Saturday, August 8, 2015



ယခု iOS 9 နောက်ဆုံးထွက်မှာ Wi-Fi Assit ဆိုတဲ့ Feature လေး ပါဝင်လာမှာ ဖြစ်ပါတယ်။ ယင်း feature က ဘာလုပ်ပေးသလဲ ဆိုရင် Wi-Fi ဖွင့်ထားသော်ငြားလည်း Wi-Fi ဆွဲအားမကောင်းရင် Cellular Data လည်း ဖွင့်ထားပြီး Cellular Data ကို အသုံးပြုပေးပါလိမ့်မယ်။ ယင်းသို့ ပြုလုပ်ပေးခြင်းက ဘယ်လောက်တောင် သက်သာသွားစေတယ် ဆိုတာ အိုင်ဖုန်း သုံးသူများ သိပါလိမ့်မယ်။
ယခု လက်ရှိအချိန်မှာတော့ Wi-Fi ဖွင့်ပြီးသုံးနေတုန်း လိုင်းမကောင်းရင် Wi-Fi ကို ပြန်ပိတ်၊ Cellular-Data ကိုဖွင့်ထားပြီး သုံးရ ပါတယ်။ Cellular-Data နဲ့ Wi-Fi ကို အတူဖွင့်ထားရင် လက်ရှိ iOS တွေမှာ Wi-Fi ကနေ Data အသွားအပြန် လုပ်ပေးပါတယ်။ အကယ်၍ Wi-Fi ပိတ်လိုက်မှသာ Cellular-Data လို့ခေါ်တဲ့ မိုဘိုင်းဖုန်းက အင်တာနက်ကို အသုံးပြုပါတယ်။ ယခု အသစ်လုပ်ထားတဲ့ iOS 9 ကတော့ လိုင်းပိုကောင်းတဲ့ဟာကို သူ့အလိုအလျောက် ရွေးသွားပါလိမ့်မယ်။ Wi-Fi ဖွင့်ထားပါ။ Cellular Data ဖွင့်ထားပါ။ အကောင်းဆုံး တစ်ခုကို ရွေးချယ်သွားပြီး အင်တာနက် အသုံးပြုနိုင်ရပါစေလိမ့်မယ်။
ဒီတော့ Facebook နှေးနေတာတွေ၊ အီးမေးလ်အဝင် ကြာနေတာတွေ မဖြစ်တော့ ပါဘူး။ အကယ်၍ မိုဘိုင်းဖုန်း ကဒ် အင်တာနက်အခကြေး ကုန်မှာ ကြောက်တယ် ဆိုရင်တော့ Cellular-Data ကို ပိတ်ထားပြီး Wi-Fi မှာ စိတ်ရှည်ရှည် စောင့်နိုင်ပါတယ်။
.
Ref: pocketlint
အောင်ခမ်း (MMAS)

မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်...

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။



ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ




0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Powered by Blogger.

Followers

တင်ထားသမျှပိုစ်များ

Blog Archive

My Blogger TricksAll Blogger TricksTechtunes

Popular Posts(2)

Flag Counter

GET FREE EMAIL UPDATES


Subscribe

Recommend on Google

ဖုန်းဆိုင်ရာ စုစည်မူ

တစ်ခြား ဘလော့ ဆိုက်များသို့ 

သူတိုဒီလို ပြောသွားတယ်

BTemplates.com