Wednesday, August 12, 2015


MEC ဖုန်း အသုံးပြု သူများ အတွက် ဖုန်းပြော ဆိုခနှင့် အင်တာနက် အသုံးပြုခ များကို လျော့ချပေး လိုက်ပြီ ဖြစ်ကြောင်း မြန်မာ့ စီးပွားရေး aက်ာပိုရေးရှင်း(MECTEL) မှ သတင်း ထုတ်ပြန်သည်။

ထုတ်ပြန်ချက် အရ MEC မှ လျော့ချ ပေးလိုက်သည့် နူန်းထား အသစ်မှာ MEC ဖုန်း အချင်းချင်း ခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၂ ကျပ် ၊အခြား အော်ပရေတာများ ထံသို့ ခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၃ ကျပ်နူန်းဖြင့် ကောက်ခံ သွားမည် ဖြစ်သည်။

MEC အနေဖြင့် ယခင်က ဖုန်းခေါ်ဆို ခများကို MEC အချင်းချင်း ခေါ်ဆိုပါက တစ်မိနစ်လျှင် ၃၅ ကျပ်နှင့် အခြား အော်ပရေတာများထံသို့ ခေါ်ဆိုပါက တစ်မိနစ်လျှင် ၅၀ ကျပ်နူန်းဖြင့် ကောက်ခံ ခဲ့ရာမှ လျော့ချ ပေးလိုက်ခြင်း ဖြစ်သည်။

ထို့အပြင် အင်တာနက် အသုံးပြုခကိုလည်း တစ်မိနစ်လျှင် ၄ ကျပ်ဖြင့် ကောက်ခံနေရာမှ တစ်မိနစ်လျှင် ၃ကျပ်သို့ လျော့ချ ကောက်ခံပေး သွားမည် ဖြစ်သည်။

" အင်တာနက် ကိုတော့ တစ်မိနစ် သုံးကျပ် လျော့ပေး လိုက်တယ် ၊နောက်ပိုင်းမှာ Package အစီအစဉ် တွေလည်း ဆက်ပြီး ပေးသွားဖို့ ရှိပါတယ် " ဟု MECTEL မှ လုပ်ငန်း တာဝန်ခံ တစ်ဦးက ပြောသည်။

SMS ပေးပို့ခ အနေဖြင့် ယခင် လျော့ချပေး ခဲ့သည့် Message တစ်စောင်လျှင် ၁၅ ကျပ်နူန်းဖြင့် ဆက်လက် အသုံးပြုနိုင်မည် ဖြစ်သည်

7Day News Journal

မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်... 

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ




0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Powered by Blogger.

Followers

တင်ထားသမျှပိုစ်များ

Blog Archive

My Blogger TricksAll Blogger TricksTechtunes

Popular Posts(2)

Flag Counter

GET FREE EMAIL UPDATES


Subscribe

Recommend on Google

ဖုန်းဆိုင်ရာ စုစည်မူ

တစ်ခြား ဘလော့ ဆိုက်များသို့ 

သူတိုဒီလို ပြောသွားတယ်

BTemplates.com