Saturday, August 1, 2015


AutoMath Photo Calculator က သင်္ချာညီမျှခြင်းတွေကို တွက်ချက်ပြီး အဖြေထုတ်ပေးနိုင်တဲ့ သင်္ချာ App တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံက ဒီလိုပါ။ App ကိုဖွင့်ပြီး ဖုန်းရဲ့ ကင်မရာနဲ့ သင်္ချာညီမျှခြင်းကို ဓါတ်ပုံရိုက်လိုက်တာနဲ့ အဖြေကို တွက်ချက်ပေးမှာ ဖြစ်ပါတယ်။ သူ့မှာ Math Functions ပေါင်း ၂၅၀ ကျော် Built-In ပါရှိပြီး အင်တာနက် ဆက်သွယ်မှု မလိုဘဲ အသုံးပြုနိုင်ပါတယ်။

AutoMath ကို အင်စတော လုပ်ပြီးရင် App က အသုံးပြုနည်းတွေကို ပြသပေးမှာ ဖြစ်ပါတယ်။ ညာဘက်ကနေ ဘယ်ဘက်သို့ ပွတ်ဆွဲပြီး ကြည့်ရှုနိုင်ပါတယ်။ ညီမျှခြင်း သို့မဟုတ် မေးခွန်းတစ်ခုကို ဓါတ်ပုံရိုက်တဲ့ အခါမှာ ညီမျှခြင်းနဲ့ အတတ်နိုင်ဆုံး ကပ်အောင် ဖရိမ်ကို လက်နဲ့ ပွတ်ဆွဲပြီး ချိန်ညှိဖို့ ပြောထားပါတယ်။

နောက်တစ်ခုက ဓါတ်ပုံရိုက်ရင် စာအုပ်နဲ့ ဖုန်းကို အနည်းဆုံး နှစ်လက်မ အကွာကနေ လက်ကိုငြိမ်အောင်ထားပြီး ဓါတ်ပုံရိုက်ကူးရမှာ ဖြစ်ပါတယ်။ ညီမျှခြင်းကိုလည်း ရေပြင်ညီ အနေအထားရအောင် ရိုက်ကူးရပါမယ်။
ဓါတ်ပုံရိုက်ရင် Flash Light ကိုဖွင့်ထားဖို့ ပြောပါတယ်။ Default အားဖြင့်တော့ Flash Light ကိုဖွင့်ပေးထားပါတယ်။ မဖွင့်ပေးထားရင် App ရဲ့ အောက်ခြေမှာ ဖွင့်ဖို့ ခလုတ်ပါရှိပါတယ်။

ရှုပ်ထွေးတဲ့ ညီမျှခြင်းတွေအတွက် Function ပေါင်း ၂၅၀ ကျော်ပါတဲ့ Calculator ကို အသုံးပြုဖို့ ညွှန်ကြားထားပါတယ်။
နောက်ဆုံး အသုံးပြုနည်း လမ်းညွှန်မှာတော့ App က လက်ရေးနဲ့ ရေးထားတဲ့ ညီမျှခြင်းတွေ၊ Calculus ၊ Complex Fractions ၊ Linear Questions တွေကို မတွက်ချက်ပေးနိုင်ဘူးလို့ ပြောထားပါတယ်။ ပေါင်း၊ နုတ်၊ မြှောက်၊ စားနဲ့ Fractions, Square Roots, Trigonometry, Inequalities, Polynomials, Powers, Algebra, Simplification တို့ကို တွက်ချက်ပေးနိုင်ပါတယ်လို့ ပြောထားပါတယ်။ ပြီးရင်တော့ Close ကိုနှိပ်ပါ။
ဒါဆိုရင် App ရဲ့ Main Screen ကို ရောက်သွားမှာ ဖြစ်ပြီး ကင်မရာကို ဖွင့်ထားမှာ ဖြစ်ပါတယ်။ အဖြေထုတ်ချင်တဲ့ ညီမျှခြင်းကို ဘောင်လေးထဲရောက်အောင် ကင်မရာနဲ့ ချိန်ရွယ်ပါ။ ဘောင်ရဲ့ ထောင့်စွန်းတွေကို လက်နဲ့ ဆွဲပြီး ညီမျှခြင်းကိုသာ ပါရှိအောင် ပြုပြင်ပါ။ ချိန်ညှိပြီးရင်တော့ အောက်ခြေမှ Answer ခလုတ်ကို နှိပ်ပါ။

11

ဒါဆိုရင် အထက်ပါ ညီမျှခြင်းမှ x ရဲ့ အခြေကို အောက်ကပုံမှာလို တွက်ချက်ဖော်ပြပေးမှာ ဖြစ်ပါတယ်။

တကယ်လို့များ App က Scan လုပ်လိုက်တဲ့ ကိန်းဂဏန်းတွေဟာ မှားယွင်းနေတယ်ဆိုရင် အဖြေကလည်း မှားယွင်းနေမှာပါ။ တစ်ခါတစ်လေမှာ အဲဒီလို အမှားလေးတွေကိုလည်း တွေ့ရပါတယ်။ အဲဒီအခြေအနေမှာ ဆိုရင် Edit ခလုတ်ကို နှိပ်ပြီး ကိန်းဂဏန်းတွေကို အမှန်ပြင်ပေးနိုင်ပါတယ်။ ဒါဆိုရင် အဖြေကို ပြန်လည်တွက်ချက်ပေးမှာပါ။

New ကိုနှိပ်ပြီး နောက်ထပ် ညီမျှခြင်းတစ်ခုကို တွက်ချက်ခိုင်းနိုင်ပါတယ်။
12

နောက်ထပ် ညီမျှခြင်း တစ်ခုကိုလည်း အထက်ပါ နည်းအတိုင်း ပြုလုပ်ပြီး အဖြေထုတ်ခိုင်းနိုင်ပါတယ်။

13
ဒါဆိုရင် x ရဲ့ တန်ဖိုးကို အောက်ကပုံမှာလို တွက်ချက်ပေးမှာပါ။

14
Main Screen ရဲ့ အောက်ခြေမှာ Calculator ခလုတ်ပါရှိပါတယ်။ အဲဒါကို နှိပ်ရင် ရှုပ်ထွေးတဲ့ ညီမျှခြင်းတွေကို တွက်ချက်နိုင်မှာပါ။ အဲဒီမှာတော့ ညီမျှခြင်းတွေကို လက်နဲ့ ရိုက်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် ညီမျှခြင်း ခလုတ်ကို နှိပ်ပါ။
15

ဒါဆိုရင် x ရဲ့ တန်ဖိုးကို တွက်ချက်ပေးမှာပါ။ ညာဘက် အပေါ်ထောင့်မှ Functions ကိုနှိပ်ရင်
16

Built-In ပါရှိတဲ့ Functions တွေကို ပြသပေးမှာပါ။ နှစ်သက်ရာကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။
17

AutoMath ကို Android 2.3.3 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်လို့ ဖုန်းအဟောင်းတွေမှာတောင် အသုံးပြုနိုင်ပါတယ်။ Google Play Store မှာ အခမဲ့ ရယူနိုင်ပါတယ်။


မင်္ဂလာပါ ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box နှင် Comments မှာရေးထားခဲ့ပါ..အကောင်းဆုံးမဟုတ်ရင်တောင်မှ . အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီ မျှဝေတင်ပေးသွားပါမည်...

 ကျွန်တော်တင်သမျှပိုစ့်တွေ Facebook မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ {Facebook Like } ကနေရယူချင်တယ်ဆိုရင် နှိပ်ပါ။

                                         ဒီမှာနှိပ်ပြီး Download ပါ

ညောင်ညိုသားလေး Computer နည်းပညာ နှင့် Software ပြန်လည်းမျှဝေခြင်း { ဒီမှာ } သွားလိုက်ပါ


Related Posts:

  • ဘာသာစကားအမျိုးပေါင်း 90 အားမြန်မာလိုဘာသာပြန်ပေးနိုင်တဲ့ Apk - Google Translate APK v4.0.0.RC08.99220384 (30-July) Google Translate ကတော့ လူတိုင်းသိပြီးသား ဖြစ်ပါလိမ့်မယ် အခုအခါမှာတော့ Google Translate ကို ဖုန်းထဲမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။ ဘာသာစကားအမျိုးအစားပေါင်း 90 အထိ Translate လုပ်ပေးနိုင် မှာဖြစ်ပါတယ်ဗျာ။ မြန်မာဘာသာစကားကိ… Read More
  • သင်္ချာညီမျှခြင်းတွေကို အဖြေထုတ်ပေးမယ့် AUTOMATH AutoMath Photo Calculator က သင်္ချာညီမျှခြင်းတွေကို တွက်ချက်ပြီး အဖြေထုတ်ပေးနိုင်တဲ့ သင်္ချာ App တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံက ဒီလိုပါ။ App ကိုဖွင့်ပြီး ဖုန်းရဲ့ ကင်မရာနဲ့ သင်္ချာညီမျှခြင်းကို ဓါတ်ပုံရိုက်လိုက်တာနဲ့ အဖြေက… Read More
  • ​ရွှေ​ရောင်​​လေးနဲ့ GO Keyboard 201. Apk တစ်​ခါတ​လေ ကီးဘုတ်​အလန်း​လေးနဲ့ လန်းချင်​သူများအတွက်​လန်းချင်​သူများအတွက်​ GO keyboard 2015 နဲ့ ​ရွှေ​ရောင်​ themes ကိုတင်​​ပေးလိုက်​ပါတယ်​ လုပ်​နည်းက​တော့လွယ်​ပါတယ်​ ကဲလန်းချင်​သူများ​အောက်မှ… Read More
  • Mail2world Account ဖွင့်နည်း   Mail2world အကောင့်ဖွင့်နည်းလေးပါ အောက်မှာ               အပုံလေးတွေနဲ့ပြပေးထားပါတယ်         &n… Read More
  • နီးစပ်အောင်ဆုံဆည်းပေးမယ့် - LINE Free Calls & Messages v5.2.5 Apk Line ဆိုတာကတော့ အခုနောက်ပိုင်းမှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော်တော်လေးအသုံးများလာတဲ့ Application တစ်ခုဖြစ်ပါတယ်ဗျာ။ အခုတင်ပေးလိုက်တာကတော့ နောက်ဆုံးထွက်ထားတဲ့ Version အသစ်တစ်ခုပါ။ Version အသစ်လိုချင်သူများနဲ့အခုမှစပြ… Read More

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Powered by Blogger.

Followers

တင်ထားသမျှပိုစ်များ

Blog Archive

My Blogger TricksAll Blogger TricksTechtunes

Popular Posts(2)

Flag Counter

GET FREE EMAIL UPDATES


Subscribe

Recommend on Google

ဖုန်းဆိုင်ရာ စုစည်မူ

တစ်ခြား ဘလော့ ဆိုက်များသို့ 

သူတိုဒီလို ပြောသွားတယ်

BTemplates.com