Tuesday, August 4, 2015



Facebook မှာ သင့်ရဲ့ စီးပွားရေးလုပ်ငန်းကို ကြော်ညာလေ့ရှိသလား ? ကြော်ညာလို့ သင့် စီးပွားရေးလုပ်ငန်း ရဲ့ Page ဟာ Like သိန်းချီ ရလာပေမယ့်လည်း ဖေါက်သည် အစစ်အမှန်တွေကို ရရှိဖို့ ခက်ခဲနေပါသလား ? ဒီလိုဆိုရင်တော့ Facebook မှာ သင့်ရဲ့ ကြော်ညာကို ထိရောက်စွာ Boost ပြုလုပ်နိုင်မယ့်နည်းလမ်းများ ကို သင်မသိသေးလို့ ဖြစ်ပါလိမ့်မယ်။ အဲဒီနည်းလမ်းတွေကို အသုံးပြုခြင်းဖြင့် ဖေါက်သည် အစစ်အမှန်များ တိုးပွားအောင် ပြုလုပ်နိုင်ပါတယ်။

၁။ စာသားအနည်းဆုံးနဲ့ ရှင်းလင်းထင်ရှားတဲ့ ဓါတ်ပုံကို အသုံးပြုပါ။ 
သင့်ကြော်ညာအတွက် ရွေးချယ်တဲ့ ဓါတ်ပုံဟာ သင့်ရဲ့ စီးပွားရေးလုပ်ငန်းအမျိုးအစားနဲ့ သင် Target ထားချင်တဲ့ လူတွေပေါ်မူတည်ပါတယ်။ သင်ဟာ Personal Brand တစ်ခုဆိုရင် ဖော်ရွေတဲ့ မျက်နှာတစ်ခုဟာ သင့်ကြော်ညာရဲ့ စွမ်းဆောင်ရည်ကို တိုးတက်စေတဲ့အတွက် သင့်ရဲ့ ဓါတ်ပုံကို အသုံးပြုသင့်ပါတယ်။ သင့်ကြော်ညာနဲ့ ပတ်သက်တဲ့ ထုတ်ကုန်များကို ဓါတ်ပုံမှာ ထည့်သွင်းခြင်းကလည်း ရလဒ်ကောင်းတွေ ရစေမှာပါ။

1

ဓါတ်ပုံတစ်ခုရွေးချယ်တဲ့အခါမှာ ရှင်းလင်းထင်ရှားတဲ့ ပုံကိုရွေးချယ်ပါ။ နောက်ပြီး Facebook နဲ့ သက်ဆိုင်တယ်လို့ လူတွေထင်ရစေတဲ့ အပြာရောင်ကို ရှောင်ကြဉ်ခြင်းဖြင့် သင့်ကြော်ညာကို စိတ်ဝင်စားမှု ပိုများနိုင်ပါတယ်။ ဓါတ်ပုံရဲ့ ပတ်လည်မှာ ဘောင်တွေဝန်းရံခြင်းကလည်း ကြော်ညာကို ထိရောက်စေပါ တယ်။

ဓါတ်ပုံမှာ စာသားကို ဖယ်ရှားထားပါ။ ဒါမှမဟုတ် စာသားအနည်းငယ်ကိုသာ ထည့်ပါ။ Facebook က ကြော်ညာဓါတ်ပုံမှာ စာသားကို ဓါတ်ပုံရဲ့ ၂၀ ရာခိုင်နှုန်းထက် ပိုပြီးရေးသားခြင်းကို ခွင့်မပြုပါဘူး။

၂။ တိုတောင်းပြီး လူစိတ်ဝင်စားမယ့် စာသားကို ရေးသားပါ။ 
ကြော်ညာမှာ ရေးသားချင်တဲ့ စာသားကိုလည်း တိုတောင်းပြီး လူစိတ်ဝင်စားမယ့် စာသားကို ရွေးချယ်ပါ။ Facebook က သင့်တော်တဲ့ အခြေအနေမှာ ကြော်ညာစာသားထဲမှာ ဈေးနှုန်းနဲ့ ရောင်းချမယ့် ကာလကို ထည့်သွင်းဖို့ အကြံပြုထားပါတယ်။

ကြော်ညာ ဒါမှမဟုတ် ထုတ်ကုန် တစ်ခုကို မတူညီတဲ့ စာသားနဲ့ စမ်းသပ်ကြော်ညာနိုင်ပါတယ်။

2

ပြီးရင်တော့ ဘယ်တစ်ခုကို လူတွေ ပိုစိတ်ဝင်စားလဲဆိုတာ လေ့လာနိုင်ပါတယ်။

3

ကြော်ညာစာသားမှာ အဓိက အစိတ်အပိုင်းနှစ်ခုပါရှိပါတယ်။ ခေါင်းစီးနဲ့ စာသားဖြစ်ပါတယ်။ News Feed မှာ ဆိုရင် ခေါင်းစီးဟာ ဓါတ်ပုံရဲ့ အောက်မှာ ကလစ်ပြုလုပ်နိုင်တဲ့ လင့်အဖြစ် ပြသပေးမှာ ဖြစ်ပါတယ်။ ခေါင်းစီးကို တိုတုတ် ထိမိစေရန် တစ်ကြောင်းတည်း ဖန်တီးရေးသားသင့်ပါတယ်။
ကြော်ညာကို ကြည့်ရှုနေတဲ့ လူက လင့်ကို ကလစ်နှိပ်ချင်လာအောင် ဓါတ်ပုံအပေါ်မှ စာသားကိုလည်း စိတ်ဝင်စားစရာကောင်းအောင် တိုတိုတုတ်တုတ်ရေးသားသင့်ပါတယ်။

၃။ Audience Targeting ကို ထိရောက်စွာ အသုံးချပါ။ 
သင့်ရဲ့ ကြော်ညာအတွက် Audience ကို သတ်မှတ်တဲ့အခါမှာလည်း Male/Female, 30 to 40 Years Old, City စတာတွေကိုပဲ သတ်မှတ်ခြင်းမပြုပါနဲ့။ Interests ကိုလည်း အကျိုးရှိစွာ အသုံးပြုနိုင်ပါတယ်။ Interests ကို သုံးရင် သင့် ပြိုင်ဖက်စီးပွားရေးလုပ်ငန်းမှ ဖေါက်သည်များကို လုယူနိုင်ပါတယ်။ ဥပမာအားဖြင့် သင်ဟာ ရန်ကုန်က ပရော်ဖက်ရှင်နယ် ဓါတ်ပုံသမားတစ်ဦးဆိုရင် ရန်ကုန်က အခြား နာမည်ကြီး ဓါတ်ပုံသမားရဲ့ Page ကို Interests မှာ ရှာပြီး ရိုက်ထည့်ပေးရင် သူ့ရဲ့ ပရိသတ်တွေက သင့်ကို ဆက်သွယ်အောင် Facebook က ကြော်ညာပေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သင့်စီးပွားရေးနဲ့ ဆက်စပ်နေတဲ့ Page တွေကိုလည်း ပစ်မှတ်ထားနိုင်ပါတယ်။ သင်တို့ စီးပွားရေးလုပ်ငန်းနှစ်ခုစလုံးမှာ တူညီတဲ့ ဖောက်သည်တွေ ရှိနိုင်ပါတယ်။ ဥပမာအားဖြင့် သင်ဟာ ပရော်ဖက်ရှင်နယ် ဓါတ်ပုံသမားတစ်ယောက်ဆိုရင် မင်္ဂလာဆောင် ၀တ်စုံများ ချုပ်လုပ်ပေးတဲ့ ဒီဇိုင်နာများရဲ့ Page ကို Interests မှာ ထည့်ပေးခြင်းဖြင့် အဲဒီ Page ကို Like ပြုလုပ်ထားသူများက သင့်ရဲ့ Page ကို ကြော်ညာအနေနဲ့ တွေ့မြင်ပြီး Like ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

သတိပြုရမှာကတော့ Interests မှာ Page များကို ရိုက်ထည့်ပြီး ရှာဖွေရင် Interests များကိုလည်း ပြသပေးမှာ ဖြစ်တဲ့အတွက် Page ကို မှန်ကန်စွာ ရွေးချယ်တတ်ဖို့လိုပါတယ်။ ထူးခြားချက်တစ်ခုက Interests မှာ Page များကို ရှာရာမှာ တစ်ချို့ Page များကို ပြသပေမယ့် တစ်ချို့ Page များကို ပြသပေးခြင်း မရှိပါဘူး။ Facebook ကလည်း အဲဒီအကြောင်းအရင်းကို တရားဝင်ကြေညာထားခြင်း မရှိပါဘူး။

4
 
၎။ Daily Ad Budget သတ်မှတ်ပါ။ 
Facebook ကြော်ညာဝန်ဆောင်မှုရဲ့ စွမ်းရည်ကို သိသာထင်ရှားစွာ မြင်တွေ့ရစေဖို့အတွက် Lifetime Budget အစား Daily Budget ကို အသုံးပြုပါ။ အသုံးပြုတဲ့ နေရာမှာလည်း တစ်နေ့လျှင် တစ်ဒေါ်လာ ကနေ နှစ်ဒေါ်လာ အတွင်း ငွေနည်းနည်းနဲ့ စတင် ကြော်ညာပါ။ တစ်ပတ်လောက် ကြော်ညာကို ထုတ်လွှင့်ပြီးတဲ့နောက် အရှိန်တစ်ဖြည်းဖြည်းရလာပြီ ဆိုရင် Daily Budget ကို တစ်ကြိမ်မှာ နည်းနည်းစီ တိုးပေးပါ။


5

Facebook ဟာ ကြော်ညာခြင်းနဲ့ ဈေးကွက်တိုးမြင့်ခြင်းအတွက် တန်ဖိုးရှိတဲ့ ပလက်ဖောင်း တစ်ခု ဖြစ်ပါတယ်။ Facebook မှာ သင့်ရဲ့ စီးပွားရေးလုပ်ငန်းကို ထိရောက်စွာ ကြော်ညာနိုင်မယ့် နည်းလမ်းများစွာထဲကမှ တစ်ချို့တစ်ဝက်ကို ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ ဒီနည်းလမ်းများကို သိမှသာ သင့်ပြိုင်ဖက်များထက် သင်ဟာ Social Media Marketing နယ်ပယ်မှာ နှာတစ်ဖျားသာနေမှာ ဖြစ်ပါတယ်။

Credit to ==> Myanmar Digital Life Journal



မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်...

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။


ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ




0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Powered by Blogger.

Followers

တင်ထားသမျှပိုစ်များ

Blog Archive

My Blogger TricksAll Blogger TricksTechtunes

Popular Posts(2)

Flag Counter

GET FREE EMAIL UPDATES


Subscribe

Recommend on Google

ဖုန်းဆိုင်ရာ စုစည်မူ

တစ်ခြား ဘလော့ ဆိုက်များသို့ 

သူတိုဒီလို ပြောသွားတယ်

BTemplates.com