောက် ထည့်သွင်းပေးတော့မည်ဖြစ်ကြောင်းသတင်းရရှိသည်။

ယခင်က ရောင်းချခဲ့သော GSMနှင့် WCDAM ဆင်းကဒ်များတွင် ဆွေသဟာ အစီစဉ်ကို ရယူသုံးစွဲနိုင်ရန် ဖုန်းနံပါတ် 1332 သို့ SWE ဟု ရေးသားပေးပို့ခဲ့ရပြီး ယခုပြုလုပ်လိုက်သော အစီစဉ်တွင် ဆွေသဟာ အစီစဉ် အလိုလျှောက်ပါဝင်လာမည်ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT ) ၏ သုံးစွဲသူများ အနေဖြင့် ယခင်က ဖုန်းပြောဆိုခ တစ်မိနစ်လျှင် ၅၀ ကျပ်၊ စာတိုပို့ခ ၂၅ ကျပ်ကောက်ခံ ခဲ့သော်လည်း ဆွေသဟာ အစီစဉ်ကို ရယူသုံးစွဲပါက ဖုန်းခေါ်ဆိုခ ၂၃ ကျပ် ၊ စာတိုပို့ခ ၁၅ ကျပ်သာ ကျသင့်တော့မည်ဖြစ်သည်။ “MPT အနေနဲ့ သုံးစွဲသူ မိဘပြည်သူတွေကို အကောင်းဆုံး ၀န်ဆောင်မှု ပေးရန်ကြိုးစားနေပါတယ်။

မှတ်ပုံတင်ကြေး၊ သုံးစွဲခွင့် လျှောက်ထားကြေးပေးသွင်းစရာမလိုဘဲ တစ်မိနစ်ကို ၂၃ ကျပ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ဖုန်းခေါ်ဆိုခ အသစ်ကို သုံးစွဲသူတွေ ပိုမိုများပြားလာတာကြောင့် အသစ်သုံးစွဲမဲ့ မိဘပြည်သူများအတွက် အခုလိုဆွေသဟာ အစီစဉ်ကို အလိုလျှောက် အသုံးပြု နိုင်အောင် ပြုလုပ်ပေးလိုက်တာပါ “ ဟု MPT နှင့် အကျိုးတူပူပေါင်းထားသော KSGM မှ CEO ဖြစ်သူ Mr.Takashi Nagashima မှပြောကြားသည်။ အင်တာနက်သုံးစွဲခကိုမှု 1MB လျှင် ၇.၅ ကျပ်နှုန်းဖြင့် ကောက်ခံလျှက်ရှိပြီး ဆွေသဟာ အစီစဉ်ကို အသုံးမပြုလိုသောသူများအနေဖြင့် ဖုန်းနံပါတ် 1332 သို့ “UNSUB SWE”ဟု ပြန်လည်ပေးပို့ပါက မူလ မခြေခံဝန်ဆောင်မှု နှုန်းထားများဖြစ်သည့် တစ်မိနစ်လျှင် ၅၀ ကျပ်နှင့် အင်တာနက်အားလည်း Time Base ဖြင့် ပြန်လည်ကောက်ခံမည်ဖြစ်သည်။


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT )အနေဖြင့် KSGM (KDDI Summit Global Myanmar Co., Ltd) နှင့် ပူပေါင်းချိန်မှ စ၍ ဆက်သွယ်ရေးလိုင်းများအား အဆင့်မြှင့်တင်ခြင်း၊ ဖုန်းပြောခများအားလျှော့ ချခြင်းများ အဆင့်ဆင့်လုပ်ဆောင်ခဲ့သည်။ ထို့အပြင် အော်တိုဖုန်းလိုင်း တပ်ဆင်ခများပါ ထက်ဝက်လျှော့ ချပေး ခဲ့သည်။ လက်ရှိအချိန်၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT ) ၏ မိုဘိုင်းသုံးစွဲသူပေါင်း ၁၃ သန်းကျော်ရှိနေပြီဖြစ်ကြောင်းသိရသည်။

Credit to ==> TechSpace Journal


မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ




0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Powered by Blogger.

Followers

တင်ထားသမျှပိုစ်များ

Blog Archive

My Blogger TricksAll Blogger TricksTechtunes

Popular Posts(2)

Flag Counter

GET FREE EMAIL UPDATES


Subscribe

Recommend on Google

ဖုန်းဆိုင်ရာ စုစည်မူ

တစ်ခြား ဘလော့ ဆိုက်များသို့ 

သူတိုဒီလို ပြောသွားတယ်

BTemplates.com